226 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

[Unicode]


တစ်နေ့ကျရင် ကိုယ်ပိုင်နေအိမ်လေးတစ်လုံး ပိုင်ဆိုင်ကြရမယ်။ အဲဒီ အိမ်လေးမှာ ဘယ်လိုအခန်းလေး တွေဖွဲ့မယ်။ ဘယ်လိုလေးဆောက်မယ်။ ဘာလေးတွေ ထည့်မယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်လေးတစ်ခုစီတော့ လူတိုင်းမှာရှိကြပါလိမ့်မယ်။ ဘွဲ့ရအလုပ်လုပ်ပြီး စုဆောင်းထားတဲ့ ငွေကြေးလေးတွေနဲ့ ကိုယ်ပိုင်အိမ်လေး တစ်လုံး ဝယ်နိုင်ခဲ့ပြီလား ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတစ်ယောက် ဖြစ်တာမို့လို့ ကိုယ်ပိုင်အိမ်လေးတစ်လုံး ဝယ်နိုင်တဲ့ အနေအထားကို ရောက်ခဲ့ပြီလား။

 

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

 

ဘဝရဲ့ ပထမဆုံး ပိုင်ဆိုင်ခွင့်ရတဲ့ နေအိမ်လေးတစ်လုံးရှိလို့ စိတ်ကူးလေးတွေ အကောင်အထည်ဖော်ကြတော့မလား။ စတဲ့မေးခွန်းလေးတွေနဲ့ အဖြေလေးတွေအတွက် အခု ဖော်ပြပေးမယ့် ဆောင်းပါးလေးမှာ ပထမဆုံးကိုယ်ပိုင် အိမ်လေးကိုဘယ်လိုလေးပြင်ဆင်ကြမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

 

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 


သင်က တရားဝင် အိုးပိုင် အိမ်ပိုင်ဖြစ်ခွင့်ရခဲ့ပြီ။ သင့်ဘဝအတွက် ပထမဆုံး အိမ်ပိုင်လေးတစ်လုံးကိုလည်း ပြောင်းရွှေ့နေထိုင်ဖို့ စိတ်လှုပ်ရှားပျော်ရွှင်နေမယ်။ မျှော်လင့်ချက်တွေအများကြီးလည်းရှိမယ်။ နောက်ပြီး စိတ်ကူးထားတာလေးတွေလည်းအကောင်အထည်ဖော်ချင်မယ်။ ဒီလိုလေးတွေ ရှိနေတဲ့သူတွေအတွက် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေနဲ့ ဘဝအတွက် ပထမဆုံးနေအိမ်လေးတွေကို ပြင်ဆင်လိုက်ပါနော်..

 


နံရံကပ်လေးတွေနဲ့ စတင်ပါ


အကယ်၍ သင်ဝယ်လိုက်တဲ့ အိမ်ခန်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကြာကတည်းက နေရာတစ်ခုဖြစ်နေခဲ့မယ်ဆို ရင်တော့ သင့်စိတ်ကြိုက် ပြင်ဆင်ဖို့ အချိန်ကျလာပါပြီ။ သင့်အိမ်အသစ်လေးရဲ့ ပထမဆုံးအလှဆင်ခြင်းကို အရောင်တွေနဲ့ စတင်နိုင်ပါတယ်။

 

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

သင့်ဧည့်ခန်းလေးကို နွေးနွေးထွေးထွေး ခံစားလို့ရအောင် အရောင်လေးတွေ ထည့်နိုင်ပါတယ်။ မတူညီတဲ့ အရောင်ကွဲလေးတွေ၊ နံရံကပ်၊ မျက်နှာကြက်၊ အခင်းလေးတွေကစလို့ ပရိဘောဂ၊ စားပွဲ၊ ကုလားထိုင် အလှဆင်ပစ္စည်းလေးတွေအဆုံး လှပတဲ့ ဧည့်ခန်းလေးဖြစ်အောင် ပြင်ဆင်လို့ရပါတယ်။

 

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

 

 

ပစ္စည်းတွေနေရာချဖို့နဲ့ ပရိဘောဂရွေးချယ်မှုတွေကို ဦးစားပေးပါ။


အိမ်တွင်း ပစ္စည်းနဲ့ ပရိဘောဂတွေ ထားရှိနေရာချထားဖို့က အရေးကြီးဆုံး အချက်တစ်ခုဖြစ်ကြောင်း သတိရပါ။ အဖိုးတန်တဲ့ ရှေးဟောင်းပစ္စည်းတွေ၊ နှစ်တွေအကြာကြီး သိမ်းဆည်းလာတဲ့ အမှတ်တရပစ္စည်းတွေကို နေအိမ်ရဲ့ အကြီးကျယ်ဆုံးသော အရာတွေအဖြစ် ပြင်ဆင်ထားရှိပါ။

 

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

ဆန့်ကျင်ဘက်အနေနဲ့ မလိုအပ်တဲ့ ပစ္စည်းတွေ၊ အပျက်အစီးတွေ၊ အဟောင်းတွေကိုတော့ စွန့်ပစ်လိုက်တာ ပိုကောင်းပါတယ်။ နေရာအသစ်ကို ပြောင်းရွှေ့လာတာကြောင့် အခုအချိန်ဟာ သင်စိတ်တိုင်းအကျဆုံး နေချင်ဆုံးနေရာလေးတစ်ခုကို ဖန်တီးရမယ့် အချိန်မို့လို့ စိတ်ကူးထဲကအတိုင်း ဖန်တီးကြည့်ဖို့လည်း တိုက်တွန်းပါတယ်။ ရှုပ်ပွနေတဲ့အသွင်အပြင်မျိုးနဲ့ စိတ်ရှုပ်စေပြီး စိတ်ကို မအေးချမ်းစေတဲ့ အပြင်အဆင်မျိုး ဖန်တီးခြင်းကိုတော့ ရှောင်ပါ။

 

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

 

 

အိပ်ခန်းထဲမှာလည်း အရာဝတ္တုတွေ လိုအပ်သလို ထားရှိပါ။


အမေရိကန်ပြည်ထောင်စုက အရွယ်ရောက်ပြီးသူတွေရဲ့ အိမ်မှာ သုံးပုံတစ်ပုံခန့်က အိပ်ခန်းထဲမှာ အချိန်ဖြုန်းနေတတ်ကြတယ်လို့ စာရင်းပြုစုထားပါတယ်။ ဒါကြောင့်မို့လို့ နေအိမ်အသစ်ပြောင်းရွှေ့ ပြင်ဆင်တော့မယ်ဆိုရင် ပရိဘောဂ ဝယ်ယူမယ့်စာရင်းမှာအိပ်ခန်းအသုံးအဆောင်တွေကိုလည်း ထိပ်ဆုံးက ထည့်သင့်ပါတယ်။

 

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

အိပ်ခန်းအတွက် အရေးကြီးတဲ့ ကုတင်၊ စာကြည့်စားပွဲ၊ တီဗွီစင်နဲ့ ရေခဲသေတ္တာ၊ အလှပြင်ပစ္စည်း၊ အဝတ်အစား ဘီဒို စတဲ့ အခြေခံကျတဲ့ အရာတွေထည့်သွင်းထားရှိနိုင်ပါတယ်။ အိပ်ခန်းရဲ့ အကျယ်အဝန်းပေါ် မူတည်ပြီးတော့လည်း မိမိတစ်ကိုယ်ရည်လိုအပ်တဲ့ ပစ္စည်းအသုံးအဆောင်တွေ ထည့်သွင်းနိုင်ပါတယ်။

 

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

 

 

တချိန်တည်းမှာ ပြီးပြည့်စုံပြီး လှပသန့်ရှင်းသပ်ရပ်တဲ့ နေအိမ်မျိုး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပါနဲ့။


သင့်အတွက် ပထမဆုံးအိမ်ကို ပြောင်းလာရတာ စိတ်လှုပ်ရှားစရာကောင်းနေမှာပါ။ အရာရာတိုင်းက ပြီးပြည့်စုံလှပပြီး အံ့အားသင့်စရာတွေလည်း ကြုံကောင်းကြုံလာနိုင်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း အားလုံးအဆင်ပြေ ချောမွေ့ပြီး လှပတဲ့ အိမ်လေးတစ်လုံး တစ်ချိန်တည်းမှာ ဖြစ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးလည်း မထားပါနဲ့။ ဖြစ်နိုင်ပါက အိမ်ကို မဝယ်ယူခင်မှာ ရက်သတ္တပတ်အနည်းငယ်ကြာ နေထိုင်ခွင့်ရမယ်ဆိုရင် ပိုကောင်းပါတယ်။ အိမ်လေးကို ဘယ်လို ပြင်ဆင်မယ်။

 

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

အိမ်မှာနေရတဲ့ ခံစားချက် ဘယ်လိုရှိမလဲ။ အိပ်ရာနဲ့ မီးဖိုချောင် စားပွဲတွေကရော ဘယ်လိုမျိုး ပြင်ဆင်လိုက်ရင်ပိုပြီးတော့ လှပသပ်ရပ်နေမလဲ ဆိုတာတွေကို ကြိုပြီး စဉ်းစားမိပါလိမ့်မယ်။

 

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

 

အခုဖော်ပြပေးတဲ့ နည်းလမ်း အကြံပြုချက်လေးတွေ လိုက်နာပြီးတော့ ဘဝအတွက် ပထမဆုံး နေအိမ်ခန်း လေးကို ဘယ်လိုအလှဆုံးနဲ့ ပုံဖော်ကြမလဲဆိုတာလေးကို တွေးရင်း ပျော်ရွှင်နိုင်ကြပါစေ ဆုတောင်းပေး လိုက်ပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဘဝရဲ႕ ပထမဆုံးေနအိမ္ေလးကို ဘယ္လိုျပင္ဆင္ၾကမလဲ?

 

တစ္ေန႔က်ရင္ ကိုယ္ပိုင္ေနအိမ္ေလးတစ္လုံး ပိုင္ဆိုင္ၾကရမယ္။ အဲဒီ အိမ္ေလးမွာ ဘယ္လိုအခန္းေလး ေတြဖြဲ႕မယ္။ ဘယ္လိုေလးေဆာက္မယ္။ ဘာေလးေတြ ထည့္မယ္ဆိုတဲ့ စိတ္ကူးယဥ္အိပ္မက္ေလးတစ္ခုစီေတာ့ လူတိုင္းမွာ႐ွိၾကပါလိမ့္မယ္။ ဘြဲ႕ရအလုပ္လုပ္ၿပီး စုေဆာင္းထားတဲ့ ေငြေၾကးေလးေတြနဲ႔ ကိုယ္ပိုင္အိမ္ေလး တစ္လုံး ဝယ္ႏိုင္ခဲ့ၿပီလား ဒါမွမဟုတ္ အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္ ျဖစ္တာမို႔လို႔ ကိုယ္ပိုင္အိမ္ေလးတစ္လုံး ဝယ္ႏိုင္တဲ့ အေနအထားကို ေရာက္ခဲ့ၿပီလား။

ဘဝရဲ႕ ပထမဆုံး ပိုင္ဆိုင္ခြင့္ရတဲ့ ေနအိမ္ေလးတစ္လုံး႐ွိလို႔ စိတ္ကူးေလးေတြ အေကာင္အထည္ေဖာ္ၾကေတာ့မလား။ စတဲ့ေမးခြန္းေလးေတြနဲ႔ အေျဖေလးေတြအတြက္ အခု ေဖာ္ျပေပးမယ့္ ေဆာင္းပါးေလးမွာ ပထမဆုံးကိုယ္ပိုင္ အိမ္ေလးကိုဘယ္လိုေလးျပင္ဆင္ၾကမလဲဆိုတဲ့ နည္းလမ္းေကာင္းေလးေတြ ေဖာ္ျပေပးခ်င္ပါတယ္။


သင္က တရားဝင္ အိုးပိုင္ အိမ္ပိုင္ျဖစ္ခြင့္ရခဲ့ၿပီ။ သင့္ဘဝအတြက္ ပထမဆုံး အိမ္ပိုင္ေလးတစ္လုံးကိုလည္း ေျပာင္းေ႐ႊ႕ေနထိုင္ဖို႔ စိတ္လႈပ္႐ွားေပ်ာ္႐ႊင္ေနမယ္။ ေမွ်ာ္လင့္ခ်က္ေတြအမ်ားႀကီးလည္း႐ွိမယ္။ ေနာက္ၿပီး စိတ္ကူးထားတာေလးေတြလည္းအေကာင္အထည္ေဖာ္ခ်င္မယ္။ ဒီလိုေလးေတြ ႐ွိေနတဲ့သူေတြအတြက္ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြနဲ႔ ဘဝအတြက္ ပထမဆုံးေနအိမ္ေလးေတြကို ျပင္ဆင္လိုက္ပါေနာ္..


နံရံကပ္ေလးေတြနဲ႔ စတင္ပါ


အကယ္၍ သင္ဝယ္လိုက္တဲ့ အိမ္ခန္းက လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ၾကာကတည္းက ေနရာတစ္ခုျဖစ္ေနခဲ့မယ္ဆို ရင္ေတာ့ သင့္စိတ္ႀကိဳက္ ျပင္ဆင္ဖို႔ အခ်ိန္က်လာပါၿပီ။ သင့္အိမ္အသစ္ေလးရဲ႕ ပထမဆုံးအလွဆင္ျခင္းကို အေရာင္ေတြနဲ႔ စတင္ႏိုင္ပါတယ္။ သင့္ဧည့္ခန္းေလးကို ေႏြးေႏြးေထြးေထြး ခံစားလို႔ရေအာင္ အေရာင္ေလးေတြ ထည့္ႏိုင္ပါတယ္။ မတူညီတဲ့ အေရာင္ကြဲေလးေတြ၊ နံရံကပ္၊ မ်က္ႏွာၾကက္၊ အခင္းေလးေတြကစလို႔ ပရိေဘာဂ၊ စားပြဲ၊ ကုလားထိုင္ အလွဆင္ပစၥည္းေလးေတြအဆုံး လွပတဲ့ ဧည့္ခန္းေလးျဖစ္ေအာင္ ျပင္ဆင္လို႔ရပါတယ္။

 

ပစၥည္းေတြေနရာခ်ဖို႔နဲ႔ ပရိေဘာဂေ႐ြးခ်ယ္မႈေတြကို ဦးစားေပးပါ။


အိမ္တြင္း ပစၥည္းနဲ႔ ပရိေဘာဂေတြ ထား႐ွိေနရာခ်ထားဖို႔က အေရးႀကီးဆုံး အခ်က္တစ္ခုျဖစ္ေၾကာင္း သတိရပါ။ အဖိုးတန္တဲ့ ေ႐ွးေဟာင္းပစၥည္းေတြ၊ ႏွစ္ေတြအၾကာႀကီး သိမ္းဆည္းလာတဲ့ အမွတ္တရပစၥည္းေတြကို ေနအိမ္ရဲ႕ အႀကီးက်ယ္ဆုံးေသာ အရာေတြအျဖစ္ ျပင္ဆင္ထား႐ွိပါ။

ဆန္႔က်င္ဘက္အေနနဲ႔ မလိုအပ္တဲ့ ပစၥည္းေတြ၊ အပ်က္အစီးေတြ၊ အေဟာင္းေတြကိုေတာ့ စြန္႔ပစ္လိုက္တာ ပိုေကာင္းပါတယ္။ ေနရာအသစ္ကို ေျပာင္းေ႐ႊ႕လာတာေၾကာင့္ အခုအခ်ိန္ဟာ သင္စိတ္တိုင္းအက်ဆုံး ေနခ်င္ဆုံးေနရာေလးတစ္ခုကို ဖန္တီးရမယ့္ အခ်ိန္မို႔လို႔ စိတ္ကူးထဲကအတိုင္း ဖန္တီးၾကည့္ဖို႔လည္း တိုက္တြန္းပါတယ္။ ႐ႈပ္ပြေနတဲ့အသြင္အျပင္မ်ိဳးနဲ႔ စိတ္႐ႈပ္ ေစၿပီး စိတ္ကို မေအးခ်မ္းေစတဲ့ အျပင္အဆင္မ်ိဳး ဖန္တီးျခင္းကိုေတာ့ ေ႐ွာင္ပါ။

 

အိပ္ခန္းထဲမွာလည္း အရာဝတၱဳေတြ လိုအပ္သလို ထား႐ွိပါ။


အေမရိကန္ျပည္ေထာင္စုက အ႐ြယ္ေရာက္ၿပီးသူေတြရဲ႕ အိမ္မွာ သုံးပုံတစ္ပုံခန္႔က အိပ္ခန္းထဲမွာ အခ်ိန္ျဖဳန္းေနတတ္ၾကတယ္လို႔ စာရင္းျပဳစုထားပါတယ္။ ဒါေၾကာင့္မို႔လို႔ ေနအိမ္အသစ္ေျပာင္းေ႐ႊ႕ ျပင္ဆင္ေတာ့မယ္ဆိုရင္ ပရိေဘာဂ ဝယ္ယူမယ့္စာရင္းမွာအိပ္ခန္းအသုံးအေဆာင္ေတြကိုလည္း ထိပ္ဆုံးက ထည့္သင့္ပါတယ္။ အိပ္ခန္းအတြက္ အေရးႀကီးတဲ့ ကုတင္၊ စာၾကည့္စားပြဲ၊ တီဗြီစင္နဲ႔ ေရခဲေသတၱာ၊ အလွျပင္ပစၥည္း၊ အဝတ္အစား ဘီဒို စတဲ့ အေျခခံက်တဲ့ အရာေတြထည့္သြင္းထား႐ွိႏိုင္ပါတယ္။ အိပ္ခန္းရဲ႕ အက်ယ္အဝန္းေပၚ မူတည္ၿပီးေတာ့လည္း မိမိတစ္ကိုယ္ရည္လိုအပ္တဲ့ ပစၥည္းအသုံးအေဆာင္ေတြ ထည့္သြင္းႏိုင္ပါတယ္။

 

တခ်ိန္တည္းမွာ ၿပီးျပည့္စုံၿပီး လွပသန္႔႐ွင္းသပ္ရပ္တဲ့ ေနအိမ္မ်ိဳး ျဖစ္လာလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားပါနဲ႔။


သင့္အတြက္ ပထမဆုံးအိမ္ကို ေျပာင္းလာရတာ စိတ္လႈပ္႐ွားစရာေကာင္းေနမွာပါ။ အရာရာတိုင္းက ၿပီးျပည့္စုံလွပၿပီး အံ့အားသင့္စရာေတြလည္း ၾကဳံေကာင္းၾကဳံလာႏိုင္ပါတယ္။ ဒါကလည္း ျဖစ္ႏိုင္ပါတယ္။ တစ္ဖက္မွာလည္း အားလုံးအဆင္ေျပ ေခ်ာေမြ႕ၿပီး လွပတဲ့ အိမ္ေလးတစ္လုံး တစ္ခ်ိန္တည္းမွာ ျဖစ္လာလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္မ်ိဳးလည္း မထားပါနဲ႔။ ျဖစ္ႏိုင္ပါက အိမ္ကို မဝယ္ယူခင္မွာ ရက္သတၱပတ္အနည္းငယ္ၾကာ ေနထိုင္ခြင့္ရမယ္ဆိုရင္ ပိုေကာင္းပါတယ္။ အိမ္ေလးကို ဘယ္လို ျပင္ဆင္မယ္။ အိမ္မွာေနရတဲ့ ခံစားခ်က္ ဘယ္လို႐ွိမလဲ။ အိပ္ရာနဲ႔ မီးဖိုေခ်ာင္ စားပြဲေတြကေရာ ဘယ္လိုမ်ိဳး ျပင္ဆင္လိုက္ရင္ပိုၿပီးေတာ့ လွပသပ္ရပ္ေနမလဲ ဆိုတာေတြကို ႀကိဳၿပီး စဥ္းစားမိပါလိမ့္မယ္။

အခုေဖာ္ျပေပးတဲ့ နည္းလမ္း အၾကံျပဳခ်က္ေလးေတြ လိုက္နာၿပီးေတာ့ ဘဝအတြက္ ပထမဆုံး ေနအိမ္ခန္း ေလးကို ဘယ္လိုအလွဆုံးနဲ႔ ပုံေဖာ္ၾကမလဲဆိုတာေလးကို ေတြးရင္း ေပ်ာ္႐ႊင္ႏိုင္ၾကပါေစ ဆုေတာင္းေပး လိုက္ပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)