Royal Htun Thitsar အိမ်ခြံမြေ အကျိုးဆောင်မှ Managing Director ဦးတင်မောင် နှင့်အင်တာဗျူး
Posted by မေသက်နှင်း (iMyanmarHouse.com)
Royal Htun Thitsar အိမ်ခြံမြေအကျိုးဆောင်အနေဖြင့် မန္တလေးမြို့၏မြို့သစ်ပိုင်း နှင့်မြို့ထဲပိုင်းကို အများဆုံး အကျိုးဆောင် ပေးဖြစ်ကြောင်းသိရှိရပါသည်။အကျိုးဆောင်ကုမ္မဏီ အဖြစ်တည်ထောင်ခဲ့ ချိန်မှာယခုနှစ်တွင် ၂၃နှစ်ပြည့်ပြီ ဖြစ်ကြောင်းသိရှိရပါသည်။လက်ရှိအိမ်ခြံမြေ ဈေးကွက်အနေဖြင့်အနည်းငယ်တည်ငြိမ်နေ ကြောင်းသိရှိရပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုအပေါ် မူတည်ကာ ဈေးကွက်အခြေအနေမှာလည်း ပြောင်းလဲမှုများ ရှိနေကြောင်း သိရှိရပါသည်။
မြို့ထဲဘက်တွင် အနေများသော မိသားစုများမှ မိဘအိုးအိမ် အမွေခွဲမှုများဖြင့် မြို့သစ်ပိုင်းတွင် ဝယ်ယူနေထိုင် အခြေချြ ဖစ်ကြသောကြောင့် မြို့သစ်ပိုင်းတွင် စည်ကားမှုများ များလာကြောင်း သိရှိရပါသည်။ ကျောက်မျက် အရောင်း ပိုမိုဖွံ့ဖြိုးလာလျှင် အိမ်ခြံမြေဈေးကွက်မှာလည်း ပြန်လည် တိုးတက် လာနိုင်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံမှ ပြည်သူလူထုများ၏ ပိုင်ဆိုင်မှု အချိုးကျဆင်းေ နသောအချိန်၊တရုတ်ပြည်မှ ကျောက်မျက်ရတနာ ဈေးကွက်အခွန်နူန်းထားများတိုးကောက်လိုက်သောအချိန်၊ ကျောက်စိမ်းထွက်ရှိမှု လျှော့နည်းနေသောအချိန် ဖြစ်နေသောကြောင့် ကျောက်အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှုနူန်ူးထား များလည်း ကျဆင်း သွားသောကြောင့် မန္တလေးမြို့၏အိမ်ခြံမြေ ဈေးကွက်မှာ အနည်းငယ်တည်ငြိမ်သွားကြောင်း သိရှိရပါသည်။