447 ကြိမ် ကြည့်ရှု့ ပြီး
စနစ်တကျသပ်ရပ်ရှင်းလင်းစေခြင်းဖြင့် ငွေမကုန်စေဘဲ အိမ်အလှဆင်နည်း
[Unicode]
စနစ်တကျသပ်ရပ်ရှင်းလင်းစေခြင်းဖြင့် အိမ်အလှဆင်နည်း
လူအများစုက သူတို့ရဲ့အိမ်တွေကို လှပနေချင်စဖွယ်ဖြစ်အောင် လုပ်ရင်းနဲ့ သူတို့ရဲ့၎င်းအလှဆင်မှုကပဲ သူတို့အိမ်ကို ရှုပ်ပွစေတတ်ကြတာများပါတယ်။ ဒါကြောင့် သင့်အိမ်ကို ငွေမကုန်ဘဲ နေချင်စဖွယ်ဖြစ်အောင် စနစ်တကျ သပ်သပ်ရပ်ရပ် ရှင်းရှင်းလင်းလင်းလေးဖြစ်စေဖို့ အောက်ပါနည်းလမ်းလေးတွေကို လေ့လာလိုက်ပါ။
အရာတချို့ကို ဖယ်ရှားလိုက်ပါ။
စနစ်တကျသပ်ရပ်ရှင်းလင်းစေခြင်းဖြင့် ငွေမကုန်စေဘဲ အိမ်အလှဆင်နည်း
ဒီအတွက် လုပ်ရမှာက သင့်မှာ ပစ္စည်းများ များလွန်းခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သင့်မှာ ပစ္စည်းတွေ များလေလေ အိမ်ကို ရှုပ်ပွစေဖို့ လွယ်လေလေပါပဲ။ မျက်စိရှေ့ မြင်နေရတဲ့အရာများကို ကောင်းစွာကြည့်ရှုပါ- ဧည့်ခန်းနံရံပေါ်မှာ မင်္ဂလာဓာတ်ပုံငါးပုံ ရှိနေတယ်ဆိုပါစို့။ ငါးပုံစလုံး ရှိနေဖို့ အမှန်တကယ် လိုအပ်သလား။ အခြားပစ္စည်းတွေဆိုရင်လည်း အလွန်များပြား သို့မဟုတ် အမှန်တကယ်မလိုအပ်တဲ့အရာတွေကို နေရာပြောင်းရွှေ့၊ ပေးကမ်း၊ လှူဒါန်း၊ စွန့်ပစ် စသဖြင့် သင့်သလို စီမံလိုက်ပါ။
စနစ်တကျသပ်ရပ်ရှင်းလင်းစေခြင်းဖြင့် ငွေမကုန်စေဘဲ အိမ်အလှဆင်နည်း
ဥပမာ - ကျမဆို ပန်းကန်ခွက်ယောက်တွေကို ကျမတို့မိသားစုရဲ့ နေ့စဉ်အသုံးအတွက် လိုသလောက်ကိုပဲ မီးဖိုချောင်မှာ ထားပါတယ်။ အသုံးမလိုတာတွေကို စတိုခန်းထဲမှာ ပုံးတစ်ပုံးထဲ ထည့်သိမ်းထားပါတယ်။
ဆက်စပ်မှုရှိသော အရာများကို အတူတကွစုဝေးထားရှိပါ။
စနစ်တကျသပ်ရပ်ရှင်းလင်းစေခြင်းဖြင့် ငွေမကုန်စေဘဲ အိမ်အလှဆင်နည်း
ဖယောင်းတိုင်က ဟိုမှာ၊ မီးခြစ်က ဒီမှာ စသဖြင့် တစ်နေရာစီ ထားထားတယ်ဆိုရင် မျက်လုံးက အရာများစွာကို အာရုံစိုက်နေရတဲ့အခါ သင့်အိမ်ကို ရှုပ်ယှက်ခတ်နေပုံရစေနိုင်ပါတယ်။ ဒါကြောင့် ပစ္စည်းတွေကို အမျိုးအစားအလိုက် စီစဉ်ပါ။ သဟဇာတဖြစ်မှု၊ လိုက်ဖက်မှု၊ ဆက်စပ်မှုတွေအပေါ် မူတည်ပြီး အတူတကွ စုဖွဲ့ထားရှိပါ။
စာအုပ်စင်/ဗီရိုကို ပြွတ်သိပ်ရှုပ်ပွမနေအောင် ထိန်းသိမ်းပါ
စနစ်တကျသပ်ရပ်ရှင်းလင်းစေခြင်းဖြင့် ငွေမကုန်စေဘဲ အိမ်အလှဆင်နည်း
စာအုပ်စင်မှာ သင်ဖတ်ဖူးသမျှ စာအုပ်တိုင်းကို ခင်းကျင်းပြသကြွားဝါလို့ကောင်းပေမဲ့လည်း ရှုပ်ပွနေတဲ့ စာအုပ်စင်ဟာ ရှုပ်ပွနေတဲ့ အိမ်တစ်လုံးကို ပုံဖော်ပေးပါတယ်။ ဒါကြောင့် အိမ်ကို သပ်ရပ်ရှင်းလင်းလှပနေစေချင်တယ်ဆိုရင် စာအုပ်စင်ကို အထူးဂရုစိုက်ပါ။
ပရိဘောဂများကို နေရာတကျထားပါ
စနစ်တကျသပ်ရပ်ရှင်းလင်းစေခြင်းဖြင့် ငွေမကုန်စေဘဲ အိမ်အလှဆင်နည်း
အထူးသဖြင့် ဧည့်ခန်းတွင် သင့်ပရိဘောဂများကို ကြည့်ပါ။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် ထားပါ သို့မဟုတ် အသုံးမပြုတဲ့အခါမှာလည်း သပ်သပ်ရပ်ရပ်ဖြစ်စေဖို့ သေချာပါစေ။
ချည်နှောင်ထားသောကြိုးများကို ဝှက်ထားပါ။
စနစ်တကျသပ်ရပ်ရှင်းလင်းစေခြင်းဖြင့် ငွေမကုန်စေဘဲ အိမ်အလှဆင်နည်း
သွယ်တန်းထားတဲ့ ကြိုးတွေနဲ့ ဝါယာကြိုးတွေကို ရှုပ်ယှက်ခတ်မနေအောင် သေချာဂရုစိုက်ပါ။ အန္တရာယ်ကင်းစေဖို့လည်း အဓိက ဦးစားပေးဆောင်ရွက်ပါ။
ဒီလောက်ဆိုရင်ပဲ နေအိမ်တစ်လုံးက စနစ်တကျသပ်ရပ်ရှင်းလင်းသွားပါပြီ။ အိမ်ကိုနေချင်စဖွယ်ဖြစ်အောင် ငွေမကုန်စေဘဲ အလှဆင်နည်းဆိုရင်လည်း မမှားဘူးပေါ့နော်။
iMyanmarHouse.com ရဲ့ စာဖတ်ပရိသတ်တွေလည်း ဒီနည်းလမ်းလေးကို ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အရာတစ်ချို့ကို ဖယ်ရှားလိုက်ပါ။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)