1206 ကြိမ် ကြည့်ရှု့ ပြီး

ရေချိုးခန်းနဲ့ သန့်စင်ခန်း စနစ်တကျ ပြင်ဆင်တည်ဆောက်တတ်ဖို့

နေအိမ်တစ်အိမ်မှာရှိတဲ့ ရေချိုးခန်းဆိုတာ မိသားစုဝင် တွေအားလုံးအတွက် မရှိမဖြစ်နဲ့ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါ တယ်။ လူတိုင်းရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် ရေချိုးသန့် စင်ခြင်းနဲ့ ဆေးကြောခြင်းအမှုကိစ္စတွေကို လုံလုံခြုံခြုံနဲ့ သက် သောင့်သက်သာဆောင်ရွက်နိုင်မှာဖြစ်သလို တစ်နေ့တာ ပင်ပန်း နေသမျှတွေကို ရေချိုး ခန်းထဲမှာ ရေအေးစိမ်ချိုးလိုက်ခြင်းအား ဖြင့် ပင်ပန်းတာတွေ ပြေပျောက်ပြီး လန်း ဆန်းလာအောင် လုပ်ပေးနိုင်ပါတယ်။

ကိုယ်ပိုင်သေးငယ်တဲ့ အိမ်ခန်းမျိုးဖြစ်စေ၊ ဒါမှမဟုတ် မိသားစုသုံးမဟုတ်ဘဲ တစ်ကိုယ်ရည်အသုံးပြုဖို့ ရေချိုးခန်းအတွက် ပဲဖြစ်စေ အခန်းနေရာကျဉ်းကျဉ်းအတွက် ရေချိုးခန်းတစ်ခန်းစာ ပြင်ဆင်တည်ဆောက် ဖို့အတွက်ဆိုရင် သင့်တင့်ပြီးစနစ်ကျတဲ့ ပြင်ဆင်မှုနည်းလမ်းကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ အိမ်အလှ ပြင်ဆင်ခြင်းလုပ်ငန်း ကျွမ်းကျင်သူတွေမဟုတ်တဲ့ အိမ်ပိုင်ရှင် မိသားစုဝင်တွေ အတွက်တော့ ဒီလိုပြင်ဆင်ဖို့ဆိုတာ အနည်း ငယ်အခက်အခဲရှိကြလိမ့် မယ်လို့လည်း ထင်ပါတယ်။ ရေချိုးခန်း၊ အိမ်သာအတွက်ကိုလည်း နေရာမလုံလောက် တဲ့အပြင်၊ ပြင်ဆင် မှုက နည်းလမ်းမကျခဲ့ ဘူးဆိုရင် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အခန်းကျဉ်းပြီး နေရာ အလုံ အလောက် မရှိတဲ့တိုင်အောင် ရေချိုးခန်း၊ အိမ်သာအတွက် စနစ်တကျနဲ့ သပ်သပ်ရပ် ရပ်ပြင် ဆင်တည်ဆောက်ဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြ လိုက်ပါတယ်။

 

ရေချိုးခန်းနဲ့ သန့်စင်ခန်း စနစ်တကျ ပြင်ဆင်တည်ဆောက်တတ်ဖို့


၁။ အခန်းရဲ့ ထောင့်စွန်းလိုနေရာ မျိုးမှာ ရေချိုးဇလုံ၊ ရေပန်းတပ်ဆင်ပါ။ ဒီလိုနေရာမျိုးကို မရွေးချယ်ခဲ့ဘူးဆိုရင် ရေချိုးခန်းရဲ့ နေရာတစ်ခုမှာ အဆိုပါရေချိုးဇလုံက နေရာရှုပ် သွားစေနိုင်ပါတယ်။ ဒီ့အတွက်ကြောင့် ထောင့်ဘက်စွန်းနေရာ ကို ရွေးချယ်သင့်တာပါ။ တချို့နေအိမ်တွေ မှာဆိုရင် ရေချိုးခန်းနဲ့ အိမ်သာတွဲရက် ထားရှိတတ်ကြပါတယ်။ အဲဒီလိုအခန်းဖွဲ့ တွေဆိုရင်လည်း အိမ်သာခွက်နဲ့ ရေချိုး ဇလုံတွေကို အခန်းရဲ့ ထောင့်စွန်းတွေမှာ ထားရှိပြင်ဆင်ပါ။


၂။ ရေချိုးခန်းတစ်ခန်းအတွက် အခန်း ဖွဲ့ပြင်ဆင်ဖို့ အဆင်မပြေဘူးဆိုရင် အကောင်းဆုံးပြင်ဆင်ခြင်း နည်းလမ်းက တော့ ခန်းစီးလိုက်ကာလေးတွေ တပ်ဆင် လိုက်တာပါပဲ။ ဘေးဘက်လေးဘက်စလုံး ကို အကာအရံတပ်ဆင်လိုက်မယ့်အစား တစ်ဖက်၊ ဒါမှမဟုတ် နှစ်ဖက်ကို လုံခြုံပြီး အတွင်းပိတ်တဲ့ ခန်းစီး၊ လိုက်ကာစတွေ အသုံးပြုပြီး ကာရံလိုက်ပါ။ ဒါက ငွေကုန် ကြေးကျသက်သာစေသလို အခန်းဖွဲ့ တည်ဆောက်မှုအတွက် နေရာကိုလည်း ခြိုးခြံပြီးသား ဖြစ်ပါတယ်။ အခုနောက် ပိုင်း ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ရေ ချိုးခန်းသုံးခန်းစီးလိုက်ကာ အမျိုးအစား တွေက စုံလင်ပြီးတော့ အရေအသွေးလည်း ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် အဆင်ပြေနိုင်မယ့်အမျိုးအစား ကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။

ရေချိုးခန်းနဲ့ သန့်စင်ခန်း စနစ်တကျ ပြင်ဆင်တည်ဆောက်တတ်ဖို့

၃။ ရေချိုးခန်း၊ အိမ်သာတွေမှာ တပ် ဆင်ထားတဲ့ စင်တန်းကလေးတွေကို ဖြစ် နိုင်ရင် ခပ်ရှည်ရှည်လေးရိုက်ပြီး ပြင်ဆင် ပါ။ အဝတ်၊ တဘက် စတဲ့ တစ်ကိုယ်ရည် သုံးပစ္စည်းတွေ၊ ရှန်ပူ၊ ဆပ်ပြာ၊ သွားတိုက် တံ၊ ရေချိုးခရင်မ်အစရှိတဲ့ ရေချိုးခန်းသုံး ပစ္စည်းလေးတွေ ထားရှိမယ့်စင်လေးတွေ ကို ခပ်ရှည်ရှည်တည်ဆောက်လိုက်ပါ။ ဒီလိုဆိုရင် ရေချိုးခန်း ဖွဲ့စည်းတည်ဆောက် ပုံအတွက် နေရာ ပိုမိုကျယ်သွားသလို၊ တစ်စုတစ်စည်းတည်ရှိမယ့်အပြင်အဆင် ကြောင့် အခန်းရှင်းလင်းပြီးသားလည်း ဖြစ်သွားနိုင်ပါတယ်။

ရေချိုးခန်းနဲ့ သန့်စင်ခန်း စနစ်တကျ ပြင်ဆင်တည်ဆောက်တတ်ဖို့

၎။ အခန်းကျယ်သယောင်ဖန်တီးတဲ့ ဒီဇိုင်းအပြင်အဆင်အသုံးပြုပါ။ မျဉ်းကြောင်း၊ အစင်းကြောင်း ဒီဇိုင်း၊ လေးထောင့်ဆန်တဲ့ ဒီဇိုင်းအပြင်အဆင်တွေ အသုံးပြုပြင်ဆင် ပါ။ ဒီလိုမျိုး ဒီဇိုင်းအပြင်အဆင်တွေက အခန်းကို ကျယ်သယောင်ဖြစ်စေပါတယ်။ နောက်ပြီး အခန်းနေရာ လွတ်ပိုနေသေးခဲ့ ရင် မိမိပြင်ဆင်အလှဆင်လိုတဲ့ ရေချိုးခန်း အလှဆင်ပစ္စည်းလေးတွေလည်း ထပ်မံ ထည့်သွင်းလိုက်ပါ။ ပန်းအိုးငယ်လေးတွေ၊ ပန်းချီကားလှလှလေးတွေ၊ မီးဆိုင်းလှလှ လေးတွေ၊ ခုံလေးတွေကိုလည်း ထည့်သွင်း နိုင်ပါတယ်။

ရေချိုးခန်းနဲ့ သန့်စင်ခန်း စနစ်တကျ ပြင်ဆင်တည်ဆောက်တတ်ဖို့

၅။ မှန်ချပ်ကြီးကြီးတွေ ထားရှိပါ။ ရေချိုးခန်း၊ အိမ်သာတွေမှာ အသုံးပြု တပ်ဆင်ထားတဲ့ ဘေစင်ကြည့်မှန်တွေကို ဒေါင်လိုက် အရှည်၊ အလျားလိုက် ပြန့်ပြန့် ရှိတဲ့ မှန်ချပ်၊ ဖန်ချပ်တွေကို ထားရှိပြင် ဆင်ပါ။ မှန်ချပ်ကြီးကြီးတွေ ထားရှိခြင်းက အခန်းကို ပိုမိုကျယ်သလေယောင် ထင် ဟပ် စေပါတယ်။ မှန်တွေကနေပြန်ပေါ်တဲ့ ပုံရိပ် ကြောင့်လည်း နဂိုရှိရင်း အခန်းထက် ကျယ်တယ်လို့ ထင်ရပါတယ်။

ရေချိုးခန်းနဲ့ သန့်စင်ခန်း စနစ်တကျ ပြင်ဆင်တည်ဆောက်တတ်ဖို့

၆။ အရောင်ရွေးချယ်မှုနဲ့ အလင်း ရောင်ရရှိမှုကို ဂရုစိုက်ပါ။ အလင်းဘက် ကိုသွားတဲ့ အရောင်တွေဖြစ်ကြတဲ့ အရောင် တွေကို အသုံးပြုပါ။ အလင်းအားမကောင်း တဲ့ အရောင်မှိန်မှိန်တွေ၊ မှိုင်းတဲ့အရောင် တွေက အခန်းကိုကျဉ်းပြီး ညစ်နွမ်းသ ယောင် ထင်ဟပ်စေပြီးတော့ မီးအလင်း ရောင် ကောင်းကောင်း အသုံးမပြုခြင်း ကလည်း အခန်းရဲ့ပြင်ဆင်ပုံကို များစွာ ထိခိုက်စေပါတယ်။ ဒါကြောင့်မို့လို့ အဖြူ ရောင်နဲ့ တခြားအလင်းဘက်ဆောင်တဲ့ အရောင် လင်းလင်းတွေ အသုံးပြုသင့်ပါ တယ်။ ရေချိုး ခန်းနံရံ၊ ကြမ်းခင်းပြင်နဲ့ မျက်နှာ ကြက်စတာတွေအားလုံးရဲ့ အစိတ် အပိုင်း   တချို့ကို အဆိုပါအလင်းအား ကောင်းတဲ့ အရောင်တွေသုံးစွဲပါ။

ရွှေဝတ်မှုန်  မှ iMyanmarHouse.com  အတွက် အထူးရေးဆွဲဖော်ပြသည်။
Credit: iMyanmarHouse.com 


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)