ထမင်းစားပြီးရင် ဗိုက်အောင့်သလို ခံစားရတာ ဘာကြောင့်လဲ...

ထမင်းစားပြီးရင် ဗိုက်အောင့်သလို ခံစားရတာ ဘာကြောင့်လဲ... - Property Knowledge in Myanmar from iMyanmarHouse.com
20 Sep 2022 12:06 pm တွင် တင်ခဲ့သည်
1191 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဗိုက်ဆာလွန်းရင် ဗိုက်အောင့်သလို၊ အစာအိမ်နာသလို ခံစားဖူးကြတယ်မလား။ အဲဒီလိုနာကျင်မှုက ပုံမှန်ဖြစ်ပြီး တစ်ခုခုစားလိုက်ရင် ပျောက်သွားပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ သူတို့ရဲ့ဗိုက်က ထမင်းစားပြီးရင် နာလာတတ်ကြပါတယ်။ ထမင်းစားပြီးတဲ့နောက် ဗိုက်အောင့်တာက တစ်ခါတလေဆိုရင်တော့ ပုံမှန်ပါပဲ။ နေ့တိုင်းဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုလာပါပြီ။ မကြာခဏဗိုက်အောင့်တာ၊ အစာအိမ်နာတာက ကျန်းမာရေးအခြေအနေရှိနေတယ်ဆိုတာ ညွှန်ပြနေပြီး ချက်ခြင်း ဆေးကုသမှုခံယူဖို့ လိုပါတယ်။ ထမင်းစားပြီးနောက် ဗိုက်အောင့်တာ၊ အစာအိမ်နာတာဖြစ်ရခြင်းအကြောင်းအရင်းတွေကတော့

ထမင်းအစားလွန်ခြင်း

ဗိုက်အောင့်တာ၊ အစာအိမ်နာခြင်းအတွက် အကြောင်းအရင်းတွေထဲက တစ်ခုက ထမင်းအစားလွန်ခြင်းဖြစ်ပါတယ်။ အစားအစာကို အများကြီးစားလိုက်တဲ့အခါ သင့်အစာအိမ်က နာကျင်လာပါတယ်။ ကျွန်တော်တို့ရဲ့အစာအိမ်က အစားအစာ (၁ ခွက် (သို့) ၂ ခွက်) လောက်ပဲ လက်ခံထားနိုင်တဲ့အတွက်ကြောင့် အဲဒါထက်ပိုစားမိတဲ့အခါ ပိုနေတဲ့အစားအစာအတွက် နေရာရဖို့ ကျယ်လာအောင်လုပ်ရပါတယ်။ နောက်ဆုံးမှာတော့ ဗိုက်မအီမသာဖြစ်ပြီး အစာအိမ်နာလာပါတယ်။

အစာကို မြန်မြန်စားခြင်း

အစာအိမ်နာခြင်း၊ ဗိုက်အောင့်ခြင်းရဲ့နောက်ထပ်အကြောင်းအရင်းက အစာကို မြန်မြန်စားခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အစာကို မြန်မြန်မျိုချလိုက်တဲ့အခါ အစာနဲ့အတူ လေပိုတွေကို သင်က မျိုချမိပါတယ်။ အစာအိမ်ကို အစားအစာတွေရောက်သွားတဲ့အခါ လေထိုးလေအောင့်ခြင်းကို ဖြစ်စေပါတယ်။ သင့်ဝမ်းဗိုက်ကို ဖောင်းလာစေပြီး ဗိုက်မအီမသာဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓာကိုယ်ကို အာဟာရဓာတ်တွေမစုပ်ယူနိုင်အောင်လည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။

အစာမကြေခြင်း

ကော်ဖီ အများကြီးသောက်တာ၊ အရက်အများကြီးသောက်တာ၊ စပ်တဲ့ချဉ်တဲ့အစားအစာတွေကို အများကြီးစားတာကလည်း အစာမကြေခြင်းကို ဖြစ်စေပြီး ဗိုက်အောင့်စေနိုင်ပါတယ်။ ထမင်းစားပြီးနောက် ဗိုက်အောင့်တာ၊ အစာအိမ်နာတာက အဲဒီအစားအစာတွေစားတာကြောင့် အစာမကြေတာဖြစ်နိုင်ပါတယ်။ အဲဒီအစားအစာတွေက သင့်ခန္ဓာကိုယ်ကို အစားအစာခြေဖျက်ဖို့အတွက် ပိုပြီးခက်ခဲစေပြီး ဂလူးကို့စ်အဖြစ် ပြောင်းလဲသွားပါတယ်။ ရလဒ်အနေနဲ့ လေအောင့်သလို ပျို့အန်သလို ဖြစ်စေနိုင်ပါတယ်။

သည်းခြေကျောက်တည်ခြင်း

သည်းခြေကျောက်တွေက သည်းခြေအိတ် (သို့) ပြွန်အတွင်း သေးငယ်မာကျောတဲ့ ပုံဆောင်ခဲလို အနည်တွေကို ရည်ညွှန်းပါတယ်။ ပုံဆောင်ခဲတွေက သည်းခြေရည်မှာ ကိုလက်စထရောများလွန်းတာ၊ ပုံမှန်မဟုတ်တဲ့ သည်းခြေအိတ်လုပ်ဆောင်ချက်တွေကြောင့် (သို့) အခြားအကြောင်းအရင်းတွေကြောင့် အနည်ထိုင်လာရပါတယ်။ ဒီသည်းခြေကျောက်တွေက ထမင်းစားပြီးနောက် အထူးသဖြင့် သင် စားတဲ့အစားအစာက အဆီများလွန်းရင် နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ သည်းခြေအိတ်နာကျင်ခြင်းကလည်း ဗိုက်အောင့်ခြင်းကို ဖြစ်စေပြီး ချက်ခြင်း ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

အစာမတည့်ခြင်း

အစာအိမ်နာတာ၊ ဗိုက်အောင့်တာ၊ မူးဝေတာ၊ အော့အန်တာကလည်း အစာမတည့်ခြင်းရဲ့လက္ခဏာရပ်တွေပါပဲ။ အစာမတည့်တာဟာ ခန္ဓာကိုယ်က စားလိုက်တဲ့အစားအစာရဲ့ပါဝင်ပစ္စည်းတွေကို မချေဖျက်နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါတယ်။ အဲဒီလိုအစားအစာတွေနဲ့ ခန္ဓာကိုယ်က မတည့်တဲ့အခါ အစာအိမ်နဲ့ဆက်စပ်တဲ့ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါက ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေဖြစ်ပြီး ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: yoyarlay

 

[Zawgyi]


 


ထမင်းအစားလွန်ခြင်း




အစာမကြေခြင်း




အစာမတည့်ခြင်း





Credit: yoyarlay

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service