2384 ကြိမ် ကြည့်ရှု့ ပြီး

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

လူတို့သည် နေအိမ်တွင် အလှဆင်မွမ်းမံမှုများ ပြုလုပ်ရန်အတွက် အနုပညာ လက်ရာများ၊ ပရိဘောဂများ၊ အလှဆင်ပစ္စည်းများကို အသုံးပြုကြသည်။

အများစု၏ သဘောမှာ တန်ဖိုးကြီးမားသောအရာ များကိုသာ ရွေးချယ်လိုလေ့ ရှိကြ၏။

သင်တို့ အသုံးမပြုတော့သည့် အသုံးအဆောင်ပစ္စည်းများ၊ မကြာခဏလွှင့်ပစ်နေရ သည့်ပစ်္စည်းများကို အသုံးပြုကာ အိမ်တွင်းအလှဆင် နိုင်ကြောင်း သိလျှင် များစွာအံ့အားသင့် မည် ဖြစ်သည်။

စွန့်ပစ်ပစ္စည်းများဖြင့် အလှဆင်ခြင်းမှာ သမားရိုးကျစိတ်ကူးတစ်ရပ်ကား မဟုတ်ချေ။ သင်တစ်ကြိမ်ခန့် ကြိုးစားပြုလုပ်ကြည့်ပါက စွန့်ပစ်ပစ်္စည်းများဖြင့် အလှဆင်ရခြင်းကို စွဲလမ်း သွားမည် ဖြစ်သည်။

ဖန်တီးတတ်သည့် စိတ်ကူးကောင်းရှိလျှင် အနည်းငယ်တွေးခေါ်ရုံမျှဖြင့် စွန့်ပစ် ပစ်္စည်းများမှာ လှပသောအိမ်တွင်းအလှဆင် ပစ္စည်းများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည့် အပြင် အလှဆင်ရန်အတွက် ကုန်ကျစရိတ်အလွန်သက်သာသွားမည်လည်း ဖြစ်သည်။

စွန့်ပစ်တော့မည့် ပစ္စည်းများသည် တဖန်ပြန်လည်အသက်ဝင်လာကာ သင့်အတွက် အခြားဖြစ်တည်မှုတစ်ခုဖြင့် ရှင်သန်ပေးဦးမည် ဖြစ်သည်။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

အ၀တ်ဟောင်းများဖြင့် အခင်းထည်ပြုလုပ်ခြင်း


အကယ်၍ သင့်တွင် မ၀တ်ဆင်တော့သော အ၀တ်အထည်ဟောင်းများရှိပါက လှပ သည့်အခင်းတစ်ခုအဖြစ် ပြောင်းလဲကြည့်လိုက်ပါ။

ဦးစွာအားဖြင့် စောင်ပါးတစ်ထည်လိုအပ်မည် ဖြစ်ပါသည်။ အသစ်ပြုလုပ်မည့် အခင်းထည်၏ အောက်ခံအဖြစ် အဆိုပါစောင်ပါးကို အသုံးပြုရပါမည်။

မ၀တ်ဆင်တော့သော အ၀တ်ဟောင်းများကို ဖြတ်စရှည်များအဖြစ် ကတ်ကြေးဖြင့် ဖြတ်တောက်လိုက်ပါ။ ယင်းဖြတ်စများကို စောင်ပါးပေါ်တွင် မိမိတွင်ရှိသည့် ဖြတ်စအရောင် များကို မူတည်ကာ အရောင်စပ်ဟပ်မှုများကို နှစ်သက်သလို စီစဉ်ပြီး အပ်ဖြင့်ချုပ်ပေးပါ။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

ပလတ်စတစ်ဘူးများကို ပန်းအိုးအဖြစ် အသုံးပြုခြင်း

သင့်အိမ်တွင် အသုံးမပြုတော့သော ကြီးမားသည့် ပလတ်စတစ်ဘူး များရှိပါက ပန်းအိုးများအဖြစ် အသစ်တစ်ဖန် ပြန်လည်အသုံးပြုနိုင်ပါသည်။

ပလတ်စတစ်ဘူး၏ အပေါ်ပိုင်းကို ဖြတ်ထုတ်ပါ။ ယင်းသို့ဖြတ်ထုတ် ရာတွင် ကျန်ခဲ့မည့်အောက်ပိုင်းအတွက် မိမိနှစ်သက်သလို အလှဆင် ပုံဖော် ဖြတ်ထုတ်ရမည် ဖြစ်ပါသည်။

ပြီးလျှင် မြေဆွေးထည့်ကာ အပင်များစိုက်ပျိုးနိုင်ပါပြီ။ ပန်းအိုးဖြစ်လာ သော ပလတ်စတစ်ဘူး ဘောင်တွင် ကြိုးတပ်ကာ သင့်ပန်းခြံ (သို့မဟုတ်) နေအိမ် တွင်းတွင် ချိတ်ဆွဲထားနိုင်ပါသည်။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

စွန့်ပစ်တော့မည့် စက္ကူများဖြင့် ပန်းအလှဆင်ခြင်း

သင်၏နေအိမ်တွင် အသုံးမလိုတော့သော စက္ကူများ၊ စွန့်ပစ်တော့မည့် စက္ကူများရှိပါက ပန်းပွင့်များအသွင် ပုံဖော်ကာ အလှဆင်နိုင်ပါသည်။

ယင်းသို့ပြုလုပ်ရန်အတွက် အရောင်အသွေးမတူညီသည့် စက္ကူများကို ဦးစွာရွေးချယ်ပါ။ပြီးလျှင် စက္ကူများကို ခေါက်ကာ သစ်ရွက်များအသွင် ပုံဖော်ရမည်ဖြစ်ပါသည်။ ရရှိလာသော အရွက်များကို ပန်းတစ်ပွင့်၏ အရွက်များအသွင်ဖြစ်စေရန် စက်ဝိုင်းအသွင် ၀န်းပတ်ကာ နံရံတွင် ကော်ဖြင့် ကပ်ပေးပါ။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ
အလယ်ဗဟိုတွင် ပန်းပွင့်အသွင်ပုံဖော်ပြီး တိပ်ဖြင့် ကပ်ပေးလိုက်ပါက ထူးခြားသည့်အိမ်တွင်း အလှဆင်ပစ္စည်းတစ်ခု ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါသည်။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

သတင်းစာဟောင်းများဖြင့် စာကြည့်မီးအုပ်ဆောင်းကို အလှဆင်ပုံဖော်ခြင်း

သတင်းစာများ ဖတ်ရှုပြီးပါက လွှင့်မပစ်ပါနှင့်။ စာကြည့်မီးလုံး၏ မီးအုပ်ဆောင်းကို အဆိုပါ သတင်းစာဟောင်းများဖြင့် အလှဆင်၍ ရပါသည်။

သတင်းစာဟောင်းများကို ဖြတ်ပိုင်းရှည်များအဖြစ် ဖြတ်ထုတ်ပါ။ ပြီးလျှင် သတင်းစာဖြတ် ပိုင်းများကို စုတ်တံတစ်ခုဖြင့် ကော်သုတ်ကာ သင်၏ စာကြည့်မီးအုပ်ဆောင်းပေါ်တွင် တညီတညာ တည်းမဟုတ်ဘဲ ကပ်ပေးပါ။

အုပ်ဆောင်းဘောင်ကို ကျော်ထွက်နေသည့် နေရာများကို ဖြတ်ထုတ်ပေးပါ။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

အိမ်သာသုံးတစ်သျှူးလိပ် အလယ်ဗဟိုရှိ ကတ္ထူလိပ်စကို နံရံအလှဆင်အနုပညာအဖြစ် ပုံဖော်ခြင်း

အိမ်သာသုံးတစ်သျှူးလိပ် အလယ်ဗဟိုရှိ ကတ္ထူလိပ်စများကို လွှင့်မပစ်ဘဲ သိမ်းဆည်းထား ပါ။ ယင်းနောက် စက္ကူကွင်းငယ်များအဖြစ် ကတ်ကြေးဖြင့်ဖြတ်ပါ။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

အဆိုပါဖြတ်စများကို ပန်းပွင့်တစ်ခု ၏ ပွင့်ဖတ်များအသွင် ကတ္ထူပြားတစ်ခုပေါ်တွင် ကော်အကောင်းစားဖြင့် ကပ်ကာ နံရံကပ်ရုပ်ကြွပန်းချီ တစ်မျိုးသဖွယ် အလှဆင်နိုင်ပါသည် ။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

အသုံးမလိုတော့သည့်စာအုပ်အဖုံးများဖြင့် လျှို့ဝှက်သိမ်းဆည်းရာ နေရာငယ်တစ်ခု ဖန်တီးခြင်း

သင်၏ စာအုပ်စင်တွင် အခြားသူများ မရိပ်မိနိုင်သည့် ပစ္စည်းအချို့သိမ်းဆည်းရာ လျှို့ဝှက် နေရာငယ်တစ်ခု ဖန်တီးလိုပါက အသုံးမလိုတော့သည့် စာအုပ်အဖုံးများဖြင့် ဖန်တီးရယူနိုင်ပါသည်။ကတ္ထူဖုံးဖြင့် ချုပ်ထားသည့် စာအုပ် ၂ အုပ်ကို ဦးစွာ ရယူပြီး အဖုံးများကို ဖြုတ်လိုက်ပါ။ ပြီးလျှင် တစ်အုပ်ချင်းစီ၏ အဖုံးတစ်ဘက်ကို ဖြတ်ထုတ်ပါ။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

အခြားစာအုပ် ၃ အုပ် (သို့မဟုတ်) ၄ အုပ်၏ စာအုပ်အနှောင့်ပိုင်းနေရာများကို ဖြတ်ပါ။ထို စာအုပ်အနှောင့်များကို အဖုံးအလွတ် ၂ ခုဖြင့် တဆက်တည်းဖြစ်အောင် ကော်ဖြင့် ကပ်ပေးပါ။

နောက်ဆုံးတွင် စက္ကူကတ်ထူဘူးတစ်ဘူး၏ ပတ်လည်တွင် ကော်ဖြင့် ထောင်ကပ်ပေးလိုက် ပါက စာအုပ်စင်တွင် သင့်အတွက် လျှို့ဝှက်နေရာငယ်တစ်ခု ရရှိလာမည် ဖြစ်ပါသည်။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

ဖန်ခွက်အဟောင်းများဖြင့် နံရံကပ်ပန်းအိုးများ ဖန်တီးခြင်း

သင့်တွင် အသုံးမပြုသော ဖန်ခွက်များရှိပါက နံရံကပ်ပန်းအိုးငယ်များအသွင် အလှဆင်နိုင် ပါသည်။ပေါ်လစ်ကောင်းစွာတိုက်ထားသော စတုရန်းပုံ (သို့မဟုတ်) စတုဂံပုံ ပျဉ်ချပ်နှင့် ပလတ်စတစ်ကွင်း ( holder ) နှင့် ၀က်အူလှည့်၊ မူလီတို့ လိုအပ်ပါသည်။

စွန့်ပစ်ပစ္စည်းများဖြင့် နေအိမ်တွင်း အလှဆင်နည်းများ

ပျဉ်ချပ်ငယ်ပေါ်တွင် ပလတ်စတစ်ကွင်းကို ဖန်ခွက်ဖြင့် တိုင်းတာကာ မူလီဖြင့် စုပ်ပါ။ ပြီးလျှင် အဆိုပါပျဉ်ချပ်ငယ်များကို နံရံတွင် ကော်အကောင်းစားဖြင့် ကပ်ကာ ဖန်ခွက်များ ထည့်သွင်းပေး လိုက်ပါက နံရံကပ် ပန်းအိုးများ ရရှိလာမည် ဖြစ်ပါသည်။

 


ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)