တစ်နာရီအတွင်း အိမ်ထဲက ယင်ကောင်တွေ ရှင်းပစ်နိုင်မယ့် ရိုးစင်းလွယ်ကူနည်းလမ်း

တစ်နာရီအတွင်း အိမ်ထဲက ယင်ကောင်တွေ ရှင်းပစ်နိုင်မယ့် ရိုးစင်းလွယ်ကူနည်းလမ်း - Property News in Myanmar from iMyanmarHouse.com
5 Oct 2022 10:24 am တွင် တင်ခဲ့သည်
2121 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေအိမ်အတွင်း ယင်ကောင်များရှိနေခြင်းမှာ စိတ်ပျက်စရာပင်ဖြစ်ပြီး ယင်ကောင်များ ရှင်းလင်းရေးမှာလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။

သို့သော် နေအိမ်တွင်း ရောဂါဘယကာကွယ်ရေးနှင့် သန့်ရှင်းစင်ကြယ်ရေး ကျွမ်းကျင်ပညာရှင် ကင်မ် ဝုဒ်ဘန်းတွင် ယင်ကောင်များကို တစ်နာရီအတွင်း ရှင်းပစ်နိုင်သည့် လွယ်ကူသောနည်းလမ်းတစ်ခု ရှိပါသည်။

သင်၏နေအိမ်ထဲသို့ ယင်ကောင်များ တဝီဝီဝင်လာခြင်းမှာ စိတ်ညစ်စရာကောင်းလှသည်။ သို့သော် ယင်ကောင်များကို ခြင်ရိုက်တံဖြင့် လိုက်ရိုက်ခြင်းမှာ အဖြေမဟုတ်ကြောင်း ကင်မ် ဝုဒ်ဘန်းက ပြောသည်။

ကင်မ် ဝုဒ်ဘန်းသည် ဗြိတိန်မှ ရုပ်သံလိုင်းတစ်ခုဖြစ်သော Channel 4 တွင် How Clean is Your House? ဟူသော အစီအစဉ်ဖြင့် နာမည်ကြီးသူဖြစ်သည်။

ကင်မ် ဝုဒ်ဘန်းသည် ဗြိတိန်နိုင်ငံတစ်လွှား ခရီးသွားကာ နေအိမ်များ အသစ်ဘဝကရှိခဲ့သော သန့်ရှင်းတောက်ပြောင်မှုများ ပြန်လည်ရရှိစေရန် အိမ်ထောင်စုတို့အား အကူအညီပေးနေသူလည်း ဖြစ်သည်။

Express သတင်းဌာနနှင့် တွေ့ဆုံခန်းတွင် ကင်မ် ဝုဒ်ဘန်းက မီးဖိုဆောင်သုံး ပစ္စည်းတစ်မျိုးကို အသုံးပြုကာ ယင်ကောင်များကို နေအိမ်တွင်းမှ ရှင်းထုတ်နိုင်မည့် ရိုးရှင်းသော နည်းလမ်းတစ်ခု ဖော်ထုတ်ပြောပြခဲ့သည်။

ကင်မ်က ပြောသည့် နည်းလမ်းမှာ “ကိုယ့်အိမ်ထဲမှာ ယင်ကောင်တွေများနေတယ်ဆိုရင် ပစ္စည်းထုပ်ပိုးတဲ့ တိပ်တချို့ ခွာလိုက်ပါ။ ပြီးရင် ပျားရည်ခပ်ပါးပါးသုတ်ပေးပြီး ပြတင်းပေါက်မှာ ကပ်ထားလိုက်ပါ”

“ယင်ကောင်တွေက ပျားရည်ပေါ် လာနားကြပါလိမ့်မယ်။ တစ်နာရီလောက်အတွင်းမှာ အိမ်ထဲရှိသမျှ ယင်ကောင်တွေဟာ ပျားရည်သုတ်ထားတဲ့ တိပ်မှာ ကပ်သွားကြပါလိမ့်မယ်”

(ကင်မ် အကြံပြုသော ပျားရည်ဖြင့် ယင်ကောင်ဖမ်းနည်း။ ဓာတ်ပုံ Getty Images)

 

(စားကြွင်းစားကျန်များထားခြင်းမှာ ယင်ကောင်များဝင်လာစေကြောင်း ကင်မ်က ပြောသည်။ ဓာတ်ပုံ Getty Images)

“ယင်ကောင်တွေအိမ်ထဲဝင်လာရင် လိုက်မရိုက်ပါနဲ့။ ဘယ်တော့မှ မိမှာမဟုတ်ပါဘူး။”

Fantastic Pest Control မှ ပိုးမွှားတိရ စ္ဆာန် ထိန်းချုပ်ရေးကျွမ်းကျင်ပညာရှင် ဂျော်ဒန် ဖော့စ်တာက Express သတင်းဌာနသို့ ပြောသည်မှာ “ဆိုင်တွေက ဝယ်တဲ့ ယင်ဖမ်းပစ္စည်းတွေအစား ကိုယ်ဟာကိုယ် အိမ်မှာလုပ်ပြီးလည်း သုံးလို့ရပါတယ်။ ယင်ကောင်ဖမ်းဖို့အတွက် ချိုတဲ့ပစ္စည်းအချို့နဲ့ စေးကပ်တဲ့အရာတချို့ လိုအပ်ပါတယ်။”ဟု ပြောသည်။

ယင်ကောင်များ နေအိမ်အတွင်း အလွန်များနေသည့်တိုင် ပိုးမွှားဖြန်းဆေးများကို မသုံးရန် ကင်မ်က ဗြိတိန်နိုင်ငံသားတို့ကို အကြံပြုသည်။

(ပျားရည်၏ အချိုဓာတ်က ယင်ကောင်များကို ဆွဲဆောင်သည်။ ဓာတ်ပုံ Getty Images)

“ယင်ဖြန်းဆေးတွေ မသုံးပါနဲ့။ ဒီလိုဆေးတွေက အဆုပ်အတွက် မကောင်းပါဘူး”ဟု ကင်မ်က ရှင်းပြသည်။

နွေလများတွင် ပြတင်းပေါက်များဖွင့်ထားခြင်းမှာ နေအိမ်အတွင်း ယင်ကောင်များ ဝင်လာမှု မြင့်တက်စေနိုင်သည်။

ထို့အပြင် ကင်မ်က နေအိမ်အတွင်း ယင်ကောင်များစေသည့် အခြားအကြောင်းရင်းများကိုလည်း ပြောပြသည်။

“ကျွန်မအိမ်မှာဆို သပ်ရပ်သန့်ရှင်းနေတာကြောင့် ယင်ကောင်တွေ အများကြီးမလာပါဘူး။ အိမ်က အနံ့အသက်မကောင်းရင် ယင်ကောင်တွေက အိမ်ထဲဝင်လာကြတယ်။ စားကြွင်းစားကျန်တွေကို ဒီတိုင်းမထားပါနဲ့။ ဒါတွေက ယင်ကောင်တွေကို ဆွဲဆောင်ပါတယ်”ဟု ကင်မ်က ပြောသည်။

 

(ဗြိတိန်တွင် လအလိုက် ပိုးမွှားတိရ စ္ဆာန်တို့ ပျံ့ပွားကြပုံ။ ဓာတ်ပုံ DX)

 

(ပျားရည်နဲ့ ယင်ကောင်ဖမ်း ထောင်ချောက်လုပ်ရန် အခြားနည်းလမ်းတစ်ခု)

ပျားရည်ကို အသုံးပြုပြီး ယင်ဖမ်းထောင်ချောက်လုပ်ခြင်းမှာ အတော်ရိုးစင်းလွယ်ကူသည့် နည်းလမ်းဖြစ်သည်။

ထောင်ချောက်လုပ်ရန်အတွက် လိုအပ်သည်မှာ ပျားရည်၊ စက္ကူ၊ ရေနှင့် တိပ်တို့သာ ဖြစ်သည်။

ဦးစွာအားဖြင့် ပျားရည် လဘက်ရည်ခွက်တစ်ခွက်၏ ၄ ပုံ ၁ ပုံစာကို ဒယ်အိုးတစ်ခုထဲတွင် ရေဖြင့်ရောစပ်ကာ အပူပေးပါ။

ပျားရည်ပူနွေးလာလျှင် စက္ကူကို အမြှောင်းလိုက်အပိုင်းလေးများ ဖြတ်ပါ။

စက္ကူ၏ မျက်နှာပြင်တစ်ဘက်တွင် ပျားရည်နှင့် ရေရောစပ်ထားသောအရည်ကို သုတ်လိမ်းရမည် ဖြစ်ပါသည်။

ပျားရည်သုတ်ထားသော စက္ကူစများကို ဖွင့်ထားသော ပြတင်းပေါက်တစ်ခုအနီး ဘောင်တန်းများတွင် တိပ်ကိုအသုံးပြုကာ ကပ်ထားနိုင်ပါသည်။

ပျားရည်၏ အချိုဓာတ်က ယင်ကောင်များကို ဆွဲဆောင်ပါလိမ့်မည်။ သို့သော် ထိုအချိုဓာတ်သည် ၎င်းတို့၏ ကျဆုံးခန်းဖြစ်သည်ကို ယင်ကောင်များ မသိနိုင်ချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: 'They will get drunk': Simple ingredient to get rid of household flies 'within an hour' (express)

 

 

[Zawgyi]

တစ္နာရီအတြင္း အိမ္ထဲက ယင္ေကာင္ေတြ ရွင္းပစ္ႏိုင္မယ့္ ရိုးစင္းလြယ္ကူနည္းလမ္း

ေနအိမ္အတြင္း ယင္ေကာင္မ်ားရွိေနျခင္းမွာ စိတ္ပ်က္စရာပင္ျဖစ္ျပီး ယင္ေကာင္မ်ား ရွင္းလင္းေရးမွာလည္း စိန္ေခၚမႈတစ္ရပ္ ျဖစ္သည္။

သို႔ေသာ္ ေနအိမ္တြင္း ေရာဂါဘယကာကြယ္ေရးႏွင့္ သန္႔ရွင္းစင္ၾကယ္ေရး ကၽြမ္းက်င္ပညာရွင္ ကင္မ္ ဝုဒ္ဘန္းတြင္ ယင္ေကာင္မ်ားကို တစ္နာရီအတြင္း ရွင္းပစ္ႏိုင္သည့္ လြယ္ကူေသာနည္းလမ္းတစ္ခု ရွိပါသည္။

သင္၏ေနအိမ္ထဲသုိ႔ ယင္ေကာင္မ်ား တဝီဝီဝင္လာျခင္းမွာ စိတ္ညစ္စရာေကာင္းလွသည္။ သို႔ေသာ္ ယင္ေကာင္မ်ားကို ျခင္ရိုက္တံျဖင့္ လိုက္ရိုက္ျခင္းမွာ အေျဖမဟုတ္ေၾကာင္း ကင္မ္ ဝုဒ္ဘန္းက ေျပာသည္။

ကင္မ္ ဝုဒ္ဘန္းသည္ ျဗိတိန္မွ ရုပ္သံလိုင္းတစ္ခုျဖစ္ေသာ Channel 4 တြင္ How Clean is Your House? ဟူေသာ အစီအစဥ္ျဖင့္ နာမည္ၾကီးသူျဖစ္သည္။

ကင္မ္ ဝုဒ္ဘန္းသည္ ျဗိတိန္ႏိုင္ငံတစ္လႊား ခရီးသြားကာ ေနအိမ္မ်ား အသစ္ဘဝကရွိခဲ့ေသာ သန္႔ရွင္းေတာက္ေျပာင္မႈမ်ား ျပန္လည္ရရွိေစရန္ အိမ္ေထာင္စုတို႔အား အကူအညီေပးေနသူလည္း ျဖစ္သည္။

Express သတင္းဌာနႏွင့္ ေတြ႔ဆံုခန္းတြင္ ကင္မ္ ဝုဒ္ဘန္းက မီးဖိုေဆာင္သံုး ပစၥည္းတစ္မ်ဳိးကို အသံုးျပဳကာ ယင္ေကာင္မ်ားကို ေနအိမ္တြင္းမွ ရွင္းထုတ္ႏိုင္မည့္ ရိုးရွင္းေသာ နည္းလမ္းတစ္ခု ေဖာ္ထုတ္ေျပာျပခဲ့သည္။

ကင္မ္က ေျပာသည့္ နည္းလမ္းမွာ “ကိုယ့္အိမ္ထဲမွာ ယင္ေကာင္ေတြမ်ားေနတယ္ဆိုရင္ ပစၥည္းထုပ္ပိုးတဲ့ တိပ္တခ်ဳိ႕ ခြာလိုက္ပါ။ ျပီးရင္ ပ်ားရည္ခပ္ပါးပါးသုတ္ေပးျပီး ျပတင္းေပါက္မွာ ကပ္ထားလိုက္ပါ”

“ယင္ေကာင္ေတြက ပ်ားရည္ေပၚ လာနားၾကပါလိမ့္မယ္။ တစ္နာရီေလာက္အတြင္းမွာ အိမ္ထဲရွိသမွ် ယင္ေကာင္ေတြဟာ ပ်ားရည္သုတ္ထားတဲ့ တိပ္မွာ ကပ္သြားၾကပါလိမ့္မယ္”

(ကင္မ္ အၾကံျပဳေသာ ပ်ားရည္ျဖင့္ ယင္ေကာင္ဖမ္းနည္း။ ဓာတ္ပံု Getty Images)

(စားၾကြင္းစားက်န္မ်ားထားျခင္းမွာ ယင္ေကာင္မ်ားဝင္လာေစေၾကာင္း ကင္မ္က ေျပာသည္။ ဓာတ္ပံု Getty Images)

“ယင္ေကာင္ေတြအိမ္ထဲဝင္လာရင္ လိုက္မရိုက္ပါနဲ႔။ ဘယ္ေတာ့မွ မိမွာမဟုတ္ပါဘူး။”

Fantastic Pest Control မွ ပိုးမႊားတိရ စၦာန္ ထိန္းခ်ဳပ္ေရးကၽြမ္းက်င္ပညာရွင္ ေဂ်ာ္ဒန္ ေဖာ့စ္တာက Express သတင္းဌာနသို႔ ေျပာသည္မွာ “ဆိုင္ေတြက ဝယ္တဲ့ ယင္ဖမ္းပစၥည္းေတြအစား ကိုယ္ဟာကိုယ္ အိမ္မွာလုပ္ျပီးလည္း သံုးလို႔ရပါတယ္။ ယင္ေကာင္ဖမ္းဖို႔အတြက္ ခ်ဳိတဲ့ပစၥည္းအခ်ဳိ႕နဲ႔ ေစးကပ္တဲ့အရာတခ်ဳိ႕ လိုအပ္ပါတယ္။”ဟု ေျပာသည္။

ယင္ေကာင္မ်ား ေနအိမ္အတြင္း အလြန္မ်ားေနသည့္တိုင္ ပိုးမႊားျဖန္းေဆးမ်ားကို မသံုးရန္ ကင္မ္က ျဗိတိန္ႏိုင္ငံသားတို႔ကို အၾကံျပဳသည္။

(ပ်ားရည္၏ အခ်ဳိဓာတ္က ယင္ေကာင္မ်ားကို ဆြဲေဆာင္သည္။ ဓာတ္ပံု Getty Images)

“ယင္ျဖန္းေဆးေတြ မသံုးပါနဲ႔။ ဒီလိုေဆးေတြက အဆုပ္အတြက္ မေကာင္းပါဘူး”ဟု ကင္မ္က ရွင္းျပသည္။

ေႏြလမ်ားတြင္ ျပတင္းေပါက္မ်ားဖြင့္ထားျခင္းမွာ ေနအိမ္အတြင္း ယင္ေကာင္မ်ား ဝင္လာမႈ ျမင့္တက္ေစႏိုင္သည္။

ထို႔အျပင္ ကင္မ္က ေနအိမ္အတြင္း ယင္ေကာင္မ်ားေစသည့္ အျခားအေၾကာင္းရင္းမ်ားကိုလည္း ေျပာျပသည္။

“ကၽြန္မအိမ္မွာဆို သပ္ရပ္သန္႔ရွင္းေနတာေၾကာင့္ ယင္ေကာင္ေတြ အမ်ားၾကီးမလာပါဘူး။ အိမ္က အန႔ံအသက္မေကာင္းရင္ ယင္ေကာင္ေတြက အိမ္ထဲဝင္လာၾကတယ္။ စားၾကြင္းစားက်န္ေတြကို ဒီတိုင္းမထားပါနဲ႔။ ဒါေတြက ယင္ေကာင္ေတြကို ဆြဲေဆာင္ပါတယ္”ဟု ကင္မ္က ေျပာသည္။

(ျဗိတိန္တြင္ လအလိုက္ ပိုးမႊားတိရ စၦာန္တို႔ ပ်ံ႕ပြားၾကပံု။ ဓာတ္ပံု DX)

(ပ်ားရည္နဲ႔ ယင္ေကာင္ဖမ္း ေထာင္ေခ်ာက္လုပ္ရန္ အျခားနည္းလမ္းတစ္ခု)

ပ်ားရည္ကို အသံုးျပဳျပီး ယင္ဖမ္းေထာင္ေခ်ာက္လုပ္ျခင္းမွာ အေတာ္ရိုးစင္းလြယ္ကူသည့္ နည္းလမ္းျဖစ္သည္။

ေထာင္ေခ်ာက္လုပ္ရန္အတြက္ လိုအပ္သည္မွာ ပ်ားရည္၊ စကၠဴ၊ ေရႏွင့္ တိပ္တို႔သာ ျဖစ္သည္။

ဦးစြာအားျဖင့္ ပ်ားရည္ လဘက္ရည္ခြက္တစ္ခြက္၏ ၄ ပံု ၁ ပံုစာကို ဒယ္အိုးတစ္ခုထဲတြင္ ေရျဖင့္ေရာစပ္ကာ အပူေပးပါ။

ပ်ားရည္ပူေႏြးလာလွ်င္ စကၠဴကို အေျမွာင္းလိုက္အပိုင္းေလးမ်ား ျဖတ္ပါ။

စကၠဴ၏ မ်က္ႏွာျပင္တစ္ဘက္တြင္ ပ်ားရည္ႏွင့္ ေရေရာစပ္ထားေသာအရည္ကို သုတ္လိမ္းရမည္ ျဖစ္ပါသည္။

ပ်ားရည္သုတ္ထားေသာ စကၠဴစမ်ားကို ဖြင့္ထားေသာ ျပတင္းေပါက္တစ္ခုအနီး ေဘာင္တန္းမ်ားတြင္ တိပ္ကိုအသံုးျပဳကာ ကပ္ထားႏိုင္ပါသည္။

ပ်ားရည္၏ အခ်ဳိဓာတ္က ယင္ေကာင္မ်ားကို ဆြဲေဆာင္ပါလိမ့္မည္။ သို႔ေသာ္ ထိုအခ်ဳိဓာတ္သည္ ၎တို႔၏ က်ဆံုးခန္းျဖစ္သည္ကို ယင္ေကာင္မ်ား မသိႏိုင္ေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Ref: 'They will get drunk': Simple ingredient to get rid of household flies 'within an hour' (express)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service