ဂျော်ဂျီယာပြည်နယ်မှ ၁၆ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရသော ဂစ်တာပုံနေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ

ဂျော်ဂျီယာပြည်နယ်မှ ၁၆ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရသော ဂစ်တာပုံနေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
11 Nov 2022 12:28 pm တွင် တင်ခဲ့သည်
861 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ခန့်က ဘုရားသခင်က နောဧကို ရွက်လှေကြီးတစ်ခု ဆောက်လုပ်ခိုင်းခဲ့သည်။

လွန်ခဲ့သော ၅၂ နှစ်က Elvis Carden သည် ဂစ်တာပုံအဆောက်အအုံကြီးတစ်လုံးဆောက်ရန် စိတ်ကူးအိပ်မက်မက်ခဲ့၏။

“ဗီယက်နမ်က ပြန်လာတော့ ကျွန်တော့်မှာ စိတ်ကူးတစ်ခုရှိခဲ့တယ်” ဟု Carden က ပြောသည်။

Carden သည် ဘာသာရေးကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်သည့်အပြင် ကန်းထရီးဂီတသမားလည်း ဖြစ်သည်။

အသက် ၁၇ နှစ်အရွယ်တွင် ဗီယက်နမ်စစ်မြေပြင်သို့ ရောက်ခဲ့ခြင်း ဖြစ်သည်။

Carden ၏ စိတ်ကူးအိပ်မက်မှာ ကြီးမားသည့် ဂစ်တာပုံအဆောက်အအုံကြီးတစ်လုံးဆောက်ရန်ဖြစ်ပြီး ကမ္ဘာပေါ်တွင် တွေ့ဖူးသမျှနှင့် မတူသောအရာမျိုး ဆောက်ရန် ဖြစ်သည်။

၁၈ နှစ်သားအရွယ်ကတည်းကပင် သူဆောက်လိုသည့်အဆောက်အအုံ ပုံစံအသေးစိတ်ကို ကတ္ထူဘူးတစ်ခုပေါ်တွင် ရေးဆွဲခဲ့သည်။

မူလက ဈေးဝယ်စင်တာကြီးတစ်ခုအဖြစ် ရည်ရွယ်ခဲ့သော်လည်း ထိုမျှကြီးမားသည့် အဆောက်အအုံကြီးဆောက်ရန် မိမိတွင် ငွေမရှိကြောင်း Carden က New York Post သတင်းဌာနသို့ ပြောသည်။

“ဒီစိတ်ကူးက ကျွန်တော်တို့လုပ်နိုင်တာထက် ပိုမိုကြီးမားနေပါတယ်” ဟု Carden က ပြောသည်။

ထို့ကြောင့် ရည်ရွယ်ချက်ပြောင်းလဲခဲ့ရသည်။

Carden က အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်ကာ စတုရန်းပေ ၃၁၂၂ ကျယ်ဝန်းသော ဂစ်တာပုံ နေအိမ်ကြီးကို အမေရိကန်ပြည်ထောင်စု ၊ ဂျော်ဂျီယာပြည်နယ်၊ Fayetteville မြို့တွင် ၁၉၇၁ ခုနှစ်၊ မေလတွင် စတင်ဆောက်လုပ်ခဲ့သည်။

နေအိမ်မှာ ၂ ထပ်အဆောက်အအုံဖြစ်ပြီး အလျား ပေ ၁၁၀ ရှိကာ အနံ ပေ ၄၀ ရှိသည်။

နေအိမ်ကို ဂစ်တာပုံ ဖရိန်ဖော်ရန် ၇ လခန့် အချိန်ယူခဲ့ရပြီး အပြီးသတ်ဆောက်လုပ်နိုင်ရန် ၁၆ နှစ်ကြာခဲ့သည်။

(နေအိမ်ဆောက်လုပ်ပြီးစီးရန် ၁၆ နှစ်ကြာမြင့်ခဲ့သည်။ ဓာတ်ပုံ- Evgenia Piven Exp Realty)

(အနီးရှိ လေဆိပ်သို့ ပျံသန်းမည့် လေယာဉ်မှူးများသည် ယခုနေအိမ်၏ ဂစ်တာ ဖလက်တံအစိတ်အပိုင်းကို ကြည့်ကာ လမ်းညွှန်အဖြစ် ယူလေ့ရှိသည်ဟု ဆိုသည်။ ဓာတ်ပုံ- Evgenia Piven Exp Realty)

“ကျွန်တော်ဘာဆောက်နေတယ်ဆိုတာ လူတွေ မသိခဲ့ကြဘူး”ဟု Carden က ပြောသည်။

Carden သည် ယခုစံအိမ်ကြီးဆောက်ရာတွင် ဖခင်ဖြစ်သူ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကိုလည်း အကူအညီ တောင်းခံခဲ့သည်။

ဂစ်တာကြိုးပြုလုပ်ရန်အတွက် Carden က ဝိုင်ယာကြိုးများကို အသုံးပြုခဲ့ပြီး ဂစ်တာ Key များအဖြစ် ပုံဖော်ရန် အဖြူရောင်ဘောလုံးကြီးများ အသုံးပြုခဲ့သည်။

Carden ၏ ဂစ်တာပုံအိမ်ကြီးဆောက်လုပ်ပြီးချိန်တွင် Fox 5 News ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခြင်း ခံခဲ့ရသည်။

ထို့အပြင် သတင်းစာများတွင်လည်း ရေးသားဖော်ပြခြင်းခံခဲ့ရ၏။

ကံမကောင်းစွာဖြင့်ပင် နေအိမ်အတွက် သတင်းမီဒီယာတို့ အာရုံစိုက်ခံရစေကာမူ သူ၏ ဂီတအတွက်မူ ကန်းထရီးဂီတ Chart များတွင် စာရင်းချိတ်ခဲ့ခြင်း မရှိချေ။

“ဒီအိမ်အကြောင်းကို Living In A Old Guitar နာမည်နဲ့ သီချင်းတစ်ပုဒ် ကျွန်တော်ရေးထားပါတယ်။ ဒီသီချင်းကို အမြဲဆိုဖြစ်တယ်”ဟု Carden က ပြောသည်။

ယခုနေအိမ်ကို Nashville မြို့တွင် ဆောက်လုပ်ခဲ့သင့်ကြောင်း Carden က ပြောသည်။

Carden သည် ဇနီးဖြစ်သူ၏ အချစ်ကို အချစ်သီချင်းတစ်ပုဒ်ဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သူက ဂစ်တာပုံအိမ်ကြီးတွင် မိသားစုနှင့်အတူ နေထိုင်ရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ ငယ်ရွယ်သော ဇနီးဖြစ်သူက လက်မခံချေ။

“သူက အကုန်ပြီးပြည့်စုံတာမျိုးကို လိုချင်တာ။ ကော်ဇောမရှိဘဲ ဒီအိမ်မှာ မနေနိုင်ဘူးလို့ သူက ပြောတယ်”ဟု Carden က ဇနီးဖြစ်သူ၏ သဘောထားကို ပြောပြသည်။

(ဂစ်တာပုံအိမ်ကြီးကို Carden က သီချင်းတစ်ပုဒ်ရေးသားသီဆိုခဲ့သေးသည်။ ဓာတ်ပုံ- Evgenia Piven Exp Realty)

(နေအိမ်ဘေးမှ မြင်ကွင်း။ ဓာတ်ပုံ- Evgenia Piven Exp Realty)

ထိုအချိန်က Carden သည် ကော်ဇောဝယ်ရန်ပင် ငွေမရှိတော့ချိန်လည်းဖြစ်ရာ ယခုအိမ်ကို သူ၏မိခင်ထံ ယာတောအိမ်တစ်လုံးပါသော ၅ ဧက မြေကွက်တစ်ခုနှင့် လဲလှယ်ခဲ့သည်။

သူ၏ မိခင်ဖြစ်သူသည် အဆိုပါအိမ်တွင် ကွယ်လွန်ချိန် အသက် ၈၇ နှစ်အရွယ်အထိ နေထိုင်သွားခဲ့သည်။

သူနေထိုင်စဉ်ကာလအတွင်း နေအိမ်ပေါ်မှာ ဖြတ်သန်းမောင်းနှင်သည့် လေယာဉ်များကို မကြာခဏ တွေ့မြင်ရလေ့ရှိသည်။

“နေအိမ်ကို အပေါ်ကနေရိုက်ထားတဲ့ဓာတ်ပုံ ကျွန်တော်မြင်ဖူးခဲ့ပုံက နေအိမ်ပေါ်က ဖြတ်ပျံတဲ့ လေယာဉ်မှူးတစ်ယောက်က ဓာတ်ပုံရိုက်ပြီး ကျွန်တော့်ကို ယူလာပြလို့ မြင်ဖူးခဲ့ပါတယ်” ဟု Carden က ပြောသည်။

“လေယာဉ်မှူးတွေက ဒီအိမ်ကို လမ်းညွှန်အနေနဲ့ သုံးကြတယ်လို့ သူက ပြောပြပါတယ်။ ဂစ်တာအိမ်ကို မြင်ရင် ဖလက်တံ တည့်တည့်အတိုင်းသွားတဲ့အခါ လေဆိပ်ကို ရောက်လိမ့်မယ်လို့ သူက ပြောတယ်”

ဈေးကွက်တင်ပေးသော eXp Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Evgenia Piven က ပြောသည်မှာ ၁ ဧက ကျယ်ဝန်းသော ခြံဝန်းနှင့် ဂစ်တာအိမ်ကို ရင်းနှီးမြှုပ်နှံသူတစ်ဦးက ၂၀၁၂ ခုနှစ်အတွင်း ဝယ်ယူသွားခဲ့သည်ဟု ဆိုသည်။

ဝယ်ယူသူ၏ ရည်ရွယ်ချက်မှာ နေအိမ်ကို ပြန်လည်မွမ်းမံပြင်ဆင်ကာ မိသားစုဖြင့် နေထိုင်ရန် ဖြစ်သည်။

Carden က ပြောပြသည်မှာ သူ၏မိခင်က အဆိုပါအိမ်ကို Carden ၏ အစ်ကိုအားပေးရန် သေတမ်းစာ ရေးသားခဲ့သည်ဟု ဆိုသည်။

သို့သော် အစ်ကိုဖြစ်သူမှာ နေအိမ်အမွေမဆက်ခံမီတွင် အက်ဆီးဒင့်တစ်ခုဖြစ်ကာ သေဆုံးသွားခဲ့သည်။

ထို့ကြောင့် နေအိမ်ကို အစ်ကို၏ သားဖြစ်သူက အမွေဆက်ခံရရှိခဲ့သည်။ အမွေဆက်ခံရရှိသူက ယခုဝယ်ယူသည့် ရင်းနှီးမြှုပ်နှံသူထံ လွန်ခဲ့သော ၁၀ နှစ်က ရောင်းချခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ထိုစဉ်က ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိပိုင်ရှင်က နေအိမ်ကို ဇွန်လအတွင်း ပထမဆုံးအရောင်းဈေးကွက်တင်ခဲ့ပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၇၈၉၀၀၀ ဖြစ်သည်။

နောက်ပိုင်းတွင် ဒေါ်လာ ၆၅၀၀၀၀ သို့ လျှော့ချပေးခဲ့သည်။

နေအိမ်မှာ ပရိဘောဂမပါဝင်သည့်အပြင် ပြုပြင်မွမ်းမံမှုများ များစွာပြုလုပ်ရန် လိုအပ်သေးသည်။

(နေအိမ်အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- (Evgenia Piven Exp Realty)

“နှစ်ကုန်အထိ အိမ်ရောင်းမထွက်ရင် အိမ်ရှင်က ဈေးကွက်ကနေ ပြန်ရုပ်သိမ်းပြီး ပြုပြင်မွမ်းမံမှုတွေ ထပ်လုပ်ဦးမှာ ဖြစ်ပါတယ်။ မွမ်းမံပြီးရင် အရောင်းဈေးကွက်ပြန်တင်ဦးမှာဖြစ်ပါတယ်။ အဲဒီကျရင်တော့ အခြားဈေးနှုန်းနဲ့ ဈေးကွက်တင်မှာ ဖြစ်ပါတယ်”ဟု Piven က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This guitar-shaped house in Georgia can be yours — but not for a song (nypost)

[Zawgyi]

ေဂ်ာ္ဂ်ီယာျပည္နယ္မွ ၁၆ ႏွစ္ၾကာ အခ်ိန္ယူေဆာက္လုပ္ခဲ့ရေသာ ဂစ္တာပံုေနအိမ္ၾကီး အေရာင္းေစ်းကြက္ဝင္လာ

လြန္ခဲ့ေသာႏွစ္ေပါင္း ၅၀၀၀ ခန္႔က ဘုရားသခင္က ေနာဧကို ရြက္ေလွၾကီးတစ္ခု ေဆာက္လုပ္ခိုင္းခဲ့သည္။

လြန္ခဲ့ေသာ ၅၂ ႏွစ္က Elvis Carden သည္ ဂစ္တာပံုအေဆာက္အအံုၾကီးတစ္လံုးေဆာက္ရန္ စိတ္ကူးအိပ္မက္မက္ခဲ့၏။

“ဗီယက္နမ္က ျပန္လာေတာ့ ကၽြန္ေတာ့္မွာ စိတ္ကူးတစ္ခုရွိခဲ့တယ္” ဟု Carden က ေျပာသည္။

Carden သည္ ဘာသာေရးကိုင္းရႈိင္းေသာ ခရစ္ယာန္တစ္ဦးျဖစ္သည့္အျပင္ ကန္းထရီးဂီတသမားလည္း ျဖစ္သည္။

အသက္ ၁၇ ႏွစ္အရြယ္တြင္ ဗီယက္နမ္စစ္ေျမျပင္သို႔ ေရာက္ခဲ့ျခင္း ျဖစ္သည္။

Carden ၏ စိတ္ကူးအိပ္မက္မွာ ၾကီးမားသည့္ ဂစ္တာပံုအေဆာက္အအံုၾကီးတစ္လံုးေဆာက္ရန္ျဖစ္ျပီး ကမၻာေပၚတြင္ ေတြ႔ဖူးသမွ်ႏွင့္ မတူေသာအရာမ်ဳိး ေဆာက္ရန္ ျဖစ္သည္။

၁၈ ႏွစ္သားအရြယ္ကတည္းကပင္ သူေဆာက္လိုသည့္အေဆာက္အအံု ပံုစံအေသးစိတ္ကို ကတၳဴဘူးတစ္ခုေပၚတြင္ ေရးဆြဲခဲ့သည္။

မူလက ေစ်းဝယ္စင္တာၾကီးတစ္ခုအျဖစ္ ရည္ရြယ္ခဲ့ေသာ္လည္း ထိုမွ်ၾကီးမားသည့္ အေဆာက္အအံုၾကီးေဆာက္ရန္ မိမိတြင္ ေငြမရွိေၾကာင္း Carden က New York Post သတင္းဌာနသို႔ ေျပာသည္။

“ဒီစိတ္ကူးက ကၽြန္ေတာ္တို႔လုပ္ႏိုင္တာထက္ ပိုမိုၾကီးမားေနပါတယ္” ဟု Carden က ေျပာသည္။

ထို႔ေၾကာင့္ ရည္ရြယ္ခ်က္ေျပာင္းလဲခဲ့ရသည္။

Carden က အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္းပါဝင္ကာ စတုရန္းေပ ၃၁၂၂ က်ယ္ဝန္းေသာ ဂစ္တာပံု ေနအိမ္ၾကီးကို အေမရိကန္ျပည္ေထာင္စု ၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ Fayetteville ျမဳိ႕တြင္ ၁၉၇၁ ခုႏွစ္၊ ေမလတြင္ စတင္ေဆာက္လုပ္ခဲ့သည္။

ေနအိမ္မွာ ၂ ထပ္အေဆာက္အအံုျဖစ္ျပီး အလ်ား ေပ ၁၁၀ ရွိကာ အနံ ေပ ၄၀ ရွိသည္။

ေနအိမ္ကို ဂစ္တာပံု ဖရိန္ေဖာ္ရန္ ၇ လခန္႔ အခ်ိန္ယူခဲ့ရျပီး အျပီးသတ္ေဆာက္လုပ္ႏိုင္ရန္ ၁၆ ႏွစ္ၾကာခဲ့သည္။

(ေနအိမ္ေဆာက္လုပ္ျပီးစီးရန္ ၁၆ ႏွစ္ၾကာျမင့္ခဲ့သည္။ ဓာတ္ပံု- Evgenia Piven Exp Realty)

(အနီးရွိ ေလဆိပ္သို႔ ပ်ံသန္းမည့္ ေလယာဥ္မွဴးမ်ားသည္ ယခုေနအိမ္၏ ဂစ္တာ ဖလက္တံအစိတ္အပိုင္းကို ၾကည့္ကာ လမ္းညႊန္အျဖစ္ ယူေလ့ရွိသည္ဟု ဆိုသည္။ ဓာတ္ပံု- Evgenia Piven Exp Realty)

“ကၽြန္ေတာ္ဘာေဆာက္ေနတယ္ဆိုတာ လူေတြ မသိခဲ့ၾကဘူး”ဟု Carden က ေျပာသည္။

Carden သည္ ယခုစံအိမ္ၾကီးေဆာက္ရာတြင္ ဖခင္ျဖစ္သူ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ကိုလည္း အကူအညီ ေတာင္းခံခဲ့သည္။

ဂစ္တာၾကိဳးျပဳလုပ္ရန္အတြက္ Carden က ဝုိင္ယာၾကိဳးမ်ားကို အသံုးျပဳခဲ့ျပီး ဂစ္တာ Key မ်ားအျဖစ္ ပံုေဖာ္ရန္ အျဖဴေရာင္ေဘာလံုးၾကီးမ်ား အသံုးျပဳခဲ့သည္။

Carden ၏ ဂစ္တာပံုအိမ္ၾကီးေဆာက္လုပ္ျပီးခ်ိန္တြင္ Fox 5 News ရုပ္သံလိုင္းမွ ထုတ္လႊင့္ျပသျခင္း ခံခဲ့ရသည္။

ထို႔အျပင္ သတင္းစာမ်ားတြင္လည္း ေရးသားေဖာ္ျပျခင္းခံခဲ့ရ၏။ ကံမေကာင္းစြာျဖင့္ပင္ ေနအိမ္အတြက္ သတင္းမီဒီယာတို႔ အာရံုစိုက္ခံရေစကာမူ သူ၏ ဂီတအတြက္မူ ကန္းထရီးဂီတ Chart မ်ားတြင္ စာရင္းခ်ိတ္ခဲ့ျခင္း မရွိေခ်။

“ဒီအိမ္အေၾကာင္းကို Living In A Old Guitar နာမည္နဲ႔ သီခ်င္းတစ္ပုဒ္ ကၽြန္ေတာ္ေရးထားပါတယ္။ ဒီသီခ်င္းကို အျမဲဆိုျဖစ္တယ္”ဟု Carden က ေျပာသည္။

ယခုေနအိမ္ကို Nashville ျမိဳ႕တြင္ ေဆာက္လုပ္ခဲ့သင့္ေၾကာင္း Carden က ေျပာသည္။

Carden သည္ ဇနီးျဖစ္သူ၏ အခ်စ္ကို အခ်စ္သီခ်င္းတစ္ပုဒ္ျဖင့္ ရရွိခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

သူက ဂစ္တာပံုအိမ္ၾကီးတြင္ မိသားစုႏွင့္အတူ ေနထိုင္ရန္ ရည္ရြယ္ခဲ့ေသာ္လည္း သူ၏ ငယ္ရြယ္ေသာ ဇနီးျဖစ္သူက လက္မခံေခ်။

“သူက အကုန္ျပီးျပည့္စံုတာမ်ဳိးကို လိုခ်င္တာ။ ေကာ္ေဇာမရွိဘဲ ဒီအိမ္မွာ မေနႏိုင္ဘူးလို႔ သူက ေျပာတယ္”ဟု Carden က ဇနီးျဖစ္သူ၏ သေဘာထားကို ေျပာျပသည္။

(ဂစ္တာပံုအိမ္ၾကီးကို Carden က သီခ်င္းတစ္ပုဒ္ေရးသားသီဆိုခဲ့ေသးသည္။ ဓာတ္ပံု- Evgenia Piven Exp Realty)

(ေနအိမ္ေဘးမွ ျမင္ကြင္း။ ဓာတ္ပံု- Evgenia Piven Exp Realty)

ထိုအခ်ိန္က Carden သည္ ေကာ္ေဇာဝယ္ရန္ပင္ ေငြမရွိေတာ့ခ်ိန္လည္းျဖစ္ရာ ယခုအိမ္ကို သူ၏မိခင္ထံ ယာေတာအိမ္တစ္လံုးပါေသာ ၅ ဧက ေျမကြက္တစ္ခုႏွင့္ လဲလွယ္ခဲ့သည္။

သူ၏ မိခင္ျဖစ္သူသည္ အဆိုပါအိမ္တြင္ ကြယ္လြန္ခ်ိန္ အသက္ ၈၇ ႏွစ္အရြယ္အထိ ေနထိုင္သြားခဲ့သည္။

သူေနထိုင္စဥ္ကာလအတြင္း ေနအိမ္ေပၚမွာ ျဖတ္သန္းေမာင္းႏွင္သည့္ ေလယာဥ္မ်ားကို မၾကာခဏ ေတြ႔ျမင္ရေလ့ရွိသည္။

“ေနအိမ္ကို အေပၚကေနရိုက္ထားတဲ့ဓာတ္ပံု ကၽြန္ေတာ္ျမင္ဖူးခဲ့ပံုက ေနအိမ္ေပၚက ျဖတ္ပ်ံတဲ့ ေလယာဥ္မွဴးတစ္ေယာက္က ဓာတ္ပံုရိုက္ျပီး ကၽြန္ေတာ့္ကို ယူလာျပလို႔ ျမင္ဖူးခဲ့ပါတယ္” ဟု Carden က ေျပာသည္။

“ေလယာဥ္မွဴးေတြက ဒီအိမ္ကို လမ္းညႊန္အေနနဲ႔ သံုးၾကတယ္လို႔ သူက ေျပာျပပါတယ္။ ဂစ္တာအိမ္ကို ျမင္ရင္ ဖလက္တံ တည့္တည့္အတိုင္းသြားတဲ့အခါ ေလဆိပ္ကို ေရာက္လိမ့္မယ္လို႔ သူက ေျပာတယ္”

ေစ်းကြက္တင္ေပးေသာ eXp Realty အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Evgenia Piven က ေျပာသည္မွာ ၁ ဧက က်ယ္ဝန္းေသာ ျခံဝန္းႏွင့္ ဂစ္တာအိမ္ကို ရင္းႏွီးျမွဳပ္ႏွံသူတစ္ဦးက ၂၀၁၂ ခုႏွစ္အတြင္း ဝယ္ယူသြားခဲ့သည္ဟု ဆိုသည္။

ဝယ္ယူသူ၏ ရည္ရြယ္ခ်က္မွာ ေနအိမ္ကို ျပန္လည္မြမ္းမံျပင္ဆင္ကာ မိသားစုျဖင့္ ေနထုိင္ရန္ ျဖစ္သည္။

Carden က ေျပာျပသည္မွာ သူ၏မိခင္က အဆိုပါအိမ္ကို Carden ၏ အစ္ကိုအားေပးရန္ ေသတမ္းစာ ေရးသားခဲ့သည္ဟု ဆိုသည္။ သို႔ေသာ္ အစ္ကိုျဖစ္သူမွာ ေနအိမ္အေမြမဆက္ခံမီတြင္ အက္ဆီးဒင့္တစ္ခုျဖစ္ကာ ေသဆံုးသြားခဲ့သည္။

ထို႔ေၾကာင့္ ေနအိမ္ကို အစ္ကို၏ သားျဖစ္သူက အေမြဆက္ခံရရွိခဲ့သည္။ အေမြဆက္ခံရရွိသူက ယခုဝယ္ယူသည့္ ရင္းႏွီးျမွဳပ္ႏွံသူထံ လြန္ခဲ့ေသာ ၁၀ ႏွစ္က ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ထိုစဥ္က ကန္ေဒၚလာ ၅၅၀၀၀ ျဖင့္ အေရာင္းအဝယ္ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

လက္ရွိပုိင္ရွင္က ေနအိမ္ကို ဇြန္လအတြင္း ပထမဆံုးအေရာင္းေစ်းကြက္တင္ခဲ့ျပီး ထိုစဥ္ကေခၚေစ်းမွာ ကန္ေဒၚလာ ၇၈၉၀၀၀ ျဖစ္သည္။

ေနာက္ပိုင္းတြင္ ေဒၚလာ ၆၅၀၀၀၀ သို႔ ေလွ်ာ့ခ်ေပးခဲ့သည္။

ေနအိမ္မွာ ပရိေဘာဂမပါဝင္သည့္အျပင္ ျပဳျပင္မြမ္းမံမႈမ်ား မ်ားစြာျပဳလုပ္ရန္ လိုအပ္ေသးသည္။

(ေနအိမ္အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု- (Evgenia Piven Exp Realty)

“ႏွစ္ကုန္အထိ အိမ္ေရာင္းမထြက္ရင္ အိမ္ရွင္က ေစ်းကြက္ကေန ျပန္ရုပ္သိမ္းျပီး ျပဳျပင္မြမ္းမံမႈေတြ ထပ္လုပ္ဦးမွာ ျဖစ္ပါတယ္။ မြမ္းမံျပီးရင္ အေရာင္းေစ်းကြက္ျပန္တင္ဦးမွာျဖစ္ပါတယ္။ အဲဒီက်ရင္ေတာ့ အျခားေစ်းႏႈန္းနဲ႔ ေစ်းကြက္တင္မွာ ျဖစ္ပါတယ္”ဟု Piven က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This guitar-shaped house in Georgia can be yours — but not for a song (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service