သတိထားရမည့် ပွဲညွှန့်တင်ပြီး တဆင့်ရောင်းခြင်း (သို့မဟုတ်) အကျိုးဆောင်မှ ဈေးတင်ရောင်းခြင်း။

သတိထားရမည့် ပွဲညွှန့်တင်ပြီး တဆင့်ရောင်းခြင်း (သို့မဟုတ်) အကျိုးဆောင်မှ ဈေးတင်ရောင်းခြင်း။ - Property Knowledge in Myanmar from iMyanmarHouse.com
26 Apr 2022 10:43 am တွင် တင်ခဲ့သည်
512 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ပွဲညွှန့်တင်ပြီး တစ်ဆင်ရောင်းခြင်း (သို့မဟုတ်) အကျိုးဆောင်မှ ဈေးတင်ရောင်းခြင်း ကိစ္စများသည် ရန်ကုန်တွင် များသောအားဖြင့်တွေ့ရတတ်ပြီး ကျွန်မရုံးခန်းသို့ မိတ်ဆွေတစ်ဦးမှ အိမ်ခြံမြေဝယ်ယူရန်အတွက် လုပ်ငန်းလာရောက်အပ်နှံခဲ့တယ်။

ရောင်းသူ၊ ဝယ်ယူသူတို့ ဈေးနှုန်းညှိနှိုင်းခြင်းအဆင်ပြေပြီဖြစ်သည့်အတွက် စာရွက်စာတမ်း များစစ်ဆေးရန်နှင့် စရန်ပေးစာချုပ်ချုပ်ဆိုရန် သွားရောက်စစ်ဆေးခဲ့ပါတယ်။ ထိုအခါ စာရွက်စာတမ်းစစ်ဆေးရန် မြေငှားစာချုပ် ဂရန်မူရင်းကို စစ်ဆေးရန် တောင်းဆိုသည့်အခါ လက်ရှိ မိတ္တူသာပြသမည်ဖြစ်ကြောင်း ရောင်းသူမှ စရန်ငွေပေးပြီးမှသာ မူရင်းစာရွက်စာတမ်းများ လိုက်ကြည့်ရန်ပြောလာပါသည်။

ထိုအခါ ကျွန်မမှ မသင်္ကာသဖြင့် ရောင်းသူသည် ပိုင်ရှင်မဟုတ်ဘူးလားဟုမေးကြည့်သည့် အခါမှ ရောင်းသူမှ သူက ဝယ်ထားပြီး တဆင့်ပြန်ရောင်းခြင်းဖြစ်ကြောင်းပြောပါတယ်။ အဲ့ဒါဆိုလဲ ဝယ်ထားသည့် စာချုပ်ပြရန်ပြောသည့်အခါ မပြနိုင်၊ ဂရန်အမည်ပေါက်ထံမှ ကိုယ်စားလှယ်လွှဲစာ ရရှိထားသလား မေးပြန်တော့လဲ မရှိကြောင်းပြောလာပါတယ်။

အထက်ပါအခြေအနေအရ ရောင်းသူသည် ပိုင်ရှင်လည်းမဟုတ်၊ ဂရန်အမည်ပေါက်ပိုင်ရှင် ထံမှ ဝယ်ယူထားသည့် စာချုပ်ကိုလည်း မပြသနိုင်၊ ကိုယ်စားလှယ်လွှဲစာ ရရှိထားခြင်းလဲမရှိ၊ စရန်ငွေ ပေးချေထားသည့် စာချုပ်လဲမရှိ၊ အဆိုပါမြေနှင့်ပတ်သက်ပြီး ပိုင်ဆိုင်သည့်အထောက်အထား တစ်ခုမှမပြသနိုင်ပေ။

ထို့ကြောင့် ကျွန်မမိတ်ဆွေအား မဝယ်ယူသင့်ကြောင်းပြောသောအခါ၊ ရောင်းသူမှ သူ့ကို ယုံကြည်နိုင်ပါကြောင်း၊ အကျိုးဆောင်မှလည်း သူအာမခံကြောင်း၊ သူအကျိုးဆောင်လုပ်လာတာ ကြာပြီဖြစ်ကြောင်း၊ ပြဿနာအရှုပ်အရှင်းဖြစ်လာပါက အကျိုးဆောင်မှ မိမိတာဝန်ယူဖြေရှင်းပေးပါမည်ဟု အာမခံပြောကြားပါသည်။

ကျွန်မတို့ရှေ့‌နေများအ‌‌နေဖြင့် စာရွက်စာတမ်းခိုင်မာမှုနှင့် အလုပ်အပ်နှံသူရဲ့အကျိုးစီးပွား မထိခိုက်စေရန်သာဆောင်ရွက်ပေးရမည်ဖြစ်တဲ့အတွက် မဝယ်ယူရန်အကြံဉာဏ်ပေးသည့်အပေါ် လက်ခံပြီး မဝယ်ယူဘဲပြန်လာခဲ့ပါသည်။

ထိုဖြစ်စဉ်မျိုးနှင့်အလားတူကိစ္စများ မကြာခဏကြုံ‌နေရပါသဖြင့် သတိပြုရန်လိုအပ်ပါသည်။

အဆိုပါအခြေအနေတွင် ဝယ်ယူသူမှ စရန်ငွေပေးချေသည့်အခါမှ ဝယ်ယူသူပေးသော စရန်ငွေဖြင့် ပိုင်ရှင်ထံ စာချုပ်သွားချုပ်ပြီး၊ ပိုသောအမြတ်ငွေကို အကျိုးအမြတ် ထုတ်ယူသွားမည့်ပုံဖြစ်ပါတယ်။ အိမ်ကိုင်အကျိုးဆောင်မှ ဈေးတင်ရောင်းခြင်း ပုံစံတစ်မျိုးဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိသော အရောင်းအဝယ်သာဖြစ်ပါသည်။ ပြဿနာတစ်စုံတရာပေါ်ပေါက်ပါက ဝယ်ယူသူသာလျှင် နစ်နာမည့် အရောင်းအဝယ်ဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

သတိထားရမည့္ ပြဲၫႊန္႔တင္ၿပီး တဆင့္ေရာင္းျခင္း (သို႔မဟုတ္) အက်ိဳးေဆာင္မွ ေစ်းတင္ေရာင္းျခင္း။

ပြဲၫႊန္႔တင္ၿပီး တစ္ဆင္ေရာင္းျခင္း (သို႔မဟုတ္) အက်ိဳးေဆာင္မွ ေစ်းတင္ေရာင္းျခင္း ကိစၥမ်ားသည္ ရန္ကုန္တြင္ မ်ားေသာအားျဖင့္ေတြ႕ရတတ္ၿပီး ကြၽန္မ႐ုံးခန္းသို႔ မိတ္ေဆြတစ္ဦးမွ အိမ္ျခံေျမဝယ္ယူရန္အတြက္ လုပ္ငန္းလာေရာက္အပ္ႏွံခဲ့တယ္။

ေရာင္းသူ၊ ဝယ္ယူသူတို႔ ေစ်းႏႈန္းညႇိႏိႈင္းျခင္းအဆင္ေျပၿပီျဖစ္သည့္အတြက္ စာ႐ြက္စာတမ္း မ်ားစစ္ေဆးရန္ႏွင့္ စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုရန္ သြားေရာက္စစ္ေဆးခဲ့ပါတယ္။ ထိုအခါ စာ႐ြက္ စာတမ္းစစ္ေဆးရန္ ေျမငွားစာခ်ဳပ္ ဂရန္မူရင္းကို စစ္ေဆးရန္ ေတာင္းဆိုသည့္အခါ လက္႐ွိ မိတၱဴသာျပသမည္ျဖစ္ေၾကာင္း ေရာင္းသူမွ စရန္ေငြေပးၿပီးမွသာ မူရင္းစာ႐ြက္စာတမ္းမ်ား လိုက္ၾကည့္ရန္ေျပာလာပါသည္။

ထိုအခါ ကြၽန္မမွ မသကၤာသျဖင့္ ေရာင္းသူသည္ ပိုင္႐ွင္မဟုတ္ဘူးလားဟုေမးၾကည့္သည့္ အခါမွ ေရာင္းသူမွ သူက ဝယ္ထားၿပီး တဆင့္ျပန္ေရာင္းျခင္းျဖစ္ေၾကာင္းေျပာပါတယ္။ အဲ့ဒါဆိုလဲ ဝယ္ထားသည့္ စာခ်ဳပ္ျပရန္ေျပာသည့္အခါ မျပႏိုင္၊ ဂရန္အမည္ေပါက္ထံမွ ကိုယ္စားလွယ္လႊဲစာ ရ႐ွိထားသလား ေမးျပန္ေတာ့လဲ မ႐ွိေၾကာင္းေျပာလာပါတယ္။

အထက္ပါအေျခအေနအရ ေရာင္းသူသည္ ပိုင္႐ွင္လည္းမဟုတ္၊ ဂရန္အမည္ေပါက္ပိုင္႐ွင္ ထံမွ ဝယ္ယူထားသည့္ စာခ်ဳပ္ကိုလည္း မျပသႏိုင္၊ ကိုယ္စားလွယ္လႊဲစာ ရ႐ွိထားျခင္းလဲမ႐ွိ၊ စရန္ေငြ ေပးေခ်ထားသည့္ စာခ်ဳပ္လဲမ႐ွိ၊ အဆိုပါေျမႏွင့္ပတ္သက္ၿပီး ပိုင္ဆိုင္သည့္အေထာက္အထား တစ္ခု မွမျပသႏိုင္ေပ။

ထို႔ေၾကာင့္ ကြၽန္မမိတ္ေဆြအား မဝယ္ယူသင့္ေၾကာင္းေျပာေသာအခါ၊ ေရာင္းသူမွ သူ႕ကို ယုံၾကည္ႏိုင္ပါေၾကာင္း၊ အက်ိဳးေဆာင္မွလည္း သူအာမခံေၾကာင္း၊ သူအက်ိဳးေဆာင္လုပ္လာတာ ၾကာၿပီျဖစ္ေၾကာင္း၊ ျပႆနာအ႐ႈပ္အ႐ွင္းျဖစ္လာပါက အက်ိဳးေဆာင္မွ မိမိတာဝန္ယူေျဖ႐ွင္းေပးပါ မည္ဟု အာမခံေျပာၾကားပါသည္။

ကြၽန္မတို႔ေ႐ွ့‌ေနမ်ားအ‌‌ေနျဖင့္ စာ႐ြက္စာတမ္းခိုင္မာမႈႏွင့္ အလုပ္အပ္ႏွံသူရဲ႕အက်ိဳးစီးပြား မထိခိုက္ေစရန္သာေဆာင္႐ြက္ေပးရမည္ျဖစ္တဲ့အတြက္ မဝယ္ယူရန္အၾကံဥာဏ္ေပးသည့္အေပၚ လက္ခံၿပီး မဝယ္ယူဘဲျပန္လာခဲ့ပါသည္။

ထိုျဖစ္စဥ္မ်ိဳးႏွင့္အလားတူကိစၥမ်ား မၾကာခဏၾကဳံ‌ေနရပါသျဖင့္ သတိျပဳရန္လိုအပ္ပါသည္။

အဆိုပါအေျခအေနတြင္ ဝယ္ယူသူမွ စရန္ေငြေပးေခ်သည့္အခါမွ ဝယ္ယူသူေပးေသာ စရန္ေငြျဖင့္ ပိုင္႐ွင္ထံ စာခ်ဳပ္သြားခ်ဳပ္ၿပီး၊ ပိုေသာအျမတ္ေငြကို အက်ိဳးအျမတ္ ထုတ္ယူသြားမည့္ပုံျဖစ္ပါတယ္။ အိမ္ကိုင္အက်ိဳးေဆာင္မွ ေဈးတင္ေရာင္းျခင္း ပုံစံတစ္မ်ိဳးျဖစ္ၿပီး တာဝန္ယူမႈ တာဝန္ခံမႈမ႐ွိေသာ အေရာင္းအဝယ္သာျဖစ္ပါသည္။ ျပႆနာတစ္စုံတရာေပၚေပါက္ပါက ဝယ္ယူသူသာလွ်င္ နစ္နာမည့္ အေရာင္းအဝယ္ျဖစ္ပါေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service