ကြေကွဲဖွယ် စွန့်ပစ်ခံစံအိမ်ကြီးတစ်လုံး- မည်သူ့အိမ်ဟု သင်ထင်ပါသနည်

ကြေကွဲဖွယ် စွန့်ပစ်ခံစံအိမ်ကြီးတစ်လုံး- မည်သူ့အိမ်ဟု သင်ထင်ပါသနည် - Property News in Myanmar from iMyanmarHouse.com
16 Sep 2022 10:48 am တွင် တင်ခဲ့သည်
3675 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဆေးများကွာကျနေသော နံရံများ၊ ညစ်နွမ်းနေသော အုတ်များ၊ ဟောင်းနွမ်းစုတ်ပြတ်နေသော သစ်သားခြံစည်းများဖြင့် ဤစံအိမ်ကြီးမှာ ပြုပြင်မွမ်းမံမှုများ များစွာလိုအပ်နေသည်မှာ ထင်ရှားပါသည်။

ပျက်စီးယိုယွင်းနေသော ဤစံအိမ်ကြီးမှာ ဗြိတိန်တော်ဝင်မိသားစုနှင့် ဆက်နွှယ်မှုများရှိနေပြီး စင်စစ်ကား ဤစံအိမ်သည် ဝေလမင်းသမီး ဒိုင်ယာနာ မွေးဖွားခဲ့ရာ စံအိမ်ကြီးဖြစ်သည်ကို သိရလျှင် များစွာအံ့အားသင့်ကြလိမ့်မည် ဖြစ်သည်။

Park House ဟု အမည်ပေးထားသော ယခုစံအိမ်သည် အဲလစ်ဇဘက်ဘုရင်မကြီး၏ Sandringham ရဲတိုက်ဝန်း ပင်မအိမ်တော်မှ လမ်းလျှောက်သွားရုံဖြင့် ရောက်ကာ တစ်မိုင်ခန့်သာ ဝေးကွာသည်။ ဓာတ်ပုံ Credit: Arthur Edwards / The Sun)

 

(ယခုအခါတွင်မူ Norfolk ရှိ ဤစံအိမ်ကြီးမှာ စွန့်ပစ်ထားမှုကြောင့် မမှတ်မိနိုင်လောက်အောင် ပျက်စီးယိုယွင်းသွားခဲ့လေပြီ။ ဓာတ်ပုံ Credit: Rex)

ဘုရင်မကြီး၏ Norfolk အရပ်မှ Sandringham အိမ်တော်ဝန်းတွင် တည်ရှိသော Park House စံအိမ်တော်ကို နိုင်ငံတကာ မသန်စွမ်းရေးရာ ပရဟိတအဖွဲ့ဖြစ်သည့် Leonard Cheshire ထံ ၁၉၈၃ ခုနှစ်က လှူဒါန်းလိုက်သည်။

ယင်းနောက် အကူအညီလိုအပ်သည့် မသန်စွမ်းများကို ကူညီနိုင်ရေးအတွက် ယခုစံအိမ်ကို ကြယ် ၃ ပွင့်အဆင့် ဟိုတယ်ကြီးအဖြစ် ၂၀၂၀ ပြည့်နှစ်အထိ အသုံးပြုခဲ့သည်။ ယင်းနောက် ထိန်းသိမ်းစရိတ် အလွန်မြင့်မားသောကြောင့် ပရဟိတအဖွဲ့က စံအိမ်ကြီးအား ဘုရင်မကြီး၏ Sandringham အိမ်တော်သို့ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် စံအိမ်ကြီးကို ပေါင် ၂ ဒသမ ၃ သန်းသုံးစွဲကာ အိပ်ခန်း ၁၆ ခန်းမှ ၂၄ ခန်းအထိ တိုးချဲ့ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေးကြောင့် ရပ်ဆိုင်းခဲ့ရသည်။

ယနေ့အခါတွင်ကား တချိန်က စွဲမက်ဖွယ်ဟိုတယ်ကြီးမှာ နွေးထွေးမှုပေးသည့် ပရိဘောဂများလည်း မရှိတော့ကာ အခွံသက်သက်ဖြင့် လူသူကင်းမဲ့နေသည်။

တချိန်က အပန်းဖြေခဲ့ကြရာနေရာကြီး၏ အေးချမ်းသာယာလှပသော ပန်းခင်းကြီးများ၊ လိုက်ကာများလည်း မရှိတော့ပြီ။ ပြတင်းများလည်း ပျက်စီးနေပြီး နံရံများတွင် တချိန်က ဝင့်ထည်ခဲ့ဖူးသည့် ပန်းချီကားများလည်း မရှိတော့။

အင်္ဂလန်၏ အထင်ကရမိသားစုကြီးဖြစ်သည့် Spencer မိသားစု (ဒိုင်ယာနာ၏ မိဘများ) က ယခုစံအိမ်ကို ဘုရင်မကြီးထံမှ ငှားရမ်းထားကာ နေထိုင်ခဲ့ကြစဉ်ကာလကနှင့် နှိုင်းယှဉ်လျှင် ယနေ့သွင်ပြင်မှာ မမှတ်မိနိုင်လောက်အောင် ယိုယွင်းသွားခဲ့ပြီ။

ဝေလမင်းသမီး ဒိုင်ယာနာသည် ဤစံအိမ်ကြီးတွင် ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် မွေးဖွားခဲ့ပြီး ၁၄ နှစ်သမီးအရွယ်အထိ နေထိုင်ခဲ့သည်။

ထိုစဉ်က စံအိမ်သို့ တော်ဝင်မင်းသား အင်ဒရူးနှင့် အက်ဒ်ဝါ့ဒ်တို့အပါအဝင် တော်ဝင်မိသားစုဝင်များ အမြဲလာရောက်လည်ပတ်လေ့ရှိကြောင်း ဒိုင်ယာနာနှင့် အတူနေခဲ့သူ Inge Crane က ပြောဖူးသည်။

Inge Crane က CNN သတင်းဌာနသို့ ပြောသည်မှာ ထိုစံအိမ်သည် ဘုရင်မကြီး၏ ပင်မစံအိမ်တော်မှ ခြေလျင် တစ်မိုင်ခန့်သာ ဝေးကွာရာ စံအိမ်ဝန်းအတွင်းရှိ ရေကူးကန်တွင် အလည်အပတ်လာသော တော်ဝင်မိသားစုဝင်တို့ ရေကူးလေ့ရှိသည်ဟု ဆိုသည်။

(လေဒီဒိုင်ယာနာကို ၁၉၆၇ ခုနှစ်တွင် အစ်ကိုဖြစ်သူ ချားလ်စ်နှင့်အတူ တွေ့ရပုံ ဓာတ်ပုံ Credit: PA:Press Association)

 

(Park House စံအိမ်တော်ကို ဘုရင်မကြီးထံမှ Spencer မိသားစုက ငှားရမ်းနေထိုင်ခဲ့စဉ်ကာလများက..ဓာတ်ပုံ Credit; PA: Press Association)

ဒိုင်ယာနာတို့ မိသားစုသည် ထိုစံအိမ်တွင် ၁၉၇၆ ခုနှစ်အထိ နေထိုင်ခဲ့ကြသည်။ ယင်းနောက်တွင် ဒိုင်ယာနာ၏ ဖခင် ဂျွန်သည် Earl Spencer သူကောင်းဘွဲ့ကို အမွေဆက်ခံခဲ့ပြီးနောက်၌ ခန့်ညားထည်ဝါသော Althorp House သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

နောင်တစ်နှစ်အကြာတွင် အနာဂတ်၌ ခင်ပွန်းဖြစ်လာမည့် ချားလ်စ်မင်းသားနှင့် ပထမဆုံးစတင်ဆုံစည်းခဲ့သည်။

တစ်ချိန်က ခမ်းနားလှပခဲ့သော စံအိမ်ကို Sandringham အိမ်တော်သို့ ၂၀၂၁ ခုနှစ်၊ မေလတွင် ပြန်လည်မပေးအပ်မီက မသန်စွမ်းသူများ သွားလာရေးခက်ခဲသူများအတွက် အကူအညီပေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ဒိုင်ယာနာအား ဂုဏ်ပြုထားခြင်းများ ပြုလုပ်ခဲ့၏။ ဒိုင်ယာနာသည် ၁၉၉၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်တွင် ပြင်သစ်နိုင်ငံ၌ ကားအက်ဆီးဒင့်ဖြစ်ကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၃၆ နှစ်သာ ရှိသေးသည်။

Park House ဟိုတယ်တွင် ၂၀၁၆ ခုနှစ်အတွင်းက တည်းခိုခဲ့ဖူးသော ခရီးသွားစာရေးဆရာ George Crofton က ပြောဖူးသည်မှာ ဒိုင်ယာနာ၏ အ်ိပ်ခန်းသည် ခရစ်ကက်ကွင်းနှင့် ပန်းဥယျာဉ်များကို အပေါ်စီးမှ တွေ့မြင်နေရပြီး အလွန်အေးချမ်းကာ အနားယူရန်အလွန်ကောင်းသည်ဟု ဆိုသည်။

ခရစ္စမတ်မီးလင်းဖိုတစ်ခုအပေါ်တွင် ဒိုင်ယာနာ၏ ပုံတူပန်းချီကားတစ်ချပ် ချိတ်ဆွဲထားရှိသည်ကိုလည်း George က တွေ့မြင်ခဲ့သည်။

Park House ကို သတ္တမမြောက် အက်ဒွပ်ဧကရာဇ်အတွက် ၁၈၆၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

(မီးလင်းဖိုပေါ်မှ ဒိုင်ယာနာ၏ ပုံတူအပါအဝင် တချိန်က စံအိမ်တော်အတွင်း ဒိုင်ယာနာအား ဂုဏ်ပြုထားခဲ့မှုများ။ ဓာတ်ပုံ Credit: Trip Advisor)

 

(ဟိုတယ်အဖြစ် အသုံးပြုခဲ့စဉ်က ခမ်းနားထည်ဝါသော အပြင်အဆင်များမရှိတော့ချိန်တွင် စံအိမ်ကြီး၏ မြင်ကွင်းမှာ ကွဲပြားသွားသည်။ ဓာတ်ပုံ Credit: Trip Advisor)

 

(Park House အိမ်တော်သည် Spencer မိသားစုနေထိုင်ခဲ့စဉ်ကာလ (သို့မဟုတ်) ပရဟိတအဖွဲ့၏ လက်တွင် ရှိခဲ့စဉ်ကာလများနှင့်ယှဉ်လျှင် ယခုအခါ မမှတ်မိနိုင်လောက်အောင် ယိုယွင်းသွားလေပြီ။ ဓာတ်ပုံ Credit: Rex)

(ဟောင်းနွမ်းပျက်စီးနေသော စံအိမ်တော်တွင် ဆေးများမှာ ကွာနေပြီဖြစ်ပြီး ကြမ်းပြင်များမှာလည်း ညစ်ပတ်လျက်ရှိနေပြီ ဖြစ်သည်။ ဓာတ်ပုံ Credit: Rex)

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tragic tale of abandoned mansion left to rot – can you guess the VERY famous figure who called it home? (thesun)

 

 

[Zawgyi]

 

ေၾကကြဲဖြယ္ စြန္႔ပစ္ခံစံအိမ္ၾကီးတစ္လံုး- မည္သူ႔အိမ္ဟု သင္ထင္ပါသနည္

 

ေဆးမ်ားကြာက်ေနေသာ နံရံမ်ား၊ ညစ္ႏြမ္းေနေသာ အုတ္မ်ား၊ ေဟာင္းႏြမ္းစုတ္ျပတ္ေနေသာ သစ္သားျခံစည္းမ်ားျဖင့္ ဤစံအိမ္ၾကီးမွာ ျပဳျပင္မြမ္းမံမႈမ်ား မ်ားစြာလိုအပ္ေနသည္မွာ ထင္ရွားပါသည္။

ပ်က္စီးယိုယြင္းေနေသာ ဤစံအိမ္ၾကီးမွာ ျဗိတိန္ေတာ္ဝင္မိသားစုႏွင့္ ဆက္ႏႊယ္မႈမ်ားရွိေနျပီး စင္စစ္ကား ဤစံအိမ္သည္ ေဝလမင္းသမီး ဒိုင္ယာနာ ေမြးဖြားခဲ့ရာ စံအိမ္ၾကီးျဖစ္သည္ကို သိရလွ်င္ မ်ားစြာအံ့အားသင့္ၾကလိမ့္မည္ ျဖစ္သည္။

Park House ဟု အမည္ေပးထားေသာ ယခုစံအိမ္သည္ အဲလစ္ဇဘက္ဘုရင္မၾကီး၏ Sandringham ရဲတိုက္ဝန္း ပင္မအိမ္ေတာ္မွ လမ္းေလွ်ာက္သြားရံုျဖင့္ ေရာက္ကာ တစ္မိုင္ခန္႔သာ ေဝးကြာသည္။ ဓာတ္ပံု Credit: Arthur Edwards / The Sun)

(ယခုအခါတြင္မူ Norfolk ရွိ ဤစံအိမ္ၾကီးမွာ စြန္႔ပစ္ထားမႈေၾကာင့္ မမွတ္မိႏိုင္ေလာက္ေအာင္ ပ်က္စီးယိုယြင္းသြားခဲ့ေလျပီ။ ဓာတ္ပံု Credit: Rex)

ဘုရင္မၾကီး၏ Norfolk အရပ္မွ Sandringham အိမ္ေတာ္ဝန္းတြင္ တည္ရွိေသာ Park House စံအိမ္ေတာ္ကို ႏိုင္ငံတကာ မသန္စြမ္းေရးရာ ပရဟိတအဖြဲ႔ျဖစ္သည့္ Leonard Cheshire ထံ ၁၉၈၃ ခုႏွစ္က လွဴဒါန္းလိုက္သည္။

ယင္းေနာက္ အကူအညီလိုအပ္သည့္ မသန္စြမ္းမ်ားကို ကူညီႏိုင္ေရးအတြက္ ယခုစံအိမ္ကို ၾကယ္ ၃ ပြင့္အဆင့္ ဟိုတယ္ၾကီးအျဖစ္ ၂၀၂၀ ျပည့္ႏွစ္အထိ အသံုးျပဳခဲ့သည္။ ယင္းေနာက္ ထိန္းသိမ္းစရိတ္ အလြန္ျမင့္မားေသာေၾကာင့္ ပရဟိတအဖြဲ႔က စံအိမ္ၾကီးအား ဘုရင္မၾကီး၏ Sandringham အိမ္ေတာ္သို႔ ျပန္လည္ေပးအပ္ခဲ့သည္။

ယင္းေနာက္ စံအိမ္ၾကီးကို ေပါင္ ၂ ဒသမ ၃ သန္းသံုးစြဲကာ အိပ္ခန္း ၁၆ ခန္းမွ ၂၄ ခန္းအထိ တိုးခ်ဲ႕ရန္ စီစဥ္ခဲ့ေသာ္လည္း ကိုဗစ္ကပ္ေဘးေၾကာင့္ ရပ္ဆိုင္းခဲ့ရသည္။

ယေန႔အခါတြင္ကား တခ်ိန္က စြဲမက္ဖြယ္ဟိုတယ္ၾကီးမွာ ေႏြးေထြးမႈေပးသည့္ ပရိေဘာဂမ်ားလည္း မရွိေတာ့ကာ အခြံသက္သက္ျဖင့္ လူသူကင္းမဲ့ေနသည္။

တခ်ိန္က အပန္းေျဖခဲ့ၾကရာေနရာၾကီး၏ ေအးခ်မ္းသာယာလွပေသာ ပန္းခင္းၾကီးမ်ား၊ လိုက္ကာမ်ားလည္း မရွိေတာ့ျပီ။ ျပတင္းမ်ားလည္း ပ်က္စီးေနျပီး နံရံမ်ားတြင္ တခ်ိန္က ဝင့္ထည္ခဲ့ဖူးသည့္ ပန္းခ်ီကားမ်ားလည္း မရွိေတာ့။

အဂၤလန္၏ အထင္ကရမိသားစုၾကီးျဖစ္သည့္ Spencer မိသားစု (ဒိုင္ယာနာ၏ မိဘမ်ား) က ယခုစံအိမ္ကို ဘုရင္မၾကီးထံမွ ငွားရမ္းထားကာ ေနထိုင္ခဲ့ၾကစဥ္ကာလကႏွင့္ ႏႈိင္းယွဥ္လွ်င္ ယေန႔သြင္ျပင္မွာ မမွတ္မိႏိုင္ေလာက္ေအာင္ ယိုယြင္းသြားခဲ့ျပီ။

ေဝလမင္းသမီး ဒိုင္ယာနာသည္ ဤစံအိမ္ၾကီးတြင္ ၁၉၆၁ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္တြင္ ေမြးဖြားခဲ့ျပီး ၁၄ ႏွစ္သမီးအရြယ္အထိ ေနထိုင္ခဲ့သည္။

ထိုစဥ္က စံအိမ္သို႔ ေတာ္ဝင္မင္းသား အင္ဒရူးႏွင့္ အက္ဒ္ဝါ့ဒ္တု႔ိအပါအဝင္ ေတာ္ဝင္မိသားစုဝင္မ်ား အျမဲလာေရာက္လည္ပတ္ေလ့ရွိေၾကာင္း ဒိုင္ယာနာႏွင့္ အတူေနခဲ့သူ Inge Crane က ေျပာဖူးသည္။

Inge Crane က CNN သတင္းဌာနသုိ႔ ေျပာသည္မွာ ထိုစံအိမ္သည္ ဘုရင္မၾကီး၏ ပင္မစံအိမ္ေတာ္မွ ေျခလ်င္ တစ္မိုင္ခန္႔သာ ေဝးကြာရာ စံအိမ္ဝန္းအတြင္းရွိ ေရကူးကန္တြင္ အလည္အပတ္လာေသာ ေတာ္ဝင္မိသားစုဝင္တို႔ ေရကူးေလ့ရွိသည္ဟု ဆိုသည္။

(ေလဒီဒိုင္ယာနာကို ၁၉၆၇ ခုႏွစ္တြင္ အစ္ကိုျဖစ္သူ ခ်ားလ္စ္ႏွင့္အတူ ေတြ႔ရပံု ဓာတ္ပံု Credit: PA:Press Association)

(Park House စံအိမ္ေတာ္ကို ဘုရင္မၾကီးထံမွ Spencer မိသားစုက ငွားရမ္းေနထုိင္ခဲ့စဥ္ကာလမ်ားက..ဓာတ္ပံု Credit; PA: Press Association)

ဒိုင္ယာနာတို႔ မိသားစုသည္ ထိုစံအိမ္တြင္ ၁၉၇၆ ခုႏွစ္အထိ ေနထိုင္ခဲ့ၾကသည္။ ယင္းေနာက္တြင္ ဒိုင္ယာနာ၏ ဖခင္ ဂၽြန္သည္ Earl Spencer သူေကာင္းဘြဲ႔ကို အေမြဆက္ခံခဲ့ျပီးေနာက္၌ ခန္႔ညားထည္ဝါေသာ Althorp House သို႔ ေျပာင္းေရႊ႕ေနထုိင္ခဲ့ၾကသည္။

ေနာင္တစ္ႏွစ္အၾကာတြင္ အနာဂတ္၌ ခင္ပြန္းျဖစ္လာမည့္ ခ်ားလ္စ္မင္းသားႏွင့္ ပထမဆံုးစတင္ဆံုစည္းခဲ့သည္။

တစ္ခ်ိန္က ခမ္းနားလွပခဲ့ေသာ စံအိမ္ကို Sandringham အိမ္ေတာ္သို႔ ၂၀၂၁ ခုႏွစ္၊ ေမလတြင္ ျပန္လည္မေပးအပ္မီက မသန္စြမ္းသူမ်ား သြားလာေရးခက္ခဲသူမ်ားအတြက္ အကူအညီေပးမႈမ်ား ျပဳလုပ္ခဲ့သည့္အျပင္ ဒိုင္ယာနာအား ဂုဏ္ျပဳထားျခင္းမ်ား ျပဳလုပ္ခဲ့၏။ ဒိုင္ယာနာသည္ ၁၉၉၇ ခုႏွစ္၊ ၾသဂုတ္လ ၃၁ ရက္တြင္ ျပင္သစ္ႏိုင္ငံ၌ ကားအက္ဆီးဒင့္ျဖစ္ကာ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ျပီး ေသဆံုးခ်ိန္တြင္ အသက္ ၃၆ ႏွစ္သာ ရွိေသးသည္။

Park House ဟိုတယ္တြင္ ၂၀၁၆ ခုႏွစ္အတြင္းက တည္းခိုခဲ့ဖူးေသာ ခရီးသြားစာေရးဆရာ George Crofton က ေျပာဖူးသည္မွာ ဒိုင္ယာနာ၏ အိ္ပ္ခန္းသည္ ခရစ္ကက္ကြင္းႏွင့္ ပန္းဥယ်ာဥ္မ်ားကို အေပၚစီးမွ ေတြ႔ျမင္ေနရျပီး အလြန္ေအးခ်မ္းကာ အနားယူရန္အလြန္ေကာင္းသည္ဟု ဆိုသည္။

ခရစၥမတ္မီးလင္းဖိုတစ္ခုအေပၚတြင္ ဒိုင္ယာနာ၏ ပံုတူပန္းခ်ီကားတစ္ခ်ပ္ ခ်ိတ္ဆြဲထားရွိသည္ကိုလည္း George က ေတြ႔ျမင္ခဲ့သည္။

Park House ကို သတၱမေျမာက္ အက္ဒြပ္ဧကရာဇ္အတြက္ ၁၈၆၃ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

 

(မီးလင္းဖိုေပၚမွ ဒိုင္ယာနာ၏ ပံုတူအပါအဝင္ တခ်ိန္က စံအိမ္ေတာ္အတြင္း ဒိုင္ယာနာအား ဂုဏ္ျပဳထားခဲ့မႈမ်ား။ ဓာတ္ပံု Credit: Trip Advisor)

(ဟိုတယ္အျဖစ္ အသံုးျပဳခဲ့စဥ္က ခမ္းနားထည္ဝါေသာ အျပင္အဆင္မ်ားမရွိေတာ့ခ်ိန္တြင္ စံအိမ္ၾကီး၏ ျမင္ကြင္းမွာ ကြဲျပားသြားသည္။ ဓာတ္ပံု Credit: Trip Advisor)

(Park House အိမ္ေတာ္သည္ Spencer မိသားစုေနထိုင္ခဲ့စဥ္ကာလ (သို႔မဟုတ္) ပရဟိတအဖြဲ႔၏ လက္တြင္ ရွိခဲ့စဥ္ကာလမ်ားႏွင့္ယွဥ္လွ်င္ ယခုအခါ မမွတ္မိႏိုင္ေလာက္ေအာင္ ယိုယြင္းသြားေလျပီ။ ဓာတ္ပံု Credit: Rex)

(ေဟာင္းႏြမ္းပ်က္စီးေနေသာ စံအိမ္ေတာ္တြင္ ေဆးမ်ားမွာ ကြာေနျပီျဖစ္ျပီး ၾကမ္းျပင္မ်ားမွာလည္း ညစ္ပတ္လ်က္ရွိေနျပီ ျဖစ္သည္။ ဓာတ္ပံု Credit: Rex)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tragic tale of abandoned mansion left to rot – can you guess the VERY famous figure who called it home? (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service