မိုးကြိုးများပစ်နေချိန် အိမ်အတွင်း မပြုလုပ်သင့်သည့်အချက်များ

မိုးကြိုးများပစ်နေချိန် အိမ်အတွင်း မပြုလုပ်သင့်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
8 Aug 2022 12:43 pm တွင် တင်ခဲ့သည်
1740 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မိုးဦး၊ မိုးနှောင်းကာလမှာဆိုရင် အခြားသော အချိန်များထက် မိုးကြိုးပစ်ခြင်းများ ပို၍ ဖြစ်ပွားတတ်ပါတယ်။ အဲဒိလို မိုးကြိုးများ အဆက်မပြတ် ပစ်နေချိန်မှာ မိမိတို့သည် နေအိမ်အတွင်း ရှိနေပေမယ့် သတိထားရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။

မိုးကြိုးပစ်နေတုန်းမှာ ရေချိုးခြင်း၊ ပန်းကန်ဆေးခြင်းတို့ ပြုလုပ်ရင် အန္တရာယ်ရှိနိုင်ကြောင်း ပညာရှင်များ ပြောထားပါတယ်။

လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်နေချိန်မှာ ရေမချိုးရဘူးဆိုတာကို သိကောင်းသိနေ နိုင်ပေမယ့်လည်း မိုးကြိုးပစ် မခံရအောင် တစ်နည်းအားဖြင့် ဓာတ်လိုက်မခံရအောင် အိမ်ထဲမှာမလုပ်သင့်တဲ့အရာက ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။

အိမ်အပြင်ဘက်မှာ လျှပ်စီးတွေလက် မိုးကြိုးတွေပစ်နေမယ်ဆိုရင် ညစ်ပေနေတဲ့ အိုးခွက်ပန်းကန်တွေကို ဆေးကြောတာဟာလည်း အန္တရာယ်ကြီးမားပါတယ်လို့ Reader’s Digest သတင်းစာမှာ ဖော်ပြထားပါတယ်။

မိုးကြိုးတွေပစ်နေချိန် ရေချိုးမိလို့ လူတွေထိခိုက်ဒဏ်ရာရကြတဲ့ ဇာတ်လမ်းတွေဟာဒဏ္ဍာရီဆန်ပေမယ့်လည်း အခြေအမြစ်မရှိတာတော့ မဟုတ်ပါဘူး။ လျှပ်စီးက တိမ်တိုက်ကနေ ထွက်လာတဲ့အခါမှာ မြေပြင်ထဲကို အမြန်ဆုံးလမ်းကြောင်းကနေ ဝင်ရောက်သွားလေ့ရှိပါတယ်။

သံဘောင်တေ၊ သံပိုက်လိုင်းတွေဟာ အကောင်းဆုံး ဓာတ်ကူ ပစ္စည်းတွေဖြစ်လို့ တခါတရံ သူ့လမ်းကြောင်းက အဆောက်အဦး တစ်ခုဆီ ဦးတည်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း လျှပ်စီးဟာ အတွင်းကလူကို မထိခိုက်ဘဲ အိမ်တစ်လုံးကို ဖြတ်သွားနိုင်ပေမယ့်လည်း တချို့သော အခြေအနေတွေမှာတော့ ပြင်းပြင်းထန်ထန် ထိခိုက်သွားစေတတ်ပါတယ်။

အိမ်ရဲ့ပိုက်လိုင်းစနစ်ထဲက ရေထဲမှာ လျှပ်ကူးမှုအားကောင်းတဲ့ သတ္တုအမှုန်အမွှားတွေ ပါနေတတ်ပါတယ်။ တကယ်လို့ သင် ပန်းကန်တွေဆေးကြောနေတုန်းမှာ သင့်အိမ်ကို မိုးကြိုးထိမှန်ပြီဆိုပါတော့။

လျှပ်စစ်ဓာတ်က ပိုက်လိုင်းကိုအဖြတ်မှာ ရေထဲကို ရောက်သွားပြီး နောက်ဆုံး သင်နဲ့ ထိတွေ့နေတဲ့ ပန်းကန်ဆေးဇလုံကို ရောက်လာပါတယ်။ ရေချိုးနေရင်လည်း ရေပိုက်ခေါင်းကတစ်ဆင့် အလားတူဖြစ်ရပ်မျိုး ဖြစ်နိုင်ပါတယ်။

အိမ်ထဲမှာ နေရင် မိုးကြိုးအပစ်ခံရနိုင်ခြေက ၇၇၅၀၀၀ ပုံတစ်ပုံပဲရှိလို့ ဖြစ်နိုင်ခြေက အင်မတန်နည်းပါးပါတယ်။ ဒါပေမယ့်လည်း အဲဒါဟာ သင့်ရဲ့နယ်မြေထဲမှာ မိုးကြိုး ပစ်သံတွေကြားရင် မကာကွယ်ရဘူးလို့ မဆိုလိုပါဘူး။

ပိုက်တွေထဲ ရေတွေကို ပိတ်ထားတာအပြင် လျှပ်စစ်ကြိုးတွေ အသုံးပြုမှုကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အကင်စက်တွေ၊ မွှေစက်တွေဆိုတာလည်း အလားအလာရှိတဲ့ ဓာတ်ကူးပစ္စည်းတွေပဲ ဖြစ်ပါတယ်။

မိုးကြိုးများ ပစ်နေချိန် လျှပ်စစ်ပစ္စည်းများ အသုံးပြုနေခြင်းကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း အကြံပြုလိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: swalsonethuta

 

[Zawgyi]

မိုးႀကိဳးမ်ားပစ္ေနခ်ိန္ အိမ္အတြင္း မျပဳလုပ္သင့္သည့္အခ်က္မ်ား

 

မိုးဦး၊ မိုးေႏွာင္းကာလမွာဆိုရင္ အျခားေသာ အခ်ိန္မ်ားထက္ မိုးႀကိဳးပစ္ျခင္းမ်ား ပို၍ ျဖစ္ပြားတတ္ပါတယ္။ အဲဒိလို မိုးႀကိဳးမ်ား အဆက္မျပတ္ ပစ္ေနခ်ိန္မွာ မိမိတို႔သည္ ေနအိမ္အတြင္း ႐ွိေနေပမယ့္ သတိထားေ႐ွာင္ၾကဥ္ရမယ့္ အခ်က္ေတြ ႐ွိပါတယ္။

မိုးႀကိဳးပစ္ေနတုန္းမွာ ေရခ်ိဳးျခင္း၊ ပန္းကန္ေဆးျခင္းတို႔ ျပဳလုပ္ရင္ အႏၲရာယ္႐ွိႏိုင္ေၾကာင္း ပညာ႐ွင္မ်ား ေျပာထားပါတယ္။

လွ်ပ္စီးေတြလက္၊ မိုးႀကိဳးေတြပစ္ေနခ်ိန္မွာ ေရမခ်ိဳးရဘူးဆိုတာကို သိေကာင္းသိေန ႏိုင္ေပမယ့္လည္း မိုးႀကိဳးပစ္ မခံရေအာင္ တစ္နည္းအားျဖင့္ ဓာတ္လိုက္မခံရေအာင္ အိမ္ထဲမွာမလုပ္သင့္တဲ့အရာက ဒီတစ္ခုတည္းေတာ့ မဟုတ္ပါဘူး။

အိမ္အျပင္ဘက္မွာ လွ်ပ္စီးေတြလက္ မိုးႀကိဳးေတြပစ္ေနမယ္ဆိုရင္ ညစ္ေပေနတဲ့ အိုးခြက္ပန္းကန္ေတြကို ေဆးေၾကာတာဟာလည္း အႏၲရာယ္ႀကီးမားပါတယ္လို႔ Reader’s Digest သတင္းစာမွာ ေဖာ္ျပထားပါတယ္။

မိုးႀကိဳးေတြပစ္ေနခ်ိန္ ေရခ်ိဳးမိလို႔ လူေတြထိခိုက္ဒဏ္ရာရၾကတဲ့ ဇာတ္လမ္းေတြဟာဒ႑ာရီဆန္ေပမယ့္လည္း အေျခအျမစ္မ႐ွိတာေတာ့ မဟုတ္ပါဘူး။ လွ်ပ္စီးက တိမ္တိုက္ကေန ထြက္လာတဲ့အခါမွာ ေျမျပင္ထဲကို အျမန္ဆုံးလမ္းေၾကာင္းကေန ဝင္ေရာက္သြားေလ့႐ွိပါတယ္။

သံေဘာင္ေတ၊ သံပိုက္လိုင္းေတြဟာ အေကာင္းဆုံး ဓာတ္ကူ ပစၥည္းေတြျဖစ္လို႔ တခါတရံ သူ႕လမ္းေၾကာင္းက အေဆာက္အဦး တစ္ခုဆီ ဦးတည္သြားတတ္ပါတယ္။ ဒါေပမယ့္လည္း လွ်ပ္စီးဟာ အတြင္းကလူကို မထိခိုက္ဘဲ အိမ္တစ္လုံးကို ျဖတ္သြားႏိုင္ေပမယ့္လည္း တခ်ိဳ႕ေသာ အေျခအေနေတြမွာေတာ့ ျပင္းျပင္းထန္ထန္ ထိခိုက္သြားေစတတ္ပါတယ္။

အိမ္ရဲ႕ပိုက္လိုင္းစနစ္ထဲက ေရထဲမွာ လွ်ပ္ကူးမႈအားေကာင္းတဲ့ သတၱဳအမႈန္အမႊားေတြ ပါေနတတ္ပါတယ္။ တကယ္လို႔ သင္ ပန္းကန္ေတြေဆးေၾကာေနတုန္းမွာ သင့္အိမ္ကို မိုးႀကိဳးထိမွန္ၿပီဆိုပါေတာ့။

လွ်ပ္စစ္ဓာတ္က ပိုက္လိုင္းကိုအျဖတ္မွာ ေရထဲကို ေရာက္သြားၿပီး ေနာက္ဆုံး သင္နဲ႔ ထိေတြ႕ေနတဲ့ ပန္းကန္ေဆးဇလုံကို ေရာက္လာပါတယ္။ ေရခ်ိဳးေနရင္လည္း ေရပိုက္ေခါင္းကတစ္ဆင့္ အလားတူျဖစ္ရပ္မ်ိဳး ျဖစ္ႏိုင္ပါတယ္။

အိမ္ထဲမွာ ေနရင္ မိုးႀကိဳးအပစ္ခံရႏိုင္ေျခက ၇၇၅၀၀၀ ပုံတစ္ပုံပဲ႐ွိလို႔ ျဖစ္ႏိုင္ေျခက အင္မတန္နည္းပါးပါတယ္။ ဒါေပမယ့္လည္း အဲဒါဟာ သင့္ရဲ႕နယ္ေျမထဲမွာ မိုးႀကိဳး ပစ္သံေတြၾကားရင္ မကာကြယ္ရဘူးလို႔ မဆိုလိုပါဘူး။

ပိုက္ေတြထဲ ေရေတြကို ပိတ္ထားတာအျပင္ လွ်ပ္စစ္ႀကိဳးေတြ အသုံးျပဳမႈကိုလည္း ေ႐ွာင္ၾကဥ္သင့္ပါတယ္။ အကင္စက္ေတြ၊ ေမႊစက္ေတြဆိုတာလည္း အလားအလာ႐ွိတဲ့ ဓာတ္ကူးပစၥည္းေတြပဲ ျဖစ္ပါတယ္။

မိုးႀကိဳးမ်ား ပစ္ေနခ်ိန္ လွ်ပ္စစ္ပစၥည္းမ်ား အသုံးျပဳေနျခင္းကို ေ႐ွာင္ၾကဥ္ျခင္းသည္ အေကာင္းဆုံးျဖစ္ေၾကာင္း အၾကံျပဳလိုပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: swalsonethuta

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service