ဩဇာသီး စားရင်း ကျန်းမာကြမယ်

ဩဇာသီး စားရင်း ကျန်းမာကြမယ် - Property Knowledge in Myanmar from iMyanmarHouse.com
5 Aug 2022 10:55 am တွင် တင်ခဲ့သည်
1182 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ရာသီပေါ်စာ ဩဇာသီး စားရတာကို သဘောကျတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဩဇာသီးစားတာက ကျန်းမာရေးကို ထောက်ကူပေးသလို အသားအရေကိုရော ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဩဇာသီး စားရင်း ရရှိမယ့် ကျန်းမာရေးအကြောင်းကို ပြောပြပေးချင်ပါတယ်။

 

ဩဇာသီး ဆိုတာ

ဩဇာသီး ဆိုတာ ဩဇာပင်ရဲ့ အသီးပါ။ ဩဇာသီးကအပြင်ခွံမှာ အဖုအချိုင့်လေးတွေပါပြီး အရောင်က အစိမ်းရောင်ပါ။ အတွင်းသားက တစ်ဆံချင်း ဖြူဖြူလေးတွေပါ။ အထဲမှာတော့ အမဲရောင် အစေ့လေးတွေ ပါဝင်နေပါတယ်။

အရသာက ချိုချိုလေးပါ။ အသီးတင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အရွက်ရော အပင်အခေါက်ကပါ ဆေးဖက်ဝင်တာပါ။

ဩဇာပင်က အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံက အပူပိုင်းဒေသမှာ ပေါက်ရောက်ပါတယ်။

ဩဇာသီးမှာ ပါတဲ့ အာဟာရဓာတ်တွေ

ဩဇာသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

အဆီဓာတ်

ပရိုတင်းဓာတ်

ကာဗိုဟိုက်ဒရိတ်

အမျှင်ဓာတ်

ကယ်လ်ဆီယမ်

ပိုတက်ဆီယမ်

ဖော့စဖရိတ်

သံဓာတ်

မဂ္ဂနီဆီယမ်

ဆိုဒီယမ်

ဗီတာမင် C

ဗီတာမင် A

ဗီတာမင် B6

နီကာဆင်

Riboflavin

သီရာမင်း

Fatty acids

Tryptophan

Methionine

Lysine တို့ ပါဝင်နေပါတယ်။

ဩဇာသီး စားရင်း ကျန်းမာကြမယ်

ဩဇာသီး စားရင်း ကျန်းမာကြမယ် …. ဘယ်လို ကျန်းမာစေသလဲ ဆိုတော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

 

နှလုံးသွေးကြောတွေကို ကျန်းမာစေတယ်

ဩဇာသီးက ပိုတက်ဆီယမ် နဲ့ ဆိုဒီယမ် မျှတစွာ ပါဝင်နေတဲ့ အသီးတစ်မျိုးပါ။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

မဂ္ဂနီဆီယမ် ပါဝင်နေတာကလည်း နှလုံးကြွက်သားကို ပြေလျော့စေနိုင်ပါတယ်။ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် နဲ့ နီကာဆင် ပါဝင်နေတာကလည်း သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးနိုင်ပါတယ်။ အူတွေရဲ့ အာဟာရစုပ်ယူမှုကို ကောင်းစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ခြေကုန်လက်ပမ်းကျတာကို သက်သာစေတယ်

ရောဂါကြောင့် ဖြစ်ဖြစ် နေ့စဉ်ဘဝမှာ တွေ့ကြုံရတဲ့ ပင်ပန်းမှုတွေကြောင့်ဖြစ်ဖြစ် ခြေကုန်လက်ပမ်း ကျနိုင်ပါတယ်။

ဩဇာသီးမှာက ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေပြီး တစ်နေတာကို လန်းဆန်းတက်ကြွစေမှာပါ။ ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

အမြင်အာရုံ ကျန်းမာစေတယ်

ဩဇာသီးမှာ ဗီတာမင် C နဲ့ riboflavin လိုမျိုး မျက်လုံးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာ‌ကြောင့် မျက်လုံးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် မျက်လုံးဆဲလ်တွေ ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာ၊ အမြင်အာရုံ အားနည်းတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

 

ကင်ဆာ ကာကွယ်ပေးတယ်

ဩဇာသီးမှာ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကင်ဆာကျိတ်တွေ နဲ့ ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါ တယ်။ alkaloids နဲ့ acetogenin ပါဝင်နေတာကြောင့် ကျောက်ကပ်ထိခိုက်တာနဲ့ ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဩဇာသီးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး ကျန်းမာတဲ့ဆဲလ်တွေကို ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အဆစ်ရောင်တာကို သက်သာစေတယ်

ဩဇာသီးမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် ကိုယ်တွင်းက အရည်ဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ အဆစ်တွေထဲက အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အဆစ်ရောင်တာကို သက်သာစေပြီး လေးဖက်နာ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကြွက်သားတွကို သန်မာစေပြီး ကယ်လ်ဆီယမ် ပါဝ်နေမှုက အရိုးတွေကို ကြံ့ခိုင် ကျန်းမာစေနိုင်ပါတယ်။

ဦးနှောက် ကျန်းမာစေတယ်

ဗီတာမင် B အုပ်စု ပါဝင်နေတာကြောင့် အာရုံကြောဆဲလ်တွေထဲက chemical levels ကို ထိန်းညှိပေးပါတယ်။

စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ စိတ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပါကင်ဆန်ရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အရောင်ကျစေနိုင်တယ်

ဩဇာသီးက အဆစ်ရောင်တာနဲ့ ဂေါက်ရောဂါလိုမျိုး ရောဂါတွေကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်သလို ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားက ရောင်ရမ်းတာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ကျန်းမာစေတယ်

ဩဇာသီး စားပေးတာက ခန္ဓာကိုယ်ကို ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းစေပြီး အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါ တယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးတယ်

ဩဇာသီးက သံဓာတ် ကြွယ်ဝတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို သွေးတွင်းအောက်ဆီဂျင်ပမာဏကို လုံလောက်စွာ ရရှိစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

သတိထားရမယ့် အချက်တွေ

ဩဇာသီးက ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန် သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ဩဇာသီး စားရင္း က်န္းမာၾကမယ္

 

ရာသီေပၚစာ ဩဇာသီး စားရတာကို သေဘာက်တဲ့သူေလးေတြ ႐ွိလား။ ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးေလးက သင့္အတြက္ပါ။ ဩဇာသီးစားတာက က်န္းမာေရးကို ေထာက္ကူေပးသလို အသားအေရကိုေရာ က်န္းမာေစႏိုင္ပါတယ္။ ဒီတစ္ေခါက္ေတာ့ ဩဇာသီး စားရင္း ရ႐ွိမယ့္ က်န္းမာေရးအေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။

ဩဇာသီး ဆိုတာ

ဩဇာသီး ဆိုတာ ဩဇာပင္ရဲ႕ အသီးပါ။ ဩဇာသီးကအျပင္ခြံမွာ အဖုအခ်ိဳင့္ေလးေတြပါၿပီး အေရာင္က အစိမ္းေရာင္ပါ။ အတြင္းသားက တစ္ဆံခ်င္း ျဖဴျဖဴေလးေတြပါ။ အထဲမွာေတာ့ အမဲေရာင္ အေစ့ေလးေတြ ပါဝင္ေနပါတယ္။

အရသာက ခ်ိဳခ်ိဳေလးပါ။ အသီးတင္ ေဆးဖက္ဝင္တာ မဟုတ္ပါဘူး။ အ႐ြက္ေရာ အပင္အေခါက္ကပါ ေဆးဖက္ဝင္တာပါ။

ဩဇာပင္က အိႏၵိယ မ်ိဳးရင္းပင္ ျဖစ္ၿပီး ျမန္မာႏိုင္ငံက အပူပိုင္းေဒသမွာ ေပါက္ေရာက္ပါတယ္။

ဩဇာသီးမွာ ပါတဲ့ အာဟာရဓာတ္ေတြ

ဩဇာသီးမွာ အခုလို အာဟာရဓာတ္ေတြ ပါဝင္ေနပါတယ္။

အဆီဓာတ္

ပ႐ိုတင္းဓာတ္

ကာဗိုဟိုက္ဒရိတ္

အမွ်င္ဓာတ္

ကယ္လ္ဆီယမ္

ပိုတက္ဆီယမ္

ေဖာ့စဖရိတ္

သံဓာတ္

မဂၢနီဆီယမ္

ဆိုဒီယမ္

ဗီတာမင္ C

ဗီတာမင္ A

ဗီတာမင္ B6

နီကာဆင္

Riboflavin

သီရာမင္း

Fatty acids

Tryptophan

Methionine

Lysine တို႔ ပါဝင္ေနပါတယ္။

ဩဇာသီး စားရင္း က်န္းမာၾကမယ္

ဩဇာသီး စားရင္း က်န္းမာၾကမယ္ …. ဘယ္လို က်န္းမာေစသလဲ ဆိုေတာ့ ေဆာင္းပါးေလးကို ဖတ္ၾကည့္လိုက္ပါ။

ႏွလုံးေသြးေၾကာေတြကို က်န္းမာေစတယ္

ဩဇာသီးက ပိုတက္ဆီယမ္ နဲ႔ ဆိုဒီယမ္ မွ်တစြာ ပါဝင္ေနတဲ့ အသီးတစ္မ်ိဳးပါ။ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးၿပီး ႏွလုံး က်န္းမာေစဖို႔ ေထာက္ကူေပးပါတယ္။

မဂၢနီဆီယမ္ ပါဝင္ေနတာကလည္း ႏွလုံးႂကြက္သားကို ေျပေလ်ာ့ေစႏိုင္ပါတယ္။ ေလျဖတ္တာ၊ ႐ုတ္တရက္ ႏွလုံးရပ္တာမ်ိဳး မျဖစ္ေစဖို႔လည္း ကာကြယ္ေပးပါတယ္။ အမွ်င္ဓာတ္ နဲ႔ နီကာဆင္ ပါဝင္ေနတာကလည္း ေသြးတြင္း ကိုလက္စထေရာကို ထိန္းညႇိေပးႏိုင္ပါတယ္။ အူေတြရဲ႕ အာဟာရစုပ္ယူမႈကို ေကာင္းေစၿပီး ဓာတ္တိုးပစၥည္းေတြေၾကာင့္ ထိခိုက္မႈ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

ေျခကုန္လက္ပမ္းက်တာကို သက္သာေစတယ္

ေရာဂါေၾကာင့္ ျဖစ္ျဖစ္ ေန႔စဥ္ဘဝမွာ ေတြ႕ၾကဳံရတဲ့ ပင္ပန္းမႈေတြေၾကာင့္ျဖစ္ျဖစ္ ေျခကုန္လက္ပမ္း က်ႏိုင္ပါတယ္။

ဩဇာသီးမွာက ကယ္လ္လိုရီ ပါဝင္မႈ မ်ားတာေၾကာင့္ ခႏၶာကိုယ္မွာ အင္အား ျပည့္ဝေစၿပီး တစ္ေနတာကို လန္းဆန္းတက္ႂကြေစမွာပါ။ ေျခကုန္လက္ပမ္းက်တာကို သက္သာေစဖို႔လည္း ေထာက္ကူေပးႏိုင္ပါတယ္။

အျမင္အာ႐ုံ က်န္းမာေစတယ္

ဩဇာသီးမွာ ဗီတာမင္ C နဲ႔ riboflavin လိုမ်ိဳး မ်က္လုံးအတြက္ အေထာက္အကူျပဳေပးႏိုင္တဲ့ အာဟာရဓာတ္ေတြ ပါဝင္ေနတာ‌ေၾကာင့္ မ်က္လုံးေတြကို က်န္းမာေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

ဓာတ္တိုးပစၥည္းေတြေၾကာင့္ မ်က္လုံးဆဲလ္ေတြ ထိခိုက္မႈ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။ အသက္အ႐ြယ္ေၾကာင့္ အျမင္အာ႐ုံ ထိခိုက္တာ၊ အျမင္အာ႐ုံ အားနည္းတာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

ကင္ဆာ ကာကြယ္ေပးတယ္

ဩဇာသီးမွာ ဖေလဗာႏြိဳက္ ပါဝင္ေနတာေၾကာင့္ ကင္ဆာက်ိတ္ေတြ နဲ႔ ကင္ဆာ မျဖစ္ေစဖို႔ ကာကြယ္ေပးပါ တယ္။ alkaloids နဲ႔ acetogenin ပါဝင္ေနတာေၾကာင့္ ေက်ာက္ကပ္ထိခိုက္တာနဲ႔ ကင္ဆာေတြ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ဩဇာသီးမွာ ကင္ဆာျဖစ္ေစႏိုင္တဲ့ ဆဲလ္ေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္႐ွိၿပီး က်န္းမာတဲ့ဆဲလ္ေတြကို ထိခိုက္တာမ်ိဳး မျဖစ္ေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

ဓာတ္တိုးဆန္႔က်င္ပစၥည္း ႂကြယ္ဝတဲ့အတြက္ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ကင္ဆာမျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

အဆစ္ေရာင္တာကို သက္သာေစတယ္

ဩဇာသီးမွာ မဂၢနီဆီယမ္ ပါဝင္ေနတာေၾကာင့္ ကိုယ္တြင္းက အရည္ဓာတ္ပမာဏကို ထိန္းညႇိေပးႏိုင္ပါတယ္။ အဆစ္ေတြထဲက အက္ဆစ္ေတြကို ဖယ္႐ွားေပးႏိုင္ပါတယ္။

အဆစ္ေရာင္တာကို သက္သာေစၿပီး ေလးဖက္နာ မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္ပါတယ္။ ႂကြက္သားတြကို သန္မာေစၿပီး ကယ္လ္ဆီယမ္ ပါဝ္ေနမႈက အ႐ိုးေတြကို ၾကံ့ခိုင္ က်န္းမာေစႏိုင္ပါတယ္။

ဦးေႏွာက္ က်န္းမာေစတယ္

ဗီတာမင္ B အုပ္စု ပါဝင္ေနတာေၾကာင့္ အာ႐ုံေၾကာဆဲလ္ေတြထဲက chemical levels ကို ထိန္းညႇိေပးပါတယ္။

စိတ္ဓာတ္က်တာ၊ စိတ္ဖိစီးတာေတြကို သက္သာေစၿပီး စိတ္ခံစားမႈ ေကာင္းမြန္ေစပါတယ္။ စိတ္က်န္းမာေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။ ပါကင္ဆန္ေရာဂါ မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္ပါတယ္။

အေရာင္က်ေစႏိုင္တယ္

ဩဇာသီးက အဆစ္ေရာင္တာနဲ႔ ေဂါက္ေရာဂါလိုမ်ိဳး ေရာဂါေတြေၾကာင့္ ေရာင္ရမ္းတာကို သက္သာေစႏိုင္သလို ခႏၶာကိုယ္မွာျဖစ္တဲ့ ေရာင္ရမ္းမႈေတြကို သက္သာေစဖို႔ ေထာက္ကူေပးပါတယ္။ အေရျပားက ေရာင္ရမ္းတာေတြကို သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

အေရျပား က်န္းမာေစတယ္

ဩဇာသီး စားေပးတာက ခႏၶာကိုယ္ကို ေကာ္လာဂ်င္ ထြက္႐ွိေအာင္ လႈံ႕ေဆာ္ေပးၿပီး အေရျပား က်န္းမာေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။ အသားအေရကို တင္းရင္းေစၿပီး အေရျပားျပႆနာ ကင္းေစဖို႔ ေထာက္ကူေပးပါ တယ္။ အသက္အ႐ြယ္ေၾကာင့္ ျဖစ္တဲ့ အေရျပား ျပႆနာေတြ ကင္းေစဖို႔လည္း ေထာက္ကူေပးႏိုင္ပါတယ္။

ေသြးအားနည္းေရာဂါ မျဖစ္ေစဖို႔ ကာကြယ္ေပးတယ္

ဩဇာသီးက သံဓာတ္ ႂကြယ္ဝတာေၾကာင့္ ေသြးနီဥဆဲလ္ေတြ ျဖစ္ေပၚေစဖို႔ ေထာက္ကူေပးသလို ေသြးတြင္းေအာက္ဆီဂ်င္ပမာဏကို လုံေလာက္စြာ ရ႐ွိေစၿပီး ေသြးအားနည္းေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

သတိထားရမယ့္ အခ်က္ေတြ

ဩဇာသီးက က်န္းမာေရးအတြက္ အက်ိဳးမ်ားတယ္ဆိုေပမယ့္ ေရာဂါအခံ႐ွိသူေတြ၊ က်န္းမာေရး အေျခအေန တစ္ရပ္ရပ္ေၾကာင့္ ေဆးပုံမွန္ ေသာက္ေနရသူေတြအေနနဲ႔ ဆရာဝန္နဲ႔ ေသခ်ာ တိုင္ပင္ၿပီးမွ စားသင့္ပါတယ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service