ဆောင်းဟေကို (သို့မဟုတ်) အွန်စော၏ စံအိမ်

ဆောင်းဟေကို (သို့မဟုတ်) အွန်စော၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
8 Apr 2022 10:43 am တွင် တင်ခဲ့သည်
4518 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကိုရီးယားရုပ်ရှင်ကြယ်ပွင့် ဆောင်းဟေကိုအား မြန်မာပရိသတ်များအကြား ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်ကားမှ အွန်စောဟူသောအမည်ဖြင့် လူသိများသည်။

ဆောင်းဟေကိုသည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် ခမ်းနားထည်ဝါလှသော စံအိမ်ကြီးတစ်လုံးကို ကိုရီးယားဝမ်ငွေ ၁၉ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းခန့်) အထိ ပေးကာ ဝယ်ယူထားခဲ့သည်။

ကိုရီးယားအိမ်ခြံမြေလောကသတင်းများအရ ဆောင်းဟေကို၏ စံအိမ်ကြီးသည် သက်တမ်း ၈ နှစ်သာရှိသေးသော အဆောက်အအုံဖြစ်ပြီး မြေပေါ် ၃ ထပ်နှင့် မြေအောက်ထပ် ပါဝင်ကြောင်း သိရသည်။

တည်နေရာမှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် Yongsangu အရပ်၊ Hannamdong ရပ်ကွက်တွင် ဖြစ်သည်။

“လှပတဲ့ အဆောက်အအုံတစ်ခုပါပဲ။ အတွင်းပိုင်းကော အပြင်ကောလှတယ်။ ၂၀၁၄ ခုနှစ်ကမှ ဆောက်ထားတာပါ။ Hannamdong ရပ်ကွက်က တောင်ကုန်းနားမှာရှိပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံထားဖို့ ကောင်းမွန်ပါတယ်”ဟု သတင်းဌာနတစ်ခုက ဖော်ပြသည်။

အဆိုပါစံအိမ်ကို ဝယ်ယူခဲ့မှုက ပရိသတ်များကို များစွာအံ့အားသင့်စေခဲ့သည်။

ဆောင်းဟေကိုသည် အိမ်ခြံမြေ ဝယ်ယူရင်းနှီးမြှုပ်နှံမှုများ စိတ်ဝင်စားသည်ဟု မတွေ့ဖူးခဲ့ကြ။

ယခုစံအိမ်ဝယ်ယူထားမှုမှာ အသက်အရွယ်အိုမင်းလာပြီဖြစ်သောကြောင့် အနားယူရတော့မည့် မိခင်ကြီးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆောင်းဟေကိုက ဝယ်ယူထားခြင်းဖြစ်သည်ဟု ဆိုကြသည်။

ဆောင်းဟေကိုသည် Samseong-dong ပြည်နယ်တစ်ဝန်းတွင် နေအိမ် ၃ လုံး ပိုင်ဆိုင်ထားသော်လည်း ၂၀၂၀ ပြည့်နှစ်အတွင်း ရောင်းထုတ်ခဲ့သည်။ ပြန်လည်ရောင်းထုတ်ခဲ့သည့် အကြောင်းရင်းကိုမူ မသိရချေ။

ဆောင်းဟေကိုသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်လည်း ကန်ဒေါ်လာ ၁ ဒသမ ၈ သန်း တန်ကြေးရှိသော ခမ်းနားသည့် လူနေခန်းတစ်ခန်း ပ်ိုင်ဆိုင်ထားသည်ဟု ဆိုသည်။

(ဆောင်းဟေကို ဘာလဲ)

ဆောင်းဟေကို (မွေး-၁၉၈၁) သည် တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး ဖြစ်သည်။ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်သော Autumn in my heart ( ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) ဖြင့် ကမ္ဘာသိသရုပ်ဆောင် ဖြစ်လာခဲ့သည်။

၂၀၁၆ ခုနှစ်က ထုတ်လွှင့်ခဲ့သော Descendants of the Sun မှာလည်း များစွာ နာမည်ကျော်ခဲ့သည်။ ထို့အပြင် အခြားရုပ်သံဇာတ်လမ်းတွဲများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း Forbes မဂ္ဂဇင်းကြီး၏ ကိုရီးယားထိပ်တန်းအကျော်အမော်များစာရင်းတွင် ဆောင်းဟေကိုမှာ နံပါတ် ၇ နေရာတွင်ဖော်ပြခံခဲ့ရသည်။

ဆောင်းဟေကို မွေးစက မိဘများနှင့် ဆရာဝန်တို့က အသက်မရှင်တော့ဟု ဆုံးဖြတ်ခဲ့သည်အထိ ကျန်းမာရေးအခြေအနေဆိုးရွားခဲ့သည်။

သို့သော် မသေဆုံးခဲ့ဘဲ သေတွင်းမှ လွတ်မြောက်လာချိန်မှသာ ဆောင်းဟေကို၏ မိဘများက ၁၉၈၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်ကို မွေးနေ့အဖြစ် စာရင်းသွင်းခဲ့ခြင်း ဖြစ်ပြီး အမှန်တကယ်မွေးနေ့မှာ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် ဖြစ်သည်။

ဆောင်းဟေကို ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွာရှင်းပြတ်စဲခဲ့ကြပြီး မိခင်ဖြစ်သူက အုပ်ထိန်းခဲ့သည်။

သူ၏ ဇာတိ ဒေဂူးမှ ဆိုးလ်မြို့တော်၊ ဂမ်းနမ်းခရိုင်သို့ ပြောင်းရွှေ့အခြေချကြသည်။

ဆောင်းဟေကိုသည် Sejong တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ရုပ်ရှင်ပညာအဓိကဖြင့် ကျောင်းပြီးသည်။

(အိမ်ထောင်ရေး)

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် Descendants of the Sun ရုပ်သံဇာတ်လမ်းတွဲတွင် တွဲဖက်သရုပ်ဆောင်ခဲ့သည့် Song Joong-Ki က ဆောင်းဟေကိုနှင့် စေ့စပ်ကြောင်း ကြေညာသည်။

ဆိုးလ်မြို့တော်ရှိ Hotel Shilla တွင် သီးသန့်အခမ်းအနားတစ်ခုဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် လက်ထပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများတေက်ရောက်ခဲ့ပြီး သရုပ်ဆောင် Park Bo-gum က ဆောင်းဟေကို၏ မင်္ဂလာပွဲတွင် ပီယာနိုတီးခတ်ပေးခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် Song Joong-Ki က ဆောင်းဟေကိုနှင့် ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Song Hye Kyo buys property worth $17.5 million in Seoul; read details (timesofindia.indiatimes)

 

 

[Zawgyi]

ေဆာင္းေဟကို (သို႔မဟုတ္) အြန္ေစာ၏ စံအိမ္

ကိုရီးယားရုပ္ရွင္ၾကယ္ပြင့္ ေဆာင္းေဟကိုအား ျမန္မာပရိသတ္မ်ားအၾကား ေဆာင္းဦးရြက္ေႂကြ ခ်စ္သက္ေသ ဇာတ္ကားမွ အြန္ေစာဟူေသာအမည္ျဖင့္ လူသိမ်ားသည္။

ေဆာင္းေဟကိုသည္ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ျမိဳ႕ေတာ္တြင္ ခမ္းနားထည္ဝါလွေသာ စံအိမ္ၾကီးတစ္လံုးကို ကိုရီးယားဝမ္ေငြ ၁၉ ဒသမ ၅ ဘီလီယံ (ကန္ေဒၚလာ ၁၇ ဒသမ ၅ သန္းခန္႔) အထိ ေပးကာ ဝယ္ယူထားခဲ့သည္။

ကိုရီးယားအိမ္ျခံေျမေလာကသတင္းမ်ားအရ ေဆာင္းေဟကို၏ စံအိမ္ၾကီးသည္ သက္တမ္း ၈ ႏွစ္သာရွိေသးေသာ အေဆာက္အအံုျဖစ္ျပီး ေျမေပၚ ၃ ထပ္ႏွင့္ ေျမေအာက္ထပ္ ပါဝင္ေၾကာင္း သိရသည္။

တည္ေနရာမွာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ျမိဳ႕ေတာ္ Yongsangu အရပ္၊ Hannamdong ရပ္ကြက္တြင္ ျဖစ္သည္။

“လွပတဲ့ အေဆာက္အအံုတစ္ခုပါပဲ။ အတြင္းပိုင္းေကာ အျပင္ေကာလွတယ္။ ၂၀၁၄ ခုႏွစ္ကမွ ေဆာက္ထားတာပါ။ Hannamdong ရပ္ကြက္က ေတာင္ကုန္းနားမွာရွိျပီး အနာဂတ္အတြက္ ရင္းႏွီးျမွဳပ္ႏွံထားဖို႔ ေကာင္းမြန္ပါတယ္”ဟု သတင္းဌာနတစ္ခုက ေဖာ္ျပသည္။

အဆိုပါစံအိမ္ကို ဝယ္ယူခဲ့မႈက ပရိသတ္မ်ားကို မ်ားစြာအံ့အားသင့္ေစခဲ့သည္။

ေဆာင္းေဟကိုသည္ အိမ္ျခံေျမ ဝယ္ယူရင္းႏွီးျမွဳပ္ႏွံမႈမ်ား စိတ္ဝင္စားသည္ဟု မေတြ႔ဖူးခဲ့ၾက။

ယခုစံအိမ္ဝယ္ယူထားမႈမွာ အသက္အရြယ္အိုမင္းလာျပီျဖစ္ေသာေၾကာင့္ အနားယူရေတာ့မည့္ မိခင္ၾကီးအတြက္ ၾကိဳတင္ျပင္ဆင္သည့္အေနျဖင့္ ေဆာင္းေဟကိုက ဝယ္ယူထားျခင္းျဖစ္သည္ဟု ဆိုၾကသည္။

ေဆာင္းေဟကိုသည္ Samseong-dong ျပည္နယ္တစ္ဝန္းတြင္ ေနအိမ္ ၃ လံုး ပိုင္ဆိုင္ထားေသာ္လည္း ၂၀၂၀ ျပည့္ႏွစ္အတြင္း ေရာင္းထုတ္ခဲ့သည္။ ျပန္လည္ေရာင္းထုတ္ခဲ့သည့္ အေၾကာင္းရင္းကိုမူ မသိရေခ်။

ေဆာင္းေဟကိုသည္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕တြင္လည္း ကန္ေဒၚလာ ၁ ဒသမ ၈ သန္း တန္ေၾကးရွိေသာ ခမ္းနားသည့္ လူေနခန္းတစ္ခန္း ပို္င္ဆိုင္ထားသည္ဟု ဆုိသည္။

(ေဆာင္းေဟကို ဘာလဲ)

ေဆာင္းေဟကို (ေမြး-၁၉၈၁) သည္ ေတာင္ကိုရီးယား ရုပ္ရွင္မင္းသမီး ျဖစ္သည္။ ရုပ္သံဇာတ္လမ္းတြဲတစ္ခု ျဖစ္ေသာ Autumn in my heart ( ေဆာင္းဦးရြက္ေၾကြ ခ်စ္သက္ေသ) ျဖင့္ ကမၻာသိသရုပ္ေဆာင္ ျဖစ္လာခဲ့သည္။

၂၀၁၆ ခုႏွစ္က ထုတ္လႊင့္ခဲ့ေသာ Descendants of the Sun မွာလည္း မ်ားစြာ နာမည္ေက်ာ္ခဲ့သည္။ ထို႔အျပင္ အျခားရုပ္သံဇာတ္လမ္းတြဲမ်ားစြာတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

၂၀၁၇ ခုႏွစ္အတြင္း Forbes မဂၢဇင္းၾကီး၏ ကိုရီးယားထိပ္တန္းအေက်ာ္အေမာ္မ်ားစာရင္းတြင္ ေဆာင္းေဟကိုမွာ နံပါတ္ ၇ ေနရာတြင္ေဖာ္ျပခံခဲ့ရသည္။

ေဆာင္းေဟကို ေမြးစက မိဘမ်ားႏွင့္ ဆရာဝန္တို႔က အသက္မရွင္ေတာ့ဟု ဆံုးျဖတ္ခဲ့သည္အထိ က်န္းမာေရးအေျခအေနဆိုးရြားခဲ့သည္။

သို႔ေသာ္ မေသဆံုးခဲ့ဘဲ ေသတြင္းမွ လြတ္ေျမာက္လာခ်ိန္မွသာ ေဆာင္းေဟကို၏ မိဘမ်ားက ၁၉၈၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၆ ရက္ကို ေမြးေန႔အျဖစ္ စာရင္းသြင္းခဲ့ျခင္း ျဖစ္ျပီး အမွန္တကယ္ေမြးေန႔မွာ ၁၉၈၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၂ ရက္ ျဖစ္သည္။

ေဆာင္းေဟကို ငယ္စဥ္ကတည္းက မိဘႏွစ္ပါး ကြာရွင္းျပတ္စဲခဲ့ၾကျပီး မိခင္ျဖစ္သူက အုပ္ထိန္းခဲ့သည္။

သူ၏ ဇာတိ ေဒဂူးမွ ဆိုးလ္ျမိဳ႕ေတာ္၊ ဂမ္းနမ္းခရိုင္သို႔ ေျပာင္းေရႊ႕အေျခခ်ၾကသည္။

ေဆာင္းေဟကိုသည္ Sejong တကၠသိုလ္သို႔ တက္ေရာက္ခဲ့ျပီး ရုပ္ရွင္ပညာအဓိကျဖင့္ ေက်ာင္းျပီးသည္။

(အိမ္ေထာင္ေရး)

၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ ၅ ရက္တြင္ Descendants of the Sun ရုပ္သံဇာတ္လမ္းတြဲတြင္ တြဲဖက္သရုပ္ေဆာင္ခဲ့သည့္ Song Joong-Ki က ေဆာင္းေဟကိုႏွင့္ ေစ့စပ္ေၾကာင္း ေၾကညာသည္။

ဆိုးလ္ျမိဳ႕ေတာ္ရွိ Hotel Shilla တြင္ သီးသန္႔အခမ္းအနားတစ္ခုျဖင့္ ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္တြင္ လက္ထပ္ခဲ့ၾကသည္။

အဆိုပါအခမ္းအနားသို႔ မိသားစုဝင္မ်ားႏွင့္ မိတ္ေဆြသူငယ္ခ်င္းမ်ားေတက္ေရာက္ခဲ့ျပီး သရုပ္ေဆာင္ Park Bo-gum က ေဆာင္းေဟကို၏ မဂၤလာပြဲတြင္ ပီယာႏိုတီးခတ္ေပးခဲ့သည္။

၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၇ ရက္တြင္ Song Joong-Ki က ေဆာင္းေဟကိုႏွင့္ ကြာရွင္းျပတ္စဲေတာ့မည္ျဖစ္ေၾကာင္း ေၾကညာခဲ့ျပီး ၂၀၁၉ ခုႏွစ္ ဇူလိုင္လတြင္ ကြာရွင္းျပတ္စဲခဲ့ၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Song Hye Kyo buys property worth $17.5 million in Seoul; read details (timesofindia.indiatimes)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service