နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား

နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား - Property Knowledge in Myanmar from iMyanmarHouse.com
4 Aug 2022 10:20 am တွင် တင်ခဲ့သည်
1133 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အသက်ရှူလမ်းကြောင်းရောဂါ အများစုက နှာခေါင်း၊ ပါးစပ်ကနေ ဝင်တာဖြစ်တဲ့အတွက် နေထိုင်မကောင်း ဖြစ်ပြီးရင် သွားပွတ်တံ ကို လဲသင့်လားဆိုပြီး တွေးစရာ ရှိပါတယ်။ နေမကောင်းတုန်းက တိုက်ထားတဲ့ သွားပွတ်တံမှာ ပိုးတွေ ကပ်နေပြီး ခုပြန်တိုက်ရင် ပိုးဝင်ပြန်ဝင်သွားမလားဆိုတာကို စိုးရိမ်ရပါတယ်။

သွားပွတ်တံ ပေါ်က ပိုးမွှားများ

သွားပွတ်တံမှာ ရှိတဲ့ ပိုးမွှားအများစုက အောက်ဆီဂျင်မရှိမှ အသက်ရှင်နိုင်တာပါ။ သွားပွတ်တံကို ဆေးပြီး လေသလပ်ထားလိုက်ရင် အောက်ဆီဂျင်နဲ့ ထိတွေ့မိပြီး ပိုးအများစု အသက်မရှင်နိုင်ကြပါဘူး။

နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ ဝင်လာပြီးရင် သူတို့အတွက် ခုခံအားတွေ ထွက်ပါတယ်။ ဒါကြောင့် နောက်တစ်ခါဝင်ခဲ့ရင်တောင် ဒီခုခံအားက ပြန်တိုက်မှာပါ။ ဒါကြောင့် သာမန်ဖျားနာတာမျိုးပဲ ဖြစ်ခဲ့ရင်တော့ သွားပွတ်တံကို လဲစရာ မလိုပါဘူး။ ဒီလို အခြေအနေတွေ မှာတော့ သွားပွတ်တံ လဲရပါမယ်။ ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ထားရင် နေမကောင်း ဖြစ်တုန်းက စတီးရွိုက်လိုမျိုး ခုခံအား ကျစေတဲ့ ဆေးတွေ သောက်ထားရရင်၊ ပိုးသတ်ဆေးတွေ အများကြီး သောက်ထားရရင်၊ ကိုယ်တိုင်မှာ ခုခံအား ကျတဲ့ ရောဂါ ရှိနေရင်၊ ခုခံအားကျစေတဲ့ ကင်ဆာကုထုံးလိုမျိုး ဆေးကုသမှု ခံယူနေရင်တော့ သွားပွတ်တံလဲ သင့်ပါတယ်။

ခုလို ကိုဗစ်ကာလမှာလည်း ကိုဗစ်ဖြစ်ပြီး နာလန်ပြန်ထလာတယ်ဆိုရင် သွားပွတ်တံ လဲလိုက်တာ ကောင်းပါတယ်။ အထူးသဖြင့် စတီးရွိုက်တွေ၊ ပိုးသတ်ဆေးတွေ သောက်ထားတဲ့သူတွေဆို လဲသင့်ပါတယ်။ ပိုးသတ်ဆေးတွေ အများကြီးသောက်ထားတဲ့အတွက် ဆေးယဉ်ပါးပိုးတွေလည်း ရှိနိုင်လို့ပါ။

သွားပွတ်တံမှာ ပိုးမပေါက်အောင် ဘယ်လို ကာကွယ်ကြမလဲ

American Dental Association (ADA) ရဲ့ အဆိုအရ၊ သွားပွတ်တံကို သူများနဲ့ မျှပြီး မသုံးပါနဲ့။

အများစုကတော့ မျှပြီး မသုံးကြဘူးလို့ ယူဆပါတယ်။ သာမန်အချိန်တွေမှာလည်း မသုံးသင့်သလို ခုလို ကိုဗစ်ကာလမှာ ပိုတောင် မသုံးသင့်ပါဘူး။ Oral Health Foundation အဆိုအရ ကိုဗစ်လူနာရှိတဲ့ မိသားစုရာကျော်ကို ၁၅ရက်လောက် လေ့လာကြည့်တဲ့အခါ သွားပွတ်တံ မျှသုံးတတ်တဲ့ သူတွေမှာ တစ်ဝက်လောက် (၅၅ ရာခိုင်နှုန်း)က ရောဂါပိုး ကူးကြတာကို တွေ့ရပါတယ်။

သွားပွတ်တံတင်မက သွားတိုက်ဆေးကလည်း ဒီနေရာမှာ အရေးပါပါတယ်။ ဒါကြောင့် ကိုဗစ်လူနာကို သွားပွတ်တံရော၊ သွားတိုက်ဆေးရော သက်သက်ထားပေးပါ။ သိမ်းတဲ့နေရာလည်း သီးသန့် သတ်မှတ်ပေးထားပါ။ သွားပွတ်တံကို သုံးပြီးရင် ဆေးပါ။ ဆပ်ပြာရည် သုံးပြီး ဆေးစရာတော့ မလိုပါဘူး။ ရေဖွားဖွားအောက်မှာ စင်အောင် ဆေးရင် ရပါပြီ။

သွားပွတ်တံကို ပိုးမသတ်ပါနဲ့

သွားပွတ်တံက အထူးတလည် ပိုးသတ်စရာ မလိုပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ နည်းမျိုးစုံသုံးပြီး ပိုးသတ်ချင်ကြပါတယ်။ သွားပွတ်တံကို ပိုးသတ်တာ ကောင်းလားဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက် မရှိသေးပါဘူး။

တချို့ကလည်း သွားပွတ်တံကို ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ၃% ဒါမှမဟုတ် Listerine အာလုပ်ကျင်းဆေးရည် ထဲကို ထည့်စိမ်တာက ပိုးသေစေတယ်လို့ ဆိုပါတယ်။ တချို့ကလည်း ဒီလို ပိုးသတ်တာက ပိုးတွေကို ပိုပြန့်စေပါတယ်တဲ့။ သွားပွတ်တံကို အပူတိုက်တာ၊ ရေနွေးပူထဲ ထည့်တာကိုတော့ မလုပ်ရပါဘူး။ သွားပွတ်တံရဲ့ အမွေးလေးတွေ ပျက်စီးနိုင်လို့ပါ။ Toothbrush sanitizer ဆိုတာတွေလည်း ရှိပါတယ်။ ဒါတွေကလည်း ပစ္စည်းကောင်းပြီး FDA ထောက်ခံချက်ရဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ ဘာမှမလုပ်တာပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: myanmaplatform

 

[Zawgyi]

ေနမေကာင္းျဖစ္ၿပီးရင္ သြားပြတ္တံ လဲသင့္လား

 

အသက္႐ွဴလမ္းေၾကာင္းေရာဂါ အမ်ားစုက ႏွာေခါင္း၊ ပါးစပ္ကေန ဝင္တာျဖစ္တဲ့အတြက္ ေနထိုင္မေကာင္း ျဖစ္ၿပီးရင္ သြားပြတ္တံ ကို လဲသင့္လားဆိုၿပီး ေတြးစရာ ႐ွိပါတယ္။ ေနမေကာင္းတုန္းက တိုက္ထားတဲ့ သြားပြတ္တံမွာ ပိုးေတြ ကပ္ေနၿပီး ခုျပန္တိုက္ရင္ ပိုးဝင္ျပန္ဝင္သြားမလားဆိုတာကို စိုးရိမ္ရပါတယ္။

သြားပြတ္တံ ေပၚက ပိုးမႊားမ်ား

သြားပြတ္တံမွာ ႐ွိတဲ့ ပိုးမႊားအမ်ားစုက ေအာက္ဆီဂ်င္မ႐ွိမွ အသက္႐ွင္ႏိုင္တာပါ။ သြားပြတ္တံကို ေဆးၿပီး ေလသလပ္ထားလိုက္ရင္ ေအာက္ဆီဂ်င္နဲ႔ ထိေတြ႕မိၿပီး ပိုးအမ်ားစု အသက္မ႐ွင္ႏိုင္ၾကပါဘူး။

ေနာက္တစ္ခ်က္က ခႏၶာကိုယ္မွာ ေရာဂါပိုးေတြ ဝင္လာၿပီးရင္ သူတို႔အတြက္ ခုခံအားေတြ ထြက္ပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ခါဝင္ခဲ့ရင္ေတာင္ ဒီခုခံအားက ျပန္တိုက္မွာပါ။ ဒါေၾကာင့္ သာမန္ဖ်ားနာတာမ်ိဳးပဲ ျဖစ္ခဲ့ရင္ေတာ့ သြားပြတ္တံကို လဲစရာ မလိုပါဘူး။ ဒီလို အေျခအေနေတြ မွာေတာ့ သြားပြတ္တံ လဲရပါမယ္။ ျပင္းျပင္းထန္ထန္ ေနမေကာင္း ျဖစ္ထားရင္ ေနမေကာင္း ျဖစ္တုန္းက စတီး႐ြိဳက္လိုမ်ိဳး ခုခံအား က်ေစတဲ့ ေဆးေတြ ေသာက္ထားရရင္၊ ပိုးသတ္ေဆးေတြ အမ်ားႀကီး ေသာက္ထားရရင္၊ ကိုယ္တိုင္မွာ ခုခံအား က်တဲ့ ေရာဂါ ႐ွိေနရင္၊ ခုခံအားက်ေစတဲ့ ကင္ဆာကုထုံးလိုမ်ိဳး ေဆးကုသမႈ ခံယူေနရင္ေတာ့ သြားပြတ္တံလဲ သင့္ပါတယ္။

ခုလို ကိုဗစ္ကာလမွာလည္း ကိုဗစ္ျဖစ္ၿပီး နာလန္ျပန္ထလာတယ္ဆိုရင္ သြားပြတ္တံ လဲလိုက္တာ ေကာင္းပါတယ္။ အထူးသျဖင့္ စတီး႐ြိဳက္ေတြ၊ ပိုးသတ္ေဆးေတြ ေသာက္ထားတဲ့သူေတြဆို လဲသင့္ပါတယ္။ ပိုးသတ္ေဆးေတြ အမ်ားႀကီးေသာက္ထားတဲ့အတြက္ ေဆးယဥ္ပါးပိုးေတြလည္း ႐ွိႏိုင္လို႔ပါ။

သြားပြတ္တံမွာ ပိုးမေပါက္ေအာင္ ဘယ္လို ကာကြယ္ၾကမလဲ

American Dental Association (ADA) ရဲ႕ အဆိုအရ၊ သြားပြတ္တံကို သူမ်ားနဲ႔ မွ်ၿပီး မသုံးပါနဲ႔။

အမ်ားစုကေတာ့ မွ်ၿပီး မသုံးၾကဘူးလို႔ ယူဆပါတယ္။ သာမန္အခ်ိန္ေတြမွာလည္း မသုံးသင့္သလို ခုလို ကိုဗစ္ကာလမွာ ပိုေတာင္ မသုံးသင့္ပါဘူး။ Oral Health Foundation အဆိုအရ ကိုဗစ္လူနာ႐ွိတဲ့ မိသားစုရာေက်ာ္ကို ၁၅ရက္ေလာက္ ေလ့လာၾကည့္တဲ့အခါ သြားပြတ္တံ မွ်သုံးတတ္တဲ့ သူေတြမွာ တစ္ဝက္ေလာက္ (၅၅ ရာခိုင္ႏႈန္း)က ေရာဂါပိုး ကူးၾကတာကို ေတြ႕ရပါတယ္။

သြားပြတ္တံတင္မက သြားတိုက္ေဆးကလည္း ဒီေနရာမွာ အေရးပါပါတယ္။ ဒါေၾကာင့္ ကိုဗစ္လူနာကို သြားပြတ္တံေရာ၊ သြားတိုက္ေဆးေရာ သက္သက္ထားေပးပါ။ သိမ္းတဲ့ေနရာလည္း သီးသန္႔ သတ္မွတ္ေပးထားပါ။ သြားပြတ္တံကို သုံးၿပီးရင္ ေဆးပါ။ ဆပ္ျပာရည္ သုံးၿပီး ေဆးစရာေတာ့ မလိုပါဘူး။ ေရဖြားဖြားေအာက္မွာ စင္ေအာင္ ေဆးရင္ ရပါၿပီ။

သြားပြတ္တံကို ပိုးမသတ္ပါနဲ႔

သြားပြတ္တံက အထူးတလည္ ပိုးသတ္စရာ မလိုပါဘူး။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ နည္းမ်ိဳးစုံသုံးၿပီး ပိုးသတ္ခ်င္ၾကပါတယ္။ သြားပြတ္တံကို ပိုးသတ္တာ ေကာင္းလားဆိုတာနဲ႔ ပတ္သက္ၿပီး တိက်တဲ့ ေလ့လာခ်က္ မ႐ွိေသးပါဘူး။

တခ်ိဳ႕ကလည္း သြားပြတ္တံကို ဟိုက္ဒ႐ိုဂ်င္ ပါေအာက္ဆိုဒ္ ၃% ဒါမွမဟုတ္ Listerine အာလုပ္က်င္းေဆးရည္ ထဲကို ထည့္စိမ္တာက ပိုးေသေစတယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕ကလည္း ဒီလို ပိုးသတ္တာက ပိုးေတြကို ပိုျပန္႔ေစပါတယ္တဲ့။ သြားပြတ္တံကို အပူတိုက္တာ၊ ေရေႏြးပူထဲ ထည့္တာကိုေတာ့ မလုပ္ရပါဘူး။ သြားပြတ္တံရဲ႕ အေမြးေလးေတြ ပ်က္စီးႏိုင္လို႔ပါ။ Toothbrush sanitizer ဆိုတာေတြလည္း ႐ွိပါတယ္။ ဒါေတြကလည္း ပစၥည္းေကာင္းၿပီး FDA ေထာက္ခံခ်က္ရဖို႔ လိုပါတယ္။ အေကာင္းဆုံးကေတာ့ ဘာမွမလုပ္တာပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: myanmaplatform

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service