ယောကျာ်းများအတွက် အိမ်ထဲမှာ ဖိနပ်မစီးသင့်တဲ့အကြောင်းအရင်းများ

ယောကျာ်းများအတွက် အိမ်ထဲမှာ ဖိနပ်မစီးသင့်တဲ့အကြောင်းအရင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
7 Jul 2022 11:59 am တွင် တင်ခဲ့သည်
988 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အရှေ့တောင်အာရှနိုင်ငံအများစုသည် အိမ်တွင်းသို့မဝင်ခင် အိမ်အဝင်ဝမှာ ဖိနပ်ချွတ်လေ့ရှိကြပါတယ်။ ဒီအလေ့အကျင့်သည် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ ဖိနပ်ကို အပြင်မှာ မချွတ်ထားခဲ့ဘဲနဲ့ အပြင်စီးသွားတဲ့ဖိနပ်ကို အိမ်ထဲအထိ စီးလာမယ်ဆိုရင်တော့ အခုဖော်ပြမယ့် ဆိုးကျိုးများကို ခံစားရပါလိမ့်မယ်။

ဘက်တီးရီးယားပိုးမွှားများ အိမ်ထဲသို့ ဝင်ရောက်လာမယ်

သင့်ရဲ့ဖိနပ်သည် ဒီနေ့မှ ထုတ်ဝတ်ထားတဲ့ အသစ်ချပ်ချွတ်ဖိနပ်တစ်ရံ၊ ရွံ့ဗွက်တွေ ပေကျံနေတာမဟုတ်ဘဲ အသစ်အတိုင်း ဖြစ်နေပေမယ့်လည်း သင့်မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားပိုးမွှားများ ကပ်ငြိနေနိုင်ပါတယ်။ သုတေသနလေ့လာချက်များအရ ပြင်ပမှ စီးခဲ့တဲ့ဖိနပ်ကို အိမ်တွင်းသို့ စီးခဲ့မယ်ဆိုရင် ဘက်တီးရီးယားပိုးမွှားများရဲ့ ၄၀ ရာခိုင်နှုန်းကို အိမ်တွင်းသို့ ခေါ်သွင်းလိုက်တာနဲ့ အတူတူပဲလို့ သိရှိရပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အစာအိမ်ရောင်ရမ်းခြင်းတို့ကို ခံစားရမှာပဲဖြစ်ပါတယ်။

ဖိနပ်မှာ ကပ်နေတဲ့ ပိုးမွှားများကြောင့် အသားအရေ ယားယံလာမယ်

အိမ်ထဲမှာ ဖိနပ်စီးချင်တယ်ဆိုရင်တော့ အပြင်သို့ ထုတ်မစီးမယ့် အိမ်တွင်းစီးဖိနပ်များ ထားရှိသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြင်စီးဖိနပ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားများကြောင့် အသားအရေ ယားယံခြင်း၊ မျက်စိယားခြင်းတို့ ခံစားရစေပြီး လေးဘက်ထောက်ကာ တွားသွားတတ်တဲ့ ကလေးငယ်လေးများရှိတဲ့ အိမ်ဆို ပိုဂရုစိုက်ရမှာ ဖြစ်ပါတယ်။ သူတို့သည် သူတို့မျက်စိထဲမှာရှိတဲ့ အရာများကို အကောင်းအဆိုးမှန်းမသိဘဲ တွေ့ကရာပါးစပ်ထဲ ကောက်ထည့်တတ်တဲ့အရာတွေ ဖြစ်တာကြောင့်ပါ။

ဖိနပ်ကြောင့် ခြေထောက်ပေါက်ခြင်း၊ ခြေထောက်နာခြင်း ခံစားရမယ်

လူအယောက်တစ်ရာမှာ ၂၈ ယောက်ကနေ ၃၇ ယောက်ခန့်ကပဲ ကိုယ်နဲ့ ကွက်တိတော်တဲ့ဖိနပ်ကို ဝတ်ဆင်ကြတာဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ကိုယ့်ဖိနပ်ဆိုဒ်ထက် သေးတဲ့ ဖိနပ်ကို ဝတ်ဆင်ကြလေ့ရှိပြီး ခြေထောက်နာခြင်း ဝေဒနာကို ခံစားကြရပါတယ်။ အိမ်ထဲမှာ တစ်နေ့ ကုန်ဖိနပ်စီးတဲ့အခါ ခြေထောက်နာခြင်းဝေဒနာသည် ပိုဆိုးလာတတ်ပါတယ်။ ခြေသည်းတွေလည်း အရှည်နှေးလာပြီး ခြေထောက်လည်း မလှမပဖြစ်လာတတ်ပါတယ်။

အိမ်သန့်ရှင်းရေးအတွက် အချိန်ပိုပေးရမယ်

အိမ်ထဲမှာ ဖိနပ်စီးတာဖြစ်တဲ့အတွက်ကြောင့် သင့်အိမ်ကြမ်းပြင်မှာ အညစ်အကြေးတွေ ကပ်ငြိနေမှာဖြစ်ပါတယ်။ ထို့အတွက် အိမ်သန့်ရှင်းရေးလည်း ပိုလုပ်ရမှာဖြစ်ပါတယ်။

ကိုယ့်အိမ်လာတဲ့ ဧည့်သည်များကို အိမ်အပြင်မှာ ဖိနပ်ချွတ်ခဲ့အောင် ဘယ်လိုလုပ်ရမလဲ

အိမ်အဝင်ဝမှာ “ကျေးဇူးပြု၍ ဖိနပ်ချွတ်ပါ” ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်ဆွဲထားနိုင်သလို သင့်အိမ်အဝင်ဝရှိ ခြေသုတ်ခုံမှာ ထိုစာလုံးမျိုး ပုံဖော်ထားတဲ့ ခြေသုတ်ခုံလေး ထားရှိလိုက်ပါ။ အိမ်အဝင်ဝမှာ ဖိနပ်စင်သပ်သပ် ထားရှိခြင်း၊ ဖိနပ်များအတွက် သီးသန့်နေရာပေးထားခြင်းမျိုးတို့ကို ပြုလုပ်ထားနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: kwee

 

[Zawgyi]


 















Credit: kwee

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service