869 ကြိမ် ကြည့်ရှု့ ပြီး

3D ရုပ်ပုံပန်းချီဒီဇိုင်းရေးဆွဲပြီး ထူးခြားတဲ့ နေအိမ်အခန်းတွေတည် ဆောက်ကြမယ်

 

သင့်ရဲ့အမြင်အာရုံကို လှည့်စားပေးနိုင်မယ့် 3D ရုပ်ပုံပန်းချီကားရေး ဆွဲခြင်းတွေအခုနောက်ပိုင်းမှာ ပိုမိုခေတ်စားလာပြီး နေရာတော် တော်များများမှာ အသုံးပြုလာကြတာကို တွေ့ရပါတယ်။ အများ ပြည်သူအသုံးပြုတဲ့နေရာတွေ၊ လမ်းမတွေ၊ စင်တာတွေစသဖြင့် နေရာတွေမှာ ရေးဆွဲထားတဲ့ အံ့မခန်းလက်ရာမြောက်ဆန်းကြယ် တဲ့ 3D ပန်းချီကားတွေကို တွေ့မြင်ရပါတယ်။

 

3D ရုပ်ပုံပန်းချီဒီဇိုင်းရေးဆွဲပြီး ထူးခြားတဲ့ နေအိမ်အခန်းတွေတည် ဆောက်ကြမယ်

 

ဒါဆိုအခုဆိုရင် သင် တို့ရဲ့အိမ်ကို 3D ရုပ်ပုံဖန်တီးပုံဖော်မှုတွေနဲ့ ပြင်ဆင်လိုက်မယ်ဆိုရင် တကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားမှုကို ရရှိမှာပါ။အိမ်ရဲ့ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းစသဖြင့် အခန်း တွေမှာ ရုပ်ကြွပြီးဆန်းကြယ်တဲ့ 3D ပုံဖော်မှုနဲ့တည်ဆောက်ရေးဆွဲ ပုံဖော်နိုင်တဲ့ စိတ်ကူးလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

 

3D ရုပ်ပုံပန်းချီဒီဇိုင်းရေးဆွဲပြီး ထူးခြားတဲ့ နေအိမ်အခန်းတွေတည် ဆောက်ကြမယ်

 

၁။ ကြမ်းခင်းပြင်တွေနဲ့ နံရံတွေကို အဓိကထားပြီး 3D ဒီဇိုင်းပုံဖော် ရေးဆွဲတာဖြစ်ပါတယ်။ ကိုယ့်အိမ်ခန်း၊ ရေချိုးခန်းလို နေရာမျိုးမှာ ပုံဖော်ကြတာတော့ ပင်လယ်ရေအောက် ကြမ်းပြင်ဒီဇိုင်းမျိုးပဲ ဖြစ်ပါ တယ်။ ရေတွေရှိမယ်။ လှိုင်းတွေ၊ သဲသောင်ပြင်တွေနဲ့ ပင်လယ်နေ သတ္တဝါပုံလေးတွေ ရေးဆွဲပေးထားတာက တကယ့်ကိုရေကြမ်းပြင် တစ်ခုကို ရောက်နေတဲ့ အတိုင်းပါပဲ။

 

3D ရုပ်ပုံပန်းချီဒီဇိုင်းရေးဆွဲပြီး ထူးခြားတဲ့ နေအိမ်အခန်းတွေတည် ဆောက်ကြမယ်

 

၂။ အိမ်ခန်း၊ အိပ်ယာလို အိပ်ခန်းတွေမှာဆိုရင် ဒီဇိုင်းရေးဆွဲလို့ရနိုင် တာက စိတ်ထဲမှာဟာခနဲဖြစ်သွားအောင် ဖြစ်စေမယ့် ရေတံခွန်တွေ ရေးဆွဲပုံဖော်လိုက်တာပါပဲ။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်ကိုယ့် ရဲ့ အိပ်ယာကရေပေါ်မှာ ပေါ်နေသလိုပါပဲ။ ရေပြာပြာပေါ်မှာ ပေါ်နေ တဲ့ အိပ်ယာတစ်ခုပေါ်မှာဆိုရင်ကော သင်ကိုယ်တိုင်စိတ်မလှုပ်ရှားပဲ နဲ့ အိပ်နိုင်ပါ့မလား။

 

3D ရုပ်ပုံပန်းချီဒီဇိုင်းရေးဆွဲပြီး ထူးခြားတဲ့ နေအိမ်အခန်းတွေတည် ဆောက်ကြမယ်

 

၃။ သင့်ရဲ့အိမ်ခန်း၊ဧည့်ခန်းကို ဝင်ဝင်လိုက်ချင်းပဲ ရုတ်တရက်ဆိုသ လို အသားစာ သတ္တဝါ မိချောင်းတွေကို တွေ့လိုက်ရရင်ပဲ လန့်သွား မှာသေချာပါတယ်။ ရေကန်တစ်ခုထဲ မိချောင်းတွေမှာရှိနေပုံကို ဒီဇိုင်းရေးဆွဲထားလို့ သင်ခြေတောင် ချရဲမှာ မဟုတ်ပါဘူး။ ပန်းချီက လည်း ရုပ်ကြွတာကြောင့် ထိတ်လန့်အံ့သြသွားမှာ သေချာပါတယ်။ နောက်ပြီးတော့ ရေတံခွန်ငယ်လေးတွေ၊ရေကန်ငယ်လေးတွေ တည်ဆောက်ပေးလို့လည်း ရနိုင်ပါတယ်။

 

3D ရုပ်ပုံပန်းချီဒီဇိုင်းရေးဆွဲပြီး ထူးခြားတဲ့ နေအိမ်အခန်းတွေတည် ဆောက်ကြမယ်

 

၎။ နောက်အိမ်တစ်အိမ်လုံးရဲ့ ကြမ်းပြင်မှာလည်း မိမိကြိုက်နှစ်ရာပုံ လေးတွေ အထူးသဖြင့် ကျောက်တုံး၊ ကျောက်စရစ်ပုံလေးတွေ၊ ပန်းပင်လေးတွေ၊ ပင်လယ်ကြမ်းပြင်က ခရုတွေခွံလေးတွေ စသဖြင့် ရုပ်ကြွပြီး ဆန်းပြားတဲ့ ဒီဇိုင်းလေးတွေနဲ့ ပုံဖော်ရေးဆွဲလို့ ရနိုင်ပါ တယ်။

 

3D ရုပ်ပုံပန်းချီဒီဇိုင်းရေးဆွဲပြီး ထူးခြားတဲ့ နေအိမ်အခန်းတွေတည် ဆောက်ကြမယ်

 

တကယ့်ကို ရေအောက်ကြမ်းပြင်ကအတိုင်းပဲ ငါးလေးတွေ၊ ပင်လယ်ဖျံလေးတွေ၊ ဝေလငါးစသဖြင့် အကောင်လေးတွေလည်း ရေးဆွဲလို့ရနိုင်ပါတယ်။

 

3D ရုပ်ပုံပန်းချီဒီဇိုင်းရေးဆွဲပြီး ထူးခြားတဲ့ နေအိမ်အခန်းတွေတည် ဆောက်ကြမယ်

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)