369 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

WFH သမားတွေအတွက် ထပ်ခိုးကို ရုံးခန်းအဖြစ် ပြောင်းနည်း

 

[Unicode]

 

သင်က ရုံးတက်စရာမလိုဘဲ နေအိမ်ကနေပဲ အလုပ်လုပ်ပေးရတဲ့ WFH ((Work From Home)) အလုပ်သမားလား။ ဒါမှမဟုတ် Freelancer အဖြစ် အလွတ်တန်း လုပ်ကိုင်သူလား။ ရုံးသွားစရာမလို နေအိမ်ကနေပဲ အလုပ်လုပ်ရတဲ့သူတွေ၊ မိမိရောက်ရှိတဲ့ နေရာကနေပဲ အလုပ်တာဝန်တွေ ထမ်းဆောင်ရသူတွေအတွက် ရုံးခန်းနေရာလေးတစ်ခုကို အလွယ်တကူ ဖန်တီးလို့ရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ နေအိမ်ကနေ အလုပ်လုပ်တဲ့ သူတွေဆိုရင် မိသားစုတွေနဲ့ဖြစ်ဖြစ်၊ တခြားသူတွေနဲ့ အတူ မျှဝေပြီး နေထိုင်ရတဲ့ အိမ်မှာ ရုံးခန်းအဖြစ် သပ်သပ် ထပ်ဖွဲ့ဖို့က တကယ်မလွယ်ကူတဲ့ ကိစ္စပါ။ အခု ဖော်ပြပေးမှာက နေအိမ်မှာ အသုံးမပြုတဲ့ ထပ်ခိုးထပ် နေရာအလွတ်လေးကနေ သပ်ရပ်တဲ့ ရုံးခန်း နေရာလေးတစ်ခုကို ဖန်တီးလို့ရတယ်ဆိုတဲ့ နည်းလမ်းကောင်း လေးတွေဖြစ်ပါတယ်။

 

တည်နေရာနဲ့ ပြင်ဆင်တည်ဆောက်မှုကို လေ့လာဆန်းစစ်ပါ။

 

 

WFH သမားတွေအတွက် ထပ်ခိုးကို ရုံးခန်းအဖြစ် ပြောင်းနည်း

 

နေအိမ်မှာ အသုံးမပြုပဲ အလွတ်ထားတားတဲ့ ထပ်ခိုးနေရာရဲ့ ကြမ်းပြင်၊ ပြတင်းပေါက်နဲ့ လျှပ်စစ်ဝါယာကြိုးတွေ သွယ်တန်းထားခြင်းရှိမရှိကို အကြမ်းဖျင်းစစ်ဆေးပါ။ ကြမ်းပြင် ခိုင်ခံ့ရဲ့လား၊ ရုံးခန်းဖွဲ့ နေထိုင်ဖို့ ဝန်တင်ခံနိုင်ရည်ရှိသလားဆိုတာတွေကို သေချာပေါက် စစ်ဆေးရမှာပါ။ ပြတင်းပေါက်နဲ့ လေဝင်လေထွက်နိုင်မယ့် နေရာရှိဖို့လည်း အရေးကြီးပါတယ်။

 

 

WFH သမားတွေအတွက် ထပ်ခိုးကို ရုံးခန်းအဖြစ် ပြောင်းနည်း

 

အလင်းရောင်ရဖို့ ဖြစ်ဖြစ်၊ လေဝင်လေထွက်ကောင်းဖို့ ဖြစ်ဖြစ်က အိမ်ရဲ့ ဘယ်လိုနေရာမျိုးမှာ မဆို လိုအပ်ပါတယ်။ လျှပ်စစ်မီးကြိုး သွယ်တန်းဖို့ကော ဖြစ်နိုင်သလား၊ လွယ်ကူသလား၊ လုံခြုံစိတ်ချရသလားဆိုတာတွေ စစ်ဆေးပြီးရင်တော့ ထပ်ခိုးခန်းနေရာလေးကို ရုံးခန်း အဖြစ် ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ပါပြီ။

 

 

အမိုးနဲ့အနီးကပ်ဆုံး အထပ်ဖြစ်လို့ ထပ်ခိုးခန်းရဲ့ အပူချိန်ကို ထည့်သွင်းစဉ်းစားပါ။

 

 

WFH သမားတွေအတွက် ထပ်ခိုးကို ရုံးခန်းအဖြစ် ပြောင်းနည်း


မိမိနေထိုင်တဲ့ မြို့ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုကိုလိုက်ပြီးတော့ နေထိုင်တဲ့ အိမ်တွေမှာ အပူချိန်၊ အအေးချိန် ဆိုပြီး ရှိပါတယ်။ ပြီးတော့ ရာသီဥတု အပြောင်းအလဲ ဖြစ်တိုင်းမှာလည်း အပူဒဏ် အအေးဒဏ် ဆိုတာ ရှိနိုင်ပါသေးတယ်။ အသုံးမလိုတော့တဲ့ ပစ္စည်းတွေ၊ သိမ်းဆည်းစရာတွေ စုပုံထည့်ပြီး ပိတ်ထားတဲ့ ထပ်ခိုးခန်းလေးကို အလုပ်လုပ်တဲ့ ရုံးခန်းလေးတစ်ခုအဖြစ် ပြောင်းလဲတဲ့ အခါ အပူဒဏ် အအေးဒဏ် အကြောင်းကိုလည်း မဖြစ်မနေ စဉ်းစားပါ။

 

 

WFH သမားတွေအတွက် ထပ်ခိုးကို ရုံးခန်းအဖြစ် ပြောင်းနည်း

 

နွေဘက်မှာ ရာသီဥတု ပူရင် အအေးစနစ် ပေးဖို့၊ သဘာဝ‌ လေဝင် လေထွက်ကောင်းဖို့နဲ့ အပူဒဏ် သက်သာဖို့ ပြင်ဆင်စရာတွေ ပြင်ဆင်ဖို့ လိုပါတယ်။ နွေမိုးဆောင်း သုံးရာသီ စလုံးနဲ့ ကိုက်ညီတဲ့ ရုံးခန်းနေရာလေးတစ်ခု လုပ်ပြီး သက်တောင့်သက်သာ ဖြစ်ဖို့က အရေးကြီးပါတယ်။ နွေရာသီဆိုပူလွန်းတာ၊ မိုးရာသီဆို လေဒဏ်မိုးဒဏ်နဲ့ စိုစွတ်ထိုင်းမှိုင်းတာ၊ ဆောင်းရာသီဆို အေးလွန်းတာ တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ထပ်ခိုးခန်းလေးကို ပြင်ဆင်ဖို့ အကြံပြုချင်ပါတယ်။

 

ထပ်ခိုးအထပ်ရဲ့ အောက်ခြေကြမ်းခင်းကို စစ်ဆေးပါ။

 

WFH သမားတွေအတွက် ထပ်ခိုးကို ရုံးခန်းအဖြစ် ပြောင်းနည်း

 

 

ထပ်ခိုးထပ်မှာ လူနေထိုင်တော့မယ်။ ရုံးခန်းအဖြစ်အသုံးပြုတော့မယ်ဆိုရင် နေရာတစ်ခုအတွက် အရေးကြီးဆုံး တစ်ချက်က ဘေးအန္တရာယ်ကင်းရှင်းရေးဖြစ်ပါတယ်။ ထပ်ခိုးထပ်၊ အိမ်ရဲ့ အပေါ်ထပ်ကို မပြောင်းရွှေ့မီ ကြမ်းခင်းတွေရဲ့ ခံနိုင်ရည်ရှိမှုနဲ့ လုံခြုံရေးကို စစ်ဆေးသင့်ပါတယ်။ ထုတ်တန်းတွေ ခိုင်ခံ့ရဲ့လား၊ အမိုးကရော လုံခြုံမှုရှိရဲ့လား။ အထပ်ခိုးဖြစ်လို့ ကြမ်းခင်းကို နင်းတဲ့အခါတိုင်း နေအိမ်အောက်ထပ် အခန်းကို ကြမ်းခင်းအိကျသွားတာ၊ ထုတ်တန်းရဲ့ ခံနိုင်ဝန်ထက်ကို ကျော်လွန်ပြီး နိမ့်ဆင်းလာတာ၊ စောင်းလာတာမျိုးတွေ ရှိလာမယ်ဆိုရင် ဒါဟာ ခိုင်ခံ့မှု မရှိဘူးဆိုတဲ့ လက္ခဏာဖြစ်တယ်ဆိုတာ သတိထားသင့်ပါတယ်။

ဒီလိုဆိုရင်တော့ လူနေထိုင်ဖို့၊ ရုံးခန်းအဖြစ် အသုံးပြုဖို့ အဆင်မပြေနိုင်သေးပါဘူး။ ပိုမို ခိုင်ခံ့အောင်၊ လုံခြုံစိတ်ချရအောင် အကြမ်းထည်ပြင်ဆင်ပြီးမှ တခြားလိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆက်လက် လုပ်ဖို့ အကြံပြုလိုပါတယ်။


အချောသတ်ပြင်ဆင်မှုလုပ်ပါ။

 

WFH သမားတွေအတွက် ထပ်ခိုးကို ရုံးခန်းအဖြစ် ပြောင်းနည်း

 

ယေဘုယျအားဖြင့်တော့ အိမ်တစ်အိမ်ရဲ့ ခေါင်မိုးထပ်၊ ထပ်ခိုးနေရာတွေက အရမ်းကြီး ကျယ်ကျယ်ဝန်းဝန်း ထားလေ့မရှိကြပါဘူး။ မလိုအပ်တဲ့ပစ္စည်းတွေ သိုလှောင်သိမ်းဆည်းတဲ့နေရာ၊ အသုံးပြုလေ့မရှိတဲ့ အပိုပစ္စည်းတွေ သိမ်းဆည်းတဲ့ နေရာတစ်ခုအနေနဲ့သာ ထားရှိတတ်ကြလို့ပါ။ အခုလိုမျိုး ရုံးခန်းနဲ့ လူနေထိုင်အသုံးပြုမယ့် နေရာအဖြစ် ပြောင်းလဲအသုံးပြုချင်တဲ့ အခါမျိုးတွေမှာလည်း ထပ်ခိုးခန်းနေရာက အလွယ်တကူ ပြောင်းလဲလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ လိုက်နာရမယ့် နည်းလမ်းလေးတွေ၊ ဆောင်ရန် ရှောင်ရန်လေးတွေနဲ့ စိတ်ကူးကောင်းလေးတွေ သိထားရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ အပေါ်မှာ မျှဝေပေးခဲ့တဲ့ အချက်အလက်တွေအတိုင်း လုပ်ဆောင်ပါ။

 

လိုအပ်တဲ့ ရုံးသုံးပစ္စည်းတွေ ထားရှိပြင်ဆင်ပါ။

 

WFH သမားတွေအတွက် ထပ်ခိုးကို ရုံးခန်းအဖြစ် ပြောင်းနည်း

 

နောက်ဆုံးအနေနဲ့က အကြမ်းထည် ထပ်ခိုးကို အချောသတ် ပြင်ဆင်မှုနဲ့ အသေးစိတ် အခန်းဖွဲ့ အလှဆင်မှုတွေ လုပ်လို့ ရနိုင်ပါပြီ။ နံရံလေးတွေ ဆေးရောင်သုတ်တာ၊ မီးလုံးတပ်ဆင်တာ၊ ခန်းစီးလိုက်ကာလေးတွေ၊ နံရံကပ် စက္ကူလေးတွေကိုကို မိမိနှစ်သက်သလို အသုံးပြုနိုင်ပါတယ်။ ကြမ်းခင်းမှာလည်း အမွှေးပွအခင်း၊ ကော်ဇောနဲ့ ပါကေးကြမ်းခင်းတို့ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် စားပွဲ၊ နံရံကပ် ဘီဒိုလေးတွေ၊ စာအုပ်စင်၊ အံဆွဲနဲ့ တခြားရုံးသုံး ပရိဘောဂ ပစ္စည်း တစ်ကိုယ်ရည်စာ အနည်းအကျဉ်းကို ထားရှိပြင်ဆင်လို့ ရပါတယ်။

WFH သမားတွေအတွက် ထပ်ခိုးကို ရုံးခန်းအဖြစ် ပြောင်းနည်း

 

ကဲ .... ဒီလောက်ဆိုရင် အခုဖော်ပြပေးတဲ့ နည်းလမ်းကောင်းလေးတွေ လိုက်နာပြီးနေအိမ်မှာ အသုံးမပြုပဲ ပစ်ထားတဲ့ အိမ်ခေါင်မိုးထပ်၊ ထပ်ခိုးနေရာလေးကို ရုံးခန်းလေးအဖြစ် ပြောင်းလဲပြီး အကျိုးရှိရှိ WFH အလုပ်တွေ အများကြီး ထမ်းဆောင်နိုင်မှာပါ။ iMyanmarHouse.com စာဖတ်ပရိသတ်ကြီးလဲ လစဉ်တိုင်းမျှဝေပေးနေတဲ့ နေအိမ်ပြင်ဆင်ဖွဲ့စည်းမှုဆောင်းပါးလေးတွေ ဖတ်ရှုပြီး နည်းလမ်းကောင်း၊ စိတ်ကူးကောင်းလေးတွေ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 


[Zawgyi]

 

WFH သမားေတြအတြက္ ထပ္ခိုးကို ႐ုံးခန္းအျဖစ္ ေျပာင္းနည္း

 

သင္က ႐ုံးတက္စရာမလိုဘဲ ေနအိမ္ကေနပဲ အလုပ္လုပ္ေပးရတဲ့ WFH ((Work From Home)) အလုပ္သမားလား။ ဒါမွမဟုတ္ Freelancer အျဖစ္ အလြတ္တန္း လုပ္ကိုင္သူလား။ ႐ုံးသြားစရာမလို ေနအိမ္ကေနပဲ အလုပ္လုပ္ရတဲ့သူေတြ၊ မိမိေရာက္႐ွိတဲ့ ေနရာကေနပဲ အလုပ္တာဝန္ေတြ ထမ္းေဆာင္ရသူေတြအတြက္ ႐ုံးခန္းေနရာေလးတစ္ခုကို အလြယ္တကူ ဖန္တီးလို႔ရမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ ေနအိမ္ကေန အလုပ္လုပ္တဲ့ သူေတြဆိုရင္ မိသားစုေတြနဲ႔ျဖစ္ျဖစ္၊ တျခားသူေတြနဲ႔ အတူ မွ်ေဝၿပီး ေနထိုင္ရတဲ့ အိမ္မွာ ႐ုံးခန္းအျဖစ္ သပ္သပ္ ထပ္ဖြဲ႕ဖို႔က တကယ္မလြယ္ကူတဲ့ ကိစၥပါ။ အခု ေဖာ္ျပေပးမွာက ေနအိမ္မွာ အသုံးမျပဳတဲ့ ထပ္ခိုးထပ္ ေနရာအလြတ္ေလးကေန သပ္ရပ္တဲ့ ႐ုံးခန္း ေနရာေလးတစ္ခုကို ဖန္တီးလို႔ရတယ္ဆိုတဲ့ နည္းလမ္းေကာင္း ေလးေတြျဖစ္ပါတယ္။

 

တည္ေနရာနဲ႔ ျပင္ဆင္တည္ေဆာက္မႈကို ေလ့လာဆန္းစစ္ပါ။

ေနအိမ္မွာ အသုံးမျပဳပဲ အလြတ္ထားတားတဲ့ ထပ္ခိုးေနရာရဲ႕ ၾကမ္းျပင္၊ ျပတင္းေပါက္နဲ႔ လွ်ပ္စစ္ဝါယာႀကိဳးေတြ သြယ္တန္းထားျခင္း႐ွိမ႐ွိကို အၾကမ္းဖ်င္းစစ္ေဆးပါ။ ၾကမ္းျပင္ ခိုင္ခံ့ရဲ႕လား၊ ႐ုံးခန္းဖြဲ႕ ေနထိုင္ဖို႔ ဝန္တင္ခံႏိုင္ရည္႐ွိသလားဆိုတာေတြကို ေသခ်ာေပါက္ စစ္ေဆးရမွာပါ။ ျပတင္းေပါက္နဲ႔ ေလဝင္ေလထြက္ႏိုင္မယ့္ ေနရာ႐ွိဖို႔လည္း အေရးႀကီးပါတယ္။ အလင္းေရာင္ရဖို႔ ျဖစ္ျဖစ္၊ ေလဝင္ေလထြက္ေကာင္းဖို႔ ျဖစ္ျဖစ္က အိမ္ရဲ႕ ဘယ္လိုေနရာမ်ိဳးမွာ မဆို လိုအပ္ပါတယ္။ လွ်ပ္စစ္မီးႀကိဳး သြယ္တန္းဖို႔ေကာ ျဖစ္ႏိုင္သလား၊ လြယ္ကူသလား၊ လုံျခဳံစိတ္ခ်ရသလားဆိုတာေတြ စစ္ေဆးၿပီးရင္ေတာ့ ထပ္ခိုးခန္းေနရာေလးကို ႐ုံးခန္း အျဖစ္ ေျပာင္းလဲဖို႔ အဆင္သင့္ျဖစ္ပါၿပီ။

 

 

အမိုးနဲ႔အနီးကပ္ဆုံး အထပ္ျဖစ္လို႔ ထပ္ခိုးခန္းရဲ႕ အပူခ်ိန္ကို ထည့္သြင္းစဥ္းစားပါ။


မိမိေနထိုင္တဲ့ ၿမိဳ႕ရဲ႕ သဘာဝပတ္ဝန္းက်င္နဲ႔ ရာသီဥတုကိုလိုက္ၿပီးေတာ့ ေနထိုင္တဲ့ အိမ္ေတြမွာ အပူခ်ိန္၊ အေအးခ်ိန္ ဆိုၿပီး ႐ွိပါတယ္။ ၿပီးေတာ့ ရာသီဥတု အေျပာင္းအလဲ ျဖစ္တိုင္းမွာလည္း အပူဒဏ္ အေအးဒဏ္ ဆိုတာ ႐ွိႏိုင္ပါေသးတယ္။ အသုံးမလိုေတာ့တဲ့ ပစၥည္းေတြ၊ သိမ္းဆည္းစရာေတြ စုပုံထည့္ၿပီး ပိတ္ထားတဲ့ ထပ္ခိုးခန္းေလးကို အလုပ္လုပ္တဲ့ ႐ုံးခန္းေလးတစ္ခုအျဖစ္ ေျပာင္းလဲတဲ့ အခါ အပူဒဏ္ အေအးဒဏ္ အေၾကာင္းကိုလည္း မျဖစ္မေန စဥ္းစားပါ။ ေႏြဘက္မွာ ရာသီဥတု ပူရင္ အေအးစနစ္ ေပးဖို႔၊ သဘာဝ‌ ေလဝင္ ေလထြက္ေကာင္းဖို႔နဲ႔ အပူဒဏ္ သက္သာဖို႔ ျပင္ဆင္စရာေတြ ျပင္ဆင္ဖို႔ လိုပါတယ္။ ေႏြမိုးေဆာင္း သုံးရာသီ စလုံးနဲ႔ ကိုက္ညီတဲ့ ႐ုံးခန္းေနရာေလးတစ္ခု လုပ္ၿပီး သက္ေတာင့္သက္သာ ျဖစ္ဖို႔က အေရးႀကီးပါတယ္။ ေႏြရာသီဆိုပူလြန္းတာ၊ မိုးရာသီဆို ေလဒဏ္မိုးဒဏ္နဲ႔ စိုစြတ္ထိုင္းမိႈင္းတာ၊ ေဆာင္းရာသီဆို ေအးလြန္းတာ ေတြအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔ ထပ္ခိုးခန္းေလးကို ျပင္ဆင္ဖို႔ အၾကံျပဳခ်င္ပါတယ္။

 

 

ထပ္ခိုးအထပ္ရဲ႕ ေအာက္ေျခၾကမ္းခင္းကို စစ္ေဆးပါ။

ထပ္ခိုးထပ္မွာ လူေနထိုင္ေတာ့မယ္။ ႐ုံးခန္းအျဖစ္အသုံးျပဳေတာ့မယ္ဆိုရင္ ေနရာတစ္ခုအတြက္ အေရးႀကီးဆုံး တစ္ခ်က္က ေဘးအႏၲရာယ္ကင္း႐ွင္းေရးျဖစ္ပါတယ္။ ထပ္ခိုးထပ္၊ အိမ္ရဲ႕ အေပၚထပ္ကို မေျပာင္းေ႐ႊ႕မီ ၾကမ္းခင္းေတြရဲ႕ ခံႏိုင္ရည္႐ွိမႈနဲ႔ လုံျခဳံေရးကို စစ္ေဆးသင့္ပါတယ္။ ထုတ္တန္းေတြ ခိုင္ခံ့ရဲ႕လား၊ အမိုးကေရာ လုံျခဳံမႈ႐ွိရဲ႕လား။ အထပ္ခိုးျဖစ္လို႔ ၾကမ္းခင္းကို နင္းတဲ့အခါတိုင္း ေနအိမ္ေအာက္ထပ္ အခန္းကို ၾကမ္းခင္းအိက်သြားတာ၊ ထုတ္တန္းရဲ႕ ခံႏိုင္ဝန္ထက္ကို ေက်ာ္လြန္ၿပီး နိမ့္ဆင္းလာတာ၊ ေစာင္းလာတာမ်ိဳးေတြ ႐ွိလာမယ္ဆိုရင္ ဒါဟာ ခိုင္ခံ့မႈ မ႐ွိဘူးဆိုတဲ့ လကၡဏာျဖစ္တယ္ဆိုတာ သတိထားသင့္ပါတယ္။ ဒီလိုဆိုရင္ေတာ့ လူေနထိုင္ဖို႔၊ ႐ုံးခန္းအျဖစ္ အသုံးျပဳဖို႔ အဆင္မေျပႏိုင္ေသးပါဘူး။ ပိုမို ခိုင္ခံ့ေအာင္၊ လုံျခဳံစိတ္ခ်ရေအာင္ အၾကမ္းထည္ျပင္ဆင္ၿပီးမွ တျခားလိုအပ္တဲ့ ျပင္ဆင္မႈေတြ ဆက္လက္ လုပ္ဖို႔ အၾကံျပဳလိုပါတယ္။

 


အေခ်ာသတ္ျပင္ဆင္မႈလုပ္ပါ။

ေယဘုယ်အားျဖင့္ေတာ့ အိမ္တစ္အိမ္ရဲ႕ ေခါင္မိုးထပ္၊ ထပ္ခိုးေနရာေတြက အရမ္းႀကီး က်ယ္က်ယ္ဝန္းဝန္း ထားေလ့မ႐ွိၾကပါဘူး။ မလိုအပ္တဲ့ပစၥည္းေတြ သိုေလွာင္သိမ္းဆည္းတဲ့ေနရာ၊ အသုံးျပဳေလ့မ႐ွိတဲ့ အပိုပစၥည္းေတြ သိမ္းဆည္းတဲ့ ေနရာတစ္ခုအေနနဲ႔သာ ထား႐ွိတတ္ၾကလို႔ပါ။ အခုလိုမ်ိဳး ႐ုံးခန္းနဲ႔ လူေနထိုင္အသုံးျပဳမယ့္ ေနရာအျဖစ္ ေျပာင္းလဲအသုံးျပဳခ်င္တဲ့ အခါမ်ိဳးေတြမွာလည္း ထပ္ခိုးခန္းေနရာက အလြယ္တကူ ေျပာင္းလဲလို႔ ရႏိုင္ပါတယ္။ ဒါေပမဲ့ လိုက္နာရမယ့္ နည္းလမ္းေလးေတြ၊ ေဆာင္ရန္ ေ႐ွာင္ရန္ေလးေတြနဲ႔ စိတ္ကူးေကာင္းေလးေတြ သိထားရင္ေတာ့ ပိုၿပီးေတာ့ အဆင္ေျပႏိုင္ပါတယ္။ အေပၚမွာ မွ်ေဝေပးခဲ့တဲ့ အခ်က္အလက္ေတြအတိုင္း လုပ္ေဆာင္ပါ။

 

လိုအပ္တဲ့ ႐ုံးသုံးပစၥည္းေတြ ထား႐ွိျပင္ဆင္ပါ။

ေနာက္ဆုံးအေနနဲ႔က အၾကမ္းထည္ ထပ္ခိုးကို အေခ်ာသတ္ ျပင္ဆင္မႈနဲ႔ အေသးစိတ္ အခန္းဖြဲ႕ အလွဆင္မႈေတြ လုပ္လို႔ ရႏိုင္ပါၿပီ။ နံရံေလးေတြ ေဆးေရာင္သုတ္တာ၊ မီးလုံးတပ္ဆင္တာ၊ ခန္းစီးလိုက္ကာေလးေတြ၊ နံရံကပ္ စကၠဴေလးေတြကိုကို မိမိႏွစ္သက္သလို အသုံးျပဳႏိုင္ပါတယ္။ ၾကမ္းခင္းမွာလည္း အေမႊးပြအခင္း၊ ေကာ္ေဇာနဲ႔ ပါေကးၾကမ္းခင္းတို႔ စိတ္ႀကိဳက္အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ စားပြဲ၊ နံရံကပ္ ဘီဒိုေလးေတြ၊ စာအုပ္စင္၊ အံဆြဲနဲ႔ တျခား႐ုံးသုံး ပရိေဘာဂ ပစၥည္း တစ္ကိုယ္ရည္စာ အနည္းအက်ဥ္းကို ထား႐ွိျပင္ဆင္လို႔ ရပါတယ္။

ကဲ .... ဒီေလာက္ဆိုရင္ အခုေဖာ္ျပေပးတဲ့ နည္းလမ္းေကာင္းေလးေတြ လိုက္နာၿပီးေနအိမ္မွာ အသုံးမျပဳပဲ ပစ္ထားတဲ့ အိမ္ေခါင္မိုးထပ္၊ ထပ္ခိုးေနရာေလးကို ႐ုံးခန္းေလးအျဖစ္ ေျပာင္းလဲၿပီး အက်ိဳး႐ွိ႐ွိ WFH အလုပ္ေတြ အမ်ားႀကီး ထမ္းေဆာင္ႏိုင္မွာပါ။ iMyanmarHouse.com စာဖတ္ပရိသတ္ႀကီးလဲ လစဥ္တိုင္းမွ်ေဝေပးေနတဲ့ ေနအိမ္ျပင္ဆင္ဖြဲ႕စည္းမႈေဆာင္းပါးေလးေတြ ဖတ္႐ႈၿပီး နည္းလမ္းေကာင္း၊ စိတ္ကူးေကာင္းေလးေတြ ရႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)