“သိက္ခာ ဓာတ်ခွဲခန်း”
“သိက္ခာ ဓာတ်ခွဲခန်း” - Property Knowledge in Myanmar from iMyanmarHouse.com
23 Aug 2022 2:27 pm တွင် တင်ခဲ့သည်
556 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
အဖေကလူပျော်တစ်ယောက်ပါ။လူပျက်တစ်ယောက်တော့မဟုတ်ပေ။ဖြစ်လာသမျှကို ပျော်ပျော်ပဲ လက်ခံတတ်သည်။သိပ်စိတ်ညစ်တတ်သည့်ပုံ သူ့တွင်မရှိ။
အမေက အဖေ့အပေါ်ဆိုရင် နိုင်ချင်တတ်သည်။မေမေကဘယ်လောက်ပဲ ဆူပြောနေနေ အဖေကပြုံးပြုံးနှင့် လုပ်နေတတ်သည်။ကျွန်တော်တို့က ဖေဖေကို စိတ်မဆိုးရကောင်းလားပြောတော့ ဖေဖေက ပြီးတော့လည်း ပြီးသွားမှာပါကွာ။စကားနည်းရန်စဲပေါ့တဲ့။
“ငါ့သားရယ် မိန်းမတွေဆိုတာက တစ်ခါတစ်ရံ အနိုင်လိုချင်တတ်ကြတယ်ကွ။သူတစ်ပါးအပေါ် အနိုင်လိုချင် တာထက် ငါ့အပေါ်အနိုင်ယူတော့ အန္တရာယ်ကင်းတာပေါ့တဲ့။ဘေးလူနဲ့ပြဿနာဖြစ်ရင် ရှုပ်တာပေါ့ကွတဲ့” ဖေဖေက အဲဒီလိုလူမျိုးပါ။
ဘာရယ်လိုမဟုတ်ပေမဲ့ ဖေဖေတစ်ခါတစ်ခါပြောလိုက်တဲ့ စကားတို့က တုတ်ထိုးအိုးပေါက် ခံရခက်သည့် စကားလုံးတို့ပါတတ်သည်။
ကျွန်တော်မိန်းမယူဖို့ စီစဉ်တော့ ယူပေါ့ကွ ကောင်းတာလုပ်တာပဲတဲ့။အဲဒီလိုကြီးပါဆို။ငါ့သားမင်းယူမယ့် မိန်းကလေးအပေါ်မှာ တကယ်နှစ်နှစ်ကာချစ်ရဲ့လား။သူဘာဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိအခြေနေမှာ မင်းလက်ခံခွင့်လွှတ်နိုင်ပြီလားတဲ့။အဲဒီလိုစကားမျိုးတွေလည်းပြောတတ်ပါသည်။
“ယောက်ျားတွေဆိုတာ သူတို့ကိုယ်တိုင်က ကမ်းကုန်အောင်ရှုပ်တတ်ပြီး ကိုယ်ယူမယ့်မိန်းမကိုတော့ ခြောက်ပစ်ကင်း သဲလဲစင်မှ။ဒါတရားသလားကွ။ရည်းစားတစ်ထာင် လင်ကောင်တစ်ခုတဲ့ကွ သူတို့လည်း ရွေးတတ်ကြတာပဲတဲ့။ ကိုယ်ပိုင်ဆိုင်လိုချင်တဲ့ အရာတိုင်းကို မွန်မြတ်သန့်စင် နေစေချင်ရင် ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုဖြစ်နေရမယ်လေ”ဆိုတဲ့ စကားမျိုးတို့ပြောတတ်သည်။
မှားယွင်းမှုဆိုတာရှိခဲ့ရင် လူတိုင်းဟာ အဲဒီဖြစ်စဉ်တွေကို တစ်သက်လုံးသိမ်းမြှုပ် သိုဝှက်ထားတတ်ကြကာ ကိုယ့်အားနည်းချက်ကို ဘယ်သူကမှ ထုတ်မပြောတတ်ကြောင်းလည်းပြောသည်။
မသိနားမလည်လို့ရော သိသိကြီးနဲ့ရော ဆန္ဒနောက်ပါသွားတဲ့ ကိုယ်ကျင့်တရားတွေဟာ အရွယ်သုံးပါလုံးမှာ ရှိတတ်ကြတယ်သားတဲ့။ဒီလိုအဖြစ်တွေကို ထုတ်ဖော်မပြောကြဘဲ တစ်သက်လုံးသိမ်းဆည်းသွားကြတယ် ဆိုတာ သားနားလည်တယ်မို့လားလို့လည်းပြောတတ်သည်။
မင်းကိုယ်တိုင်လည်းအချိန်မရွေးဖောက်ပြန်နိုင်သလို မင်းယူထားမိန်းကလေးဟာလည်း ဒီသဘောမျိုးရှိနိုင်တာပဲ သား။
အိုကွာ…ရှင်းရှင်းပြောရရင် ငါ့သမီးကမွေးတဲ့ကလေးဟာ ငါ့မြေးစစ်စစ်ဆိုတာတန်းပြီးလက်ခံလို့ရတယ်ကွာ။ မင်းဇနီး…ငါ့ချွေးမကမွေးတဲ့ကလေးကို မင့်သွေးအစစ် ငါ့မြေးဖြစ်တယ်လို့တော့ ပတ်သက်လို့လက်ခံတာပဲရှိမယ် တကယ်ဟုတ်မဟုတ်တော့ မင့်ဇနီးမှသိမယ်။
အဆုံးစွန်ပြောရရင်ကွာ..ငါ့သားဆိုတဲ့..ဟေ့ကောင်ရေ..ငါ့မိန်းမကမွေးလို့သာ ပတ်သက်မှုအရ မင်းကိုငါ့သားလို့ လက်ခံထားတာ.. ဒါလည်းမင့်အမေမှသိမယ်လေတဲ့..အဖေ့စကားကြီးကဗျာ ..အဲဒီလိုပါဆိုနေ။
ဖေဖေ့စကားအတိုင်းလိုသာဆိုရင် ကျွန်တော်တို့ လူ့ဘောင်လောကကြီးမှာ ကိုယ်ကျင့်တရားနဲ့သိက္ခာအပေါ် သံသယဝင်စရာလိုဖြစ်နေသည်။
ကိုယ်ကျင့်သိက္ခာကို မှတ်ကျောက်တင်ဖို့ လူတိုင်း DNA စစ်ရမလိုတောင်ဖြစ်လာပြီလား။ဒီလိုတော့ မဟုတ်တန်ကောင်းဟုထင်သည်။
ဗြဟ္မစိုရ်တရားတွေ၊ဟီရဩတ္တပ္ပတရားတွေ မဆုတ်ယုတ်သေးသမျှ သိက္ခာကိုမှတ်ကျောက်တင်ဝံ့သူတွေ အနန္တရှိနေပါလိမ့်ဦးမည်။ရှိနေသည်ဟုလည်း ကျွန်တော်ထင်ပါသည်။ဒီကြောင်းလေး ကဗျာရေးပြီး မှတ်တမ်းထိုးလိုက်ရပါသည်။
“ဓာတ်ခွဲခန်း”
သမီးကမွေးတော့
ငါ့မြေးအစစ်
သမက်သွေး ဖြစ်မဖြစ်
ငါ့သမီးမှပဲ သိမယ်တဲ့
ဖေဖေစကားပါ။
ချွေးမကမွေးတော့
ငါ့မြေးစစ်သလား မစစ်လား
ငါ့သားလည်းမသိနိုင်သလို
ငါလည်းမသိနိုင်ဘူးတဲ့
ဟေ့ကောင်…
ငါ့မိန်းမကမွေးတဲ့မင်းတောင်
ငါ့သွေးရင်းဖြစ်ရဲ့လားတဲ့
ဖေဖေ့စကားကြီးကဗျာ…။
အကျင့်သိက္ခာ
ဘယ်သူဟာစောင့်ထိန်း
DNA စစ်နိုင်တဲ့ခေတ်
သံသယဖြစ်သမျှ။
သိက္ခာကို မှတ်ကျောက်တင်ရန်
ဘယ်သူဟာစံနှုန်းမြင့်လည်း
ဝံ့တဲ့သူလာခဲ့လေကွယ်။ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
“သိက္ခာ ဓာတ်ခွဲခန်း”
“ဓာတ်ခွဲခန်း”
သမီးကမွေးတော့
ငါ့မြေးအစစ်
သမက်သွေး ဖြစ်မဖြစ်
ငါ့သမီးမှပဲ သိမယ်တဲ့
ဖေဖေစကားပါ။
ချွေးမကမွေးတော့
ဟေ့ကောင်…
ဖေဖေ့စကားကြီးကဗျာ…။
အကျင့်သိက္ခာ
ဘယ်သူဟာစောင့်ထိန်း
DNA စစ်နိုင်တဲ့ခေတ်
သံသယဖြစ်သမျှ။
ဝံ့တဲ့သူလာခဲ့လေကွယ်။ ။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service