1192 ကြိမ် ကြည့်ရှု့ ပြီး

သင့်အိမ်တွင်းမှာပဲ ပျော်ရွှင်စရာ ဆော့ကစားစီးလို့ရမယ့် လျှောစီး ကလေးတွေ တည်ဆောက်ကြမယ်….

သင်က စိတ်ကူးကောင်းတဲ့ လူတစ်ယောက်လား၊ ဒါမှမဟုတ် ဆန်းကြယ်မှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားရတာ ကြိုက်တဲ့လူ တစ်ယောက်လား။ သင့်ရဲ့နေအိမ်မှာ ဘယ်မှာမှ မမြင်ဖူးသေးတဲ့ ထူးထူးဆန်းဆန်းတွေ ပြင်ဆင်ဖန်တီးဖို့အတွက် စိတ်ကူးဖူးလား။ ဒီလိုဆိုရင်တော့ အခုဖော် ပြမယ့် ထူးထူးခြားခြား ပြင်ဆင်မှုက သင့်အတွက် စိတ်ဝင်စားဖို့ ကောင်းပြီးတော့ အကယ်၍ ကလေး ငယ်လေးတွေရှိတဲ့ နေအိမ်ဆိုရင်တော့ ပိုပြီးတော့ ပျော်ရွှင်စရာ ဖန်တီးပေးမှာပါ။

သင့်အိမ်တွင်းမှာပဲ ပျော်ရွှင်စရာ ဆော့ကစားစီးလို့ရမယ့် လျှောစီး ကလေးတွေ တည်ဆောက်ကြမယ်….

ပန်းခြံ၊ ကလေးကစားကွင်းတွေမှာသာရှိတဲ့ လျှောလေးတွေကို သင့်အိမ်မှာ တပ်ဆင်လိုက်ပါ။ သင့်အတွက် ထူးခြားတဲ့ခံစားမှုကို ဖြစ်စေမှာဖြစ်ပြီးတော့ ကလေးငယ်လေးတွေလည်း ကြိုက်နှစ် သက်ကြမှာပါ။

သင့်အိမ်တွင်းမှာပဲ ပျော်ရွှင်စရာ ဆော့ကစားစီးလို့ရမယ့် လျှောစီး ကလေးတွေ တည်ဆောက်ကြမယ်….

၁။ အပေါ်ထပ်နဲ့ အောက်ထပ် ရှိတဲ့နေအိမ်တွေဆိုရင်တော့ ပိုပြီး တော့ အဆင်ပြေစေနိုင်ပါတယ်။ အခန်းကျယ်၊ ဧည့်ခန်းလိုနေရာနဲ့ နားနေခန်းလို နေရာတွေမှာ ဒီလိုလျှောဆင်းတွေ တပ်ဆင်အသုံးပြု ဖို့က ပိုပြီးတော့ အဆင်ပြေစေနိုင်ပါတယ်။

သင့်အိမ်တွင်းမှာပဲ ပျော်ရွှင်စရာ ဆော့ကစားစီးလို့ရမယ့် လျှောစီး ကလေးတွေ တည်ဆောက်ကြမယ်….

လှေကားလေးတွေတပ် ဆင်ထားတဲ့အပြင်ကို ဒီလိုလျှောဆင်းလေးတွေတပ်ဆင်ပေးထား တာက ထူးခြားပါတယ်။

သင့်အိမ်တွင်းမှာပဲ ပျော်ရွှင်စရာ ဆော့ကစားစီးလို့ရမယ့် လျှောစီး ကလေးတွေ တည်ဆောက်ကြမယ်….

အပေါ်ထပ်ကနေ အောက်ထပ်ကိုဆင်းတဲ့ အခါမျိုးမှာဆိုရင် သာမန်လှေကားတွေကို အသုံးပြုနိုင်သလို ဒီလို လျှောဆင်းပိုက်၊ ပျွန်တွေလို တည်ဆောက်ထားတဲ့ လျှောက်လေး တွေကနေ ဆင်းလို့ရနိုင်ပါတယ်။

သင့်အိမ်တွင်းမှာပဲ ပျော်ရွှင်စရာ ဆော့ကစားစီးလို့ရမယ့် လျှောစီး ကလေးတွေ တည်ဆောက်ကြမယ်….

တကယ့်ကို ငယ်ဘဝပြန်ရောက် သွားသလိုနဲ့ စိတ်လှုပ်ရှားစရာအတွေ့အကြုံ ခံစားမှုလေးတွေကို ရရှိ မှာဖြစ်ပါတယ်။

သင့်အိမ်တွင်းမှာပဲ ပျော်ရွှင်စရာ ဆော့ကစားစီးလို့ရမယ့် လျှောစီး ကလေးတွေ တည်ဆောက်ကြမယ်….

၂။ သင့်ရဲ့နေအိမ်ထဲမှာပဲ ရေလွှာလျှောဆင်းကို ပြင်ဆင်ပေးထားပြီး အသုံးပြုလို့ရနိုင်ပါတယ်။ နေအိမ်ကျယ်ကျယ်၊ ခြံဝင်းကျယ်ကျယ်မှာ တည်ဆောက်ထားတဲ့ ရေကူးကန်မှာဆိုရင်တော့ ဒီလို ရေလွှာလျှော ဆင်းတွေကို တည်ဆောက်ပြင်ဆင်နိုင်ပါတယ်။ အထပ်မြင့်ကနေမှာ ပျွန်သဏ္ဍာန် လျှောဆင်းပြုလုပ်ပြီး ရေလွှာလျှောစင်းကိုစီးနိုင် တာ ကြောင့် သိပ်ကိုခက်ခက်ခဲခဲနဲ့ တည်ဆောက်ပြင်ဆင်စရာတော့ မလို ပါဘူး။

သင့်အိမ်တွင်းမှာပဲ ပျော်ရွှင်စရာ ဆော့ကစားစီးလို့ရမယ့် လျှောစီး ကလေးတွေ တည်ဆောက်ကြမယ်….

၃။ကလေးငယ်ကလေးတွေအတွက် ဆော့ကစားတဲ့လျှောစီးကလေးတွေကိုပြုလုပ်ပေးလို့ရပါတယ်။ ကလေးတွေဆော့ကစားဖို့ အခန်းလေးတွေမှာ ဒီလျှောဆင်းလေးတွေ တည်ဆောက်ပေးလိုက် မယ်ဆိုရင်လည်း သင့်ရဲ့ရင်သွေးလေးတွေ ကြိုက်နှစ်သက်ကြမှာပါ။အပေါ်ထပ်ကနေ အောက်ထပ်ဆင်းတဲ့ လျှောလေးတွေပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆော့ကစားတဲ့ လျှောကလေးတွေပဲ ဖြစ်ဖြစ် ပြုလုပ်နိုင် ပါတယ်။

သင့်အိမ်တွင်းမှာပဲ ပျော်ရွှင်စရာ ဆော့ကစားစီးလို့ရမယ့် လျှောစီး ကလေးတွေ တည်ဆောက်ကြမယ်….

၎။ လျှောဆင်း ဒီဇိုင်းမျိုးစုံနဲ့လဲ ပုံဖော်ပြုလုပ်နိုင်ပါတယ်။ ကွေ့ကွေ့ ကောက်ကောက် လျှောလမ်းကြောင်းလေးတွေ၊ ခပ်မြင့်မြင့်တစ် ဖြောင့်တည်း လျှောဆင်းလေးတွေကို သင့်စိတ် ကြိုက်ဖန်တီးနိုင် ပါတယ်။ လျှောစီးကလေးတွေတပ်ဆင်မယ့်နေရာတွေအလိုက် အခန်းအလိုက် ပြင်ဆင်လို့ ရနိုင်ပါတယ်။

သင့်အိမ်တွင်းမှာပဲ ပျော်ရွှင်စရာ ဆော့ကစားစီးလို့ရမယ့် လျှောစီး ကလေးတွေ တည်ဆောက်ကြမယ်….

 Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)