370 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

[Unicode]


မကြာခင်မှာ ရာသီဥတုအေးမြမြလေးနဲ့ ခရစ္စမတ်ကာလကို ရောက်တော့မှာဆိုတော့ စိတ်လှုပ်ရှားစရာ ပျော်စရာတွေကလည်း စောင့်ကြိုနေပါပြီ။ ခရစ်စမတ်အားလပ်ရက်မှာ မိသားစုတွေ တွေ့ဆုံကြတယ်။ သူငယ်ချင်းမိတ်ဆွေတွေ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြတယ်။ လူကြီးလူငယ်ကလေးတွေ အားလုံးပျော်ကြတဲ့ အချိန်အခါ ဖြစ်တဲ့အပြင် မိမိရဲ့ နေအိမ်၊ ရုံးခန်း၊ ဂေဟာလေးမှာ ခရစ်စမတ် အပြင်အဆင်လေးတွေ နဲ့လည်း အလှအပပြင်ဆင်ကြပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းတွေက သင့်နေအိမ်မှာ ခရစ်စမတ်အပြင်အဆင်တွေအတွက် လှပတဲ့နည်းလမ်းတွေကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

စိတ်ကူးကောင်းကောင်းနဲ့ဖန်တီးထားတဲ့ ခရစ်စမတ်သစ်ပင်လေးစိုက်ပါ။

 

ခရစ်စမတ်လို့ ပြောလိုက်တာနဲ့ ခရစ်စမတ်သစ်ပင်ကို အရင်ပြေးမြင်မိကြမှာပါ။ ဟုတ်ပါတယ်။ ခရစ္စမတ်ကာလမှာတော့ ခရစ်စမတ်သစ်ပင်နဲ့ အိမ်ကို အလှဆင်တာက မပါမဖြစ် အရေးကြီးပါတယ်။ သမားရိုးကျ ခရစ်စမတ်သစ်ပင်လုပ်ထုံးလုပ်နည်းတွေကလည်း ဒီကနေ့ထိတိုင် ပြင်ဆင်နေကြတုန်းပါပဲ။ ဒါမှမဟုတ် မော်ဒန်ခေတ်မှာ မော်ဒန်ဆန်ဆန် ခရစ်စမတ်သစ်ပင်လုပ်နည်း၊ စိတ်ကူးကောင်းလေးတွေကလည်း တမူထူးခြားတဲ့ ရသကို ပေးပါတယ်။

ထင်းရှူးပင်ကို အလယ်အူတိုင်ထားပြီး လုပ်ထားတဲ့ ကြီးကြီးသေးသေး ခရစ်စမတ်သစ်ပင်၊ ရွှေရောင်၊ ငွေရောင်၊ အနီရောင်၊ အစိမ်းရောင်တွေ ပါတဲ့ ခရစ်စမတ်သစ်ပင်၊ ရောင်စုံ မီးလုံးလေးတွေ၊ ကလေးတွေ အကြိုက် စိတ်လှုပ်ရှားစရာ ပါဆယ်ဘူးလေးတွေ ချိတ်ဆွဲထားတဲ့ ခရစ်စမတ်သစ်ပင်လေး တွေကတော့ အစဉ်အလာအတိုင်း လုပ်လာတဲ့ လွယ်ကူရိုးရှင်းတဲ့ ပြင်ဆင်မှုပါပဲ။

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

ဒီဘက်ခေတ်မှာတော့ ခရစ်စမတ်ရယ်လို့ ခံစားမိအောင် မော်ဒန်ဆန်ဆန် လုပ်လာတဲ့ ခရစ်စမတ်သစ်ပင် လေးတွေကလည်း လွယ်ကူရိုးရှင်းပြီး ကုန်ကျစရိတ် သက်သာစေပါတယ်။ စက္ကူချပ်လေးနဲ့ မီးလုံးလေးတွေ ဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်၊ သစ်ကိုင်းခြောက်လေးတွေကို မီးလုံးလေးတွေတပ်၊ အရောင်စုံ ကြိုးလေးတွေ ကပ်ပြီး ကုန်ကျစရိတ်နည်းနည်းနဲ့ အရိုးရှင်းဆုံးလုပ်ထားတဲ့ ခရစ်စမတ် သစ်ပင်လေးတွေက စိတ်ကူးကောင်းပြီး လုပ်ရလွယ်ကူပါတယ်။

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

 

နေအိမ်အဝင်အဝမှာ ခရစ်စမတ်ပန်းကုံး၊ အလှဆင်တဲ့ပစ္စည်းလေးတွေ ချိတ်ဆွဲပါ။

 

ခရစ်စမတ် အားလပ်ရက်မှာ နေအိမ်ကို အလည်အပတ်လာရောက်တဲ့ ဧည့်သည်တွေကို ကြိုဆိုတဲ့အခါ သင့်နေအိမ်ထဲ ဝင်လိုက်တာနဲ့ကို စိတ်ကြည်နူးပျော်ရွှင်သွားစေမယ့် ခံစားချက်မျိုးရအောင်လုပ်ပါ။ အိမ်ကိုလာတဲ့ ဧည့်သည်တွေကို ကြိုဆိုတဲ့အခါ အိမ်အဝင် တံခါးမှာ လှပတဲ့ ခရစ်စမတ် ပန်းကုံးလေးက ဧည့်သည်တွေကို စိတ်ကြည်နူးပျော်ရွှင်သွားစေမှာပါ။

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

ခရစ်စမတ်ပန်းကုံးလေးတွေလုပ်တဲ့ အခါ အနီရောင်နဲ့ အစိမ်းရောင် ပန်းခွေ၊ ထင်းရှူးသီးနဲ့ အနီရောင် ဖဲကြိုးလေးတွေတပ်ဆင်နိုင်ပါတယ်။ ငွေရောင်နှင်းစက်လေးတွေ၊ ရွှေရောင်ဘောလုံးနဲ့ သမင်ဂျိုလေးတွေလည်း တပ်ဆင်နိုင်ပါသေးတယ်။ တချို့က အဖြူရောင်ပန်းကုံး ပန်းခွေလေးလည်း တပ်ဆင်ကြပါတယ်။ အွန်လိုင်းတို့၊ ယူကျု့တို့မှာ ကြည့်ပြီးတော့ ကိုယ်တိုင်လည်း လုပ်လို့ရသလို ခရစ္စမတ်ကာလမှာ စတိုးဆိုင်တွေမှာ ရောင်းချတဲ့ အသင့်အလှဆင်ပြီးသား အဆင်တန်ဆာ လေးတွေလည်း ဝယ်ယူပြင်ဆင်နိုင်ပါသေးတယ်။

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

 

ဖယောင်းတိုင်၊ အလင်းမီးတိုင်လေးတွေနဲ့ အလှဆင်ပါ။

 

အလင်းရောင်ဟာ နွေးထွေးပြီး ဆောင်းရာသီ အေးမြတဲ့ ရက်တွေမှာ တကယ့်ကို နွေးထွေးမှုကို ခံစား ရစေနိုင်ပါတယ်။ ခရစ်စမတ် အတွက် အလှဆင်ယင်မှုမှာလည်း ဖယောင်းတိုင် ဒါမှမဟုတ် အလင်းမီးတိုင်လေး တွေကို မပါမဖြစ် နည်းလမ်းကောင်းတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

အလှဖယောင်းတိုင်လေးတွေကို နေ့အလင်းရောင်မှာဖြစ်စေ၊ နေ့အလင်းရောင် မရှိတော့တဲ့ ညဘက် အချိန်မှာဖြစ်စေ ထွန်းညှိကြပြီး စားပွဲပေါ်၊ ပရိဘောဂတစ်ခုခုပေါ်၊ ဘောင်ပေါ်တွေမှာ ထားရှိပြီး အလှဆင်ယင်နိုင်ပါတယ်။ ဒီထက်ပိုပြီး စိတ်ကူးကောင်း ပါက အနံ့အသက်ကောင်းတွေပါတဲ့ ဖယောင်းတိုင်လေးတွေ၊ သစ်ကြပိုးခေါက်နဲ့ အမွှေးခဲတို့ ပါတဲ့ ဖယောင်း တိုင်လေးကို ထွန်းညှိပြီး တစ်အိမ်လုံးကို မွှေးပျံ့နေအောင် ပြင်ဆင်နိုင်ပါသေးတယ်။ ဒါက ခရစ်စမတ် အပြင်အဆင်အတွက် ကုန်ကျစရိတ်အသက်သာဆုံးနဲ့ လုပ်ရအလွယ်ဆုံး နည်းလမ်းဖြစ်ပါတယ်။

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

 

သက်သောင့်သက်သာဖြစ်တဲ့ အခန်းလေးပြင်ဆင်ပါ။

 

ခရစ်စမတ် အပြင်အဆင်တွေထဲမှာ နေအိမ်အခန်းလေးတွေအတွက် ခရစ်စမတ်အငွေ့အသက်နဲ့ သက်သောင့် သက်သာပြင်ဆင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ခရစ်စမတ်သစ်ပင်၊ ပန်းကုံး၊ လက်ဆောင်လေးတွေ၊ မီးလုံးလေးတွေအပြင် အိမ်ခန်းလေးမှာလည်း လှပတဲ့ ပြင်ဆင်မှုလေးတွေ လုပ်နိုင်ပါသေးတယ်။

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

ရွှေရောင်၊ အစိမ်းရောင်၊ အနီရောင်၊ ငွေရောင် ဒါမှမဟုတ် တခြားလိုက်ဖက်မယ့် အရောင်လေးတွေပါတဲ့ အသုံးအဆောင်လေးတွေ၊ ခေါင်းအုံး၊ ဆိုဖာ၊ စောင်လေးတွေ ပေါင်းထည့်လိုက်ခြင်းဖြင့်လည်း ခရစ်စမတ် အလှပြင်ဆင်မှု လုပ်နိုင်ပါတယ်။ နံရံ၊ စက္ကူဘူးလေးတွေ၊ အလှဖန်ပုလင်းလေးတွေ၊ ပါဆယ်ဘူးလေးတွေ က အစ အိမ်အလှဆင်ပစ္စည်းလေးတွေကိုလည်း မိမိ နှစ်သက်သလို အလှဆင်နိုင်ပါတယ်။

 

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

ကဲ .... ဒီလောက်ဆိုရင် ခရစ်စမတ်မှာ နေအိမ်ကို လွယ်လွယ်ကူကူနဲ့ ဘယ်လိုလှလှပပလေး ပြင်ဆင်မလဲဆိုတာ နည်းလမ်းလေးတွေ သိသွားလောက်ပြီနော်။ ပျော်ရွှင်စရာ ခရစ်စမတ် အားလပ်ရက်မှာ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

ခရစ်စမတ်အတွက် နေအိမ်မှာအလွယ်ကူဆုံးနဲ့ အလှဆုံးပြင်ဆင်ရအောင်

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 


[Zawgyi]

ခရစ္စမတ္အတြက္ ေနအိမ္မွာအလြယ္ကူဆုံးနဲ႔ အလွဆုံးျပင္ဆင္ရေအာင္

 

မၾကာခင္မွာ ရာသီဥတုေအးျမျမေလးနဲ႔ ခရစၥမတ္ကာလကို ေရာက္ေတာ့မွာဆိုေတာ့ စိတ္လႈပ္႐ွားစရာ ေပ်ာ္စရာေတြကလည္း ေစာင့္ႀကိဳေနပါၿပီ။ ခရစ္စမတ္အားလပ္ရက္မွာ မိသားစုေတြ ေတြ႕ဆုံၾကတယ္။ သူငယ္ခ်င္းမိတ္ေဆြေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းၾကတယ္။ လူႀကီးလူငယ္ကေလးေတြ အားလုံးေပ်ာ္ၾကတဲ့ အခ်ိန္အခါ ျဖစ္တဲ့အျပင္ မိမိရဲ႕ ေနအိမ္၊ ႐ုံးခန္း၊ ေဂဟာေလးမွာ ခရစ္စမတ္ အျပင္အဆင္ေလးေတြ နဲ႔လည္း အလွအပျပင္ဆင္ၾကပါတယ္။

အခုေဖာ္ျပေပးမယ့္ နည္းလမ္းေကာင္းေတြက သင့္ေနအိမ္မွာ ခရစ္စမတ္အျပင္အဆင္ေတြအတြက္ လွပတဲ့နည္းလမ္းေတြကို အျမန္ဆုံးနဲ႔ အလြယ္ကူဆုံး ျပင္ဆင္ႏိုင္ဖို႔ ျဖစ္ပါတယ္။

 

စိတ္ကူးေကာင္းေကာင္းနဲ႔ဖန္တီးထားတဲ့ ခရစ္စမတ္သစ္ပင္ေလးစိုက္ပါ။

ခရစ္စမတ္လို႔ ေျပာလိုက္တာနဲ႔ ခရစ္စမတ္သစ္ပင္ကို အရင္ေျပးျမင္မိၾကမွာပါ။ ဟုတ္ပါတယ္။ ခရစၥမတ္ကာလ မွာေတာ့ ခရစ္စမတ္သစ္ပင္နဲ႔ အိမ္ကို အလွဆင္တာက မပါမျဖစ္ အေရးႀကီးပါတယ္။ သမား႐ိုးက် ခရစ္စမတ္ သစ္ပင္လုပ္ထုံးလုပ္နည္းေတြကလည္း ဒီကေန႔ထိတိုင္ ျပင္ဆင္ေနၾကတုန္းပါပဲ။ ဒါမွ မဟုတ္ ေမာ္ဒန္ေခတ္မွာ ေမာ္ဒန္ ဆန္ဆန္ ခရစ္စမတ္သစ္ပင္လုပ္နည္း၊ စိတ္ကူးေကာင္းေလးေတြကလည္း တမူထူးျခားတဲ့ ရသကို ေပးပါတယ္။

ထင္း႐ွဴးပင္ကို အလယ္အူတိုင္ထားၿပီး လုပ္ထားတဲ့ ႀကီးႀကီးေသးေသး ခရစ္စမတ္သစ္ပင္၊ ေ႐ႊေရာင္၊ ေငြေရာင္၊ အနီေရာင္၊ အစိမ္းေရာင္ေတြ ပါတဲ့ ခရစ္စမတ္သစ္ပင္၊ ေရာင္စုံ မီးလုံးေလးေတြ၊ ကေလးေတြ အႀကိဳက္ စိတ္လႈပ္႐ွားစရာ ပါဆယ္ဘူးေလးေတြ ခ်ိတ္ဆြဲထားတဲ့ ခရစ္စမတ္သစ္ပင္ေလး ေတြကေတာ့ အစဥ္အလာအတိုင္း လုပ္လာတဲ့ လြယ္ကူ႐ိုး႐ွင္းတဲ့ ျပင္ဆင္မႈပါပဲ။ ဒီဘက္ေခတ္မွာေတာ့ ခရစ္စမတ္ရယ္လို႔ ခံစားမိေအာင္ ေမာ္ဒန္ဆန္ဆန္ လုပ္လာတဲ့ ခရစ္စမတ္သစ္ပင္ ေလးေတြကလည္း လြယ္ကူ႐ိုး႐ွင္းၿပီး ကုန္က်စရိတ္ သက္သာေစပါတယ္။ စကၠဴခ်ပ္ေလးနဲ႔ မီးလုံးေလးေတြ ဆင္ထားတဲ့ ခရစ္စမတ္သစ္ပင္၊ သစ္ကိုင္းေျခာက္ေလးေတြကို မီးလုံးေလးေတြ တပ္၊ အေရာင္စုံ ႀကိဳးေလးေတြ ကပ္ၿပီး ကုန္က်စရိတ္နည္းနည္းနဲ႔ အ႐ိုး႐ွင္းဆုံးလုပ္ထားတဲ့ ခရစ္စမတ္ သစ္ပင္ေလးေတြက စိတ္ကူးေကာင္းၿပီး လုပ္ရလြယ္ကူပါတယ္။

 

ေနအိမ္အဝင္အဝမွာ ခရစ္စမတ္ပန္းကုံး၊ အလွဆင္တဲ့ပစၥည္းေလးေတြ ခ်ိတ္ဆြဲပါ။

ခရစ္စမတ္ အားလပ္ရက္မွာ ေနအိမ္ကို အလည္အပတ္လာေရာက္တဲ့ ဧည့္သည္ေတြကို ႀကိဳဆိုတဲ့အခါ သင့္ေနအိမ္ထဲ ဝင္လိုက္တာနဲ႔ကို စိတ္ၾကည္ႏူးေပ်ာ္႐ႊင္သြားေစမယ့္ ခံစားခ်က္မ်ိဳးရေအာင္လုပ္ပါ။ အိမ္ကို လာတဲ့ ဧည့္သည္ေတြကို ႀကိဳဆိုတဲ့အခါ အိမ္အဝင္ တံခါးမွာ လွပတဲ့ ခရစ္စမတ္ ပန္းကုံးေလးက ဧည့္သည္ေတြကို စိတ္ၾကည္ႏူးေပ်ာ္႐ႊင္သြားေစမွာပါ။ ခရစ္စမတ္ပန္းကုံးေလးေတြလုပ္တဲ့ အခါ အနီေရာင္နဲ႔ အစိမ္းေရာင္ ပန္းေခြ၊ ထင္း႐ွဴးသီးနဲ႔ အနီေရာင္ ဖဲႀကိဳးေလးေတြတပ္ဆင္ႏိုင္ပါတယ္။ ေငြေရာင္ႏွင္းစက္ေလးေတြ၊ ေ႐ႊေရာင္ေဘာလုံးနဲ႔ သမင္ဂ်ိဳေလးေတြလည္း တပ္ဆင္ႏိုင္ပါေသးတယ္။ တခ်ိဳ႕က အျဖဴေရာင္ပန္းကုံး ပန္းေခြေလးလည္း တပ္ဆင္ၾကပါတယ္။ အြန္လိုင္းတို႔၊ ယူက်ဳ႕တို႔မွာ ၾကည့္ၿပီးေတာ့ ကိုယ္တိုင္လည္း လုပ္လို႔ရသလို ခရစၥမတ္ကာလမွာ စတိုးဆိုင္ေတြမွာ ေရာင္းခ်တဲ့ အသင့္အလွဆင္ၿပီးသား အဆင္တန္ဆာ ေလးေတြလည္း ဝယ္ယူျပင္ဆင္ႏိုင္ပါေသးတယ္။

 

ဖေယာင္းတိုင္၊ အလင္းမီးတိုင္ေလးေတြနဲ႔ အလွဆင္ပါ။

အလင္းေရာင္ဟာ ေႏြးေထြးၿပီး ေဆာင္းရာသီ ေအးျမတဲ့ ရက္ေတြမွာ တကယ့္ကို ေႏြးေထြးမႈကို ခံစား ရေစႏိုင္ပါတယ္။ ခရစ္စမတ္ အတြက္ အလွဆင္ယင္မႈမွာလည္း ဖေယာင္းတိုင္ ဒါမွမဟုတ္ အလင္းမီးတိုင္ေလး ေတြကို မပါမျဖစ္ နည္းလမ္းေကာင္းတစ္ခုအေနနဲ႔ အသုံးျပဳၾကပါတယ္။ အလွဖေယာင္းတိုင္ေလးေတြကို ေန႔အလင္းေရာင္မွာျဖစ္ေစ၊ ေန႔အလင္းေရာင္ မ႐ွိေတာ့တဲ့ ညဘက္ အခ်ိန္မွာျဖစ္ေစ ထြန္းညႇိၾကၿပီး စားပြဲေပၚ၊ ပရိေဘာဂတစ္ခုခုေပၚ၊ ေဘာင္ေပၚေတြမွာ ထား႐ွိၿပီး အလွဆင္ယင္ႏိုင္ပါတယ္။ ဒီထက္ပိုၿပီး စိတ္ကူးေကာင္း ပါက အနံ႔အသက္ေကာင္းေတြပါတဲ့ ဖေယာင္းတိုင္ေလးေတြ၊ သစ္ၾကပိုးေခါက္နဲ႔ အေမႊးခဲတို႔ ပါတဲ့ ဖေယာင္း တိုင္ေလးကို ထြန္းညႇိၿပီး တစ္အိမ္လုံးကို ေမႊးပ်ံ႕ေနေအာင္ ျပင္ဆင္ႏိုင္ပါေသးတယ္။ ဒါက ခရစ္စမတ္ အျပင္အဆင္အတြက္ ကုန္က်စရိတ္အသက္သာဆုံးနဲ႔ လုပ္ရအလြယ္ဆုံး နည္းလမ္းျဖစ္ပါတယ္။

 

သက္ေသာင့္သက္သာျဖစ္တဲ့ အခန္းေလးျပင္ဆင္ပါ။

ခရစ္စမတ္ အျပင္အဆင္ေတြထဲမွာ ေနအိမ္အခန္းေလးေတြအတြက္ ခရစ္စမတ္အေငြ႕အသက္နဲ႔ သက္ေသာင့္ သက္သာျပင္ဆင္တတ္ဖို႔ကလည္း အေရးႀကီးပါတယ္။ ခရစ္စမတ္သစ္ပင္၊ ပန္းကုံး၊ လက္ေဆာင္ေလးေတြ၊ မီးလုံးေလးေတြအျပင္ အိမ္ခန္းေလးမွာလည္း လွပတဲ့ ျပင္ဆင္မႈေလးေတြ လုပ္ႏိုင္ပါေသးတယ္။ ေ႐ႊေရာင္၊ အစိမ္းေရာင္၊ အနီေရာင္၊ ေငြေရာင္ ဒါမွမဟုတ္ တျခားလိုက္ဖက္မယ့္ အေရာင္ေလးေတြပါတဲ့ အသုံးအေဆာင္ေလးေတြ၊ ေခါင္းအုံး၊ ဆိုဖာ၊ ေစာင္ေလးေတြ ေပါင္းထည့္လိုက္ျခင္းျဖင့္လည္း ခရစ္စမတ္ အလွျပင္ဆင္မႈ လုပ္ႏိုင္ပါတယ္။ နံရံ၊ စကၠဴဘူးေလးေတြ၊ အလွဖန္ပုလင္းေလးေတြ၊ ပါဆယ္ဘူးေလးေတြ က အစ အိမ္အလွဆင္ပစၥည္းေလးေတြကိုလည္း မိမိ ႏွစ္သက္သလို အလွဆင္ႏိုင္ပါတယ္။

ကဲ .... ဒီေလာက္ဆိုရင္ ခရစ္စမတ္မွာ ေနအိမ္ကို လြယ္လြယ္ကူကူနဲ႔ ဘယ္လိုလွလွပပေလး ျပင္ဆင္မလဲဆိုတာ နည္းလမ္းေလးေတြ သိသြားေလာက္ၿပီေနာ္။ ေပ်ာ္႐ႊင္စရာ ခရစ္စမတ္ အားလပ္ရက္မွာ မိသားစုေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)