394 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

၂၀၂၃ မှာ ရွေးချယ်လာကြတဲ့ ဧည့်ခန်းနေရာအလှအပပြင်ဆင်မှုတွေ

 

 

[Unicode]

 

မီးဖိုချောင်နေရာဟာ အိမ်ရဲ့ ဗဟိုချက်နေရာဖြစ်တယ်ဆိုရင် ဧည့်ခန်းကလည်း တစ်မိသားစုလုံးအတွက် အပန်းဖြေအနားယူစရာနေရာဖြစ်ပါတယ်။ ဇိမ်ရှိရှိ ရုပ်ရှင်ကြည့်တဲ့ နေရာ ဖြစ်နိုင်သလို မိသားစု အပျော် တမ်းဂိမ်း ဆော့တဲ့ နေရာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းကို ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးပြုကြပါတယ်။


၂၀၂၃ ခုနှစ်အတွက် အိမ်အလှအပ ပြင်ဆင်မွမ်းမံမှုမှာလည်းပဲ ပြီးခဲ့တဲ့နှစ်တွေနဲ့မတူ ကွဲပြားတဲ့ စိတ်ကူးတွေ၊ ဆန်းသစ်တဲ့ ပြင်ဆင်မှုတွေနဲ့ အသစ်အသစ်သော လူနေမှုပုံစံ တွေကို လိုက်နာလာကြပါတယ်။ ၂၀၂၃ ခုနှစ်မှာ နေအိမ်တွေရဲ့ အဓိက ဧည့်ခန်းမနေရာတွေကို ဘယ်လိုမျိုး ရွေးချယ် ပြင်ဆင်ကြသလဲဆိုတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 


ရှေးကျတဲ့ ပြင်ဆင်မှုတွေကို ဖယ်ရှားလိုက်ပါ။


အိမ်အတွင်းခန်းအပြင်အဆင် ဒီဇိုင်နာ ဘရက်ဒ်လေး အိုဒွန်းရဲ့ ခန့်မှန်းပြောပြတဲ့အချက်ထဲမှာ ၂၀၂၃ ခုနှစ်မှာ အရင်နှစ်တွေကအသုံးပြုတဲ့ ရှေးကျတဲ့ ပြင်ဆင်မှု၊ ခေတ်ဟောင်းစတိုင်လ်တွေကို ရွေးချယ်ကြတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဧည့်ခန်းတွေမှာ အစဉ်အလာနဲ့ ရှေးကျတဲ့ အရာတွေ၊ ဆိုဖာခုံတွေ ဒါမွ မဟုတ် စားပွဲတင်မီးအိမ်ပါတဲ့ ဆက်တီခုံတွေဟာ ခေတ်ဟောင်းစတိုင်လ်တွေဖြစ်ပါတယ်။

 

 

၂၀၂၃ မှာ ရွေးချယ်လာကြတဲ့ ဧည့်ခန်းနေရာအလှအပပြင်ဆင်မှုတွေ

 

အိမ်ပိုင်ရှင်တွေနဲ့ အိမ်အလှအပ ဖန်တီးပြင်ဆင်သူတွေက ဧည့်ခန်းနေရာအလွတ် ထောင့်တစ်ခုစီတိုင်းကို ထူးထူးခြားခြား အပြင်အဆင်တွေ ပြင်ဆင်လာကြမှာပါ။ အရိုးအရှင်းဆုံး ပုံစံ ဖြစ်နေရင်တောင်မှ သက်တောင့်သက်သာနဲ့ ခံစားမှုတစ်ခုခု ထင်ရှားပေါ်လွင်နေအောင် ဖန်တီးကြမှာပါ။

 

၂၀၂၃ မှာ ရွေးချယ်လာကြတဲ့ ဧည့်ခန်းနေရာအလှအပပြင်ဆင်မှုတွေ

 

 

ဧည့်ခန်းတွေကို ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးပြုကြမယ်။

အခုနောက်ပိုင်း အချိန်တွေမှာ နေအိမ်ခန်းတွေထဲက အခန်းတိုင်းနေရာတိုင်းကို ရည်ရွယ်ချက်တစ်ခုတည်းအတွက် အသုံးမပြုလာကြတော့ ပါဘူး။ ဘက်စုံသုံးလို့ရအောင် နေရာတစ်ခုရွေးချယ်ဖို့ဆိုရင် ဧည့်ခန်းနေရာတွေဖြစ်ပဲဖြစ်ပါတယ်။

 

၂၀၂၃ မှာ ရွေးချယ်လာကြတဲ့ ဧည့်ခန်းနေရာအလှအပပြင်ဆင်မှုတွေ

 

အားကစားလုပ်ဖို့လား။ အနားယူဖို့လား။ ဧည့်တွေ့ ဧည့်ခံဖို့လား။ မိသားစုစကားဝိုင်းလား။ တစ်ခါတစ်လေ ဂိမ်းတွေလည်း ဆော့ကြအုန်းမလား။ စသဖြင့် ရည်ရွယ်ချက်မျိုးစုံနဲ့ ဧည့်ခန်းတွေကို အသုံးပြုလာကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ အိမ်မှာ သီးသန့် နေရာပေးစရာမလိုအပ်ဘဲ အိမ်ရဲ့ အကျယ်အဝန်းနဲ့ အသုံးစရိတ်ကို ချွေတာရာလည်း ရောက်ပါတယ်။

 

 

နွေးထွေးပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်လေးဖန်တီးပါ။

 

အိမ်ရဲ့ ပင်မ ဧည့်ခန်းကို ဝင်လိုက်တာနဲ့ကို နွေးထွေးတဲ့ ခံစားချက်က မိသားစုတွေနဲ့ အလည်အပတ်လာရောက်သူတွေကို ကြည်နူးပျော်ရွှင်စေရပါတယ်။ ဧည့်ခန်းအပြင်အဆင်ဒီဇိုင်းတွေအက အရောင်ရွေးချယ်မှုမှာလည်း နွေးထွေးပြီး ငြိမ်းချမ်းတဲ့ ခံစားချက်ရအောင် ပြင်ဆင်လို့ရပါတယ်။

 

၂၀၂၃ မှာ ရွေးချယ်လာကြတဲ့ ဧည့်ခန်းနေရာအလှအပပြင်ဆင်မှုတွေ

 

သဘာဝ ဆန်တဲ့အရောင်တွေဖြစ်တဲ့ အပြာရောင်၊ မက်မွန်ရောင်၊ ခရင်မ်ရောင်နဲ့ မြေကြီးရောင် စသဖြင့် အရောင်တွေက ၂၀၂၃ မှာ ရေပန်းစားပြီး ရွေးချယ်မှု များလာပါတယ်။

 

 

အမိုးခုံးခုံး ဒီဇိုင်းတွေ ရွေးချယ်ပါ။

 

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေများစွာက ကိုလိုနီ အဆောက်အအုံတွေတော်တော်များများမှာ မြင်တွေ့ရတဲ့ အမိုးခုံးခုံး ဒီဇိုင်းလေးတွေက အခု ၂၀၂၃ မှာလည်း ပြန်ပြီးတော့ တကျော့ပြန်ရေပန်းစားလာပါတယ်။

၂၀၂၃ မှာ ရွေးချယ်လာကြတဲ့ ဧည့်ခန်းနေရာအလှအပပြင်ဆင်မှုတွေ

 

အမိုးခုံးခုံး အဝင် တံခါးနဲ့ လျှောက်လမ်းလေးတွေ၊ နောက်ကျောဘက် အခုံးဒီဇိုင်းလေးနဲ့ ဆိုဖာခုံတွေ၊ လက်တင် ကုလားထိုင်တွေ၊ ဒါ့အပြင် ခပ်ဝိုင်းဝိုင်း ခေါင်းအုံးနဲ့ အလှဆင်ပစ္စည်းတွေက ၂၀၂၃ ခုနှစ်အတွက် နေအိမ်အလှပြင်ဆင်မှုမှာ အရေးပါလာခဲ့ပါတယ်။

 

၂၀၂၃ မှာ ရွေးချယ်လာကြတဲ့ ဧည့်ခန်းနေရာအလှအပပြင်ဆင်မှုတွေ

 

 

မျက်နှာကျက်တွေကို ဆေးသုတ်ပါ။


အနုပညာအမှတ်တံဆိပ် Dunn-Edwards DURA ရဲ့ တီထွင်မှုမန်နေဂျာ ဂျက်ဆီကာ မိုက် က အခုနှစ် ၂၀၂၃ ခုနှစ်မှာ ဆေးသုတ်ထားတဲ့ မျက်နှာကျက်အပြင်အဆင်တွေ ပိုပြီးလုပ်လာကြဖို့ရှိတယ်လို့ အကြံပြုထားပါတယ်။

 

 

၂၀၂၃ မှာ ရွေးချယ်လာကြတဲ့ ဧည့်ခန်းနေရာအလှအပပြင်ဆင်မှုတွေ

 

ဧည့်ခန်းကျယ်ရဲ့ နံရံတွေမှာ လိုက်ဖက်တဲ့ ဆေးရောင်လှလှကို သုတ်ပေးခြင်းအားဖြင့် အိမ်ပိုင်ရှင်တွေက သူတို့တွေရဲ့ ဇိမ်ခံနေရာကို နောက်တစ်ဆင့်မြှင့်ပြီး ပြင်ဆင်လာကြတာဖြစ်ပါတယ်။ ငါးပေအမြင့်ရှိတဲ့ မျက်နှာ ကျက်တွေမှာ ဆေးရောင်သုတ်တာ၊ ဗိသုကာလက်ရာမြောက် ဒီဇိုင်းတွေပြင်ဆင်တာ၊ ပန်းချီတွေဆွဲတာ စတာတွေကို လုပ်နိုင်ပါတယ်။

 

၂၀၂၃ မှာ ရွေးချယ်လာကြတဲ့ ဧည့်ခန်းနေရာအလှအပပြင်ဆင်မှုတွေ

 

ကဲ ဒီလောက်ဆိုရင် ၂၀၂၃ ခုနှစ်မှာ ရေပန်းစားတဲ့ ဧည့်ခန်းပြင်ဆင်တည်ဆောက်မှုတွေအကြောင်းကို သိပြီးလောက်ပြီထင်ပါတယ်။ အဲ့ဒီတော့ iMyanmarHouse စာဖတ်ပရိသတ်ကြီးက မိမိအိမ်ရှိ ဧည့်ခန်းလေးကို နေချင်စဖွယ်ကောင်းအောင်ပြင်ဆင်ပြီး မိသားစုတွေ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 


[Zawgyi]

 

၂၀၂၃ မွာ ေ႐ြးခ်ယ္လာၾကတဲ့ ဧည့္ခန္းေနရာအလွအပျပင္ဆင္မႈေတြ

 


မီးဖိုေခ်ာင္ေနရာဟာ အိမ္ရဲ႕ ဗဟိုခ်က္ေနရာျဖစ္တယ္ဆိုရင္ ဧည့္ခန္းကလည္း တစ္မိသားစုလုံးအတြက္ အပန္းေျဖအနားယူစရာေနရာျဖစ္ပါတယ္။ ဇိမ္႐ွိ႐ွိ ႐ုပ္႐ွင္ၾကည့္တဲ့ ေနရာ ျဖစ္ႏိုင္သလို မိသားစု အေပ်ာ္ တမ္းဂိမ္း ေဆာ့တဲ့ ေနရာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ အိမ္တစ္အိမ္ရဲ႕ ဧည့္ခန္းကို ရည္႐ြယ္ခ်က္မ်ိဳးစုံနဲ႔ အသုံးျပဳၾကပါတယ္။


၂၀၂၃ ခုႏွစ္အတြက္ အိမ္အလွအပ ျပင္ဆင္မြမ္းမံမႈမွာလည္းပဲ ၿပီးခဲ့တဲ့ႏွစ္ေတြနဲ႔မတူ ကြဲျပားတဲ့ စိတ္ကူးေတြ၊ ဆန္းသစ္တဲ့ ျပင္ဆင္မႈေတြနဲ႔ အသစ္အသစ္ေသာ လူေနမႈပုံစံ ေတြကို လိုက္နာလာၾကပါတယ္။ ၂၀၂၃ ခုႏွစ္မွာ ေနအိမ္ေတြရဲ႕ အဓိက ဧည့္ခန္းမေနရာေတြကို ဘယ္လိုမ်ိဳး ေ႐ြးခ်ယ္ ျပင္ဆင္ၾကသလဲဆိုတဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္


ေ႐ွးက်တဲ့ ျပင္ဆင္မႈေတြကို ဖယ္႐ွားလိုက္ပါ။


အိမ္အတြင္းခန္းအျပင္အဆင္ ဒီဇိုင္နာ ဘရက္ဒ္ေလး အိုဒြန္းရဲ႕ ခန္႔မွန္းေျပာျပတဲ့အခ်က္ထဲမွာ ၂၀၂၃ ခုႏွစ္မွာ အရင္ႏွစ္ေတြကအသုံးျပဳတဲ့ ေ႐ွးက်တဲ့ ျပင္ဆင္မႈ၊ ေခတ္ေဟာင္းစတိုင္လ္ေတြကို ေ႐ြးခ်ယ္ၾကေတာ့မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ဧည့္ခန္းေတြမွာ အစဥ္အလာနဲ႔ ေ႐ွးက်တဲ့ အရာေတြ၊ ဆိုဖာခုံေတြ ဒါမြ မဟုတ္ စားပြဲတင္မီးအိမ္ပါတဲ့ ဆက္တီခုံေတြဟာ ေခတ္ေဟာင္းစတိုင္လ္ေတြျဖစ္ပါတယ္။ အစား အိမ္ပိုင္႐ွင္ေတြနဲ႔ အိမ္အလွအပ ဖန္တီးျပင္ဆင္သူေတြက ဧည့္ခန္းေနရာအလြတ္ ေထာင့္တစ္ခုစီတိုင္းကို ထူးထူးျခားျခား အျပင္အဆင္ေတြ ျပင္ဆင္လာၾကမွာပါ။ အ႐ိုးအ႐ွင္းဆုံး ပုံစံ ျဖစ္ေနရင္ေတာင္မွ သက္ေတာင့္သက္သာနဲ႔ ခံစားမႈတစ္ခုခု ထင္႐ွားေပၚလြင္ေနေအာင္ ဖန္တီးၾကမွာပါ။

 

ဧည့္ခန္းေတြကို ရည္႐ြယ္ခ်က္မ်ိဳးစုံနဲ႔ အသုံးျပဳၾကမယ္။

အခုေနာက္ပိုင္း အခ်ိန္ေတြမွာ ေနအိမ္ခန္းေတြထဲက အခန္းတိုင္းေနရာတိုင္းကို ရည္႐ြယ္ခ်က္တစ္ခုတည္းအတြက္ အသုံးမျပဳလာၾကေတာ့ ပါဘူး။ ဘက္စုံသုံးလို႔ရေအာင္ ေနရာတစ္ခုေ႐ြးခ်ယ္ဖို႔ဆိုရင္ ဧည့္ခန္းေနရာေတြျဖစ္ပဲျဖစ္ပါတယ္။ အားကစားလုပ္ဖို႔လား။ အနားယူဖို႔လား။ ဧည့္ေတြ႕ ဧည့္ခံဖို႔လား။ မိသားစုစကားဝိုင္းလား။ တစ္ခါတစ္ေလ ဂိမ္းေတြလည္း ေဆာ့ၾကအုန္းမလား။ စသျဖင့္ ရည္႐ြယ္ခ်က္မ်ိဳးစုံနဲ႔ ဧည့္ခန္းေတြကို အသုံးျပဳလာၾကပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ဒါဟာ အိမ္မွာ သီးသန္႔ ေနရာေပးစရာမလိုအပ္ဘဲ အိမ္ရဲ႕ အက်ယ္အဝန္းနဲ႔ အသုံးစရိတ္ကို ေခြၽတာရာလည္း ေရာက္ပါတယ္။

 

ေႏြးေထြးၿပီး ဆိတ္ၿငိမ္ေအးခ်မ္းတဲ့ ပတ္ဝန္းက်င္ေလးဖန္တီးပါ။

အိမ္ရဲ႕ ပင္မ ဧည့္ခန္းကို ဝင္လိုက္တာနဲ႔ကို ေႏြးေထြးတဲ့ ခံစားခ်က္က မိသားစုေတြနဲ႔ အလည္အပတ္လာေရာက္သူေတြကို ၾကည္ႏူးေပ်ာ္႐ႊင္ေစရပါတယ္။ ဧည့္ခန္းအျပင္အဆင္ဒီဇိုင္းေတြအက အေရာင္ေ႐ြးခ်ယ္မႈမွာလည္း ေႏြးေထြးၿပီး ၿငိမ္းခ်မ္းတဲ့ ခံစားခ်က္ရေအာင္ ျပင္ဆင္လို႔ရပါတယ္။ သဘာဝ ဆန္တဲ့အေရာင္ေတြျဖစ္တဲ့ အျပာေရာင္၊ မက္မြန္ေရာင္၊ ခရင္မ္ေရာင္နဲ႔ ေျမႀကီးေရာင္ စသျဖင့္ အေရာင္ေတြက ၂၀၂၃ မွာ ေရပန္းစားၿပီး ေ႐ြးခ်ယ္မႈ မ်ားလာပါတယ္။

 

အမိုးခုံးခုံး ဒီဇိုင္းေတြ ေ႐ြးခ်ယ္ပါ။

လြန္ခဲဲ႕တဲ့ ဆယ္စုႏွစ္ေတြမ်ားစြာက ကိုလိုနီ အေဆာက္အအုံေတြေတာ္ေတာ္မ်ားမ်ားမွာ ျမင္ေတြ႕ရတဲ့ အမိုးခုံးခုံး ဒီဇိုင္းေလးေတြက အခု ၂၀၂၃ မွာလည္း ျပန္ၿပီးေတာ့ တေက်ာ့ျပန္ေရပန္းစားလာပါတယ္။ အမိုးခုံးခုံး အဝင္ တံခါးနဲ႔ ေလွ်ာက္လမ္းေလးေတြ၊ ေနာက္ေက်ာဘက္ အခုံးဒီဇိုင္းေလးနဲ႔ ဆိုဖာခုံေတြ၊ လက္တင္ ကုလားထိုင္ေတြ၊ ဒါ့အျပင္ ခပ္ဝိုင္းဝိုင္း ေခါင္းအုံးနဲ႔ အလွဆင္ပစၥည္းေတြက ၂၀၂၃ ခုႏွစ္အတြက္ ေနအိမ္အလွျပင္ဆင္မႈမွာ အေရးပါလာခဲ့ပါတယ္။

 

မ်က္ႏွာက်က္ေတြကို ေဆးသုတ္ပါ။


အႏုပညာအမွတ္တံဆိပ္ Dunn-Edwards DURA ရဲ႕ တီထြင္မႈမန္ေနဂ်ာ ဂ်က္ဆီကာ မိုက္ က အခုႏွစ္ ၂၀၂၃ ခုႏွစ္မွာ ေဆးသုတ္ထားတဲ့ မ်က္ႏွာက်က္အျပင္အဆင္ေတြ ပိုၿပီးလုပ္လာၾကဖို႔႐ွိတယ္လို႔ အၾကံျပဳထားပါတယ္။ ဧည့္ခန္းက်ယ္ရဲ႕ နံရံေတြမွာ လိုက္ဖက္တဲ့ ေဆးေရာင္လွလွကို သုတ္ေပးျခင္းအားျဖင့္ အိမ္ပိုင္႐ွင္ေတြက သူတို႔ေတြရဲ႕ ဇိမ္ခံေနရာကို ေနာက္တစ္ဆင့္ျမႇင့္ၿပီး ျပင္ဆင္လာၾကတာျဖစ္ပါတယ္။ ငါးေပအျမင့္႐ွိတဲ့ မ်က္ႏွာ က်က္ေတြမွာ ေဆးေရာင္သုတ္တာ၊ ဗိသုကာလက္ရာေျမာက္ ဒီဇိုင္းေတြျပင္ဆင္တာ၊ ပန္းခ်ီေတြဆြဲတာ စတာေတြကို လုပ္ႏိုင္ပါတယ္။

ကဲ ဒီေလာက္ဆိုရင္ ၂၀၂၃ ခုႏွစ္မွာ ေရပန္းစားတဲ့ ဧည့္ခန္းျပင္ဆင္တည္ေဆာက္မႈေတြအေၾကာင္းကို သိၿပီးေလာက္ၿပီထင္ပါတယ္။ အဲ့ဒီေတာ့ iMyanmarHouse စာဖတ္ပရိသတ္ႀကီးက မိမိအိမ္႐ွိ ဧည့္ခန္းေလးကို ေနခ်င္စဖြယ္ေကာင္းေအာင္ျပင္ဆင္ၿပီး မိသားစုေတြ ေပ်ာ္႐ႊင္စြာေနထိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)