“ဖေးကူမနှေး ဆောင်းအေးအေးဝယ် နွေးထွေးဖွယ်ရာ အိမ်ဂေဟာ ဘယ်မှာရှာလည်း မတွေ့ပြီ”

“ဖေးကူမနှေး ဆောင်းအေးအေးဝယ် နွေးထွေးဖွယ်ရာ အိမ်ဂေဟာ ဘယ်မှာရှာလည်း မတွေ့ပြီ” - Property Knowledge in Myanmar from iMyanmarHouse.com
20 Dec 2022 2:43 pm တွင် တင်ခဲ့သည်
679 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ

ချမ်းပေါင်လေ တဖေတင်းသော်လည်း

ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်

မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ

ထည်အလွှာ အကုန်ထွေးသော်လည်း

ကြည်အသာ မလုံသေးပါဘု

မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့

သွေးလန့်လို့ခုန်။

ယမ်းယောင်ကာ တလျက်ညည်းမိတော့

သန်းခေါင်မှာ မြကြက်သီးတွေက

တဖီးဖီး ပျံ့လို့ငယ်အုံ

ဗျာဆုံတဲ့ ရာသီပဲ။

ငွေနှင်းငယ်မှုန်

လေညင်းရယ် တသုန်သုန်နှင့်

ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့

မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့

သည်ခေတ်မှာ သည်လိုဟာဖြင့်

သည်ကိုယ်မှာ သေသေလုပါပေါ့

ကမာ္ဘကို ဗြဟ္မာတို့ ပြုခဲ့တယ်

ဆောင်းရတုပွဲ။

အချုပ်တန်းဆရာဖေ၏ ဆောင်းရတုပွဲလေးချိုးသည် အကာအရံအနွေးဓာတ်လိုနေသည့် သူများအတွက် ပိုပြီးဟစ်ငိုဖို့ကောင်းနေပါသည်။

အညာဆောင်းသည် ဒီနှစ်ပိုအေးပေရော့မည်။အလွန့် အလွန်ကိုပင်အေးကြပါလိမ့်မည်။မညှာမတာပင် အေးပါတော့မည်။အေးမည်ပ။နွေးနွေးထွေးထွေးနှင့် ကွေးစရာအိမ်တို့က ပြာဖြစ်ကုန်ကြပြီ။

လုံခြုံနားခိုဖွယ်ရာတို့ ပျက်စီးပျောက်ဆုံးသွားပြီးနောက် ကုန်းကောက်စရာက အကွဲအပဲ့တို့ရောနေသည့်ပြာမှုံနှင့် မီးသွေးတို့သာကျန်ခဲ့သည်။ကောင်းမွန်အေးချမ်းသော လူ့အသိုက်အဝန်းတစ်ခုပျက်သုဉ်းခြင်းပင်ဖြစ်သည်။

နွေးထွေးဖွယ်ရာ အိမ်ဂေဟာတို့ ပျောက်သုဉ်းကုန်သော်လည်း အမျိုးအဆွေတို့က နေရာအနှံ့ ယှက်ဖြာပျံ့နှံ့စွာ ရှိနေပါသေးသည်။ အမျိုးအဆွေတို့ရှိသေးသည်။တစ်ကောင်ကြွက်မဟုတ်။အမျိုးအဆွေနှင့်။

ဒီတစ်ဆောင်းတော့ ချမ်းစမ်းပါစေ။ဒီပြာပုံဟာ မြေဆွေးဖြစ်ပါစေ။ဒီပြာပုံတွေဟာ ရှင်သန်ခြင်းအတွက် အားဖြစ်ရမည်။မျှော်လင့်ခြင်းနေအရောင်မှာ အနွေးဓာတ်တို့ပါလာပါလိမ့်မည်။

အအေးဓာတ်ကြီးဆိုးသည့် ညအမှောင်က ဘယ်လောက်ကြာမည်မို့လို့လဲ။မကြာခင် အေးစက်မှောင်မိုက်ခြင်း တွေကိုဖယ်ရှင်းမယ့် အလင်းနှင့်အတူ ကြည်လင်နွေးထွေးမှုတွေ ရောက်လာပါတော့မည်။

အချုပ်တန်းဆရာဖေက -

“သည်ခေတ်မှာ သည်လိုဟာဖြင့်

သည်ကိုယ်မှာ သေသေလုပါပေါ့”တဲ့…

အညာရေ…ဟိုး…အရှေ့ဘက်ကကောင်းကင်ကို ကြည့်လိုက်စမ်းပါ။

မျှော်လင့်ခြင်းအနွေးဓာတ်တွေကို ယူဆောင်လာတဲ့ ရောင်ခြည်လေးပေါ်လာပြီလေ။ဒီတစ်ဆောင်းတော့ ကမ်းကုန်အောင်ချမ်းတုန်ပါစေတော့…။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

“ေဖးကူမေႏွး ေဆာင္းေအးေအးဝယ္ ေႏြးေထြးဖြယ္ရာ အိမ္ေဂဟာ ဘယ္မွာရွာလည္း မေတြ႕ၿပီ”

 

ခန္းေဆာင္ေ႐ႊ ရေဝတြင္းမွာလ

ခ်မ္းေပါင္ေလ တေဖတင္းေသာ္လည္း

ေျဖရင္းရယ္တဲ့ ခိုက္ခိုက္တုန္

မ်က္တစ္ခတ္၊ ျပက္လွ်ပ္ကယ္ တစ္ဗီဇနာမွ်

ထည္အလႊာ အကုန္ေထြးေသာ္လည္း

ၾကည္အသာ မလုံေသးပါဘု

မွိတ္ပါလွ်င္ လိပ္ျပာကေအးတာမို႔

ေသြးလန႔္လို႔ခုန္။

ယမ္းေယာင္ကာ တလ်က္ညည္းမိေတာ့

သန္းေခါင္မွာ ျမၾကက္သီးေတြက

တဖီးဖီး ပ်ံ႕လို႔ငယ္အုံ

ဗ်ာဆုံတဲ့ ရာသီပဲ။

ေငြႏွင္းငယ္မႈန္

ေလညင္းရယ္ တသုန္သုန္ႏွင့္

ခ်မ္းပုံမွာ ကမ္းကုန္ရစ္တာမို႔

မန္းတုန္ေအာင္ လမ္းဆုံကဟစ္ခ်င္ေတာ့

သည္ေခတ္မွာ သည္လိုဟာျဖင့္

သည္ကိုယ္မွာ ေသေသလုပါေပါ့

ကမာၻကို ျဗဟၼာတို႔ ျပဳခဲ့တယ္

ေဆာင္းရတုပြဲ။

အခ်ဳပ္တန္းဆရာေဖ၏ ေဆာင္းရတုပြဲေလးခ်ိဳးသည္ အကာအရံအေႏြးဓာတ္လိုေနသည့္ သူမ်ားအတြက္ ပိုၿပီးဟစ္ငိုဖို႔ေကာင္းေနပါသည္။

အညာေဆာင္းသည္ ဒီႏွစ္ပိုေအးေပေရာ့မည္။အလြန္႔ အလြန္ကိုပင္ေအးၾကပါလိမ့္မည္။မၫွာမတာပင္ ေအးပါေတာ့မည္။ေအးမည္ပ။ေႏြးေႏြးေထြးေထြးႏွင့္ ေကြးစရာအိမ္တို႔က ျပာျဖစ္ကုန္ၾကၿပီ။

လုံျခဳံနားခိုဖြယ္ရာတို႔ ပ်က္စီးေပ်ာက္ဆုံးသြားၿပီးေနာက္ ကုန္းေကာက္စရာက အကြဲအပဲ့တို႔ေရာေနသည့္ျပာမႈံႏွင့္ မီးေသြးတို႔သာက်န္ခဲ့သည္။ေကာင္းမြန္ေအးခ်မ္းေသာ လူ႔အသိုက္အဝန္းတစ္ခုပ်က္သုဥ္းျခင္းပင္ျဖစ္သည္။

ေႏြးေထြးဖြယ္ရာ အိမ္ေဂဟာတို႔ ေပ်ာက္သုဥ္းကုန္ေသာ္လည္း အမ်ိဳးအေဆြတို႔က ေနရာအႏွံ႔ ယွက္ျဖာပ်ံ႕ႏွံ႔စြာ ရွိေနပါေသးသည္။ အမ်ိဳးအေဆြတို႔ရွိေသးသည္။တစ္ေကာင္ႂကြက္မဟုတ္။အမ်ိဳးအေဆြႏွင့္။

ဒီတစ္ေဆာင္းေတာ့ ခ်မ္းစမ္းပါေစ။ဒီျပာပုံဟာ ေျမေဆြးျဖစ္ပါေစ။ဒီျပာပုံေတြဟာ ရွင္သန္ျခင္းအတြက္ အားျဖစ္ရမည္။ေမွ်ာ္လင့္ျခင္းေနအေရာင္မွာ အေႏြးဓာတ္တို႔ပါလာပါလိမ့္မည္။

အေအးဓာတ္ႀကီးဆိုးသည့္ ညအေမွာင္က ဘယ္ေလာက္ၾကာမည္မို႔လို႔လဲ။မၾကာခင္ ေအးစက္ေမွာင္မိုက္ျခင္း ေတြကိုဖယ္ရွင္းမယ့္ အလင္းႏွင့္အတူ ၾကည္လင္ေႏြးေထြးမႈေတြ ေရာက္လာပါေတာ့မည္။

အခ်ဳပ္တန္းဆရာေဖက -

“သည္ေခတ္မွာ သည္လိုဟာျဖင့္

သည္ကိုယ္မွာ ေသေသလုပါေပါ့”တဲ့…

အညာေရ…ဟိုး…အေရွ႕ဘက္ကေကာင္းကင္ကို ၾကည့္လိုက္စမ္းပါ။

ေမွ်ာ္လင့္ျခင္းအေႏြးဓာတ္ေတြကို ယူေဆာင္လာတဲ့ ေရာင္ျခည္ေလးေပၚလာၿပီေလ။ဒီတစ္ေဆာင္းေတာ့ ကမ္းကုန္ေအာင္ခ်မ္းတုန္ပါေစေတာ့…။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service