ရေထိကရုန်းချက်(သို့)ဒါဏ်ရာအကျက်မြန်တဲ့ ရေထိကရုန်း

ရေထိကရုန်းချက်(သို့)ဒါဏ်ရာအကျက်မြန်တဲ့ ရေထိကရုန်း - Property Knowledge in Myanmar from iMyanmarHouse.com
11 Feb 2022 11:53 am တွင် တင်ခဲ့သည်
3378 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ရေထိကရုန်းချက်စားဖူးကြရဲ့လားရှင့်။ရေထိကရုန်းတွေက စားမြိန်တဲ့ ရာသီစာဟင်းတစ်ခွက်ဖြစ်သလို ကျန်းမာရေးရှု့ထောင့်ကနေကြည့်ရင်လည်း အကျိုးများတဲ့ ဟင်းတစ်ခွက်ပါ အိမ်ရှင်မတို့ရေ…

ရေထိကရုန်းက စိတ်ကျရောဂါတွေအတွက်ပါ ကောင်းပါသတဲ့နော်။ နောက်ထပ် ဘာတွေကောင်းလဲဆိုတောကိုတော့ ဆက်လက်ဖော်ပြပါမယ်။ ငွေကုန်ကြေးကျလည်း မများ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ စားလို့လည်းကောင်းမယ့် ရေထိကရုန်းချက်လေးကို ဟင်းအဖြစ်ချက်စားမယ်ဆိုရင်တော့

၁။ အူလမ်းကြောင်းရှင်းပေးတယ်

ရေထိကရုန်းစေ့လေးတွေက ဗိုက်ထဲရောက်လို့ အူလမ်းကြောင်းထဲရောက်ပြီဆိုရင် ပွလာပြီး အူလမ်းကြောင်းနံရံမှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို သန့်ရှင်းပေးပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ မကြေညက်တဲ့အစာတွေကို သယ်သွားပေးပါတယ်။

၂။ ကပ်ပါးကောင်တွေကို သေစေတယ်

သံကောင်တွေဖြစ်လာမယ့် သားလောင်းကပ်ပါးတွေရှိနေရင် ရေထိကရုန်းက ဖယ်ရှားပေးတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိထားပါတယ်။

၃။ စိတ်ဝေဒနာတွေကို ကုသပေးတယ်

လူငယ်လူရွယ်တွေမှာ အဖြစ်များတဲ့ စိတ်ဓာတ်ကျရောဂါ၊ စိတ်ခံစားချက်ပုံမှန်မဟုတ်တာ ဒီလို စိတ်နဲ့ဆိုင်တဲ့ရောဂါတွေအတွက်လည်း ရေထိကရုန်းက အထောက်အကူဖြစ်စေပါတယ်။ ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုသလိုပဲ အူရဲ့ကျန်းမာရေးက ကောင်းမွန်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း အဆင်ပြေလာပါတယ်။ အကယ်၍ သင်က ကိုယ့်ကိုကိုယ် စိတ်ကျရောဂါခံစားနေရတယ်လို့ထင်မိရင် ရေထိကရုန်းလေးချက်စားပေးပါနော်။

၄။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတယ်

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့ antioxidant က ရေထိကရုန်းမှာလည်း ပါဝင်ပါတယ်။

၅။ အကြောအတွက်ကောင်းတယ်

ကျောရိုးမကြီးကနေ တင်ပါးကိုဖြတ်ပြီး ခြေထောက်အဖျားထိသွားတဲ့ လူ့ခန္ဓာကိုယ်ထဲက အရှည်ဆုံးအကြောက ဒါဏ်တစ်ခုခုကြောင့် နာနေတယ်ဆိုရင် ရေထိကရုန်းမှာပါတဲ့ဓာတ်က အကြောတွေ ပြန်လည်အလုပ်လုပ်ဆောင်ဖို့ ကောင်းမွန်တဲ့ထောက်ပံ့မှုကို ပေးပါတယ်။ ဒီလိုအကြော ဒါဏ်ရာရနေတဲ့သူတွေကို ရေထိကရုန်းအရည်နဲ့ ကုသခဲ့ရပါတယ်။ တစ်လမှာ ၄ ရက် ၃ လ သောက်ခိုင်းတဲ့အခါ ရလာဒ် ၄၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်လာတယ်လို့ဆိုပါတယ်။

၆။ အသဲပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်

အသဲက လူ့ခန္ဓာကိုယ်အတွက် အရေးကြီး အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်မိသားစုတွေထဲမှာ အသဲနဲ့ပတ်သက်လို့ မကျန်းမာတဲ့သူရှိရင် ထိကရုန်းချက်လေး မကြာမကြာကျွေးပေးခြင်းက ဆေးကောင်းတစ်ခွက်ပါ။ အသဲကိုထိခိုက်စေတဲ့အဆီတွေကို ခြေဖျက်ပေးပါသတဲ့။

၇။ လူကိုထိခိုက်စေတဲ့ မိုက်ခရုပ်တွေကို သတ်ပေးတယ်

မိုက်ခရုပ်ဆိုတာကတော့ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်နိုင်တဲ့ ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ် သေးသေးလေးတွေပါ။ ခုလိုအချိန်မှာ ရေထိကရုန်းချက်စားပေးခြင်းက မမှားပါဘူးနော်။

၈။ ဒါဏ်ရာအမြန်ကျက်ဖို့လည်း သုံးတယ်

ရေထိကရုန်းကို ရှေးယခင်တွေတည်းက သွေးထွက်နေတဲ့ဒါဏ်ရာပေါ်မှာ ပတ်တီးလို ငုံခဲ့ကြတာပါ။ သွေးတိတ်စေပြီး ဒါဏ်ရာကိုအကျက်မြန်စေပါတယ်။ ဒီအကြောင်းကို သိပ္ပံပညာရှင်တွေစမ်းသပ်ကြတဲ့အခါမှာလည်း ရေထိကရုန်းထဲမှာပါတဲ့ ဓာတ်တစ်မျိုးက ဒါဏ်ရာကို ဘာမှမလုပ်တဲ့ ပုံမှန်အခြေအနေထက် ၂.၅ ဆပိုပြီး အနာကျက်မြန်စေပါသတဲ့။

ထိကရုန်အရွက်မှာ အိုင်းရွန်း၊ ဇင့်၊ ကော့ပါးတွေပါတာကြောင့် အရေပြားကျန်းမာရေးအတွက်လည်းကောင်းပါသတဲ့။

၉။ ဝမ်းလျောခြင်းအတွက် အသုံးပြုနိုင်

ပုံမှန်အားဖြင့် ဝမ်းလျောခြင်းကို သက်သာစေတဲ့ဆေးတွေ ရှာရခက်နေချိန်မှာ ရေထိကရုန်းကလည်း ဝမ်းသွားတဲ့အကြိမ်ရေကို လျော့ချပေးနိုင်ပါတယ်။ အူလမ်းကြောင်းမှာ အစာသွားနှုန်းကို လျော့ချလိုက်တာဖြစ်လို့ သွားနေတဲ့ဝမ်းကို တန့်စေပါတယ်။ ဒါ့အပြင် ရေထိကရုန်းက အူလမ်းကြောင်းကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

၁၀။ ဝမ်းတွင်းပြည်တည်နာတွေကို သက်သာစေ

အစာအိမ်နဲ့ အူသိမ်အပေါ်ပိုင်းမှာဖြစ်တတ်တဲ့ ဝမ်းတွင်းပြည်တည်နာတွေကိုလည်း သက်သာစေပါတယ်။ အစာအိမ်အချဉ်ပေါက်မှုကို လျော့ကျစေပြီး အစာစုပ်ယူမှုကောင်းအောင် အားပေးပါတယ်။

ရေထိကရုန်း အစေ့ ၊ အမြစ်၊ အရွက်နဲ့ ပင်စည်တွေက ဒါဏ်ရာတွေ အမြန်အနာဖေးတက်စေဖို့ အသုံးဝင်တဲ့ ဆေးပင်အဖြစ် ထင်ရှားပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေကို သိပ္ပံပညာရှင်တစ်ချို့ကလည်း စမ်းသပ်တွေ့ရှိထားတာဖြစ်တာကြောင့် ဆေးဝါးအခက်အခဲဖြစ်နေချိန်၊ ဆေးဝါးနဲ့ အလှမ်းဝေးနေတဲ့ဒေသတွေမှာ ရေထိကရုန်းကို ဟင်းအဖြစ်သာမက ကောင်းကောင်း အသုံးချလို့ရကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]

ေရထိက႐ုန္းခ်က္(သို႔)ဒါဏ္ရာအက်က္ျမန္တဲ့ ေရထိက႐ုန္း

ေရထိက႐ုန္းခ်က္စားဖူးၾကရဲ႕လား႐ွင့္။ေရထိက႐ုန္းေတြက စားၿမိန္တဲ့ ရာသီစာဟင္းတစ္ခြက္ျဖစ္သလို က်န္းမာေရး႐ႈ႕ေထာင့္ကေနၾကည့္ရင္လည္း အက်ိဳးမ်ားတဲ့ ဟင္းတစ္ခြက္ပါ အိမ္႐ွင္မတို႔ေရ…

ေရထိက႐ုန္းက စိတ္က်ေရာဂါေတြအတြက္ပါ ေကာင္းပါသတဲ့ေနာ္။ ေနာက္ထပ္ ဘာေတြေကာင္းလဲဆိုေတာကိုေတာ့ ဆက္လက္ေဖာ္ျပပါမယ္။ ေငြကုန္ေၾကးက်လည္း မမ်ား၊ က်န္းမာေရးနဲ႔လည္း ညီၫြတ္၊ စားလို႔လည္းေကာင္းမယ့္ ေရထိက႐ုန္းခ်က္ေလးကို ဟင္းအျဖစ္ခ်က္စားမယ္ဆိုရင္ေတာ့

၁။ အူလမ္းေၾကာင္း႐ွင္းေပးတယ္

ေရထိက႐ုန္းေစ့ေလးေတြက ဗိုက္ထဲေရာက္လို႔ အူလမ္းေၾကာင္းထဲေရာက္ၿပီဆိုရင္ ပြလာၿပီး အူလမ္းေၾကာင္းနံရံမွာ႐ွိတဲ့ မေကာင္းတဲ့ ဘက္တီးရီးယားေတြကို သန္႔႐ွင္းေပးပါတယ္။ အူလမ္းေၾကာင္းမွာ႐ွိတဲ့ မေၾကညက္တဲ့အစာေတြကို သယ္သြားေပးပါတယ္။

၂။ ကပ္ပါးေကာင္ေတြကို ေသေစတယ္

သံေကာင္ေတြျဖစ္လာမယ့္ သားေလာင္းကပ္ပါးေတြ႐ွိေနရင္ ေရထိက႐ုန္းက ဖယ္႐ွားေပးတယ္လို႔ သိပၸံပညာ႐ွင္ေတြက ႐ွာေဖြေတြ႕႐ွိထားပါတယ္။

၃။ စိတ္ေဝဒနာေတြကို ကုသေပးတယ္

လူငယ္လူ႐ြယ္ေတြမွာ အျဖစ္မ်ားတဲ့ စိတ္ဓာတ္က်ေရာဂါ၊ စိတ္ခံစားခ်က္ပုံမွန္မဟုတ္တာ ဒီလို စိတ္နဲ႔ဆိုင္တဲ့ေရာဂါေတြအတြက္လည္း ေရထိက႐ုန္းက အေထာက္အကူျဖစ္ေစပါတယ္။ ဝမ္းတစ္လုံးေကာင္း ေခါင္းမခဲ ဆိုသလိုပဲ အူရဲ႕က်န္းမာေရးက ေကာင္းမြန္တဲ့အခါ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးလည္း အဆင္ေျပလာပါတယ္။ အကယ္၍ သင္က ကိုယ့္ကိုကိုယ္ စိတ္က်ေရာဂါခံစားေနရတယ္လို႔ထင္မိရင္ ေရထိက႐ုန္းေလးခ်က္စားေပးပါေနာ္။

၄။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြႂကြယ္ဝတယ္

ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိုဖယ္႐ွားေပးတဲ့ antioxidant က ေရထိက႐ုန္းမွာလည္း ပါဝင္ပါတယ္။

၅။ အေၾကာအတြက္ေကာင္းတယ္

ေက်ာ႐ိုးမႀကီးကေန တင္ပါးကိုျဖတ္ၿပီး ေျခေထာက္အဖ်ားထိသြားတဲ့ လူ႕ခႏၶာကိုယ္ထဲက အ႐ွည္ဆုံးအေၾကာက ဒါဏ္တစ္ခုခုေၾကာင့္ နာေနတယ္ဆိုရင္ ေရထိက႐ုန္းမွာပါတဲ့ဓာတ္က အေၾကာေတြ ျပန္လည္အလုပ္လုပ္ေဆာင္ဖို႔ ေကာင္းမြန္တဲ့ေထာက္ပံ့မႈကို ေပးပါတယ္။ ဒီလိုအေၾကာ ဒါဏ္ရာရေနတဲ့သူေတြကို ေရထိက႐ုန္းအရည္နဲ႔ ကုသခဲ့ရပါတယ္။ တစ္လမွာ ၄ ရက္ ၃ လ ေသာက္ခိုင္းတဲ့အခါ ရလာဒ္ ၄၀ ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္လာတယ္လို႔ဆိုပါတယ္။

၆။ အသဲပ်က္စီးမႈကို ကာကြယ္ေပးႏိုင္ပါတယ္

အသဲက လူ႕ခႏၶာကိုယ္အတြက္ အေရးႀကီး အစိတ္အပိုင္းတစ္ခုလည္းျဖစ္ပါတယ္။ ကိုယ့္မိသားစုေတြထဲမွာ အသဲနဲ႔ပတ္သက္လို႔ မက်န္းမာတဲ့သူ႐ွိရင္ ထိက႐ုန္းခ်က္ေလး မၾကာမၾကာေကြၽးေပးျခင္းက ေဆးေကာင္းတစ္ခြက္ပါ။ အသဲကိုထိခိုက္ေစတဲ့အဆီေတြကို ေျခဖ်က္ေပးပါသတဲ့။

၇။ လူကိုထိခိုက္ေစတဲ့ မိုက္ခ႐ုပ္ေတြကို သတ္ေပးတယ္

မိုက္ခ႐ုပ္ဆိုတာကေတာ့ မိုက္ခ႐ိုစကုပ္နဲ႔ၾကည့္မွ ျမင္ႏိုင္တဲ့ ဘက္တီးရီးယား၊ မိႈ၊ ဗိုင္းရပ္စ္ ေသးေသးေလးေတြပါ။ ခုလိုအခ်ိန္မွာ ေရထိက႐ုန္းခ်က္စားေပးျခင္းက မမွားပါဘူးေနာ္။

၈။ ဒါဏ္ရာအျမန္က်က္ဖို႔လည္း သုံးတယ္

ေရထိက႐ုန္းကို ေ႐ွးယခင္ေတြတည္းက ေသြးထြက္ေနတဲ့ဒါဏ္ရာေပၚမွာ ပတ္တီးလို ငုံခဲ့ၾကတာပါ။ ေသြးတိတ္ေစၿပီး ဒါဏ္ရာကိုအက်က္ျမန္ေစပါတယ္။ ဒီအေၾကာင္းကို သိပၸံပညာ႐ွင္ေတြစမ္းသပ္ၾကတဲ့အခါမွာလည္း ေရထိက႐ုန္းထဲမွာပါတဲ့ ဓာတ္တစ္မ်ိဳးက ဒါဏ္ရာကို ဘာမွမလုပ္တဲ့ ပုံမွန္အေျခအေနထက္ ၂.၅ ဆပိုၿပီး အနာက်က္ျမန္ေစပါသတဲ့။

ထိက႐ုန္အ႐ြက္မွာ အိုင္း႐ြန္း၊ ဇင့္၊ ေကာ့ပါးေတြပါတာေၾကာင့္ အေရျပားက်န္းမာေရးအတြက္လည္းေကာင္းပါသတဲ့။

၉။ ဝမ္းေလ်ာျခင္းအတြက္ အသုံးျပဳႏိုင္

ပုံမွန္အားျဖင့္ ဝမ္းေလ်ာျခင္းကို သက္သာေစတဲ့ေဆးေတြ ႐ွာရခက္ေနခ်ိန္မွာ ေရထိက႐ုန္းကလည္း ဝမ္းသြားတဲ့အႀကိမ္ေရကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ အူလမ္းေၾကာင္းမွာ အစာသြားႏႈန္းကို ေလ်ာ့ခ်လိုက္တာျဖစ္လို႔ သြားေနတဲ့ဝမ္းကို တန္႔ေစပါတယ္။ ဒါ့အျပင္ ေရထိက႐ုန္းက အူလမ္းေၾကာင္းက်န္းမာေရးအတြက္လည္း ေကာင္းမြန္ေစပါတယ္။

၁၀။ ဝမ္းတြင္းျပည္တည္နာေတြကို သက္သာေစ

အစာအိမ္နဲ႔ အူသိမ္အေပၚပိုင္းမွာျဖစ္တတ္တဲ့ ဝမ္းတြင္းျပည္တည္နာေတြကိုလည္း သက္သာေစပါတယ္။ အစာအိမ္အခ်ဥ္ေပါက္မႈကို ေလ်ာ့က်ေစၿပီး အစာစုပ္ယူမႈေကာင္းေအာင္ အားေပးပါတယ္။

ေရထိက႐ုန္း အေစ့ ၊ အျမစ္၊ အ႐ြက္နဲ႔ ပင္စည္ေတြက ဒါဏ္ရာေတြ အျမန္အနာေဖးတက္ေစဖို႔ အသုံးဝင္တဲ့ ေဆးပင္အျဖစ္ ထင္႐ွားပါတယ္။ အေပၚမွာေဖာ္ျပခဲ့တဲ့ အခ်က္ေတြကို သိပၸံပညာ႐ွင္တစ္ခ်ိဳ႕ကလည္း စမ္းသပ္ေတြ႕႐ွိထားတာျဖစ္တာေၾကာင့္ ေဆးဝါးအခက္အခဲျဖစ္ေနခ်ိန္၊ ေဆးဝါးနဲ႔ အလွမ္းေဝးေနတဲ့ေဒသေတြမွာ ေရထိက႐ုန္းကို ဟင္းအျဖစ္သာမက ေကာင္းေကာင္း အသုံးခ်လို႔ရေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: greenwaymyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service