814 ကြိမ် ကြည့်ရှု့ ပြီး

ထူးထူးခြားခြား ဖန်တီးပြင်ဆင်လို့ရတဲ့ မျက်နှာကျက်ဒီဇိုင်းတွေ

 

မိမိတို့ ဦးခေါင်းထက်က နေအိမ်အမိုးတွေ၊ တိုက်တာအဆောက်အ ဦး အမိုးအကာတွေက လေဒဏ်၊ မိုးဒဏ်တွေကို လုံခြုံမှုခံနိုင်ရည် ဒဏ်ကိုပေးနိုင်တဲ့အပြင် စိတ်ခံစားမှုတွေကို ထူးဆန်းအံ့သြဖွယ် ကောင်းတဲ့ ခံစားမှုအနုပညာတွေကို ပေးစွမ်းမှာပါ။ သာမန်မိုးကာ ထားတဲ့ အမိုးအကာတွေထက်စာရင် အတွင်းဘက်က ဆန်းကြယ် ပြီး စိတ်ကူးကောင်းတဲ့ မျက်နှာကျက်ဒီဇိုင်းတွေပိုပြီး ထပ်ပိုးပြင်ဆင် ပေးလိုက်မယ်ဆိုရင် နေအိမ်အဆောက်အဦးရဲ့ စိတ်ဝင်စားမှု၊ ဆွဲ ဆောင်မှု၊ ပိုမိုခမ်းနားဆန်းကြယ်မှုတို့ ဖြစ်ပေါ်လာမှာပါ။

 

ထူးထူးခြားခြား ဖန်တီးပြင်ဆင်လို့ရတဲ့ မျက်နှာကျက်ဒီဇိုင်းတွေ



ဗိသုကာဒီဇိုင်းပညာရှင်၊ အဆောက်အဦးဒီဇိုင်းရေးဆွဲ ကျွမ်းကျင်သူ တွေက သူတို့တွေရဲ့စိတ်ကူးအာရုံကို မျက်နှာကျက်အမိုးတွေမှာ ထားပြီး ထူးခြားပြီးအနုပညာဆန်တဲ့ မျက်နှာကျက်တွေကို ဖန်တီးပုံ ဖော်ထားတာကို မြင်တွေ့ရပါတယ်။ ဒီလိုထူးခြားဆန်းကြယ်တဲ့ ဒီဇိုင်းတွေနဲ့ မိမိတို့ရဲ့ နေအိမ်၊ အဆောက်အဦးတွေမှာ ပုံဖော်လို့ရ အောင် ဖော်ပြပေးလိုက်ပါတယ်။

ထူးထူးခြားခြား ဖန်တီးပြင်ဆင်လို့ရတဲ့ မျက်နှာကျက်ဒီဇိုင်းတွေ

 

၁။ အမိုးခုံးခုံးလေးတွေမှာ အဖြူအမဲ ကလာနှစ်ခုတည်းသုံးပြီး မျဉ်း ကွေးအကန့်လေးတွေ ကန့်ပြီးပြုလုပ်ထားတာက သာမန်ထက်ထူး ခြားမှုရှိပါတယ်။ များသောအားဖြင့်တော့ ဒီလိုဒီဇိုင်းမျိုးကို ဘုရား ကျောင်းတွေနဲ့ ရုံးအဆောက်အအုံတွေမှာ ပိုပြီးတော့တပ်ဆင်အသုံး ပြုကြတာကို တွေ့ရပါတယ်။

 

ထူးထူးခြားခြား ဖန်တီးပြင်ဆင်လို့ရတဲ့ မျက်နှာကျက်ဒီဇိုင်းတွေ

 

တချို့ဆိုရင် အဲ့ဒီခပ်ခုံးခုံး မျက်နှာကျက် အမိုးလေးမှာ ဆေးရောင်အပြင် နံရံဆေးရေးပန်းချီလေးတွေတောင် ရေးဆွဲထားတာကို တွေ့ရပါတယ်။ ခုံးခုံးလေးဖြစ်နေတဲ့ အမိုး ကြောင့်လည်း ပိုပြီးတော့ လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ်။

 

ထူးထူးခြားခြား ဖန်တီးပြင်ဆင်လို့ရတဲ့ မျက်နှာကျက်ဒီဇိုင်းတွေ

၂။ စားသောက်ဆိုင်၊ ဘားဆိုင်တွေမှာ အသုံးပြုပြင်ဆင်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ ထူးထူးခြားခြားဒီဇိုင်းက အမိုးမျက် နှာကျက်ကို အောက်ကသစ်ပင်တစ်ပင်နဲ့ ထောက်ကန်စိုက်ပျိုးပေး ထားသလိုပါပဲ။

 

ထူးထူးခြားခြား ဖန်တီးပြင်ဆင်လို့ရတဲ့ မျက်နှာကျက်ဒီဇိုင်းတွေ


အဖြူရောင်သစ်ပင်တစ်ပင်လို ပုံဖော်ပေးထားတဲ့ အပင်ရဲ့ အကိုင်းအခတ်အလတ်တွေက ခေါင်မိုးမှာပျံ့ပွားနေပြီး အမိုးမျက်နှာကျက်ဖြစ်နေတာ ဖြစ်ပါတယ်။ အခန်းတစ်ခုလုံးမှာ နေရာအကွာအဝေးတစ်ခုစီ ခြားထားပြီး ပြုလုပ်ပြင်ဆင်ပေးထားလို့ ရနိုင်ပါတယ်။

ထူးထူးခြားခြား ဖန်တီးပြင်ဆင်လို့ရတဲ့ မျက်နှာကျက်ဒီဇိုင်းတွေ



၃။ အခန်းတစ်ခုလုံးကို သစ်သားထည်တွေနဲ့ချည်းပဲ ပြင်ဆင်ပေး ထားတာဖြစ်တာမို့လို့ မျက်နှာကျက်နံရံကိုလည်း သစ်သားပြင်ဆင် မှုနဲ့ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ရိုးရိုးမျက်နှာကျက်ကိုပဲ အချောသတ်ပေးထားတဲ့ အရွယ်တော်သစ်သားချောင်းလေးတွေကို ဒီဇိုင်းမျိုးစုံနဲ့ မျက်နှာကျက်မှာ ချိတ်ကပ်ပေးထားတာဖြစ်ပါတယ်။ တစ်တန်းချင်းစီ၊ တစ်လွှာချင်းစီ တန်းစီညီညာပြင်ဆင်ပေးထားတဲ့ ဒီဇိုင်းလေးက တကယ်လည်းထူးခြားတာ အမှန်ပါပဲ။

 

ထူးထူးခြားခြား ဖန်တီးပြင်ဆင်လို့ရတဲ့ မျက်နှာကျက်ဒီဇိုင်းတွေ



၎။ အနည်းငယ် စိတ်ကူးယဉ်ဆန်သလို၊ နည်းနည်းလေးလည်း ထိန်း သိမ်းပြင်ဆင်ရခက်တဲ့ အမိုးဒီဇိုင်းလေးပါ။ ဘာဖြစ်လို့လဲဆိုတော့ သစ်ပင်စိုက်ခြင်းက တကယ့်ကိုလက်ဝင်တဲ့ အနုပညာတစ်ခုမို့လို့ပါ ပဲ။ အခန်းတစ်ခုရဲ့ မျက်နှာကျက်မှာ ဇောက်ထိုးတွဲလောင်းကျပြီး ဖူးပွင့်နေတဲ့ သစ်ပင်လေးတွေက ချစ်စရာကောင်းပါတယ်။

 

ထူးထူးခြားခြား ဖန်တီးပြင်ဆင်လို့ရတဲ့ မျက်နှာကျက်ဒီဇိုင်းတွေ

 

ဖန်တီး ပြင်ဆင်ရတာလွယ်တယ်လို့ ထင်ရပေမယ့် ကိုယ်ကိုတိုင်ပြင်ဆင် ကြည့်ရတော့ အနည်းငယ်ခက်ပါတယ်။ မြေကြီးမှာစိုက်တာထက်ပို ပြီးတော့ ဂရုစိုက်ပြင်ဆင်ရတဲ့အပိုင်းကပိုများပါတယ်။ အမိုးမျက်နှာ ကျက်မှာ သစ်ပင်စိုက်နိုင်ဖို့အတွက် ကိုယ့်ဆီမှာရှိသလောက်ဥာဏ် ဆင်ပြီး စိုက်ပျိုးပြင်ဆင်နိုင်ပါတယ်။

 

ထူးထူးခြားခြား ဖန်တီးပြင်ဆင်လို့ရတဲ့ မျက်နှာကျက်ဒီဇိုင်းတွေ

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)