iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၁) - Property Interview from iMyanmarHouse.com
5373 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးကွက် အခြေအနေမှာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်အထိ အရောင်းအဝယ် အေးနေကြောင်း၊ လက်ရှိမှာ ရွေးကောက်ပွဲကာလ ပြီးဆုံးသွားသည့် နောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် အရောင်းရော အငှားပါ ပြန်လည် ဦးမော့လာကြောင်း သိရပါသည်။

ယခင်ကထက် အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းအနေဖြင့် အကျဘက်သို့ ဦးတည်နေကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အစုရှယ်ယာဈေးကွက် ပေါ်ထွက်လာနိုင်ခြေရှိပြီး ပေါ်ထွက်လာမည်ဖြစ်ပါကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမည်ဖြစ်ကြောင်း၊ အစုရှယ်ယာဈေးကွက် ကြီးမားကျယ်ပြန့်မှုပေါ် မူတည်၍ အိမ်ခြံမြေဈေးကွက် အခြေအနေ ပြောင်းလဲလာနိုင်ကြောင်း ပြောသွားပါသည်။

နိုင်ငံတော်အစိုးရအသစ် ပြောင်းလဲမည်ဖြစ်သောကြောင့် ဈေကွက် အခြေအနေ ပြောင်းလဲလာနိုင်ကြောင်း၊ ဥပမာအားဖြင့် စင်္ကာပူနိုင်ငံတွင် အစိုးရ၏ မူဝါဒကြောင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်းများမှာ ၁၀ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ကို တွေ့ရကြောင်း ပြောသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App