လစာနည်းသူတိုင်း လိုက်နာသင့်တဲ့ အချက်(၃)ချက်

လစာနည်းသူတိုင်း လိုက်နာသင့်တဲ့ အချက်(၃)ချက် - Property Knowledge in Myanmar from iMyanmarHouse.com
9 Jun 2022 10:32 am တွင် တင်ခဲ့သည်
1400 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

တစ်နေ့ တစ်နေ့ အလုပ်သွားလိုက် အိမ်ပြန်လာလိုက်၊ လကုန်ရင် လစာလေးထုပ်လိုက် ရတဲ့လစာနဲ့ စားသောက်လိုက်။ ဘဝကြီးက နေ့စဉ် ဒါတွေပဲလုပ်ကိုင်နေရပြီး ပျင်းစရာကောင်းတယ်လို့ သင်ထင်နေမှာ အမှန်ပါပဲ။

ရတဲ့လစာကလည်း နည်းတော့ မစုမိ၊ မိသားစုကိုလည်း ပြည့်ပြည့်စုံစုံ မထားနိုင်။ မိုးလင်းလာရင် အလုပ်သွားလိုက်၊ ညနေ အိမ်ပြန်လာလိုက်။ လိုချင်တာလေး ဝယ်လိုက်။ စားချင်စိတ်ဖြစ်လာရင် ဝယ်စားလိုက်နဲ့ သင့်ကိုယ်သင် တိုးတက်မလာဘူးလို့ ထင်နေရင် အောက်ပါအချက်(၃)ချက်ကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

(၁) Need & Want ကို ခွဲခြားပါ။

ဒီဂျစ်တယ်ခေတ်ရောက်လာတာနဲ့အမျှ မြင်မြင်သမျှက လိုချင်စရာတွေချည်းပါပဲ။ တစ်ခဏတာ ဖြစ်ပေါ်လာတဲ့ လိုချင်စိတ်ကြောင့် ဝယ်လာပြီး ပြန်လည်း မသုံးဖြစ်နဲ့ သင့်အိမ်မှာ မလိုအပ်တဲ့ပစ္စည်းတွေ များနေပြီလို့ သင်ထင်မိပါသလား။

ခုဆိုရင် အွန်လိုင်းပေါ်မှာ live လွှင့်ပြီးရောင်းတာလေးတွေ မြင်တော့လိုချင်၊ တစ်ခဏအတွင်းကို အိတ်ထဲက ပိုက်ဆံက အကုန်မြန်အောင် စွဲဆောင်နိုင်လွန်းတဲ့ ခေတ်ဖြစ်နေပါပြီ။

မိမိက လစာများသူ၊ မိဘက ပြည့်စုံချမ်းသာဆိုရင်တော့ ဒီလောက်ကုန်တဲ့ပမာဏက မပြောပလောက်ပေမယ့် မိမိက လစာနည်းပြီး မိဘကပါ မထောက်ပံ့နိုင်တဲ့အနေအထားဆိုရင်တော့ သင်လိုချင်တိုင်း မဝယ်မိအောင် ထိန်းထားသင့်ပါတယ်။

အဲ့ဒါကြောင့် သင်လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားသိမြင်ပါစေ။ လိုချင်နေတဲ့ ပစ္စည်းတစ်ခုကို ချက်ချင်းမဝယ်ဘဲ အချိန်အနည်းငယ်ပေးပြီး စဉ်းစားသင့်ပါတယ်။ တကယ်လိုအပ်ပြီး မရှိမဖြစ် ဝယ်မှသင့်တော်တဲ့ပစ္စည်းမျိုးကိုသာ ဝယ်ယူသင့်ပါတယ်။ မလိုအပ်တာတွေမှာ ပိုက်ဆံမကုန်မိအောင် တတ်နိုင်သလောက် ထိန်းပါ။

(၂)ပညာရေးမှာ ရင်းနှီးမြှုပ်နှံပါ

ကျွမ်းကျင်တာမရှိတော့ လစာမတိုး၊ လစာမတိုးတော့ ချွေတာရနဲ့ ဘယ်အချိန်ထိ ဒီနေရာ ဒီအလုပ်မှာ ဒီလစာနဲ့ လုပ်နေနိုင်မယ်လို့ သင်ထင်ပါသလဲ။ နံပါတ်(၁)အချက်မှာ လိုချင်တာ နဲ့ လိုအပ်တာခွဲခြားပြီးရင် လိုချင်တာတွေ မဝယ်မိတဲ့အခါ ထွက်လာတဲ့ ပိုက်ဆံတွေနဲ့ မိမိရဲ့ ဦးနှောက်မှာ ရင်းနှီးမြှုပ်နှံပါ။

မိမိအလုပ်နဲ့ သက်ဆိုင်တာ၊ မိမိဝါသနာပါတဲ့နေရာတွေမှာ သက်ဆိုင်တဲ့ သင်တန်းတွေတတ်ပါ။သင်တန်းတွေတတ်၊ အွန်လိုင်းပေါ်မှာ လေ့လာပြီး မိမိရဲ့ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချပါ။

(၃)လက်ရှိ အလုပ်မှာ ကြိုးစားပါ။

တစ်နေ့ တစ်နေ့ ရုံးသွားလိုက် ၊ ပေးထားတဲ့ တာဝန်လေးလုပ်လိုက် နဲ့ comfort zone ထဲမှာ သာယာမိနေပါသလား၊ အသစ်သစ်သော ပညာတွေ၊ ခုလက်ရှိလုပ်နေတဲ့အလုပ်ကို ဘယ်လိုလွယ်ကူမြန်ဆန်အောင် အသစ်အသစ်သော စိန်ခေါ်မှုတွေ ပြုလုပ်ပြီး လက်ရှိအလုပ်မှာ ပိုတော်ပြီး ပိုထက်မြတ်အောင် ပြုလုပ်ခြင်းဖြင့်လည်း မိမိလက်ရှိရရှိနေတဲ့ နည်းပါးလွန်းတဲ့ လစာကို ပိုမိုများပြားလာအောင် ကြိုးစားဖို့ သင်ကိုယ်တိုင်မှာ တာဝန်ရှိပါတယ်။

လက်တွေ့လုပ်ရတာထက် အပြောတွေက လွယ်ပါတယ်။ လက်တွေ့လိုက်လုပ်ဖို့က မလွယ်ပေမယ့် သင့်ရဲ့ နည်းပါးတဲ့ လစာကို ပိုပြီး များလာအောင် ပြုလုပ်ဖို့ဆိုတာ မလွယ်ကူတဲ့ အထက်ပါ(၃)ချက်ကို ပြုလုပ်နိုင်မှသာ ပိုတော်ပြီး ပိုကောင်းတဲ့နေရာမှာ လစာအတွက် မပူမပင်ရတဲ့သူဖြစ်လာမှာပါ။

ခုချိန်မှာ လစာတွေများပြီး ပိုမိုကောင်းမွန်တဲ့နေရာတွေမှာ ဦးစီးနေသူတွေဟာ တစ်ချိန်တုန်းက သင်တို့ရဲ့ လက်ရှိနေရာက တတ်လာသူတွေပါ။ သူတို့ဟာ ပိုကောင်းတဲ့နေရာတွေသွားဖို့ လှေကားထောင်ပေးမယ့် သူတွေ ရှိတယ်ဆိုရင် သင်ကတော့ ပိုကောင်းတဲ့နေရာကိုသွားဖို့ သင်ကိုယ်တိုင် လှေကားထောင်ဖို့ လိုအပ်ပါတယ်။

မိုးစက်တွေ စုရင်တောင် ရေအိုးတွေပြည့်သေးတာပါ၊ နှစ်အနည်းငယ်လောက် ဒီ(၃)ချက်ကို လိုက်နာလိုက်ရင် တစ်ချိန်မှာ ဝင်ငွေကောင်းပြီး အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

လစာနည္းသူတိုင္း လိုက္နာသင့္တဲ့ အခ်က္(၃)ခ်က္

 

တစ္ေန႔ တစ္ေန႔ အလုပ္သြားလိုက္ အိမ္ျပန္လာလိုက္၊ လကုန္ရင္ လစာေလးထုပ္လိုက္ ရတဲ့လစာနဲ႔ စားေသာက္လိုက္။ ဘဝႀကီးက ေန႔စဥ္ ဒါေတြပဲလုပ္ကိုင္ေနရၿပီး ပ်င္းစရာေကာင္းတယ္လို႔ သင္ထင္ေနမွာ အမွန္ပါပဲ။

ရတဲ့လစာကလည္း နည္းေတာ့ မစုမိ၊ မိသားစုကိုလည္း ျပည့္ျပည့္စုံစုံ မထားႏိုင္။ မိုးလင္းလာရင္ အလုပ္သြားလိုက္၊ ညေန အိမ္ျပန္လာလိုက္။ လိုခ်င္တာေလး ဝယ္လိုက္။ စားခ်င္စိတ္ျဖစ္လာရင္ ဝယ္စားလိုက္နဲ႔ သင့္ကိုယ္သင္ တိုးတက္မလာဘူးလို႔ ထင္ေနရင္ ေအာက္ပါအခ်က္(၃)ခ်က္ကို လိုက္နာေဆာင္႐ြက္သင့္ပါတယ္။

(၁)Need & Want ကို ခြဲျခားပါ။

ဒီဂ်စ္တယ္ေခတ္ေရာက္လာတာနဲ႔အမွ် ျမင္ျမင္သမွ်က လိုခ်င္စရာေတြခ်ည္းပါပဲ။ တစ္ခဏတာ ျဖစ္ေပၚလာတဲ့ လိုခ်င္စိတ္ေၾကာင့္ ဝယ္လာၿပီး ျပန္လည္း မသုံးျဖစ္နဲ႔ သင့္အိမ္မွာ မလိုအပ္တဲ့ပစၥည္းေတြ မ်ားေနၿပီလို႔ သင္ထင္မိပါသလား။

ခုဆိုရင္ အြန္လိုင္းေပၚမွာ live လႊင့္ၿပီးေ ရာင္းတာေလးေတြ ျမင္ေတာ့လိုခ်င္၊ တစ္ခဏအတြင္းကို အိတ္ထဲက ပိုက္ဆံက အကုန္ျမန္ေအာင္ စြဲေဆာင္ႏိုင္လြန္းတဲ့ ေခတ္ျဖစ္ေနပါၿပီ။

မိမိက လစာမ်ားသူ၊ မိဘက ျပည့္စုံခ်မ္းသာဆိုရင္ေတာ့ ဒီေလာက္ကုန္တဲ့ပမာဏက မေျပာပေလာက္ေပမယ့္ မိမိက လစာနည္းၿပီး မိဘကပါ မေထာက္ပံ့ႏိုင္တဲ့အေနအထားဆိုရင္ေတာ့ သင္လိုခ်င္တိုင္း မဝယ္မိေအာင္ ထိန္းထားသင့္ပါတယ္။

အဲ့ဒါေၾကာင့္ သင္လိုခ်င္တာနဲ႔ လိုအပ္တာကို ခြဲျခားသိျမင္ပါေစ။ လိုခ်င္ေနတဲ့ ပစၥည္းတစ္ခုကို ခ်က္ခ်င္းမဝယ္ဘဲ အခ်ိန္အနည္းငယ္ေပးၿပီး စဥ္းစားသင့္ပါတယ္။ တကယ္လိုအပ္ၿပီး မ႐ွိမျဖစ္ ဝယ္မွသင့္ေတာ္တဲ့ပစၥည္းမ်ိဳးကိုသာ ဝယ္ယူသင့္ပါတယ္။ မလိုအပ္တာေတြမွာ ပိုက္ဆံမကုန္မိေအာင္ တတ္ႏိုင္သေလာက္ ထိန္းပါ။

(၂)ပညာေရးမွာ ရင္းႏွီးျမႇဳပ္ႏွံပါ

ကြၽမ္းက်င္တာမ႐ွိေတာ့ လစာမတိုး၊ လစာမတိုးေတာ့ ေခြၽတာရနဲ႔ ဘယ္အခ်ိန္ထိ ဒီေနရာ ဒီအလုပ္မွာ ဒီလစာနဲ႔ လုပ္ေနႏိုင္မယ္လို႔ သင္ထင္ပါသလဲ။ နံပါတ္(၁)အခ်က္မွာ လိုခ်င္တာ နဲ႔ လိုအပ္တာခြဲျခားၿပီးရင္ လိုခ်င္တာေတြ မဝယ္မိတဲ့အခါ ထြက္လာတဲ့ ပိုက္ဆံေတြနဲ႔ မိမိရဲ႕ ဦးေႏွာက္မွာ ရင္းႏွီးျမႇဳပ္ႏွံပါ။

မိမိအလုပ္နဲ႔ သက္ဆိုင္တာ၊ မိမိဝါသနာပါတဲ့ေနရာေတြမွာ သက္ဆိုင္တဲ့ သင္တန္းေတြတတ္ပါ။သင္တန္းေတြတတ္၊ အြန္လိုင္းေပၚမွာ ေလ့လာၿပီး မိမိရဲ႕ လုပ္ငန္းခြင္မွာ လက္ေတြ႕အသုံးခ်ပါ။

(၃)လက္႐ွိ အလုပ္မွာ ႀကိဳးစားပါ။

တစ္ေန႔ တစ္ေန႔ ႐ုံးသြားလိုက္ ၊ ေပးထားတဲ့ တာဝန္ေလးလုပ္လိုက္ နဲ႔ comfort zone ထဲမွာ သာယာမိေနပါသလား၊ အသစ္သစ္ေသာ ပညာေတြ၊ ခုလက္႐ွိလုပ္ေနတဲ့အလုပ္ကို ဘယ္လိုလြယ္ကူျမန္ဆန္ေအာင္ အသစ္အသစ္ေသာ စိန္ေခၚမႈေတြ ျပဳလုပ္ၿပီး လက္႐ွိအလုပ္မွာ ပိုေတာ္ၿပီး ပိုထက္ျမတ္ေအာင္ ျပဳလုပ္ျခင္းျဖင့္လည္း မိမိလက္႐ွိရ႐ွိေနတဲ့ နည္းပါးလြန္းတဲ့ လစာကို ပိုမိုမ်ားျပားလာေအာင္ ႀကိဳးစားဖို႔ သင္ကိုယ္တိုင္မွာ တာဝန္႐ွိပါတယ္။

လက္ေတြ႕လုပ္ရတာထက္ အေျပာေတြက လြယ္ပါတယ္။ လက္ေတြ႕လိုက္လုပ္ဖို႔က မလြယ္ေပမယ့္ သင့္ရဲ႕ နည္းပါးတဲ့ လစာကို ပိုၿပီး မ်ားလာေအာင္ ျပဳလုပ္ဖို႔ဆိုတာ မလြယ္ကူတဲ့ အထက္ပါ(၃)ခ်က္ကို ျပဳလုပ္ႏိုင္မွသာ ပိုေတာ္ၿပီး ပိုေကာင္းတဲ့ေနရာမွာ လစာအတြက္ မပူမပင္ရတဲ့သူျဖစ္လာမွာပါ။

ခုခ်ိန္မွာ လစာေတြမ်ားၿပီး ပိုမိုေကာင္းမြန္တဲ့ေနရာေတြမွာ ဦးစီးေနသူေတြဟာ တစ္ခ်ိန္တုန္းက သင္တို႔ရဲ႕ လက္႐ွိေနရာက တတ္လာသူေတြပါ။ သူတို႔ဟာ ပိုေကာင္းတဲ့ေနရာေတြသြားဖို႔ ေလွကားေထာင္ေပးမယ့္ သူေတြ ႐ွိတယ္ဆိုရင္ သင္ကေတာ့ ပိုေကာင္းတဲ့ေနရာကိုသြားဖို႔ သင္ကိုယ္တိုင္ ေလွကားေထာင္ဖို႔ လိုအပ္ပါတယ္။

မိုးစက္ေတြ စုရင္ေတာင္ ေရအိုးေတြျပည့္ေသးတာပါ၊ ႏွစ္အနည္းငယ္ေလာက္ ဒီ(၃)ခ်က္ကို လိုက္နာလိုက္ရင္ တစ္ခ်ိန္မွာ ဝင္ေငြေကာင္းၿပီး ေအာင္ျမင္တဲ့ လူတစ္ေယာက္ျဖစ္လာႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service