788 ကြိမ် ကြည့်ရှု့ ပြီး

ထူးခြားပြီးစိတ်ကူးကောင်းတဲ့ အဝတ်အစားသိမ်းဆည်းစရာ နေရာ လေးတွေဖန်တီးလို့ရမယ့် နည်းလမ်း

ကဲ ဒီတစ်ခေါက်တော့ ပျိုပျိုမေတွေအတွက် ထူးထူးခြားခြားစိတ် ကူးလေးတစ်ခုပါပဲ။ အဝတ်အစားတွေအမြောက်အများနဲ့ တစ်ခန်း လုံးပြည့်နီးပါးအတွက် အမြဲလိုလိုသိမ်းဆည်းရခက်ခဲနေတဲ့ မိန်းက လေးတွေအတွက် အဝတ်အစားတွေ ဘယ်လိုသိမ်းဆည်းရမလဲဆို တာနဲ့ သိမ်းဆည်းထားသိုတဲ့ စိတ်ကူးကောင်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သာမန်အတိုင်းဆို ဘီဒိုတို့၊ အဝတ်ထည့်စ ရာပုံးခွံတို့ကသာ အဝတ်အစားထည့်သွင်းသိမ်းဆည်းစရာ ဖြစ်ပေ မယ့် အခုဖော်ပြပေးမယ့် ထားသိုနေရာလေးတွေကတော့ ဆန်း ကြယ်ပြီး စိတ်ကူးကောင်းတယ်။ ပြီးတော့သိမ်းဆည်းထားသိုရတာ လည်း အဆင်ပြေတော့ မိန်းကလေးတွေ ကြိုက်နှစ်သက်စိတ်ဝင် စားကြလိမ့်မယ်ထင်ပါတယ်….

ထူးခြားပြီးစိတ်ကူးကောင်းတဲ့ အဝတ်အစားသိမ်းဆည်းစရာ နေရာ လေးတွေဖန်တီးလို့ရမယ့် နည်းလမ်း

၁။ အဖြုတ်အတက်လုပ်လိုပ်ရတဲ့ ကုတင်တွေရဲ့အောက်မှာ သင့်ရဲ့အ ဝတ်အစားတွေကို လုံလုံခြုံခြုံနဲ့ စိတ်ချလက်ချ သိမ်း ဆည်းလို့ရနိုင်ပါတယ်။ ကုတင်ကိုထောင်လိုက်ရင် သင့်ရဲ့အဝတ် အစားဗီဒိုအသစ်တစ်လုံးကို ရရှိမှာပါ။ ကုတင်အောက်ထဲမှာဆိုရင် တန်းနဲ့အကန့်ငယ်လေးတွေ ထိုးပြီးတော့ အဝတ်အစားတွေချိတ် ချိတ်ထိုးသိမ်းဆည်းနိုင်ပါတယ်။

ထူးခြားပြီးစိတ်ကူးကောင်းတဲ့ အဝတ်အစားသိမ်းဆည်းစရာ နေရာ လေးတွေဖန်တီးလို့ရမယ့် နည်းလမ်း

၂။ ဘီဒိုတွေ၊တန်းစင်တွေမှ မဟုတ်ပဲနဲ့လည်း သင့်ရဲ့အဝတ်အစား တွေချိတ်တင်ထားဖို့ တန်းတွေက အလွယ်တကူပဲပြင်ဆင်လိုက်ပါ။ သိပ်ပြီးတော့ အဆန်းတကြယ် ခက်ခက်ခဲခဲမဟုတ်ပေမယ့်လည်း အဝတ်အစားအရှုပ်အပွဖြစ်နေတာတွေကို အကောင်းဆုံးရှင်းလင်း ပေးပါလိမ့်မယ်။ အခန်းရဲ့ထောင့်လေးမှာပဲဖြစ်ဖြစ် အမိုးကနေကြိုးနဲ့ ချိတ်ဆွဲထားတဲ့ တန်းလေးတစ်ခုကို တည်ဆောက်ပြီးတော့ သင့်အ ဝတ်အထည်တစ်ချို့ကို ချိတ်ဆွဲအသုံးပြုနိုင်ပါတယ်။

ထူးခြားပြီးစိတ်ကူးကောင်းတဲ့ အဝတ်အစားသိမ်းဆည်းစရာ နေရာ လေးတွေဖန်တီးလို့ရမယ့် နည်းလမ်း

၃။ အဝတ်အစားဘီဒို၊ နံရံကပ်ဘီဒိုတွေ ပြုလုပ်ထားရှိဖို့ ငွေကုန် ကြေးကျခံစရာမလိုတဲ့ နည်းလမ်းလေးပါပဲ။ သင့်အိပ်ခန်းထဲမှာပဲ အိပ်ယာရဲ့ ခြေရင်းဘက်ပဲဖြစ်ဖြစ်၊ ခေါင်းရင်းဘက်ပဲဖြစ်ဖြစ် နေရာ တစ်ခုချန်လှပ်ပြီးတော့ အဝတ်အစားတွေ သိမ်းဆည်းစရာ ဖန်တီး လိုက်ပါ။ ခန်းစီး၊ လိုက်ကာစရှည်တစ်ခုနဲ့ ကန့်ထားလိုက်ရင်ပဲ လုံခြုံ ပြီးသီးသန့်ဖြစ်စေမယ့် အဝတ်အစားသိမ်းဆည်းစရာနေရာတစ်ခု ရလာမှာပါ။ အဲ့ဒီမှာမှ အဝတ်ချိတ်စရာ တန်းလေးတွေ၊ စင်လေးတွေ လုပ်ပြီးတော့ ထားသိုသိမ်းဆည်းနိုင်ပါတယ်။

ထူးခြားပြီးစိတ်ကူးကောင်းတဲ့ အဝတ်အစားသိမ်းဆည်းစရာ နေရာ လေးတွေဖန်တီးလို့ရမယ့် နည်းလမ်း

၎။ အခန်းတစ်ခုလုံးမှာ ဘီဒိုနဲ့ ပုံတွေတစ်ခုမှမထားပဲနဲ့လည်း အဝတ် အစားတွေ ထားသိုသိမ်းဆည်းလို့ရနိုင်ပါတယ်။ အလွယ်ကူဆုံးနည်း လမ်းကတော့ တန်းကလေး၊ စင်ကလေးတွေ ခပ်များများရိုက်ထား လိုက်ရုံပါပဲ။ အလွယ်ကူလေးပါ။ အဝတ်ဘီဒိုတွေထဲမှာ ခေါက်ပြီး သိမ်းထားမယ့်အစား၊ ဒီလိုစင်ကလေးမှာ ချိတ်ကလေးနဲ့ချိတ်ပြီး ထားမယ်ဆိုရင် အဝတ်အစားတွေလည်း မကျေတွန့်နိုင်သလို အဝတ်အစားရှာဖွေရတာလည်း လွယ်ကူပါတယ်။

 

ထူးခြားပြီးစိတ်ကူးကောင်းတဲ့ အဝတ်အစားသိမ်းဆည်းစရာ နေရာ လေးတွေဖန်တီးလို့ရမယ့် နည်းလမ်း

 

၅။ နောက်ထပ်ဆန်းကြယ်ပြီး အလွယ်တကူ အလွယ်နည်းလမ်း လေးပါ။ ပြောရရင် သစ်သားစင်တန်းအဆင့်ကလေးတစ်ခုပဲ တည် ဆောက်ဖို့ လိုတာပါ။ အဲ့ဒီသစ်သားစင်တန်းကလေးမှာ အဝတ်ချိတ် တဲ့ တန်း၊ အဝတ်အစားနဲ့ အခြားအသုံးအဆောင်တွေ ထားစရာစင် ကလေးတွေ ထည့်သွင်းတည်ဆောက်လို့ရနိုင်ပါတယ်။

 

ထူးခြားပြီးစိတ်ကူးကောင်းတဲ့ အဝတ်အစားသိမ်းဆည်းစရာ နေရာ လေးတွေဖန်တီးလို့ရမယ့် နည်းလမ်း

 Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)