818 ကြိမ် ကြည့်ရှု့ ပြီး

သင့်ပန်းခြံလေးကို ချစ်စရာကောင်းတဲ့ အသည်းလေးတွေနဲ့ အလှဆင်မယ်

 

အသည်းနှလုံးပုံသင်္ကေတလေးက လူသားတွေ ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးထားတဲ့ ပုံရိပ်လေးပါပဲ။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်ခြင်းတွေ ကို ဖော်ပြပေးချင်ရင် ဒီအသည်းပုံနှစ်ခြမ်းပုံစံလေးတွေ ဖန်တီးပြီးဖော်ပြပေး ကြပါတယ်။

 

သင့်ပန်းခြံလေးကို ချစ်စရာကောင်းတဲ့ အသည်းလေးတွေနဲ့ အလှဆင်မယ်


ဒီချစ်စရာကောင်းတဲ့ အသည်းပုံလေးတွေကို သင့်အနီးအနား ပတ်ဝန်း ကျင်မှာ ထားရှိပေးခြင်းအားဖြင့်လည်း ချစ်ခြင်းမေတ္တာနဲ့ ချစ်ခြင်းတရား တွေကို ရရှိခံစားလို့ရနိုင်မှာပါ။ ခြံဝင်းလေးထဲက အသည်းပုံလေးတွေက သင့်ရဲ့ချစ်ခြင်းတရားတွေ မြှုပ်နှံထားသလို အဓိပ္ပါယ်သက်ရောက်စေပါ တယ်။

 

သင့်ပန်းခြံလေးကို ချစ်စရာကောင်းတဲ့ အသည်းလေးတွေနဲ့ အလှဆင်မယ်



ဒီတော့သင့်ခြံဝန်းလေးနဲ့ အိမ်ပတ်ဝန်းကျင်လေးထဲမှာ ချစ်စရာကောင်းတဲ့ အသည်းနှလုံးပုံဖော်ထားတဲ့ အရာလေးတွေနဲ့ အလှဆင်ကြည့်ရအောင်…

 

သင့်ပန်းခြံလေးကို ချစ်စရာကောင်းတဲ့ အသည်းလေးတွေနဲ့ အလှဆင်မယ်


၁။ ခြံဝင်းလေးထဲက သစ်ပင်လေးတွေ၊ သစ်ပင်ထည့်စိုက်တဲ့ ပန်းအိုး၊ ဒါမှ မဟုတ် ပုံစံခွက်ငယ် စသဖြင့်တွေက အသည်းပုံလေး ပုံဖော်ဖို့အကောင်းဆုံး နဲ့ အလွယ်ကူဆုံးဖြစ်ပြီးတော့ လှပပြီးချစ်စရာကောင်းတဲ့ ပုံစံလေးတွေ ဖြစ် လာမှာ သေချာပါတယ်။

 

သင့်ပန်းခြံလေးကို ချစ်စရာကောင်းတဲ့ အသည်းလေးတွေနဲ့ အလှဆင်မယ်

 

သူ့သဘာဝအတိုင်းပေါက်နေတဲ့ သစ်ပင်လေးကို အသည်းနှလုံးပုံစံ ပုံဖော်ပြီးညှပ်ပေးလို့ရပါတယ်။ နောက်ပြီးတော့ ပန်းအိုး၊ ပန်းပင်ပုံစံခွက်ငယ်၊ ပန်းခြံလျှောက်လမ်းလေးတွေ၊ ရေအိုင်ငယ်လေးတွေ ကိုလည်း အသည်းပုံစံပုံစံချ ပုံဖော်လို့ရနိုင်ပါသေးတယ်။

 

သင့်ပန်းခြံလေးကို ချစ်စရာကောင်းတဲ့ အသည်းလေးတွေနဲ့ အလှဆင်မယ်



၂။ ပန်းခြံလျှောက်လမ်းတွေမှာလည်း ရိုးရှင်းတဲ့ကျောက်ပြား၊ လျှောက်လမ်း မျိုး မဟုတ်တော့ပဲ အသည်းပုံ ပုံစံဖော်ထားတဲ့ အခင်းပြားလေးတွေ၊ ဆေး ရောင်စုံခြယ်ထားတဲ့ အသည်းပုံလေးတွေ၊ ရောင်စုံကျောက်စရစ်လေးတွေ၊ ခင်းကျင်းလိုက်မယ်ဆိုရင် ချစ်စရာကောင်းတဲ့ ခြံဝင်းလေးဖြစ်လာမှာပါ။

 

သင့်ပန်းခြံလေးကို ချစ်စရာကောင်းတဲ့ အသည်းလေးတွေနဲ့ အလှဆင်မယ်

 

အသည်းပုံပန်းအိုး၊ အသည်းပုံရေကန်ငယ်လေးတွေ၊ အသည်းပုံသဏ္ဍာန် ပန်းပင်လေးတွေက သင့်ခြံဝင်းလေးရဲ့ စွဲဆောင်မှုအရှိဆုံးအစိတ်အပိုင်း ဖြစ်လာမှာပါ။

 

သင့်ပန်းခြံလေးကို ချစ်စရာကောင်းတဲ့ အသည်းလေးတွေနဲ့ အလှဆင်မယ်



၃။ တခြားဥယျာဉ်ခြံ အသုံးအဆောင်တွေဖြစ်တဲ့ ပန်းခြင်းလေးတွေ၊ ဆိုင်း ပုဒ်လေးတွေ၊ ခုံလေးတွေနဲ့ တွဲလောင်းချိတ်စရာ အလှဆင်ပစ္စည်းလေးတွေ၊ နောက် ငှက်လှောင်အိမ်၊ မီးအိမ်ခုံလေးတွေ စသဖြင့်တို့မှလည်း အသည်းပုံ သဏ္ဍာန်ပုံဖော်ပြီးတော့ အလှဆင်နိုင်ပါတယ်။

 

သင့်ပန်းခြံလေးကို ချစ်စရာကောင်းတဲ့ အသည်းလေးတွေနဲ့ အလှဆင်မယ်

 

အိမ်တံခါးမှာ အလှချိတ်စရာ ပန်းခြင်း၊ သတင်းစာထည့်ခြင်းတွေ စသဖြင့်အသုံးအဆောင်လေးတွေကို ပုံ ဖော်ပေးနိုင်ပါတယ်။

 

သင့်ပန်းခြံလေးကို ချစ်စရာကောင်းတဲ့ အသည်းလေးတွေနဲ့ အလှဆင်မယ်

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)