လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ရရှိထားသည့် လယ်မြေကို ခွဲစိတ်ဝယ်ယူသည့်အခါ ဖြစ်ပေါ်နိုင်သည့် ကိစ္စများ။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ရရှိထားသည့် လယ်မြေကို ခွဲစိတ်ဝယ်ယူသည့်အခါ ဖြစ်ပေါ်နိုင်သည့် ကိစ္စများ။ - Property Knowledge in Myanmar from iMyanmarHouse.com
10 Feb 2022 11:15 am တွင် တင်ခဲ့သည်
796 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ရရှိပြီးသော လယ်မြေ ကို တရားဝင်ရောင်းချခြင်း၊ ခွဲစိတ်ရောင်းချခြင်းကို ခွင့်ပြုထားသည့်အတွက် တရားဝင်ဝယ်ယူခွင့်ရှိပါသည်။ သို့သော် မြေကွက်တစ်ခုလုံးဝယ်ယူခြင်းမဟုတ်ဘဲ ခွဲစိတ်ဝယ်ယူသည့်အခါ သတိထားရမည့်အချက်တွေရှိပါသည်။ သတိထားရမည့်အချက်တွေနှင့် လုပ်ငန်းစဉ်များကို ဥပမာပေးကာ ဗဟုသုတရစေရန် ရေးသား ဖော်ပြပေးပါမည်။

ဝယ်သူသည် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ရရှိထားသည့် ဧက (၂၀)ရှိသော မြေကွက် အနက်မှ တစ်ဝက်ဖြစ်သော (၁၀)ဧက ဝယ်ယူမည်ဆိုလျှင် ရောင်းဖိုးငွေအတွက် စရန်ငွေပေးချေခြင်းမပြုမီ ညှိနှိုင်းသဘောတူညီချက်ကို သေချာပြုလုပ်သင့်ပြီး စရန်ပေးစာချုပ်တွင် အသေးစိတ်ရေးသားဖော်ပြရန် လိုအပ်ပါသည်။ ညှိနှိုင်းသဘောတူညီချက်ပေါ်မူတည်ပြီး ငွေပေးချေမှုအရစ်ကို သတ်မှတ်ရမှာဖြစ်ပါသည်။

စရန်ငွေပေးချေပြီးလျှင် အရောင်းအဝယ်နှင့်ပတ်သက်ပြီးသတင်းစာကြော်ငြာခြင်း၊ ဝယ်ယူသည့် မြေကွက်ဧရိယာပြည့်မီခြင်း ရှိ/မရှိ မြေတိုင်းစစ်ဆေးခြင်း၊ မြေကွက်မှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း၊ အရောင်းမြေပုံ ဖြစ်သော ၁၀၅/၁၀၆ ရေးကူးခြင်းများကို ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။

မြေကွက်ကို ခွဲစိတ်ဝယ်ယူခြင်းဖြစ်သည့်အတွက် ရောင်းသူမှ မြေကွက်နှင့်ပတ်သက်ပြီး ဝယ်ယူသူသို့ ကိုယ်စားလှယ်လွှဲစာပြုလုပ်ပေးရန် အဆင်မပြေပါဘူး။ မြေကွက်နှင့်ပတ်သက်သည့် စာရွက်စာတမ်းမူရင်းများကို ပေးအပ်ရန်လည်း အဆင်မပြေနိုင်ပါဘူး။ ထို့ကြောင့် ရောင်းသူမှ အရောင်းမြေပုံကူးပေးရန်လိုအပ်ပြီး အရောင်း မြေပုံရရှိပြီးသည့်အခါတွင် ရောင်းဖိုးငွေကို အနည်းငယ်ချန်ထားပြီး မြေကွက်လက်ရောက်ရယူရန် လိုအပ် ပါသည်။

ထိုသို့ဆောက်ရွက်ပြီးသည့်အခါ ကျေးရွာလယ်စီတွင် အရောင်းအဝယ်စာချုပ်မူကြမ်းတင်ပြပြီး သဘော ထားမှတ်ချက်ဖြင့် မြေကွက်ကိုကာလတန်ဖိုးသတ်မှတ်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ထံတင်ပြ၍ ဝယ်ခွန်နှင့်တံဆိပ်ခေါင်းခွန်ပေးဆောင်ရပါမည်။ အခွန်ဦးစီးဌာနမှ ထုတ်ပေးသည့်တံဆိပ်ခေါင်းတွင် စာချုပ် ရိုက်နှိပ်ကာ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရှေ့မှောက်တွင် ရောင်းသူနှင့် ဝယ်ယူသူတို့ အရောင်းအဝယ်စာချုပ်လက်မှတ်ရေးထိုးရပါမည်။ ထိုသို့လက်မှတ်ရေးထိုးထားသည့်စာချုပ်ကို မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးအဖွဲ့ထံတင်ပြပြီး မှတ်ပုံတင်ခပေးသွင်း၍ မှတ်ပုံတင်ရန် ဆက်လက်ဆောင်ရွက်ရပါမည်။ ကျေးရွာ လယ်စီရှေ့မှောက်တွင် လက်မှတ်ရေးထိုးသည့်နေ့တွင် ပေးရန်ကျန်ရှိသော ရောင်းဖိုးငွေကို ရောင်းသူသို့ ပေးချေရမှာဖြစ်ပါသည်။

အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ပြီးသည့်အခါတွင် မြေကွက်ကြီးမှ ဦးပိုင်ခွဲစိတ်ရန်အတွက် လျှောက်ထားရမှာဖြစ်ပြီး ဦးပိုင်ခွဲစိတ်ခြင်းကို လုပ်ထုံးလုပ်နည်းအတိုင်း ဆောက်ရွက်ပြီးသည့်အခါ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် အမည်ပြောင်းရန်အတွက် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပြီး သည့်အခါ ရောင်းသူသည် မြေစာရင်းဌာနသို့ မြေကွက်ကြီး၏ လုပ်ပိုင်ခွင့်လက်မှတ်ပြန်လည်အပ်နှံရန်နှင့် ဖျက်သိမ်းရန်လိုအပ်မှာ ဖြစ်ပါသည်။ ဌာနမှ ခွဲစိတ်ထားသည့်ဧရိယာဖြင့် လုပ်ပိုင်ခွင့်လက်မှတ်အသစ်တွင် ရောင်းသူ၊ ဝယ်ယူသူတို့ အမည်ဖြင့် ပြန်လည်ထုတ်ပေးမှာဖြစ်ပါသည်။

အထက်ပါလုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်ရာတွင် ရောင်းသူမှ လိုက်ပါဆောင်ရွက်ပေးရန်နှင့် စာရွက်စာတမ်းမူရင်းများပြသရန်အတွက် လိုအပ်သည့်အခါများတွင် ပြသပေးရန်အတွက် ကြိုတင်ညှိနှိုင်းထားရန် အရေးကြီးပါသည်။ အကွဲစိတ်ဝင်ဝယ်ယူခြင်းသည် ကိုယ်စားလှယ်လွှဲစာနှင့် စာရွက်စာတမ်းမူရင်းများ မရရှိနိုင်သည့်အတွက် ရောင်းသူလိုအပ်သည့်အချိန်များပြားတဲ့အတွက် သေချာမညှိနှိုင်းထားဘူးဆိုလျှင် အဆင် မပြေတာတွေဖြစ်လာနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ရရွိထားသည့္ လယ္ေျမကို ခြဲစိတ္ဝယ္ယူသည့္အခါ ျဖစ္ေပၚႏိုင္သည့္ ကိစၥမ်ား။

၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒအရ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပံုစံ(၇)ရရွိၿပီးေသာ လယ္ေျမ ကို တရားဝင္ေရာင္းခ်ျခင္း၊ ခြဲစိတ္ေရာင္းခ်ျခင္းကို ခြင့္ျပဳထားသည့္အတြက္ တရားဝင္ဝယ္ယူခြင့္ရွိပါသည္။ သို႔ေသာ္ ေျမကြက္တစ္ခုလံုးဝယ္ယူျခင္းမဟုတ္ဘဲ ခြဲစိတ္ဝယ္ယူသည့္အခါ သတိထားရမည့္အခ်က္ေတြရွိပါသည္။ သတိထားရမည့္အခ်က္ေတြႏွင့္ လုပ္ငန္းစဥ္မ်ားကို ဥပမာေပးကာ ဗဟုသုတရေစရန္ ေရးသား ေဖာ္ျပေပးပါမည္။

ဝယ္သူသည္ လယ္ယာေျမလုပ္ပုိင္ခြင့္လက္မွတ္ ပံုစံ(၇)ရရွိထားသည့္ ဧက (၂၀)ရွိေသာ ေျမကြက္ အနက္မွ တစ္ဝက္ျဖစ္ေသာ (၁၀)ဧက ဝယ္ယူမည္ဆိုလွ်င္ ေရာင္းဖိုးေငြအတြက္ စရန္ေငြေပးေခ်ျခင္းမျပဳမီ ညွိႏႈိင္းသေဘာတူညီခ်က္ကို ေသခ်ာျပဳလုပ္သင့္ၿပီး စရန္ေပးစာခ်ဳပ္တြင္ အေသးစိတ္ေရးသားေဖာ္ျပရန္ လိုအပ္ပါသည္။ ညွိႏိႈင္းသေဘာတူညီခ်က္ေပၚမူတည္ၿပီး ေငြေပးေခ်မႈအရစ္ကို သတ္မွတ္ရမွာျဖစ္ပါသည္။

စရန္ေငြေပးေခ်ၿပီးလွ်င္ အေရာင္းအဝယ္ႏွင့္ပတ္သက္ၿပီးသတင္းစာေၾကာ္ျငာျခင္း၊ ဝယ္ယူသည့္ ေျမကြက္ဧရိယာျပည့္မီျခင္း ရွိ/မရွိ ေျမတိုင္းစစ္ေဆးျခင္း၊ ေျမကြက္မွန္ကန္မႈရွိ/မရွိစစ္ေဆးျခင္း၊ အေရာင္းေျမပံု ျဖစ္ေသာ ၁၀၅/၁၀၆ ေရးကူးျခင္းမ်ားကို ေဆာင္ရြက္ရန္လိုအပ္မည္ျဖစ္ပါသည္။

ေျမကြက္ကို ခြဲစိတ္ဝယ္ယူျခင္းျဖစ္သည့္အတြက္ ေရာင္းသူမွ ေျမကြက္ႏွင့္ပတ္သက္ၿပီး ဝယ္ယူသူသို႔ ကိုယ္စားလွယ္လႊဲစာျပဳလုပ္ေပးရန္ အဆင္မေျပပါဘူး။ ေျမကြက္ႏွင့္ပတ္သက္သည့္ စာရြက္စာတမ္းမူရင္းမ်ားကို ေပးအပ္ရန္လည္း အဆင္မေျပႏိုင္ပါဘူး။ ထို႔ေၾကာင့္ ေရာင္းသူမွ အေရာင္းေျမပံုကူးေပးရန္လိုအပ္ၿပီး အေရာင္း ေျမပံုရရွိၿပီးသည့္အခါတြင္ ေရာင္းဖိုးေငြကို အနည္းငယ္ခ်န္ထားၿပီး ေျမကြက္လက္ေရာက္ရယူရန္ လိုအပ္ ပါသည္။

ထုိသု႔ိေဆာက္ရြက္ၿပီးသည့္အခါ ေက်းရြာလယ္စီတြင္ အေရာင္းအဝယ္စာခ်ဳပ္မူၾကမ္းတင္ျပၿပီး သေဘာ ထားမွတ္ခ်က္ျဖင့္ ေျမကြက္ကိုကာလတန္ဖိုးသတ္မွတ္ၿပီး ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕ထံတင္ျပ၍ ဝယ္ခြန္ႏွင့္တံဆိပ္ေခါင္းခြန္ေပးေဆာင္ရပါမည္။ အခြန္ဦးစီးဌာနမွ ထုတ္ေပးသည့္တံဆိပ္ေခါင္းတြင္ စာခ်ဳပ္ ရိုက္ႏွိပ္ကာ ေက်းရြာလယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕ေရွ႕ေမွာက္တြင္ ေရာင္းသူႏွင့္ ဝယ္ယူသူတို႔ အေရာင္း အဝယ္စာခ်ဳပ္လက္မွတ္ေရးထုိးရပါမည္။ ထိုသုိ႔လက္မွတ္ေရးထိုးထားသည့္စာခ်ဳပ္ကို ၿမိဳ႕နယ္လယ္ယာေျမစီမံ ခန္႔ခြဲေရးအဖြဲ႕ထံတင္ျပၿပီး မွတ္ပံုတင္ခေပးသြင္း၍ မွတ္ပံုတင္ရန္ ဆက္လက္ေဆာင္ရြက္ရပါမည္။ ေက်းရြာ လယ္စီေရွ႕ေမွာက္တြင္ လက္မွတ္ေရးထုိးသည့္ေန႔တြင္ ေပးရန္က်န္ရွိေသာ ေရာင္းဖိုးေငြကို ေရာင္းသူသို႔ ေပးေခ်ရမွာျဖစ္ပါသည္။

အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပံုတင္ၿပီးသည့္အခါတြင္ ေျမကြက္ႀကီးမွ ဦးပိုင္ခြဲစိတ္ရန္အတြက္ ေလွ်ာက္ထားရမွာျဖစ္ၿပီး ဦးပိုင္ခြဲစိတ္ျခင္းကို လုပ္ထံုးလုပ္နည္းအတုိင္း ေဆာက္ရြက္ၿပီးသည့္အခါ လယ္ယာေျမ လုပ္ပိုင္ခြင့္လက္မွတ္ အမည္ေျပာင္းရန္အတြက္ ဆက္လက္ေဆာင္ရြက္ရမွာျဖစ္ပါသည္။ ထိုသုိ႔ေဆာင္ရြက္ၿပီး သည့္အခါ ေရာင္းသူသည္ ေျမစာရင္းဌာနသို႔ ေျမကြက္ႀကီး၏ လုပ္ပိုင္ခြင့္လက္မွတ္ျပန္လည္အပ္ႏွံရန္ႏွင့္ ဖ်က္သိမ္းရန္လိုအပ္မွာ ျဖစ္ပါသည္။ ဌာနမွ ခြဲစိတ္ထားသည့္ဧရိယာျဖင့္ လုပ္ပိုင္ခြင့္လက္မွတ္အသစ္တြင္ ေရာင္းသူ၊ ဝယ္ယူသူတုိ႔ အမည္ျဖင့္ ျပန္လည္ထုတ္ေပးမွာျဖစ္ပါသည္။

အထက္ပါလုပ္ငန္းစဥ္အဆင့္ဆင့္ေဆာင္ရြက္ရာတြင္ ေရာင္းသူမွ လိုက္ပါေဆာင္ရြက္ေပးရန္ႏွင့္ စာရြက္စာတမ္းမူရင္းမ်ားျပသရန္အတြက္ လိုအပ္သည့္အခါမ်ားတြင္ ျပသေပးရန္အတြက္ ႀကိဳတင္ညွိႏိႈင္းထားရန္ အေရးႀကီးပါသည္။ အကြဲစိတ္ဝင္ဝယ္ယူျခင္းသည္ ကိုယ္စားလွယ္လႊဲစာႏွင့္ စာရြက္စာတမ္းမူရင္းမ်ား မရရွိႏိုင္သည့္အတြက္ ေရာင္းသူလိုအပ္သည့္အခ်ိန္မ်ားျပားတဲ့အတြက္ ေသခ်ာမညွိႏိႈင္းထားဘူးဆိုလွ်င္ အဆင္ မေျပတာေတြျဖစ္လာႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service