ကန်စွန်းရွက်က ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ကန်စွန်းရွက်က ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
3 Aug 2022 12:20 pm တွင် တင်ခဲ့သည်
8617 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကန်စွန်းရွက်စားမယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးကို ကောင်းကောင်းအာမခံပေးနိုင်ပါတယ်။ ကန်းစွန်းရွက်ရဲ့ အစိတ်အပိုင်းအများစုက စားသုံးပေးလို့ ရပြီး အာဟာရဓာတ် များစွာ ပါဝင်ပါတယ်။ ကန်းစွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်နှင့် အခြားအရေးကြီးတဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကန်စွန်းရွက်ကို အစိမ်းလိုက်သော်လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်းစားသုံးပေးလို့ ရပါတယ်။ ဒါကြောင့် ကန်စွန်းရွက်ကို စားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေး ချင်ပါတယ်။

(၁) ကိုလက်စထရောများကို လျှော့ချပေးခြင်း

ကန်စွန်းရွက်က သဘာဝအတိုင်း ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပြီး ကိုလက်စထရောတွေကိုလည်း လျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချပေးသူတွေရဲ့ အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ သုတေသနလေ့လာချက်တွေအရ ကန်စွန်းရွက်ကို စားသုံးခြင်းသည် ကိုလက်စထရောအဆင့်နှင့် Triglycoside တို့ကို လျော့ကျစေကြောင်းကိုလည်း သက်သေပြခဲ့ပါတယ်။ ဒါကြောင့် ကန်စွန်းရွက်က ကိုလက်စထရောပမာဏကို လျှော့ချရာမှာ အကောင်းဆုံးအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

(၂) အသားဝါခြင်းနှင့် အသည်းပြဿနာကို ကုသပေးခြင်း

အသားဝါခြင်းနှင့် အသည်းပြဿနာမျာကို ကုသရန်အတွက် Ayurvedic ဆေးပညာတွင် ကန်စွန်းရွက်ကို အသုံးပြုထားပါတယ်။ ကန်စွန်းပင်က ထုတ်ယူမှုသည် ဓာတုဗေဒနည်းဖြင့် ဖြစ်စေသော အသည်းပျက်စီးမှု ကိုကာကွယ်ပေးနိုင်ကြောင်းကို သုတေသနပြုချက်များအရ ၎င်း၏ detoxification အင်ဇိုင်းများကို ပြုပြင်ပေးခြင်း၊ antioxidant နှင့် free radical scavenger ဂုဏ်သတ္တိများ ပါဝင်နေတာကြောင့် သက်သာစေနိုင်ပါတယ်။

(၃) သွေးအားနည်းခြင်းကိုကုသပေးနိုင်ခြင်း

ကန်စွန်းရွက်မှာ သံဓာတ်ကြွယ်ဝတဲ့အတွက် သွေးအားနည်းရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်များအတွက် လိုအပ်တဲ့ သံဓာတ်ကို ဖြည့်တင်ပေးနိုင်ပါတယ်။ သံဓာတ်သည် ဟေမိုဂလိုဘင်ဖွဲ့စည်းရန်အတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ အရေးကြီး သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သွေးအားနည်းရောဂါရှိသူများအနေနဲ့ စားသုံးပေးသင့်ပါတယ်။ ကန်စွန်းရိုးနီကို ပြုတ်သောက်ခြင်းဖြင့်လည်း သွေးအားနည်းခြင်းကို သက်သာစေနိုင်ပါတယ်။

(၄) အစာမကြေခြင်းနှင့် ဝမ်းချုပ်ခြင်းကို ကုသပေးနိုင်ခြင်း

ကန်စွန်းရွက်မှာ အမျှင်ဓာတ် ကြွယ်ဝသောကြောင့် အစာချေဖျက်ရာတွင် အထောက်အကူဖြစ်ပြီး မတူညီသော အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သဘာဝအတိုင်းသက်သာရာရစေပါတယ်။ ၎င်းသည်အပျော့စား ဝမ်းနုတ်ဆေးဖြစ်တာကြောင့် အစာမကြေခြင်းနှင့် ဝမ်းချုပ်ခြင်းဝေဒနာ ခံစားရသူများအတွက် အကျိုးပြုပါတယ်။ ကန်စွန်းရွက်ပြုတ်ရည်က ဝမ်းချုပ်တာကို ဖြေလျော့ပေးနိုင်ပါတယ်။ ကန်စွန်းရွက်ကို အူလမ်းကြောင်းပိုးဝင်ခြင်းအတွက် ကုသရာတွင်လည်း အသုံးပြုနိုင်ပါတယ်။

(၅) ဆီးချိုကို သက်သာစေခြင်း

သုတေသနပြုချက်တွေအရ ကန်စွန်းရွက်ကို ပုံမှန်စားသုံးခြင်းသည် ဆီးချိုကြောင့် ဖြစ်စေသော ဓာတ်တိုးဖိစီးမှုအား ခုခံနိုင်စွမ်းကို တိုးတက်စေကြောင်းသက်သေပြခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင် များ ဆီးချိုရောဂါ ကုသရာတွင် အသုံးပြုပါတယ်။

(၆) နှလုံးရောဂါကိုကာကွယ်ပေးခြင်း

ကန်စွန်းရွက်မှာ ဗီတာမင်အေနဲ့ စီလိုမျိုး မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေအပြင် ဘီတာကာရိုတင်း မြင့်မားစွာပါဝင်ပါတယ်။ အာဟာရဓာတ်တွေက ခန္ဓာကိုယ်တွင်းရှိ ဖရီးရယ်ဒီကယ်များကို လျှော့ချရန် antioxidants များအဖြင် လုပ်ဆောင်ပေးသောကြောင့် ကိုလက်စထရောများ oxidized မဖြစ်စေရန် ကာကွယ်ပေးပါတယ်။

Oxidized cholesterol က သွေးကြောနံရံများတွင် ကပ်နေပြီး သွေးကြောများပိတ်ဆို့ခြင်း၊ နှလုံးဖောက်ခြင်း (သို့) လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကန်စွန်းရွက်မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်သည် သွေးဖိအားကို လျှော့ချပေးသည့် သတ္တုဓာတ် တစ်မျိုးဖြစ်ပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

(၇) မျက်လုံးအတွက် အကျိုးပြုခြင်း

ကန်စွန်းရွက်မှာ ကာရိုတီးနွိုက်၊ ဗီတာမင်အေနဲ့ လူတင်တို့ မြင့်မားစွာပါဝင်ပါတယ်။ ဒီအာဟာရတွေက မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကန်စွန်းရွက်မှာ glutathiione ပမာဏကို မြှင့်တင်ပေးပြီး အတွင်းတိမ်ကို ကာကွယ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: myanmaplatform

 

[Zawgyi]


 





















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service