သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ဖို့အတွက်...

သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ဖို့အတွက်... - Property Knowledge in Myanmar from iMyanmarHouse.com
26 Nov 2022 2:29 pm တွင် တင်ခဲ့သည်
460 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

အကြောင်းရင်းမရှိဘဲ မကြာခဏ နှာစေး၊ နှာမွှန်နေပါသလား။ ဘာမှ ထွေထွေထူးထူး မလုပ်မိဘဲ ချောင်းတဟပ်ဟပ်နဲ့ ချွဲခဏခဏ ထနေတတ်ပါသလား။ ဒါဆိုရင်တော့ တိုက်ခန်းထဲ၊ အိမ်ထဲမှာ ပျံ့လွင့်နေတတ်တဲ့၊ မမြင်နိုင်တဲ့ ညစ်ညစ်ပတ်ပတ် အမှုန်အမွှားတွေ၊ အနံ့မကောင်းတာတွေကြောင့်ပါတဲ့။

အိမ်လေးကို သစ်သစ်လွင်လွင်နဲ့ လန်းဆန်းအေးမြပြီး သန့်စင်နေအောင် ဘယ်လိုကြိုးစားကြည့်ရင် ကောင်းမလဲနော်။

● မလျှော်ဘဲ ထပ်ခါထပ်ခါ ပြန်သုံးနေတဲ့ ကြမ်းတိုက်ဝတ်တွေဟာ ညစ်ပေတဲ့အမှုန်တွေထွက်တဲ့ လမ်းစပါ။ ကြမ်းတိုက်ဝတ်ကို တစ်ခါတိုက်ပြီးတိုင်း ရေနဲ့ လျှော်ချလိုက်ပြီး နေပြင်းပြင်းမှာ ထုတ်လှမ်းပါ။

● ကြမ်းတိုက်ဝတ်တွေကို အိမ်ခန်းထဲမှာ မထားပါနဲ့တဲ့။ အပြင်ဝရန်တာကို ထုတ်ထားပါတဲ့။ ကြမ်းတိုက်ချောင်း၊ ကြမ်းတိုက်ဝတ်ထဲက အညစ်အကြေးတွေဟာ အိမ်ထဲမှာ လွင့်ပျံနေတတ်ပါတယ်။

● ကော်ဇောတွေကို ဖုန်စုပ်စက်နဲ့ စုပ်ပါ။ တစ်ပတ်တစ်ခါ ခါပါ။ တုတ်နဲ့ရိုက် လူသုံးယောက်လောက်ကိုင်ပြီး အပြင်မှာ အားရပါးရ ခါခက်ပြီးမှ ပြန်ခင်းပေးပါ။ အနည်းဆုံး တစ်ပတ်တစ်ခါလောက်တော့ လုပ်သင့်ပါတယ်။

● မြန်မာတွေ အသုံးများတဲ့ တံမြက်စည်းဟာ အမှုန်တွေ အရမ်းထွက်လွန်းတဲ့အရာမို့လို့ တံမြက်စည်း လှည်းနေချိန်မှာ နှာခေါင်းစည်း တပ်ပါ။ တံခါးတွေ အကုန်ဖွင့်ထားပါ။

● လှဲကျင်းပြီးတဲ့အခါ အင်္ကျီလဲပါ။ ရေချိုးချပါ။ တံခါးတွေ အကုန်ဖွင့်ထားပါ။ တံမြက်စည်းကို ခါပြီး အပြင်ကို ထုတ်ထားလိုက်ပါ။ တိုက်ခန်းနေသူအတွက် တံမြက်စည်းလှည်းခြင်းထက် သမံသလင်းကို အစိုတိုက်တာ ရေဆေးချပြီး သန့်ရှင်းတာက အဆင်အပြေဆုံးပါ။

● အိပ်ရာအိပ်ရာခင်းဟာ ရောဂါပိုးတွေ ပျံ့နှံ့ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသောနေရာပါ။ ဖုန်းကို အိပ်ရာပေါ် မတင်ပါနဲ့၊ အိပ်ရာခင်းတွေကို မှန်မှန်လျှော်ပေးပါ။ ဂရုတစိုက်နဲ့ မကြာခဏ သန့်ပေးလို့ ခေါင်းအုံးဖုံးလေးတွေ အသစ်လို လန်းဆန်းသစ်လွင်နေရင် ကြည့်ရတာလည်း သပ်ရပ် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါပြီနော်။

● ဆိုဖာတွေ ထိုင်ခုံအခင်းတွေ၊ ခြေသုတ်ခုံတွေကိုလည်း ဖြစ်နိုင်ရင် နေ့စဉ်ခါပြီး ရေလျှော်လို့ရရင်တော့ တစ်လတစ်ခါလောက် ဖြုတ်ပြီး လျှော်ပေးသင့်ပါတယ်။

● အဲယားကွန်း အကာစစ်တဲ့ ဆန်ခါတွေကို လဲဖို့ မနှမြောပါနဲ့။

● အိမ်တွင်းမှာ အပင်လေးတွေ ထားပါ။ စိမ်းစိုလတ်ဆတ်တဲ့ အရွက်လေးတွေ ဝေဝေဆာဆာ ပန်းအိုးထိုးပါ။ အရွက်စိမ်းစိမ်းတွေက လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသွားလို့ အခန်းတွင်းလေထုကို အထူးသန့်ရှင်း စင်ကြယ်စေမှာ ဖြစ်ပါတယ်။

အပေါ်က အချက်တွေကို ကြည့်လိုက်ရင်ဖြင့် မိမိနေကောင်း ကျန်းမာဖို့ အိမ်သန့်ရှင်းရေးကို အလေးဂရုပြုလို့ ပုံမှန် သန့်စင်လဲလှယ်ပေးခြင်းသာ တကယ်အလုပ်ဖြစ်တယ်ဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ မိမိအိမ်လေးကို စနစ်တကျ ပုံမှန်သန့်ပြန့်အောင်ထားခြင်းဖြင့် ရောဂါပိုးတွေနဲ့ ဝေးဝေးနေကြပါစို့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: drmyanmar

 

 

[Zawgyi]

သန္႔႐ွင္းက်န္းမာတဲ့ အိမ္ကေလးတစ္လုံး ျဖစ္ဖို႕အတြက္...

 

 

အေၾကာင္းရင္းမ႐ွိဘဲ မၾကာခဏ ႏွာေစး၊ ႏွာမႊန္ေနပါသလား။ ဘာမွ ေထြေထြထူးထူး မလုပ္မိဘဲ ေခ်ာင္းတဟပ္ဟပ္နဲ႔ ခြၽဲခဏခဏ ထေနတတ္ပါသလား။ ဒါဆိုရင္ေတာ့ တိုက္ခန္းထဲ၊ အိမ္ထဲမွာ ပ်ံ႕လြင့္ေနတတ္တဲ့၊ မျမင္ႏိုင္တဲ့ ညစ္ညစ္ပတ္ပတ္ အမႈန္အမႊားေတြ၊ အနံ႔မေကာင္းတာေတြေၾကာင့္ပါတဲ့။

အိမ္ေလးကို သစ္သစ္လြင္လြင္နဲ႔ လန္းဆန္းေအးျမၿပီး သန္႔စင္ေနေအာင္ ဘယ္လိုႀကိဳးစားၾကည့္ရင္ ေကာင္းမလဲေနာ္။

● မေလွ်ာ္ဘဲ ထပ္ခါထပ္ခါ ျပန္သုံးေနတဲ့ ၾကမ္းတိုက္ဝတ္ေတြဟာ ညစ္ေပတဲ့အမႈန္ေတြထြက္တဲ့ လမ္းစပါ။ ၾကမ္းတိုက္ဝတ္ကို တစ္ခါတိုက္ၿပီးတိုင္း ေရနဲ႔ ေလွ်ာ္ခ်လိုက္ၿပီး ေနျပင္းျပင္းမွာ ထုတ္လွမ္းပါ။

● ၾကမ္းတိုက္ဝတ္ေတြကို အိမ္ခန္းထဲမွာ မထားပါနဲ႔တဲ့။ အျပင္ဝရန္တာကို ထုတ္ထားပါတဲ့။ ၾကမ္းတိုက္ေခ်ာင္း၊ ၾကမ္းတိုက္ဝတ္ထဲက အညစ္အေၾကးေတြဟာ အိမ္ထဲမွာ လြင့္ပ်ံေနတတ္ပါတယ္။

● ေကာ္ေဇာေတြကို ဖုန္စုပ္စက္နဲ႔ စုပ္ပါ။ တစ္ပတ္တစ္ခါ ခါပါ။ တုတ္နဲ႔႐ိုက္ လူသုံးေယာက္ေလာက္ကိုင္ၿပီး အျပင္မွာ အားရပါးရ ခါခက္ၿပီးမွ ျပန္ခင္းေပးပါ။ အနည္းဆုံး တစ္ပတ္တစ္ခါေလာက္ေတာ့ လုပ္သင့္ပါတယ္။

● ျမန္မာေတြ အသုံးမ်ားတဲ့ တံျမက္စည္းဟာ အမႈန္ေတြ အရမ္းထြက္လြန္းတဲ့အရာမို႔လို႔ တံျမက္စည္း လွည္းေနခ်ိန္မွာ ႏွာေခါင္းစည္း တပ္ပါ။ တံခါးေတြ အကုန္ဖြင့္ထားပါ။

● လွဲက်င္းၿပီးတဲ့အခါ အက်ႌလဲပါ။ ေရခ်ိဳးခ်ပါ။ တံခါးေတြ အကုန္ဖြင့္ထားပါ။ တံျမက္စည္းကို ခါၿပီး အျပင္ကို ထုတ္ထားလိုက္ပါ။ တိုက္ခန္းေနသူအတြက္ တံျမက္စည္းလွည္းျခင္းထက္ သမံသလင္းကို အစိုတိုက္တာ ေရေဆးခ်ၿပီး သန္႔႐ွင္းတာက အဆင္အေျပဆုံးပါ။

● အိပ္ရာအိပ္ရာခင္းဟာ ေရာဂါပိုးေတြ ပ်ံ႕ႏွံ႔ဝင္ေရာက္ႏိုင္တဲ့ တစ္ခုတည္းေသာေနရာပါ။ ဖုန္းကို အိပ္ရာေပၚ မတင္ပါနဲ႔၊ အိပ္ရာခင္းေတြကို မွန္မွန္ေလွ်ာ္ေပးပါ။ ဂ႐ုတစိုက္နဲ႔ မၾကာခဏ သန္႔ေပးလို႔ ေခါင္းအုံးဖုံးေလးေတြ အသစ္လို လန္းဆန္းသစ္လြင္ေနရင္ ၾကည့္ရတာလည္း သပ္ရပ္ က်န္းမာေရးနဲ႔လည္း ညီၫြတ္ပါၿပီေနာ္။

● ဆိုဖာေတြ ထိုင္ခုံအခင္းေတြ၊ ေျခသုတ္ခုံေတြကိုလည္း ျဖစ္ႏိုင္ရင္ ေန႔စဥ္ခါၿပီး ေရေလွ်ာ္လို႔ရရင္ေတာ့ တစ္လတစ္ခါေလာက္ ျဖဳတ္ၿပီး ေလွ်ာ္ေပးသင့္ပါတယ္။

● အဲယားကြန္း အကာစစ္တဲ့ ဆန္ခါေတြကို လဲဖို႔ မႏွေျမာပါနဲ႔။

● အိမ္တြင္းမွာ အပင္ေလးေတြ ထားပါ။ စိမ္းစိုလတ္ဆတ္တဲ့ အ႐ြက္ေလးေတြ ေဝေဝဆာဆာ ပန္းအိုးထိုးပါ။ အ႐ြက္စိမ္းစိမ္းေတြက ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို စုပ္ယူသြားလို႔ အခန္းတြင္းေလထုကို အထူးသန္႔႐ွင္း စင္ၾကယ္ေစမွာ ျဖစ္ပါတယ္။

အေပၚက အခ်က္ေတြကို ၾကည့္လိုက္ရင္ျဖင့္ မိမိေနေကာင္း က်န္းမာဖို႔ အိမ္သန္႔႐ွင္းေရးကို အေလးဂ႐ုျပဳလို႔ ပုံမွန္ သန္႔စင္လဲလွယ္ေပးျခင္းသာ တကယ္အလုပ္ျဖစ္တယ္ဆိုတာ ေတြ႕ၾကရမွာ ျဖစ္ပါတယ္။ မိမိအိမ္ေလးကို စနစ္တက် ပုံမွန္သန္႔ျပန္႔ေအာင္ထားျခင္းျဖင့္ ေရာဂါပိုးေတြနဲ႔ ေဝးေဝးေနၾကပါစို႔ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: drmyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service