ထောပတ်သီး အမြန်မှည့်အောင်လုပ်နိုင်တဲ့နည်း (၅) မျိုး

ထောပတ်သီး အမြန်မှည့်အောင်လုပ်နိုင်တဲ့နည်း (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
25 Feb 2022 1:22 pm တွင် တင်ခဲ့သည်
2246 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

(၁) သဘာဝအတိုင်း မှည့်အောင်လုပ်နည်းကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ အချိန်တော့ကြာနိုင်ပါတယ်။

ထောပတ်သီးလေးတွေကို ခွက်တစ်ခုထဲထည့်ပြီး မီးဖိုချောင်ရဲ့ နေပြောက်လေးတွေပဲရနိုင်တဲ့နေရာမှာထားပါ။ နေရောင်ခြည်နွေးနွေးလေးက အသီးမြန်မြန်မှည့်အောင်ကူညီပါလိမ့်မယ်။

(၂) အသီးက နေရောင်ခြည်‌နဲ့ မှည့်ဖို့ခက်ခဲပါက စက္ကူအိတ်ထဲထည့်ပြီး မှည့်အောင်လုပ်လို့ရပါတယ်။

အညိုရောင်စက္ကူအိတ် (သို့) စက္ကူအိတ်ထဲမှာ ထောပတ်သီးတွေထည့်ပြီး လေဝင်လေထွက်‌ကောင်းတဲ့ခြင်း (သို့) တောင်း (သို့) ဂျပ်ပုံးထဲအုပ်ပါကလဲ အသီးအမြန်မှည့်နိုင်ပါတယ်။ ဒါဟာ အသီးကထွက်တဲ့ အီသိုင်လင်းဂက်စ် ethylene gas ကို သူကိုယ်တိုင်ပြန်ရစေပြီး အမှည့်မြန်စေပါတယ်။

၃-၄ ရက်လောက်ထည့်ပြီး အုပ်လို့ရပါတယ်။ တစ်ရက်တစ်ခါတော့ ထုတ်ကြည့်ဖို့မမေ့ပါနဲ့။ အမှည့်လွန်ပြီး ပျက်စီးပါလိမ့်မယ်။ နေရာဒေသပေါ်လည်း မူတည်ပါလိမ့်မယ်။ အပူပိုင်းဒေသဆို အမှည့်လွယ်ပီး အေးတဲ့ဒေသဆိုရင်တော့ သူ့ရဲ့ဖြစ်စဉ်အရ မှည့်ဖို့ကြာပါတယ်။

(၃) အခြားအသီးတွေဖြစ်တဲ့ ပန်းသီး၊ မှည့်နေတဲ့ငှက်ပျောသီးနဲ့ရောပြီး စက္ကူအိတ်ထဲထည့်ပြီး မှည့်အောင်အုပ်ပါက ၃-၄ ရက်အတွင်း မှည့်ဖို့လွယ်ပါတယ်။ အသီးများများအုပ်ပါက ပန်းသီး၊ ငှက်ပျောသီး ၂-၃ လုံးထည့်ပြီးအုပ်ပါ။ ဒါပေမဲ့လည်း ကိုယ့်အသီးရဲ့ အခြေအနေပေါ်လည်း မူတည်ပါတယ်။

(၄) ဆန်ထည့်ထားတဲ့ခွက်ထဲမှာ ထောပတ်သီးထည့်ပြီး အုပ်လို့ရပါသေးတယ်။ ဆန်က အသီးတွေမြန်မြန်မှည့်ဖို့လို‌တဲ့ ethylene gas များများထွက်အောင် လုပ်ပေးနိုင်ပါတယ်။ အစိုဓာတ်များသလို အသီးချွေးပြန်ခြင်းလည်း မဖြစ်‌စေဖို့ ဆန်က တားဆီးပေးပါတယ်။

(၅) Microwave oven ထဲထည့်ပီး ၁၀ မိနစ်အတွင်း မြန်မြန်မှည့်အောင်လုပ်လို့ရပါတယ်။ စားချင်သလောက်လေးပဲ စမ်းပြီး လုပ်ကြည့်ပါ။ ဒီနည်းကတော့ အရသာအပြည့်အဝကောင်းဖို့တော့ တာဝန်မယူပါဘူး။ ဒါပေမဲ့ ထောပတ်သီးကို အရမ်းကြိုက်တဲ့သူတွေအတွက်ကတော့ အဆင်ပြေပါလိမ့်မယ်။

ထောပတ်သီးကို ငွေရောင်စက္ကူထဲထည့်ပြီးထုပ်ပါ။ နောက်ပြီး မုန့်ဖုတ်တဲ့ဗန်းပေါ်တင်ပြီး အပူချိန် 200 'C မှာ ၁၀ or ၁၅ မိနစ် အပူပေးပါ။ အပူပေးပြီးရလာတဲ့ နူးညံ့တဲ့ထောပတ်သီးကို အအေးခံမယ် (သို့) ရေခဲသေတ္တာထဲခဏထားပြီး စားသုံးလို့ရပါပီ။ စမ်းသပ်ကြည့်ကြပါနော်။

သိုလှောင်မယ်ဆိုပါက ထောပတ်သီးအခြမ်းလိုက်လေးတွေကို ပလတ်စတစ်ဇစ်အိတ် သို့ တစ်ခါ‌သုံး ပလတ်စတစ်လေးနဲ့ သေချာထုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁-၂ ရက်လောက်ထည့်စားလို့ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  greenwaymyanmar

 

[Zawgyi]

ေထာပတ္သီး အျမန္မွည့္ေအာင္လုပ္ႏိုင္တဲ့နည္း (၅) မ်ိဳး

(၁) သဘာဝအတိုင္း မွည့္ေအာင္လုပ္နည္းကေတာ့ အေကာင္းဆုံးပဲျဖစ္ပါတယ္။ အခ်ိန္ေတာ့ၾကာႏိုင္ပါတယ္။ ေထာပတ္သီးေလးေတြကို ခြက္တစ္ခုထဲထည့္ၿပီး မီးဖိုေခ်ာင္ရဲ႕ ေနေျပာက္ေလးေတြပဲရႏိုင္တဲ့ေနရာမွာထားပါ။ ေနေရာင္ျခည္ေႏြးေႏြးေလးက အသီးျမန္ျမန္မွည့္ေအာင္ကူညီပါလိမ့္မယ္။

(၂) အသီးက ေနေရာင္ျခည္‌နဲ႔ မွည့္ဖို႔ခက္ခဲပါက စကၠဴအိတ္ထဲထည့္ၿပီး မွည့္ေအာင္လုပ္လို႔ရပါတယ္။

အညိဳေရာင္စကၠဴအိတ္ (သို႔) စကၠဴအိတ္ထဲမွာ ေထာပတ္သီးေတြထည့္ၿပီး ေလဝင္ေလထြက္‌ေကာင္းတဲ့ျခင္း (သို႔) ေတာင္း (သို႔) ဂ်ပ္ပုံးထဲအုပ္ပါကလဲ အသီးအျမန္မွည့္ႏိုင္ပါတယ္။ ဒါဟာ အသီးကထြက္တဲ့ အီသိုင္လင္းဂက္စ္ ethylene gas ကို သူကိုယ္တိုင္ျပန္ရေစၿပီး အမွည့္ျမန္ေစပါတယ္။

၃-၄ ရက္ေလာက္ထည့္ၿပီး အုပ္လို႔ရပါတယ္။ တစ္ရက္တစ္ခါေတာ့ ထုတ္ၾကည့္ဖို႔မေမ့ပါနဲ႔။ အမွည့္လြန္ၿပီး ပ်က္စီးပါလိမ့္မယ္။ ေနရာေဒသေပၚလည္း မူတည္ပါလိမ့္မယ္။ အပူပိုင္းေဒသဆို အမွည့္လြယ္ပီး ေအးတဲ့ေဒသဆိုရင္ေတာ့ သူ႕ရဲ႕ျဖစ္စဥ္အရ မွည့္ဖို႔ၾကာပါတယ္။

(၃) အျခားအသီးေတြျဖစ္တဲ့ ပန္းသီး၊ မွည့္ေနတဲ့ငွက္ေပ်ာသီးနဲ႔ေရာၿပီး စကၠဴအိတ္ထဲထည့္ၿပီး မွည့္ေအာင္အုပ္ပါက ၃-၄ ရက္အတြင္း မွည့္ဖို႔လြယ္ပါတယ္။ အသီးမ်ားမ်ားအုပ္ပါက ပန္းသီး၊ ငွက္ေပ်ာသီး ၂-၃ လုံးထည့္ၿပီးအုပ္ပါ။ ဒါေပမဲ့လည္း ကိုယ့္အသီးရဲ႕ အေျခအေနေပၚလည္း မူတည္ပါတယ္။

(၄) ဆန္ထည့္ထားတဲ့ခြက္ထဲမွာ ေထာပတ္သီးထည့္ၿပီး အုပ္လို႔ရပါေသးတယ္။ ဆန္က အသီးေတြျမန္ျမန္မွည့္ဖို႔လို‌တဲ့ ethylene gas မ်ားမ်ားထြက္ေအာင္ လုပ္ေပးႏိုင္ပါတယ္။ အစိုဓာတ္မ်ားသလို အသီးေခြၽးျပန္ျခင္းလည္း မျဖစ္‌ေစဖို႔ ဆန္က တားဆီးေပးပါတယ္။

(၅) Microwave oven ထဲထည့္ပီး ၁၀ မိနစ္အတြင္း ျမန္ျမန္မွည့္ေအာင္လုပ္လို႔ရပါတယ္။ စားခ်င္သေလာက္ေလးပဲ စမ္းၿပီး လုပ္ၾကည့္ပါ။ ဒီနည္းကေတာ့ အရသာအျပည့္အဝေကာင္းဖို႔ေတာ့ တာဝန္မယူပါဘူး။ ဒါေပမဲ့ ေထာပတ္သီးကို အရမ္းႀကိဳက္တဲ့သူေတြအတြက္ကေတာ့ အဆင္ေျပပါလိမ့္မယ္။

ေထာပတ္သီးကို ေငြေရာင္စကၠဴထဲထည့္ၿပီးထုပ္ပါ။ ေနာက္ၿပီး မုန္႔ဖုတ္တဲ့ဗန္းေပၚတင္ၿပီး အပူခ်ိန္ 200 'C မွာ ၁၀ or ၁၅ မိနစ္ အပူေပးပါ။ အပူေပးၿပီးရလာတဲ့ ႏူးညံ့တဲ့ေထာပတ္သီးကို အေအးခံမယ္ (သို႔) ေရခဲေသတၱာထဲခဏထားၿပီး စားသုံးလို႔ရပါပီ။ စမ္းသပ္ၾကည့္ၾကပါေနာ္။

သိုေလွာင္မယ္ဆိုပါက ေထာပတ္သီးအျခမ္းလိုက္ေလးေတြကို ပလတ္စတစ္ဇစ္အိတ္ သို႔ တစ္ခါ‌သုံး ပလတ္စတစ္ေလးနဲ႔ ေသခ်ာထုပ္ၿပီး ေရခဲေသတၱာထဲမွာ ၁-၂ ရက္ေလာက္ထည့္စားလို႔ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit:  greenwaymyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service