iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၂)
Posted by ပန်စုစုထွန်း (iMyanmarHouse.com)
ဥပမာအားဖြင့် ပြောရမည်ဆိုလျှင် Dagon City Project မျိုးဆိုလျှင် အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းလိုက်ရပါ သည်။ ကြိုပွိုင့်စနစ်ဖြစ်ခဲ့သောကြောင့်Customer တွေ အတွက် နစ်နာမှုများ များစွာရှိခဲ့ကြောင်း တွေ့ရပါသည်။ ၂၀၁၂ခုနှစ်မှစတင်ကာ၂၀၁၅ခုနှစ်အထိ ၃နှစ်တိတိရေးဆွဲ လာသော Condominium Project မှာလည်း ဥပဒေကြမ်း အနေအဖြစ်သာထွက်ရှိထားသေးသောကြောင့် ပြည်သူတွေအနေဖြင့်လည်း Condominium Project ထွက်ရှိလာမှသာ Condo စနစ်ဆောက်လုပ်မှုများအပေါ်ယုံကြည် သင့်ကြောင်း ပြောပြပေးသွားပါသည်။
လက်ရှိအိမ်ခြံမြေဈေးကွက် အခြေအနေမှာတော့ဆက် လက်အေးနေမည်ဟု သတ်မှတ်နိုင်ပါသည်။ သို့သော်၂၀၁၅ခုနှစ်မှာ Condominium Project အတည်ပြု ထွက်ရှိလာမည်ဆိုလျှင် နိုင်ငံခြားသားများကပါ Condo ဝယ်ယူမှုများရှိလာမည် ဖြစ်သောကြောင့် နိုင်ငံ၏နေထိုင်မှုစနစ်ဖွံဖြိုးတိုးတက်လာနိုင်ကြောင်း၊ ရွေးကောက်ပွဲပြီးသွားလျှင် ရွေးကောက်ပွဲရလဒ်ကိုကြည့်ကာ ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက်လာနိုင်သောကြောင့် အိမ်ခြံမြေဈေးကွက် အနေအထားမှာလည်း ပြန်လည်တိုးတက်လာနိုင်ကြောင်း နှင့် နောက်ဆုံးတစ်ချက်မှာတော့ မဟာရန်ကုန်မြို့ပြစီမံကိန်း (၇)ခုအကောင်အထည်ဖော်ပြီးလျှင် အိမ်ခြံမြေအရောင်း အဝယ်များ သွက်လာနိုင်ပြီး ဈေးကွက်အခြေအနေမှာလည်း ပိုမိုကောင်းမွန်လာနိုင်ကြောင်း ခန့်မှန်းပြောပြခဲ့ပါသည်။