240 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

နှစ်သစ်မှာ စရိတ်သက်သာ၊ လွယ်ကူစွာ အိမ်အလှပြင်ဆင်ကြမယ်

 

[Unicode]

 

ခရစ်သက္ကရာဇ်အရ နှစ်သစ်လည်း ကူးပြောင်းသွားပြီ။ တရုတ်နှစ်သစ်ကူးကလည်း မကြာခင်ကျရောက်တော့မယ်။ ဒါကြောင့်မို့လို့ လူတိုင်းက စိတ်သစ်လူသစ်နဲ့ အရာရာကို အသစ်စတင်မယ်ဆိုတဲ့ စိတ်ကူးတွေ၊ အားအင်တွေ အပြည့်နဲ့ ဖြစ်နေမှာပါ။ နေအိမ်ခန်းနဲ့ အခန်းအလှပြင်ဆင်ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးတော့လည်း အသစ်ပြင်ဆင်မှုတွေ လုပ်ဖို့စိတ်ကူးရှိတယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းတွေက စရိတ်ချွေတာပြီး အလွယ်ကူဆုံးဖြစ်လို့ စာဖတ်ရှုသူတွေအတွက် များစွာအကျိုးရှိစေမှာပါ။

အခန်းတွေကို အလှဆင်ပြီးတော့ ကိုယ်ပိုင်ပုံစံပေါင်းထည့်ပြင်ဆင်ဖို့အတွက် ဈေးကြီးနေဖို့ မလိုပါဘူး။ တတ်နိုင်တဲ့ စရိတ်၊ ဘတ်ဂျက်အပေါ် မူတည်ပြီးတော့ နေအိမ်ခန်းအလှဆင်ပြင်ဆင်ခြင်းနဲ့ ပတ်သက်လို့ အောက်ဖော်ပြပါ နည်းလမ်းကောင်းတွေကို လိုက်နာပြီး ပြင်ဆင်ဖို့ အကြံပြုပါတယ်။

လက်တွေ့ လည်းကျရမယ်။ စရိတ်လည်း ချွေတာနိုင်မယ်ဆိုတဲ့ နည်းလမ်းကောင်းတွေထက် သာလွန်တာမျိုး ဘာမှ မရှိနိုင်ပါဘူး။

 

 

ဈေးကြီးတဲ့ ဒီဇိုင်နာမိတ်ပရိဘောဂတွေအစား တခြားသောအရာတွေကို ရွေးချယ်ပါ

နှစ်သစ်မှာ စရိတ်သက်သာ၊ လွယ်ကူစွာ အိမ်အလှပြင်ဆင်ကြမယ်

အိမ်ခန်းပိုင်ရှင်၊ အခန်းပိုင်ရှင်တွေ တော်တော်များများကတော့ ကိုယ်ပိုင်သီးသန့်၊ ဒီဇိုင်နာမိတ် ပရိဘောဂပစ္စည်းတွေနဲ့ အလှဆင်ချင်ကြပါလိမ့်မယ်။ ဒါက မှားယွင်းမှုမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဇိုင်နာတွေရဲ့ လက်ရာနဲ့ သီးသန့် ပစ္စည်းတွေက ဈေးကြီးပြီးတော့ ဘတ်ဂျက်ရွေးချယ်မှုအောက်မှာတော့ လိုက်ဖက်မှုမရှိလှပါဘူး။ ဒါကြောင့်မို့လို့ ဒီဇိုင်နာမိတ်ပစ္စည်းတွေ၊ ပရိဘောဂတွေ ရွေးချယ်မယ့်အစား တခြားသော ကောင်းမွန်တဲ့ ရွေးချယ်စရာတွေ များစွာရှိနိုင်ပါသေးတယ်။ လူကြိုက်များတဲ့ ကုလားထိုင်တွေ၊ ဈေးနှုန်းသက်သာပြီး သက်တောင့်သက်သာဖြစ်စေမယ့် ဆိုဖာ၊ ဆက်တီတွေ၊ ထမင်းစား စားပွဲကုလားထိုင်တွေနဲ့ တခြားပရိဘောဂ တွေများစွာအတွက် ဘတ်ဂျက်ဖြစ်ပြီး သင့်တော်တဲ့ ပစ္စည်းတွေကို ရွေးချယ်ပြင်ဆင်နိုင်ပါတယ်။

 

နံရံကပ်တွေကို အသစ်ပြင်ဆင်ပေးပါ

နှစ်သစ်မှာ စရိတ်သက်သာ၊ လွယ်ကူစွာ အိမ်အလှပြင်ဆင်ကြမယ်


နံရံပေါ်က အနုပညာလက်ရာတွေဟာ ဈေးကြီးတယ်ဆိုပေမဲ့ သင့်အိမ်က နံရံအတွက် အသစ်ပြောင်းလဲ ပြင်ဆင်ဖို့ ဈေးကြီးကြီးနဲ့ ငွေအမြောက်အမြား သုံးစွဲစရာမလိုပါဘူး။ နံရံမှာ ဈေးကြီးကြီး အလှဆင်ခြင်းထက် တခြားသော နံရံအလှကပ်လေးတွေ၊ ဆေးရောင်လေးတွေ၊ အလှဆင်ပစ္စည်းလေးတွေနဲ့ ပြင်ဆင်ခြင်းက စရိတ်စက သက်သာပြီး လွယ်ကူရိုးရှင်းပါတယ်။ ဒီဘက်ခေတ်လို ရွေးချယ်စရာနည်းလမ်းတွေ များပြားပြီး ရွေးချယ်နိုင်တဲ့ အမျိုးအစားတွေ ပေါများစုံလင်တာက အိမ်အလှပြင်ဆင် တည်ဆောက်ခြင်းတွေမှာလည်း မိမိစိတ်ကြိုက်ရွေးချယ်မှုတွေလုပ်ဆောင်နိုင်ပါတယ်။ ဘတ်ဂျက်အပေါ် မူတည်ပြီးတော့ နံရံအလှဆင် ပြင်ဆင်မှုမှာလည်း ဒီနည်းလမ်းကို အသုံးချနိုင်ပါတယ်။

 

 

ကူရှင်အသစ်တွေလဲလိုက်ပါ 

နှစ်သစ်မှာ စရိတ်သက်သာ၊ လွယ်ကူစွာ အိမ်အလှပြင်ဆင်ကြမယ်

အိမ်ဧည့်ခန်းထဲက ဆိုဖာတွေ၊ ဆက်တီတွေမှာ ကူရှင်တွေလဲလိုက်ခြင်းက အခန်းသစ်တစ်ခန်း ရလာသလိုမျိုး ခံစားရစေနိုင်ပါတယ်။ ဆိုဖာအသစ်တစ်စုံ ဝယ်ယူဖို့ရာ မတတ်နိုင်ရင်တော့ ဒီနည်းလမ်းကို ကောင်းကောင်း အသုံးချဖို့နဲ့ လွယ်လွယ်ကူကူ အသစ်ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ အလှဆင်ကူရှင်တွေက အရောင်တွေ၊ ပုံစံမျိုးစုံ ပြောင်းလဲနိုင်တာကြောင့်လည်း ဘတ်ဂျက်ချွေတာပြီးတော့ ဧည့်ခန်းရဲ့အလှနဲ့လိုက်ဖက်ပြီး လိုသလို ပြင်ဆင်နိုင်ပါတယ်။

 

 

မှန်တွေနဲ့ အလှဆင်ပါ။

 

နှစ်သစ်မှာ စရိတ်သက်သာ၊ လွယ်ကူစွာ အိမ်အလှပြင်ဆင်ကြမယ်


မှန်ချပ်တွေနဲ့ အလှဆင်ခြင်းက ဈေးကြီးတဲ့ အနုပညာလက်ရာတွေထက်စာရင် သမားရိုးကျမဟုတ်တဲ့ ဆန်းပြားတဲ့စိတ်ကူး ပြင်ဆင်မှုတစ်ခုဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မှန်တွေဟာ ပုံရိပ်ပြန်စေပြီးတော့ အခန်းတွေကို ပိုမိုကျယ်ဝန်းသယောင်ထင်စေလို့ပါ။ အခန်းထဲမှာရှိတဲ့ အလင်းရောင်ကို ပိုမို တောက်ပစေဖို့ အတွက်လည်း မှန်တွေကို အသုံးပြုနိုင်ပါတယ်။ ဘတ်ဂျက်ချွေတာပြီး အိမ်ခန်းလေးကို ဆန်းဆန်းပြားပြားနဲ့ သပ်သပ်ရပ်ရပ် အလှဆင်ချင်တယ်ဆိုရင်တော့ မှန်ချပ်တွေနဲ့ အလှဆင်ပြင်ဆင်ခြင်း နည်းလမ်းကို ရွေးချယ်ဖို့ အကြံပြုလိုပါတယ်။ ပုံသဏ္ဍာန်၊ ဒီဇိုင်းမျိုးစုံရှိတဲ့ မှန်ချပ်တွေကို မိမိ ပြုပြင် ပြင်ဆင်လိုတဲ့ နေရာတွေမှာ ထားရှိနိုင်ပါတယ်။

 

မှန်ကန်တဲ့ အလင်းရောင်ရွေးချယ်ပါ 

နှစ်သစ်မှာ စရိတ်သက်သာ၊ လွယ်ကူစွာ အိမ်အလှပြင်ဆင်ကြမယ်


ဧည့်ခန်းမှာရှိတဲ့ အလင်းရောင်ဟာ ဈေးကြီးတဲ့ မျက်နှာကျက် မီးအိမ်၊ မီးဆိုင်းတွေကနေလာဖို့ မလိုအပ်ပါဘူး။ လူတော်တော်များများက သူတို့တွေရဲ့ မီးအိမ်၊ မီးဆိုင်းအသစ်တွေ မဝယ်ခင်မှာ ဘယ်လိုအလင်းရောင်မျိုး လိုတာကို မစဉ်းစားမိကြပါဘူး။ အလင်းတန်းတွေ၊ မီးအိမ်တွေနဲ့ ဖယောင်းတိုင်တွေဟာ နေအိမ်တွင်းက မြင်ကွင်း၊ ရှုထောင့်ကို သတ်မှတ်ပေးနိုင်တာကြောင့် ဧည့်ခန်းရဲ့ အလင်းအမှောင်နဲ့ ပတ်သက်လို့ ဈေးကြီးကြီး ပေးဝယ်ရတဲ့ အရာတွေကနေလာတာမျိုးမဟုတ်ပဲ သဘာဝအလင်းရောင်၊ စရိတ်ချွေတာတဲ့ အလင်းအမှောင် ၊ အလင်းရောင်မျိုးရလာအောင် လုပ်ပါ။

 

 

အိမ်ခန်းထဲက လေထုသန့်စင်ဖို့နဲ့ စိတ်အေးချမ်းခြင်းတွေရအောင် သစ်ပင်လေးတွေစိုက်ပျိုးပါ။

နှစ်သစ်မှာ စရိတ်သက်သာ၊ လွယ်ကူစွာ အိမ်အလှပြင်ဆင်ကြမယ်

ဒီအချက်က တစ်နေ့မှာ ကိုယ်ပိုင် အိမ်ခန်းလေးပိုင်ဆိုင်ရမယ်ဆိုတဲ့ အိပ်မက်လေးရှိတဲ့သူတိုင်း စဉ်းစားမိကြမှာပါ။ နေအိမ်ထဲမှာ အစိမ်းရောင်သစ်ပင်လေးတွေ စိုက်ပျိုးလိုက်ခြင်းက စိတ်နှလုံးအေးချမ်းခြင်းကို ဖြစ်စေပြီး အတွင်းခန်းထဲက လေထုကို သန့်စင်ပေးနိုင်ပါတယ်။ ထွေထူးလုပ်စရာမလိုတဲ့အပြင် စရိတ်စကလည်း များစွာကုန်ကျတာမဟုတ်လို့ အိမ်အတွင်း သစ်ပင်စိုက်ပျိုးခြင်းနည်းလမ်းက လူတိုင်းလိုက်လုပ်နိုင်ပါတယ်။ လှပတဲ့ အစိမ်းရောင်သစ်ပင်လေးတွေ၊ နံရံထောင့်လေးတွေမှာ စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေ၊ တန်းလေးတွေနဲ့ ချိတ်ဆွဲထားတဲ့ နွယ်ပင်ရှည်လေးတွေက အခန်းအတွင်း အလှဖန်တီးထားသလိုဖြစ်စေသလို စိတ်ငြိမ်းချမ်းမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

 

ကော်ဖီစားပွဲလေးတစ်ခုထားပါ။

နှစ်သစ်မှာ စရိတ်သက်သာ၊ လွယ်ကူစွာ အိမ်အလှပြင်ဆင်ကြမယ်

သင့်ရဲ့အခန်းက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကော်ဖီစားပွဲဝိုင်းလေးတစ်ခုထားလိုက်ခြင်းက လက်တွေ့ကျပြီး စိတ်ကြည်နူးဖွယ်ကောင်းတဲ့ အလှဆင်ပြင်ဆင်နည်းလေးတစ်ခုဖြစ်ပါတယ်။ ကော်ဖီစားပွဲ ဝိုင်းလှလှလေးမှာ ချစ်စဖွယ်စားပွဲလေး၊ သက်တောင့်သက်သာဖြစ်တဲ့ ထိုင်ခုံလေးနဲ့ အလှပန်းအိုး၊ ကော်ဖီခွက်လှလှလေးတွေက ဧည့်ခန်းနဲ့ အိပ်ခန်း၊ အိမ်ခန်းရဲ့ နောက်ထပ် အလှအပ ပံ့ပိုးမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ စရိတ်လည်းသက်သာပြီး စိတ်ကူးကောင်းကောင်းလေးတွေလည်း အလွယ်တကူထွက်နိုင်လို့ ကော်ဖီစားပွဲလေးတစ်လုံး နေရာချဖို့ စိတ်ကူးကြည့်ပါ။

ကဲ... ဒီလောက်ဆို အခုဖော်ပြပေးတဲ့ စရိတ်သက်သာ လွယ်ကူတဲ့ နည်းလမ်းလေးတွေကိုလိုက်နာပြီး နှစ်သစ်မှာ နေအိမ်ခန်းတွေအတွက် အသစ်အသစ်သော ပြင်ဆင်မှုတွေ လုပ်နိုင်ပါပြီ။ စိတ်ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ နေရာထိုင်ခင်းအသစ်လေးမှာ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ iMyanmarHouse မှ ဆုတောင်းပေးလိုက်ပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 


[Unicode]

 

ႏွစ္သစ္မွာ စရိတ္သက္သာ၊ လြယ္ကူစြာ အိမ္အလွျပင္ဆင္ၾကမယ္

 

ခရစ္သကၠရာဇ္အရ ႏွစ္သစ္လည္း ကူးေျပာင္းသြားၿပီ။ တ႐ုတ္ႏွစ္သစ္ကူးကလည္း မၾကာခင္က်ေရာက္ေတာ့မယ္။ ဒါေၾကာင့္မို႔လို႔ လူတိုင္းက စိတ္သစ္လူသစ္နဲ႔ အရာရာကို အသစ္စတင္မယ္ဆိုတဲ့ စိတ္ကူးေတြ၊ အားအင္ေတြ အျပည့္နဲ႔ ျဖစ္ေနမွာပါ။ ေနအိမ္ခန္းနဲ႔ အခန္းအလွျပင္ဆင္ဖြဲ႕စည္းမႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း အသစ္ျပင္ဆင္မႈေတြ လုပ္ဖို႔စိတ္ကူး႐ွိတယ္ဆိုရင္ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေတြက စရိတ္ေခြၽတာၿပီး အလြယ္ကူဆုံးျဖစ္လို႔ စာဖတ္႐ႈသူေတြအတြက္ မ်ားစြာအက်ိဳး႐ွိေစမွာပါ။

အခန္းေတြကို အလွဆင္ၿပီးေတာ့ ကိုယ္ပိုင္ပုံစံေပါင္းထည့္ျပင္ဆင္ဖို႔အတြက္ ေဈးႀကီးေနဖို႔ မလိုပါဘူး။ တတ္ႏိုင္တဲ့ စရိတ္၊ ဘတ္ဂ်က္အေပၚ မူတည္ၿပီးေတာ့ ေနအိမ္ခန္းအလွဆင္ျပင္ဆင္ျခင္းနဲ႔ ပတ္သက္လို႔ ေအာက္ေဖာ္ျပပါ နည္းလမ္းေကာင္းေတြကို လိုက္နာၿပီး ျပင္ဆင္ဖို႔ အၾကံျပဳပါတယ္။

လက္ေတြ႕ လည္းက်ရမယ္။ စရိတ္လည္း ေခြၽတာႏိုင္မယ္ဆိုတဲ့ နည္းလမ္းေကာင္းေတြထက္ သာလြန္တာမ်ိဳး ဘာမွ မ႐ွိႏိုင္ပါဘူး။

 

ေဈးႀကီးတဲ့ ဒီဇိုင္နာမိတ္ပရိေဘာဂေတြအစား တျခားေသာအရာေတြကို ေ႐ြးခ်ယ္ပါ


အိမ္ခန္းပိုင္႐ွင္၊ အခန္းပိုင္႐ွင္ေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ ကိုယ္ပိုင္သီးသန္႔၊ ဒီဇိုင္နာမိတ္ ပရိေဘာဂပစၥည္းေတြနဲ႔ အလွဆင္ခ်င္ၾကပါလိမ့္မယ္။ ဒါက မွားယြင္းမႈမဟုတ္ပါဘူး။ ဒါေပမဲ့ ဒီဇိုင္နာေတြရဲ႕ လက္ရာနဲ႔ သီးသန္႔ ပစၥည္းေတြက ေဈးႀကီးၿပီးေတာ့ ဘတ္ဂ်က္ေ႐ြးခ်ယ္မႈေအာက္မွာေတာ့ လိုက္ဖက္မႈမ႐ွိလွပါဘူး။ ဒါေၾကာင့္မို႔လို႔ ဒီဇိုင္နာမိတ္ပစၥည္းေတြ၊ ပရိေဘာဂေတြ ေ႐ြးခ်ယ္မယ့္အစား တျခားေသာ ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာေတြ မ်ားစြာ႐ွိႏိုင္ပါေသးတယ္။ လူႀကိဳက္မ်ားတဲ့ ကုလားထိုင္ေတြ၊ ေဈးႏႈန္းသက္သာၿပီး သက္ေတာင့္သက္သာျဖစ္ေစမယ့္ ဆိုဖာ၊ ဆက္တီေတြ၊ ထမင္းစား စားပြဲကုလားထိုင္ေတြနဲ႔ တျခားပရိေဘာဂ ေတြမ်ားစြာအတြက္ ဘတ္ဂ်က္ျဖစ္ၿပီး သင့္ေတာ္တဲ့ ပစၥည္းေတြကို ေ႐ြးခ်ယ္ျပင္ဆင္ႏိုင္ပါတယ္။

 

နံရံကပ္ေတြကို အသစ္ျပင္ဆင္ေပးပါ


နံရံေပၚက အႏုပညာလက္ရာေတြဟာ ေဈးႀကီးတယ္ဆိုေပမဲ့ သင့္အိမ္က နံရံအတြက္ အသစ္ေျပာင္းလဲ ျပင္ဆင္ဖို႔ ေဈးႀကီးႀကီးနဲ႔ ေငြအေျမာက္အျမား သုံးစြဲစရာမလိုပါဘူး။ နံရံမွာ ေဈးႀကီးႀကီး အလွဆင္ျခင္းထက္ တျခားေသာ နံရံအလွကပ္ေလးေတြ၊ ေဆးေရာင္ေလးေတြ၊ အလွဆင္ပစၥည္းေလးေတြနဲ႔ ျပင္ဆင္ျခင္းက စရိတ္စက သက္သာၿပီး လြယ္ကူ႐ိုး႐ွင္းပါတယ္။ ဒီဘက္ေခတ္လို ေ႐ြးခ်ယ္စရာနည္းလမ္းေတြ မ်ားျပားၿပီး ေ႐ြးခ်ယ္ႏိုင္တဲ့ အမ်ိဳးအစားေတြ ေပါမ်ားစုံလင္တာက အိမ္အလွျပင္ဆင္ တည္ေဆာက္ျခင္းေတြမွာလည္း မိမိစိတ္ႀကိဳက္ေ႐ြးခ်ယ္မႈေတြလုပ္ေဆာင္ႏိုင္ပါတယ္။ ဘတ္ဂ်က္အေပၚ မူတည္ၿပီးေတာ့ နံရံအလွဆင္ ျပင္ဆင္မႈမွာလည္း ဒီနည္းလမ္းကို အသုံးခ်ႏိုင္ပါတယ္။

 

ကူ႐ွင္အသစ္ေတြလဲလိုက္ပါ


အိမ္ဧည့္ခန္းထဲက ဆိုဖာေတြ၊ ဆက္တီေတြမွာ ကူ႐ွင္ေတြလဲလိုက္ျခင္းက အခန္းသစ္တစ္ခန္း ရလာသလိုမ်ိဳး ခံစားရေစႏိုင္ပါတယ္။ ဆိုဖာအသစ္တစ္စုံ ဝယ္ယူဖို႔ရာ မတတ္ႏိုင္ရင္ေတာ့ ဒီနည္းလမ္းကို ေကာင္းေကာင္း အသုံးခ်ဖို႔နဲ႔ လြယ္လြယ္ကူကူ အသစ္ျပင္ဆင္ဖို႔ ျဖစ္ပါတယ္။ အလွဆင္ကူ႐ွင္ေတြက အေရာင္ေတြ၊ ပုံစံမ်ိဳးစုံ ေျပာင္းလဲႏိုင္တာေၾကာင့္လည္း ဘတ္ဂ်က္ေခြၽတာၿပီးေတာ့ ဧည့္ခန္းရဲ႕အလွနဲ႔လိုက္ဖက္ၿပီး လိုသလို ျပင္ဆင္ႏိုင္ပါတယ္။

 

မွန္ေတြနဲ႔ အလွဆင္ပါ။


မွန္ခ်ပ္ေတြနဲ႔ အလွဆင္ျခင္းက ေဈးႀကီးတဲ့ အႏုပညာလက္ရာေတြထက္စာရင္ သမား႐ိုးက်မဟုတ္တဲ့ ဆန္းျပားတဲ့စိတ္ကူး ျပင္ဆင္မႈတစ္ခုျဖစ္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ မွန္ေတြဟာ ပုံရိပ္ျပန္ေစၿပီးေတာ့ အခန္းေတြကို ပိုမိုက်ယ္ဝန္းသေယာင္ထင္ေစလို႔ပါ။ အခန္းထဲမွာ႐ွိတဲ့ အလင္းေရာင္ကို ပိုမို ေတာက္ပေစဖို႔ အတြက္လည္း မွန္ေတြကို အသုံးျပဳႏိုင္ပါတယ္။ ဘတ္ဂ်က္ေခြၽတာၿပီး အိမ္ခန္းေလးကို ဆန္းဆန္းျပားျပားနဲ႔ သပ္သပ္ရပ္ရပ္ အလွဆင္ခ်င္တယ္ဆိုရင္ေတာ့ မွန္ခ်ပ္ေတြနဲ႔ အလွဆင္ျပင္ဆင္ျခင္း နည္းလမ္းကို ေ႐ြးခ်ယ္ဖို႔ အၾကံျပဳလိုပါတယ္။ ပုံသ႑ာန္၊ ဒီဇိုင္းမ်ိဳးစုံ႐ွိတဲ့ မွန္ခ်ပ္ေတြကို မိမိ ျပဳျပင္ ျပင္ဆင္လိုတဲ့ ေနရာေတြမွာ ထား႐ွိႏိုင္ပါတယ္။

 

မွန္ကန္တဲ့ အလင္းေရာင္ေ႐ြးခ်ယ္ပါ


ဧည့္ခန္းမွာ႐ွိတဲ့ အလင္းေရာင္ဟာ ေဈးႀကီးတဲ့ မ်က္ႏွာက်က္ မီးအိမ္၊ မီးဆိုင္းေတြကေနလာဖို႔ မလိုအပ္ပါဘူး။ လူေတာ္ေတာ္မ်ားမ်ားက သူတို႔ေတြရဲ႕ မီးအိမ္၊ မီးဆိုင္းအသစ္ေတြ မဝယ္ခင္မွာ ဘယ္လိုအလင္းေရာင္မ်ိဳး လိုတာကို မစဥ္းစားမိၾကပါဘူး။ အလင္းတန္းေတြ၊ မီးအိမ္ေတြနဲ႔ ဖေယာင္းတိုင္ေတြဟာ ေနအိမ္တြင္းက ျမင္ကြင္း၊ ႐ႈေထာင့္ကို သတ္မွတ္ေပးႏိုင္တာေၾကာင့္ ဧည့္ခန္းရဲ႕ အလင္းအေမွာင္နဲ႔ ပတ္သက္လို႔ ေဈးႀကီးႀကီး ေပးဝယ္ရတဲ့ အရာေတြကေနလာတာမ်ိဳးမဟုတ္ပဲ သဘာဝအလင္းေရာင္၊ စရိတ္ေခြၽတာတဲ့ အလင္းအေမွာင္ ၊ အလင္းေရာင္မ်ိဳးရလာေအာင္ လုပ္ပါ။

 

အိမ္ခန္းထဲက ေလထုသန္႔စင္ဖို႔နဲ႔ စိတ္ေအးခ်မ္းျခင္းေတြရေအာင္ သစ္ပင္ေလးေတြစိုက္ပ်ိဳးပါ။


ဒီအခ်က္က တစ္ေန႔မွာ ကိုယ္ပိုင္ အိမ္ခန္းေလးပိုင္ဆိုင္ရမယ္ဆိုတဲ့ အိပ္မက္ေလး႐ွိတဲ့သူတိုင္း စဥ္းစားမိၾကမွာပါ။ ေနအိမ္ထဲမွာ အစိမ္းေရာင္သစ္ပင္ေလးေတြ စိုက္ပ်ိဳးလိုက္ျခင္းက စိတ္ႏွလုံးေအးခ်မ္းျခင္းကို ျဖစ္ေစၿပီး အတြင္းခန္းထဲက ေလထုကို သန္႔စင္ေပးႏိုင္ပါတယ္။ ေထြထူးလုပ္စရာမလိုတဲ့အျပင္ စရိတ္စကလည္း မ်ားစြာကုန္က်တာမဟုတ္လို႔ အိမ္အတြင္း သစ္ပင္စိုက္ပ်ိဳးျခင္းနည္းလမ္းက လူတိုင္းလိုက္လုပ္ႏိုင္ပါတယ္။ လွပတဲ့ အစိမ္းေရာင္သစ္ပင္ေလးေတြ၊ နံရံေထာင့္ေလးေတြမွာ စိုက္ပ်ိဳးထားတဲ့ ပန္းပင္ေလးေတြ၊ တန္းေလးေတြနဲ႔ ခ်ိတ္ဆြဲထားတဲ့ ႏြယ္ပင္႐ွည္ေလးေတြက အခန္းအတြင္း အလွဖန္တီးထားသလိုျဖစ္ေစသလို စိတ္ၿငိမ္းခ်မ္းမႈကိုလည္း ေပးစြမ္းႏိုင္ပါတယ္။

 

ေကာ္ဖီစားပြဲေလးတစ္ခုထားပါ။


သင့္ရဲ႕အခန္းက ႀကီးသည္ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ ေကာ္ဖီစားပြဲဝိုင္းေလးတစ္ခုထားလိုက္ျခင္းက လက္ေတြ႕က်ၿပီး စိတ္ၾကည္ႏူးဖြယ္ေကာင္းတဲ့ အလွဆင္ျပင္ဆင္နည္းေလးတစ္ခုျဖစ္ပါတယ္။ ေကာ္ဖီစားပြဲ ဝိုင္းလွလွေလးမွာ ခ်စ္စဖြယ္စားပြဲေလး၊ သက္ေတာင့္သက္သာျဖစ္တဲ့ ထိုင္ခုံေလးနဲ႔ အလွပန္းအိုး၊ ေကာ္ဖီခြက္လွလွေလးေတြက ဧည့္ခန္းနဲ႔ အိပ္ခန္း၊ အိမ္ခန္းရဲ႕ ေနာက္ထပ္ အလွအပ ပံ့ပိုးမႈတစ္ခုျဖစ္လာႏိုင္ပါတယ္။ စရိတ္လည္းသက္သာၿပီး စိတ္ကူးေကာင္းေကာင္းေလးေတြလည္း အလြယ္တကူထြက္ႏိုင္လို႔ ေကာ္ဖီစားပြဲေလးတစ္လုံး ေနရာခ်ဖို႔ စိတ္ကူးၾကည့္ပါ။

ကဲ... ဒီေလာက္ဆို အခုေဖာ္ျပေပးတဲ့ စရိတ္သက္သာ လြယ္ကူတဲ့ နည္းလမ္းေလးေတြကိုလိုက္နာၿပီး ႏွစ္သစ္မွာ ေနအိမ္ခန္းေတြအတြက္ အသစ္အသစ္ေသာ ျပင္ဆင္မႈေတြ လုပ္ႏိုင္ပါၿပီ။ စိတ္ေက်နပ္ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ေနရာထိုင္ခင္းအသစ္ေလးမွာ ေပ်ာ္႐ႊင္စြာေနထိုင္ႏိုင္ပါေစလို႔ iMyanmarHouse မွ ဆုေတာင္းေပးလိုက္ပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)