လူတိုင်းအိမ်ပိုင်ချင်ပါသည်

လူတိုင်းအိမ်ပိုင်ချင်ပါသည် - Property Knowledge in Myanmar from iMyanmarHouse.com
10 Nov 2022 1:07 pm တွင် တင်ခဲ့သည်
889 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ဘဝအမောတွေ ပြေစေဖို့ လူတိုင်းအလုပ်နဲ့လက် မပြတ်အောင်လုပ်ကိုင်နေကြရသည်။နေရေးအပူ၊ စားရေးအပူ၊ ဝတ်ရေးအပူ ဒီသုံးမျိုးက လူတိုင်းကို အနားမနေရဲအောင် လုပ်ထားသည်။အနားမနေဘဲ မနေမနားကြိုးစား နေပါလျက်ကယ်နဲ့ လိုက်လေဝေးလေဖြစ်နေသည်။ဘဝအမောတွေက မပြေဘဲ မောပြီးရင်းမောနေသည်။

တစ်ခါတလေတွေးကြည့်မိသည်။ကိုယ်ပိုင်မြေလေး ယာလေးနဲ့နေနိုင်ထိုင်နိုင်အောင်ဆိုတဲ့ အတွေးလေးရှိသည်။ လက်တွေ့တွင် သေရင်တောင် မြေမြှုပ်သဂြိုလ်ဖို့ အခွင့်အရေးရှိပါ့ မလားဆိုသည့် အတွေးဖြစ်သည်။ မီးရှို့ပြာချရေမျှော ကိစ္စပြတ်ကရောဖြစ်ကုန်သည်။မြေလည်းမလေးတော့။

တိုက်ခန်းဈေးကြည့်ပြန်တော့ သိန်းလေးရာအထက်ရှိမှသာ အနေတော် နေပျော်ယုံလောက်ရှိပါသည်။ဒီလိုမှ မဟုတ်ရင် ဖင်မလှည့်သာ ခေါင်းမလှည့်သာ အခန်းများတွင် ဘဝတို့မွန်းကြပ်နေပေမည်။

အခုတော့ပိုဆိုးသည်။ကိုယ်ပိုင်အိမ်ဆိုသည့် နေရေးအတွက် နေနေသာသာ စားရေးအတွက်ပင် အလျဉ်မမီ ဖြစ်နေသည်။

နဂိုကလည်း ဒီပမာဏအတိုင်းစားသည်။ယခုလည်း ဒီပမာဏအတိုင်းသာစားသည်။ဝင်ငွေလစာကလည်း နဂို အတိုင်း မပြောင်းမလဲ အဟောင်းအတိုင်းပဲ ဖြစ်သည်။လိုချင်သည်တို့က မပြောင်းလဲဘဲ မလိုချင်သည်တို့က ကြမ်းကြမ်းတမ်းတမ်းပင် ပြောင်းလဲကုန်သည်။

ယခင်က ဆီ ၁လီတာ ၂၀၀၀ ကျပ်ခန့်ရှိခဲ့သည်။ ယခု ၅၀၀၀ကျော်နေပြီဖြစ်သည်။ထို့အတူ အစစသော ကုန်ဈေးနှုန်းတို့က နှစ်ဆတိုးဖြစ်နေသည်။ထို့ထက် က,ချင်မှ က,ပေမည်။သေချာသည်က လူမွဲတို့၏အားထားရာ ကြက်ဥ၊ကန်စွန်းရွက် တို့ပင်လျှင် နပ်မမှန်ချင်တော့လောက်အောင်ဖြစ်နေသည်။ ယခင်ကကြက်ဥ ဆယ်လုံး တစ်ထောင်၊ယခု လေးလုံး တစ်ထောင်။ပြောင်းလဲမှုကြီးက..အိုး..မိုင်..ဂေါ့..လို့သာကုန်းအော်ရမလိုဖြစ်သည်။

ပုံမှန်လည်ပတ်စဉ်က နေစရိတ်စားစရိတ်တို့ကနေ ပိုလျှံသည့်ငွေကြေးလေးကို စုဆောင်းထားခဲ့သည်။ကိုဗစ်နှင့် နိုင်ငံရေးနောက်ဆက်တွဲ ပြဿနာတွင် အလုပ်တို့ ကာလရှည်ရပ်တန့်ခဲ့ရပြီး ရှိတာထိုင်စားခဲ့ကြရာ စုဆောင်းငွေ တို့လည်း ပါလျှပ်ကုန်သည်။

ဒီအခြေအနေတွင် ကိုယ်ပိုင်နေစရာအတွက် မျှော်လင့်ချက်တို့က နေနှင့်လေတို့၏ တစ်ပြိုင်တည်း ပွတ်တိုက်ခြင်း ခံရသည့် ရေခဲတုံးပမာ အလျင်အမြန်ပါးလျှပ်ကုန်ပါတော့သည်။

ဒါပေမဲ့ လက်လျော့လိုက်ရမှာလားဆိုတော့.. မဟုတ်ပါ။ရနိုင်သည့် အခွင့်အရေးတို့တွင် ဝင်တိုးလို့ ဖန်တီးယူရမည်က ကိုယ့်အလုပ်ဖြစ်သည်။

အချို့သော ကုမ္ပဏီများသည် အိမ်ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးကောင်း တစ်ခုကိုဖန်တီးပေးနေကြသည်။ ဒါကလည်း ထီထိုးသည့် ပုံပမာပင်ဖြစ်သည်။မများလှသော ငွေပမာဏနှင့် အိမ်ခြံမြေကံစမ်းခွင့်ကို ဖန်တီးပေးကြခြင်း ပင်ဖြစ်သည်။စေတနာကောင်းထားလျှင် ယုံကြည်မှုကောင်းရပါမည်။ ယုံကြည်မှုကောင်း ရပါလျှင် အလုပ်တို့ ရှင်သန်လည်ပတ်မှု ကောင်းမွန်ပါလိမ့်မည်။

နေထိုင်စရာ အိမ်ရာတိုက်တာပိုင်ဆိုင်ခွင့် မျှော်လင့်ချက် ပါးလျှပ်လာသူများအတွက်တော့ ကောက်ရိုးတစ်မျှင် ဖြစ်နိုင်ကောင်းပါသည်။ကံအခွင့်အလမ်းနှင့်ဆိုင်သဖြင့် ကံအခွင့်အလမ်းတို့ ကောင်းအောင်လည်း မိမိဘက်က လုပ်ထားရပါဦးမည်။

ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်ခွင့်တို့ အတွက် ကံဉာဏ်ဝီရိယတို့ကိုတွဲပြီး ကိုယ်လိုချင်သည့် ကိစ္စရပ်တို့အတွက် မျှော်လင့်ချက်တို့ လက်မလွှတ်ဘဲ လုပ်ဆောင်နိုင်ကြပါစေလို့ တိုက်တွန်းလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

လူတိုင္းအိမ္ပိုင္ခ်င္ပါသည္

ဘဝအေမာေတြ ေျပေစဖို႔ လူတိုင္းအလုပ္နဲ႔လက္ မျပတ္ေအာင္လုပ္ကိုင္ေနၾကရသည္။ေနေရးအပူ၊ စားေရးအပူ၊ ဝတ္ေရးအပူ ဒီသုံးမ်ိဳးက လူတိုင္းကို အနားမေနရဲေအာင္ လုပ္ထားသည္။အနားမေနဘဲ မေနမနားႀကိဳးစား ေနပါလ်က္ကယ္နဲ႔ လိုက္ေလေဝးေလျဖစ္ေနသည္။ဘဝအေမာေတြက မေျပဘဲ ေမာၿပီးရင္းေမာေနသည္။

တစ္ခါတေလေတြးၾကည့္မိသည္။ကိုယ္ပိုင္ေျမေလး ယာေလးနဲ႔ေနႏိုင္ထိုင္ႏိုင္ေအာင္ဆိုတဲ့ အေတြးေလးရွိသည္။ လက္ေတြ႔တြင္ ေသရင္ေတာင္ ေျမျမွဳပ္သၿဂိဳလ္ဖို႔ အခြင့္အေရးရွိပါ့ မလားဆိုသည့္ အေတြးျဖစ္သည္။ မီးရႈိ႕ျပာခ်ေရေမွ်ာ ကိစၥျပတ္ကေရာျဖစ္ကုန္သည္။ေျမလည္းမေလးေတာ့။

တိုက္ခန္းေဈးၾကည့္ျပန္ေတာ့ သိန္းေလးရာအထက္ရွိမွသာ အေနေတာ္ ေနေပ်ာ္ယုံေလာက္ရွိပါသည္။ဒီလိုမွ မဟုတ္ရင္ ဖင္မလွည့္သာ ေခါင္းမလွည့္သာ အခန္းမ်ားတြင္ ဘဝတို႔မြန္းၾကပ္ေနေပမည္။

အခုေတာ့ပိုဆိုးသည္။ကိုယ္ပိုင္အိမ္ဆိုသည့္ ေနေရးအတြက္ ေနေနသာသာ စားေရးအတြက္ပင္ အလ်ဥ္မမီ ျဖစ္ေနသည္။

နဂိုကလည္း ဒီပမာဏအတိုင္းစားသည္။ယခုလည္း ဒီပမာဏအတိုင္းသာစားသည္။ဝင္ေငြလစာကလည္း နဂို အတိုင္း မေျပာင္းမလဲ အေဟာင္းအတိုင္းပဲ ျဖစ္သည္။လိုခ်င္သည္တို႔က မေျပာင္းလဲဘဲ မလိုခ်င္သည္တို႔က ၾကမ္းၾကမ္းတမ္းတမ္းပင္ ေျပာင္းလဲကုန္သည္။

ယခင္က ဆီ ၁လီတာ ၂၀၀၀ က်ပ္ခန္႔ရွိခဲ့သည္။ ယခု ၅၀၀၀ေက်ာ္ေနၿပီျဖစ္သည္။ထို႔အတူ အစစေသာ ကုန္ေဈးႏႈန္းတို႔က ႏွစ္ဆတိုးျဖစ္ေနသည္။ထို႔ထက္ က,ခ်င္မွ က,ေပမည္။ေသခ်ာသည္က လူမြဲတို႔၏အားထားရာ ၾကက္ဥ၊ကန္စြန္းရြက္ တို႔ပင္လွ်င္ နပ္မမွန္ခ်င္ေတာ့ေလာက္ေအာင္ျဖစ္ေနသည္။ ယခင္ကၾကက္ဥ ဆယ္လုံး တစ္ေထာင္၊ယခု ေလးလုံး တစ္ေထာင္။ေျပာင္းလဲမႈႀကီးက..အိုး..မိုင္..ေဂါ့..လို႔သာကုန္းေအာ္ရမလိုျဖစ္သည္။

ပုံမွန္လည္ပတ္စဥ္က ေနစရိတ္စားစရိတ္တို႔ကေန ပိုလွ်ံသည့္ေငြေၾကးေလးကို စုေဆာင္းထားခဲ့သည္။ကိုဗစ္ႏွင့္ ႏိုင္ငံေရးေနာက္ဆက္တြဲ ျပႆနာတြင္ အလုပ္တို႔ ကာလရွည္ရပ္တန္႔ခဲ့ရၿပီး ရွိတာထိုင္စားခဲ့ၾကရာ စုေဆာင္းေငြ တို႔လည္း ပါလွ်ပ္ကုန္သည္။

ဒီအေျခအေနတြင္ ကိုယ္ပိုင္ေနစရာအတြက္ ေမွ်ာ္လင့္ခ်က္တို႔က ေနႏွင့္ေလတို႔၏ တစ္ၿပိဳင္တည္း ပြတ္တိုက္ျခင္း ခံရသည့္ ေရခဲတုံးပမာ အလ်င္အျမန္ပါးလွ်ပ္ကုန္ပါေတာ့သည္။

ဒါေပမဲ့ လက္ေလ်ာ့လိုက္ရမွာလားဆိုေတာ့.. မဟုတ္ပါ။ရႏိုင္သည့္ အခြင့္အေရးတို႔တြင္ ဝင္တိုးလို႔ ဖန္တီးယူရမည္က ကိုယ့္အလုပ္ျဖစ္သည္။

အခ်ိဳ႕ေသာ ကုမၸဏီမ်ားသည္ အိမ္ပိုင္ဆိုင္ႏိုင္ဖို႔ အခြင့္အေရးေကာင္း တစ္ခုကိုဖန္တီးေပးေနၾကသည္။ ဒါကလည္း ထီထိုးသည့္ ပုံပမာပင္ျဖစ္သည္။မမ်ားလွေသာ ေငြပမာဏႏွင့္ အိမ္ျခံေျမကံစမ္းခြင့္ကို ဖန္တီးေပးၾကျခင္း ပင္ျဖစ္သည္။ေစတနာေကာင္းထားလွ်င္ ယုံၾကည္မႈေကာင္းရပါမည္။ ယုံၾကည္မႈေကာင္း ရပါလွ်င္ အလုပ္တို႔ ရွင္သန္လည္ပတ္မႈ ေကာင္းမြန္ပါလိမ့္မည္။

ေနထိုင္စရာ အိမ္ရာတုိက္တာပိုင္ဆိုင္ခြင့္ ေမွ်ာ္လင့္ခ်က္ ပါးလွ်ပ္လာသူမ်ားအတြက္ေတာ့ ေကာက္ရိုးတစ္မွ်င္ ျဖစ္ႏိုင္ေကာင္းပါသည္။ကံအခြင့္အလမ္းႏွင့္ဆိုင္သျဖင့္ ကံအခြင့္အလမ္းတို႔ ေကာင္းေအာင္လည္း မိမိဘက္က လုပ္ထားရပါဦးမည္။

ဘာပဲျဖစ္ျဖစ္ ျဖစ္ႏိုင္ခြင့္တို႔ အတြက္ ကံဉာဏ္ဝီရိယတို႔ကိုတြဲၿပီး ကိုယ္လိုခ်င္သည့္ ကိစၥရပ္တို႔အတြက္ ေမွ်ာ္လင့္ခ်က္တို႔ လက္မလႊတ္ဘဲ လုပ္ေဆာင္ႏိုင္ၾကပါေစလို႔ တိုက္တြန္းလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service