Online Shopping ကိုစွဲစွဲမြဲမြဲ မဝယ်မိအောင် လုပ်လို့ရမှာလေးတွေ
Online Shopping ကိုစွဲစွဲမြဲမြဲ မဝယ်မိအောင် လုပ်လို့ရမှာလေးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
21 Jun 2022 11:36 am တွင် တင်ခဲ့သည်
496 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အွန်လိုင်းမှာ ဈေးဝယ်ထွက်နေတဲ့ ချစ်တို့ရေ ငွေကုန်ကြေးကျ များလို့ Online ကနေမှာတာကို ရပ်ချင်ပြီဆိုရင် ဒီအချက်တွေကို လိုက်လုပ်ကြည့်နော်။
တစ်လတစ်လ ထွက်ငွေတွေ စာရင်းချုပ်လိုက်ရင် Online shopping ဖိုးတွေချည်းပဲ၊ အွန်လိုင်းကနေ ဝယ်လိုက်တာတွေက တကယ်တမ်းမှာ ကိုယ်ထင်သလောက် မလိုအပ်တာတွေလည်း ရှိတတ်ပါတယ်။ အများကြီး မှာပြီးမှ ပိုက်ဆံတွေ ပြန်တွက်ရင်း မဝယ်မိလိုက်ရင် ကောင်းသားလို့ တွေးမိတဲ့ အခိုက်အတန့်တွေလည်း ရှိမှာပါ။ Online shopping ဝယ်တာကလည်း စွဲလမ်းစေတတ်တဲ့ အရာပဲမလို့ မမှာမနေနိုင်၊ မဝယ်မနေနိုင် ဖြစ်တတ်ပါတယ်။ အဲဒီတော့ Online shopping တွေ မဝယ်မိအောင် လုပ်လို့ရမှာလေးတွေ ရှိပါတယ်။
ဝင်ငွေထွက်ငွေ တွက်ပါ
ကိုယ့်ရဲ့ ထွက်ငွေကို တွက်မိရင် ဒီလောက်တောင် သုံးမိနေပြီလားဆိုပြီး ချွေတာချင်စိတ် နည်းနည်းတော့ ဖြစ်သွားမှာပါ။ ဒီတော့ ဝင်ငွေထွက်ငွေတွေကို တွက်ရမယ့် အပြင် စုဖို့အကြောင်းလည်း ထည့်ပြီး စဉ်းစားကြည့်ပါ။ ဒါဆိုရင်တော့ Online shop ဝယ်ဖို့ နည်းနည်းပြန်စဉ်းစားမိမှာပါ။
Unlike လုပ်ပါ
ဝယ်နေကျ Online Page တွေကို သွားမကြည့်မိအောင် နေပါ။ ပေ့ချ် like လုပ်ထားတာတွေလည်း တတ်နိုင်သလောက် ဖြုတ်ထားလိုက်ပါ။ ကိုယ့်ဆီ မပေါ်လာရင် ဆယ်ခါ တစ်ခါလောက်ပဲ ဝယ်မိတော့မယ်လေနော်။ မြင်ရင် လိုချင်နေမှာ သေချာသလောက်ပါပဲ။
ဝင်မေးတာတွေ လျှော့ပါ
ချစ်တို့ရေ အွန်လိုင်းကနေ ဘာပစ္စည်းလေးပဲ ဖြစ်ဖြစ် ကြိုက်တယ်ဆိုရင် အဲဒီနေရာမှာတင် ရပ်ထားလိုက်ပါ။ မဟုတ်လဲ Comment cb တွေကနေ မေးမိတယ်ဆိုရင် ဝယ်ဖြစ်သွားဖို့ ရာခိုင်နှုန်း များတယ်လေနော်။ အားနာပြီး ဖြစ်ဖြစ် မှာလိုက်တာမျိုးပေါ့။ ဒါကြောင့် အသေးစိပ် စပ်စုတာတွေလည်း လျှော့ပါ။
ကန့်သတ်ပါ
အွန်လိုင်းမှာရှော့ပင်ထွက်တာကို လျော့ချင်တယ်ဆိုရင်တော့ ချက်ချင်းကြီး ရပ်ပစ်နိုင်မှာ မဟုတ်ဘူးလေနော်။ အရင်က တစ်လကို ဘယ်နှစ်ခုလောက် ဘယ်လောက်ဖိုးလောက် မှာဖြစ်လဲ ပြန်တွေးပါ။ နောက်ပြီး ဒီလတော့ ဘယ်နှစ်ခု ဘယ်လောက်ဖိုးပဲ ဝယ်မယ်လို့ ကန့်သတ်ပါ။ ဒါဆိုရင်တော့ တဖြည်းဖြည်း ဝယ်တာ နည်းသွားမှာပါ။
တကယ်လိုလား
ဝယ်တော့မယ်၊ မှာမယ်ဆိုရင် ကိုယ့်ဆီမှာ မရှိမဖြစ် လိုလားဆိုတာကို အရင်စဉ်းစားပါ။ ချက်ချင်းမှာတာမျိုး မလုပ်ဘဲ နောက်ရက်တွေမှာလည်း မဖြစ်မနေ လိုချင်နေတယ်၊ တကယ်လည်း လိုအပ်နေတယ်ဆိုမှသာ မှာပါ။ ဒီလိုမျိုး သေချာပြန်စဉ်းစားရင် မှာဖြစ်ဖို့ ရာခိုင်နှုန်း နည်းသွားမယ်လေနော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: marry
[Zawgyi]
ဝင်ငွေထွက်ငွေ တွက်ပါ
Unlike လုပ်ပါ
ဝင်မေးတာတွေ လျှော့ပါ
ကန့်သတ်ပါ
တကယ်လိုလား
Credit: marry
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service