475 ကြိမ် ကြည့်ရှု့ ပြီး
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
[Unicode]
အမှိုက်ထဲက ရွှေဆိုတာ တစ်ပတ်ရစ်ပစ္စည်း ဒါမှမဟုတ် တစ်ခါသုံးပစ္စည်း အဟောင်းတွေကို ပြောတာပါ။ ဈေးပေါတယ်။ နှစ်သက်တမ်းချို့နေတာတောင်ပစ္စည်းရဲ့ အသုံးဝင်မှုနဲ့ ခမ်းနားထည်ဝါမှုတွေက လူတွေကို နှစ်သက်သဘောကျစေပါတယ်။ အဟောင်းထည်တွေ၊ တစ်ပတ်ရစ်ပစ္စည်းတွေ၊ ရှေးဟောင်းပစ္စည်းတွေ နှစ်သက်တမ်းကြာသလောက်လည်း သူတို့တွေရဲ့ တန်ဖိုးက မြင့်နေတုန်းပဲ။ နှစ်ချို့ ရှေးဟောင်းပစ္စည်း ပရိဘောဂ စုဆောင်းသူတွေက သူတို့တွေအတွက်တော့ ဒီလို တစ်ပတ်ရစ် ပစ္စည်းတွေက တန်ဖိုးဖြတ်မရတဲ့ ရွှေလိုပါပဲ။ ဒီတော့ ရှေးဟောင်းပစ္စည်း၊ တစ်ပတ်ရစ်ပစ္စည်းတွေ ဘယ်လို စုဆောင်းပြီး ဘယ်လိုမျိုး နေအိမ်မှာ ပြင်ဆင်အသုံးပြုမလဲဆိုတဲ့ စိတ္ကူး၊ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
တစ်ပတ်ရစ်ပရိဘောဂ ပစ္စည်းတွေနဲ့ အိမ်အခန်းအလှဆင်ခြင်းက အတော်လေးကို အကျိုးရှိပြီး ထိုက်တန်ပါတယ်။ ဈေးပေါတယ်။ ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်တယ်ဆိုပေမယ့် နှစ်ချို့ပြီး ရှားပါး အဖိုးတန်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဝယ်ယူစုဆောင်းမှု အပေါ်မှာတော့ ဘတ်ဂျက် မကန့်သတ်သင့်ပါဘူး။ ရှေးဟောင်း ပရိဘောဂတွေနဲ့ အိမ်သုံးပရိဘောဂ တွေအကြောင်း စိတ်ဝင်စား စုဆောင်းတဲ့သူတွေအနေနဲ့ သိထားသင့်တဲ့ အချက် နှစ်ချက်ရှိပါတယ်။ အဲဒါတွေကတော့ ဘယ်နေရာတွေမှာ ဝယ်ယူလို့ ရမလဲဆိုတာနဲ့ တစ်ခါသုံးပြီးသား ပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ အကျိုးရှိမှုကို သိရှိဖို့ ဖြစ်ပါတယ်။
တစ်ပတ်ရစ်ပရိဘောဂတွေ ဘယ်လို ရှာဖွေကြမလဲ။
အသစ်မဟုတ်တဲ့ တစ်ခါအသုံးပြုထားတဲ့ ပရိဘောဂတွေ၊ ခေတ်ဟောင်း ပစ္စည်းတွေဟာ အိမ်တစ်လုံး အလှဆင်ဖို့ ဒီဇိုင်နာ၊ ဘတ်ဂျက်နဲ့ အဆင်ပြေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါအပြင် လျှော့ဈေးနဲ့ ရမယ့် ရှားပါးပစ္စည်း တွေ၊ ဈေးဆစ်နိုင်တဲ့ အသုံးအဆောင်တွေ၊ နာမည်ကြီး အမှတ်တံဆိပ် ပစ္စည်းတွ ရှာဖွေစုဆောင်းခြင်းက ပျော်စရာကောင်းပါတယ်။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
ခေတ်ဟောင်းပစ္စည်းတွေ ဘယ်မှာရောင်းလဲ။ တစ်ပတ်ရစ်ပစ္စည်းဈေးတန်းကို ရောက်ဖူးသလား။ အဲဒီက ပစ္စည်းတွေနဲ့ မိမိအိမ်မှာ အလှဆင်လို့ ရနိုင်သလားဆိုတာတွေက သိကို သိထားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။ တစ်ခါတစ်လေဆို တစ်ပတ်ရစ် အဟောင်းတန်းကပစ္စည်းတွေက နေအိမ်ရဲ့ ဧည့်ခန်းမထဲ ကြီးကျယ်ခမ်းနားစွာ နေရာယူအလှဆင်နိုင်တဲ့ အထိကို တန်ဖိုးမြင့်တက်သွားတာကို တွေ့ရတတ်ပါတယ်။
 တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
ရှေးဟောင်းပစ္စည်းတွေ ပြန်လည်အသုံးပြုတဲ့အခါ စစ်ဆေးမွမ်းမံခြင်းတွေ လုပ်ပါ။
အိမ်ခန်းအလှဆင်ပစ္စည်းတွေအဖြစ် ပြန်လည်အသုံးပြုတော့မယ့် တစ်ပတ်ရစ်ပစ္စည်းတွေ၊ ရှေးဟောင်းပစ္စည်းတွေ ဝယ်ယူပြီးတာနဲ့ ဘာမှပြုပြင်မွမ်းမံခြင်းမရှိပဲ ချက်ချင်းအသုံးပြုလိုက်တာမျိုး မလုပ်ဖို့ အကြံပေးချင်ပါတယ်။ အရင်ဆုံး စစ်ဆေးပါ။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
မဝယ်ခင်ကတည်းက စစ်ဆေးထားခဲ့တယ်ဆိုပေမဲ့ မိမိလက်ထဲရောက်တဲ့အခါ တစ်ခါသုံးပြီးသား ဘီရို၊ နံရံနဲ့ ရှေးဟောင်းမီးအိမ်၊ စားပွဲတွေ၊ ထိုင်ခုံတွေဟာ မဖြစ်မနေ စစ်ဆေးပြုပြင်ရမယ့် အရာတွေဖြစ်ပါတယ်။ ခိုင်ခံ့မှုရှိရဲ့လား၊ အတွင်းပိုင်းတွေ ကြံ့ခိုင်သေးလား။ ပျက်စီးမှု ရှိသေးလား။ ပြုပြင်လို့ ရသေးလားနဲ့ တကယ်လဲ အိမ်ခန်းရဲ့ အလှပြင်ဆင်မှုအတွက် အသုံးပြုလို့ရနိုင်လားဆိုတဲ့ အချက်တွေ စစ်ဆေးသင့်ပါတယ်။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
ဒီလိုမျိုး မိမိကိုယ်တိုင် မလုပ်နိုင်ရင်တောင် ပညာရှင်တွေထံ အပ်နှံပြီး ရှေးဟောင်း ပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ အမြင်၊ ကြည့်ကောင်းခြင်းတွေ၊ အလှဆင်ခြင်းတွေကို ပြုပြင်မွမ်းမံနိုင်ပါတယ်။
ရှေးဟောင်းပစ္စည်းတွေနဲ့ ခေတ်ဟောင်းပစ္စည်းတွေက အိမ်ရဲ့ အင်္ဂါရပ်တွေကိုပုံဖော်ပေးပါတယ်။
ရှေးဟောင်းပစ္စည်းတွေက နေအိမ်အတွင်းခန်းဒီဇိုင်း၊ အင်္ဂါရပ်တွေကို ကြီးကျယ်ခမ်းနားခြင်းတွေ ပေးပါတယ်။ ရှားပါးလို့လည်း ဈေးနှုန်းမြင့်မားတယ်။ တန်ဖိုးကြီးတယ်။ ပစ္စည်းရဲ့ အရွယ်အစားပေါ် မူတည်ပြီးတော့ စနစ်တကျ မှန်မှန်ကန်ကန်နဲ့ အိမ်အလှဆင်နိုင်ပါတယ်။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
ခေတ်ဟောင်းပရိဘောဂတွေက သင့်အိမ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခု လိုအပ်ပါက ကူညီပေးနိုင်ပါတယ်။ ဈေးနှုန်းက အရေးမကြီးပါဘူး။ အိမ်နဲ့ လိုက်ဖက်ညီမှု ရှိမရှိနဲ့ ဒီဇိုင်းလှလှပြင်ဆင်နိုင်ဖို့၊ အိမ်ခန်းရဲ့ လှပခမ်းနားမှုကို ဖော်ဆောင်နိုင်ဖို့က အရေးကြီးပါတယ်။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
ဆိုဖာနဲ့ ထိုင်ခုံ အသုံးအဆောင်ပစ္စည်းတွေ ဘယ်လိုရွေးချယ်ကြမလဲ..
ဆိုဖာ ထိုင်ခုံတွေက ခိုင်ခံ့တယ်ဆိုရင် ဆိုဖာအခင်းတွေကိုလှန်ပြီး ဘောင်က သစ်သားဖြစ်ကြောင်း သေချာစွာ စစ်ဆေးပါ။ အက်ကွဲကြောင်းတွေ၊ ဆက်ကြောင်းတွေ ရှိမရှိ စစ်ဆေးပါ။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
အဆက်တွေမှာ ကော်တွေအသုံးပြုထားလား။ ယာယီအသုံးပြုနိုင်လောက်အောင် လက်ပူတိုက် ပြင်ဆင်ထားလားဆိုတာတွေပါ နားလည်တဲ့သူတွေနဲ့ စစ်ဆေးသင့်ပါတယ်။ ငှက်မွှေးပွတွေ၊ ရေမြှုပ်အကောင်းစားတွေက အကုန်အကျ စရိတ်တွေများလို့ အတွင်းပိုင်းက ကူရှင်တွေ ပြန်လည်အသုံးပြုခြင်းက ငွေကို ချွေတာရာရောက်ပါတယ်။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
သို့သော် ရေမြှုပ်တွေက အတွင်းထဲ မာတောင့်သွားတာဖြစ်ဖြစ်၊ ကျိုးအက်သွားတာဖြစ်ဖြစ်ဆိုရင်တော့ ကူရှင်အတွက် အသစ်ပြန်လည် ဝယ်ယူရပါလိမ့်မယ်။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
ဒီဇိုင်နာလက်ရာနဲ့ ပရိဘောဂများ
ခေတ်ဟောင်းပစ္စည်းများ၊ အသုံးပြုပြီးသား အရည်အသွေးနဲ့ ပရိဘောဂတွေလို မဟုတ်တဲ့ ဒီဇိုင်နာ လက်ရာ နဲ့ ပရိဘောဂပစ္စည်းတွေက လက်ရာသေသပ်ပြီး ကောင်းမွန်ပါတယ်။ ရှေးဟောင်းအိမ်အ လှဆင်ပစ္စည်း တွေကို သူတို့တွေရဲ့ စတိုင်လ် လိုက်ပြီး တန်ဖိုးနဲ့ အဖိုးတန်မှု ကွာခြားပါတယ်။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
သင့်ရဲ့ နေအိမ်ကို လှပစွာ ပြင်ဆင်မွမ်းမံချင်တယ်ဆိုရင် ခေတ်ဟောင်းပစ္စည်း အသုံးအဆောင်တွေက ဒီအတွက် အဖြေရှာပေးပါလိမ့်မယ်။ တချို့ တန်ဖိုးကြီးတဲ့ အမှတ်တံဆိပ်တွေက ဈေးကြီးပေမဲ့ သူ့ရဲ့ အသုံးဝင်မှုကလည်း ကြီးမားပါတယ်။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
ကဲ ...  ဒီလောက်ဆို တစ်ပတ်ရစ်ပစ္စည်းတွေ၊ ရှေးဟောင်းပရိဘောဂ အသုံးအဆောင်တွေနဲ့ နေအိမ်တွေမှာ ပြန်လည်အသုံးပြု အလှဆင်ဖို့ နည်းလမ်းနဲ့ ဗဟုသုတွေ ရသွားကြပြီလို့ထင်ပါတယ်။ အဟောင်းထဲက ရွှေ အကောင်းထဲက ရတနာလို့ ခေါ်တဲ့ တစ်ပတ်ရစ်ပစ္စည်းတွေ၊ အဟောင်း အသုံးအဆောင်တွေနဲ့ ကြီးကျယ် ခမ်းနားလှပတဲ့ နေအိမ်တစ်လုံး ပြင်ဆင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
တစ်ပတ်ရစ်ပစ္စည်းတွေနဲ့ နေအိမ်ကို ပြင်ဆင်မွမ်းမံ အလှဆင်ကြမယ်ဆိုရင်
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)