618 ကြိမ် ကြည့်ရှု့ ပြီး

ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်

 

အလှအပကြိုက်တဲ့ ပျိုမေတွေအတွက် သူတို့တွေရဲ့ အခန်းထဲမှာ အများဆုံး မြင်တွေ့ရမှာကတော့ အလှပြင်ပစ္စည်းအသုံးအဆောင် တွေပါပဲ။ အခန်းရဲ့ သုံးပုံတစ်ပုံစာလောက်က ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်မှန်တင်ခုံ၊ မိတ်ကပ် ပစ္စည်းတွေနဲ့ အလှပြင်တဲ့ အရာတွေပဲ ဖြစ်ပါလိမ့်မယ်။ တစ်ခါတစ်ရံ ဆို သူတို့မဟုတ်တဲ့ သူစိမ်းမိသားစုဝင်တွေကတောင် သူတို့အ တွက်နေစရာနေရာ မရှိလောက်အောင်ကို အခန်းက အလှပြင် ပစ္စည်းတွေနဲ့ ရှုပ်ပွနေတတ်ပါတယ်။

 

ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်ဒီလိုအခန်းညစ်ပတ်ရှုပ်ပွနေတဲ့ အနေအထားမျိုးကို ကာယကံရှင် ကိုယ်တိုင်ကလည်း ပျော်မွေ့နှစ်သက်နေလို့တော့လည်း မဟုတ် ပါဘူး။ ရှင်းလင်းဖို့အချိန်မရတာရယ်၊ ဘယ်ကစလို့ ဘယ်လိုရှင်း လင်းရမလဲဆိုတာ မသိတာရယ်ကြောင့်ပဲ အခုလိုဖြစ်နေရတာပါ။ ရှုပ်ပွနေတဲ့ မှန်တင်ခုံပေါ်က အလှပြင်ပစ္စည်းတွေကို ကြည့်ရင်းနဲ့ လည်း တစ်ခါတစ်လေ စိတ်ပျက်မိလောက် အောင်ကိုပဲ ဖြစ်တတ် ပါတယ်။

ဒီတော့ ပျိုမေတွေရဲ့ ရှုပ်ပွနေတဲ့ မှန်တင်ခုံက မိတ်ကပ်အလှပြင် ပစ္စည်းလေးတွေကို ဘယ်လိုမျိုးသပ်သပ်ရပ်ရပ် နဲ့ စည်းစနစ်တကျ သိမ်းဆည်းရမယ်ဆိုတဲ့ နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေး လိုက်ပါတယ်။

 

ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်

၁။ ပထမဦးစွာ အရေးကြီးဆုံးနဲ့ အဓိကအကျဆုံးအချက်ကတော့ အသုံးပြုမယ့် ပစ္စည်းအမျိုးအစား၊ အရွယ်အစားအလိုက် ခွဲခြားပြီး သိမ်းဆည်းတတ်ဖို့ပါပဲ။ ဥပမာ ပုံမှာပြထားသလို နှုတ်ခမ်းနီတောင့်၊ မိတ်ကပ်တောင့်၊ မျက်တောင်ကော့ဆေး စသဖြင့် ပစ္စည်းတွေအ လိုက်ခွဲခြားပြီးရင် သူတို့တွေရဲ့ အရွယ်အစားအလိုက် တစ်စုတစ် စည်းထဲ ထားရှိပေးပါ။

 

ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်

ဈေးကွက်ထဲမှာ အဲ့ဒီလိုမျိုး ပစ္စည်းတွေထည့် သိမ်းဆည်းလို့ရတဲ့ အိပ်တွေရောင်းချပေးနေတာက တကယ့်ကို အဆင်ပြေစေပါတယ်။

ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်

၂။ ခြင်း၊ အကန့်ငယ်၊ ဘူးလေးတွေကို အသုံးပြုတတ်ပါစေ။ မျက်နှာ ပြင်တဲ့ပစ္စည်းတွေ၊ ဘရက်ရှ်ငယ်လေးတွေ၊ နှုတ်ခမ်းနီဆိုးဆေးတွေ၊ မျက်တောင်၊ မျက်ခုံးဆွဲတာတွေ၊ နောက် ဆံပင်ပြင်ဆင်တဲ့ ဖန်စီ ပစ္စည်းလေးတွေ သူ့နေရာနဲ့သူ ထားရှိဖို့ ခြင်းတောင်းလေးတွေနဲ့ ထားသိုသိမ်းဆည်းသင့်ပါတယ်။

ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်

၃။ စင်လေးတွေ၊ ဖန်ပုလင်း၊ ကြွေပန်းကန်ပြားကျယ်လေးတွေမှာ လည်းလှလှပပသပ်သပ်ရပ်ရပ် သိမ်းဆည်းလို့ရနိုင်ပါတယ်။ ဘူးအဝိုင်းလေးတွေ၊ လေးထောင့်ဘူးလေးတွေ၊ ဘူးရှည်ရှည်လေး တွေ စသဖြင့် အရွယ်အစားအလိုက် အမျိုးအစားခွဲခြားပြီး ထားရှိနိုင် ပါတယ်။

 

ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်

နောက်ပြီး ဖန်ခွက်ကလေးတွေကတော့ သင့်မျက်နှာမှာ ခြယ်သတဲ့ ပါးနီ၊ မျက်လုံးအိုင်းရှဲဒိုးစသဖြင့် ခြယ်သတဲ့ ဘရက်ရှ် လေးတွေအတွက် အကောင်းဆုံးသိမ်းဆည်းထားစရာနေရာပါပဲ။

 

ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်

၎။ အံဆွဲလေးတွေ ပြုလုပ်ပြီးသိမ်းဆည်းပါ။ မှန်တင်ခုံမှာ အသေ တပ်ထားတဲ့ အံဆွဲလေးတွေ ရှိသလို၊ ဟိုသည်ပြောင်းရွှေ့လို့ရနိုင် တဲ့ အရွယ်တော်အံဆွဲလေးတွေကလည်း မိတ်ကပ်အလှပြင်ပစ္စည်း လေးတွေအတွက် သပ်သပ်ရပ်ရပ်ကလေး သိမ်းဆည်းလို့ရတဲ့ အရာ ပါပဲ။

 

ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်

၅။ နောက်ဆုံးအနေနဲ့ အကြံပေးချင်တဲ့အချက်ကလေးကတော့ ဒီလို သိမ်းဆည်းထားတဲ့ အလှပြင်ပစ္စည်းလေးတွေကို သုံးစွဲပြီးတိုင်းသူ့နေ ရာနဲ့သူ ပြန်လည်သိမ်းဆည်းပေးရမှာဖြစ်သလို တစ်လတစ်ကြိမ် လောက် သန့်ရှင်းရေးပြုလုပ်ပေးမယ်ဆိုရင်လည်း သင့်မှန်တင်ခုံနဲ့ သင့်အခန်းလေးက သပ်သပ်ရပ်ရပ်နဲ့ ရှင်းလင်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

ဘယ်လိုထားသို ရှင်းလင်းကြမလဲ….. ပျိုမေတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ မှန်တင်ခုံလေးဖြစ်အောင်

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။ )


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)