Real Estate Show Myanmar 2015 တွင် iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ၏ ပါဝင် ဆွေးနွေးမှု (အပိုင်း-၁) - Property Interview from iMyanmarHouse.com
2426 ကြိမ် ကြည့်ရှု့ ပြီး

Real Estate Show Myanmar 2015 တွင် iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ၏ ပါဝင် ဆွေးနွေးမှု (အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

Real Estate Show Myanmar 2015 ကို သြဂုတ်လ (၃)ရက် မှ (၅)ရက်နေ့ထိ Sule Shangri-La Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုနေ့ ဆွေးနွေးပွဲမှာ iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ၏ ပါဝင် ဆွေးနွေးမှုများကို ခုလိုပဲ ကောက်နှုတ် တင်ပြလိုက်ပါတယ်။

Moderator : မြန်မာနိုင်ငံနဲ့ e-commerce ပေါ်အမြင်ကို ပြောပြပေးပါ။

U Nay Min Thu : ကမ္ဘာ့e-commerce က အမှန်တကယ်ကို ဖွံ့ဖြိုးတိုးတက်လာနေပါတယ်။ ကျွန်တော်ကိုယ်တိုင် e-commerce ရဲ့ အနာဂတ်ကို ယုံကြည်ပါတယ်။ ဒါပေမယ့် တစ်နည်းဆိုရရင်တော့ ၀ယ်သူတွေပေါ်မူတည်ပြီး ကျွန်တော်တို့ offline ပစ္စည်းတွေကို ၇၀ ရာခိုင်နှုန်းလောက် လက်ခံနေရဆဲပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ e-commerce မဖွံ့ဖြိုးလာမှာ စိုးရိမ်စရာမရှိပါဘူး။ ဒီလိုဆိုလို့လည်း offline shop တွေရဲ့ ၀င်ငွေကျဆင်းသွားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံကို ကြည့်မယ်ဆိုရင် အင်တာနက်အသုံးပြုမှုက အရမ်းအရမ်းကို များပြားတာတွေ့ရမှာပါ။ ဒါတောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပစ္စည်းရောင်းချရမှု ၉၀ ရာခိုင်နှုန်းကျော်က offline shop တွေကနေပါ။ ဒါ့ကြောင့် ကျွန်တော်တို့က အွန်လိုင်းရော offline ကိုပါ ကြိုဆိုလက်ခံသွားရမှာပါ။

Moderator : အနာဂတ်မှာ offline နဲ့ online တွဲထားတဲ့ နည်းဗျူဟာက ကျဆင်းသွားမယ်လို့ ထင်ပါသလား။

U Nay Min Thu : Apple ကုမ္ပဏီကို ကြည့်မယ်ဆိုရင် စတိဗ်ဂျော့ဂ်ျက Apple ကို ၁၉၉၇ မှာ ပြန်အသက်သွင်းပြီး ပထမဆုံး Apple Store ကို ၂၀၀၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တယ်။ iPod ကို မိတ်ဆက်မရောင်းချခင်ကတည်းက ဆိုပါတော့။ ဒီတော့ ခုဆို Apple Store ဆိုင်တိုင်းကို ကြည့်မယ်ဆို Apple Store ဆိုင်တိုင်းက တခြားနည်းပညာ အသုံးအဆောင် ပစ္စည်းဆိုင် တွေနဲ့ ပေအကျယ်ချင်း ယှဉ်ရင် ၀င်ငွေ အမြင့်မား ဆုံးဖြစ်နေတာကို တွေ့ရမှာပါ။ ဒီလို Apple ကတောင် offline ပစ္စည်းတွေကို လက်ခံထားတာပါ။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)