298 ကြိမ် ကြည့်ရှု့ ပြီး

ကလေးငယ်လေးတွေ ရေးခြစ်ဆော့ကစားထားတဲ့ ပန်းချီစာရွက်အ ပိုင်းအစလေးတွေနဲ့ နေအိမ်မှာပြန်ပြီး အလှဆင်ကြမယ်

 

သားသားမီးမီးလေးတွေ ရှိတဲ့နေအိမ်တွေမှာ မိဘတွေနဲ့အိမ်သူအိမ် သားတွေအတွက် အဆိုးရွားဆုံးအချက်ကတော့ သူတို့လေးတွေက စားပြီးလို့ဖွထားတဲ့ ကစားစရာတွေပါပဲ..
ခဲတံတွေ၊ ရောင်စုံလေးတွေနဲ့ ရေးခြစ်ပြီးပုံစဆွဲတတ်နေပြီ ဖြစ်တဲ့ ကလေးငယ်လေးတွေဆိုရင် ပိုလို့တောင် သတိထားကြည့်နေရပါ သေးတယ်။ အိမ်ရဲ့မြင်မြင်သမျှ နေရာတွေမှာလိုက်ပြီးတော့ ရေးခြစ် ဆော့ကစားတာ မဟုတ်ရင်တော့ စာရွက်တွေကိုကြမ်းပြင်မှာ ပြန့်ကျဲ နေလောင်အောင် လုပ်တတ်ပါတယ်။

 

ကလေးငယ်လေးတွေ ရေးခြစ်ဆော့ကစားထားတဲ့ ပန်းချီစာရွက်အ ပိုင်းအစလေးတွေနဲ့ နေအိမ်မှာပြန်ပြီး အလှဆင်ကြမယ်



ဒီလိုမျိုးဖြစ်နေတဲ့ နေအိမ်တွေမှာ ဒီပြဿနာအတွက်ပူစရာမလို တော့ပါဘူး။ ဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းလေး ပေးကြည့်ပါ မယ်….

 

ကလေးငယ်လေးတွေ ရေးခြစ်ဆော့ကစားထားတဲ့ ပန်းချီစာရွက်အ ပိုင်းအစလေးတွေနဲ့ နေအိမ်မှာပြန်ပြီး အလှဆင်ကြမယ်


၁။ အမှန်တော့ သူတို့လေးတွေ ရေးဆွဲကြတဲ့ ခဲခြစ်လေးတွေက သူတို့လေးတွေရဲ့ စိတ်ကူးပုံဖော်မှုအနုပညာတစ်ခုဖြစ်တာကြောင့် အပြစ်မမြင်ပါနဲ့။ မိမိရဲ့ကလေး ဦးနှောက်ဥာဏ်ရည် အသုံးချဖွံ့ဖြိုးမှု ရဲ့ ကောင်းမွန်တဲ့ ရလာဒ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကို မိဘဖြစ်သူ တွေက အနုပညာဖန်တီးမှုတစ်ခုလို့ မြင်ပြီး အမှတ်တရအသိမှတ်ပြု သိမ်းဆည်းပေးထားသင့်ပါတယ်။

 

ကလေးငယ်လေးတွေ ရေးခြစ်ဆော့ကစားထားတဲ့ ပန်းချီစာရွက်အ ပိုင်းအစလေးတွေနဲ့ နေအိမ်မှာပြန်ပြီး အလှဆင်ကြမယ်



၂။ သူတို့လေးတွေ ဆွဲထားတဲ့၊ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ စာရွက်အ ပိုင်းအစပုံလေးတွေကို လှလှပပနဲ့ ဘောင်လေးသွင်းပြီး သူတို့လေး တွေရဲ့အိပ်ခန်း၊ ဒါမှမဟုတ် အိမ်ဦးခန်းလိုနေရာတွေမှာ ချိတ်ဆွဲပေး ထားမယ်ဆိုရင်လည်း သူတို့တွေအတွက် တစ်ဖက်ကစိတ်အား ထက်သန်မှုတွေ ပေးရာရောက်ပါတယ်။ အိမ်ရဲ့အမှတ်တရ၊ ကလေး ငယ်လေးတွေရဲ့ ဖန်တီးနိုင်စွမ်းကိုလည်း ပြပြီးသားဖြစ်သွားနိုင်ပါ တယ်။

 

ကလေးငယ်လေးတွေ ရေးခြစ်ဆော့ကစားထားတဲ့ ပန်းချီစာရွက်အ ပိုင်းအစလေးတွေနဲ့ နေအိမ်မှာပြန်ပြီး အလှဆင်ကြမယ်



၃။ နံရံပန်းချီကားလေးတွေ လုပ်ပေးပါ။ ပိုက်ဆံတွေ သောင်းသိန်းချီ ပြီးပေးရတဲ့ နာမည်ကျော်ပန်းချီကားတွေထက် ပိုပြီးအဓိပ္ပါယ်နက်နဲ နိုင်တဲ့ သင့်ကလေးငယ်ရဲ့ ဆေးရောင်စုံပန်းချီကားလေးတွေကို သင့် နေအိမ်မှာ အလှဆင်ချိတ်ဆွဲထားသင့်ပါတယ်။ ချစ်စရာကောင်းတဲ့ ရုပ်ပုံလေးတွေ၊ အဓိပ္ပါယ်ဖော်ပြရခက်ခဲတဲ့ ပုံရိပ်ဆေးရောင်စုံတွေက အိမ်ရဲ့နံရံမှာ ထူးခြားမှုကိုပေးစွမ်းစေနိုင်မှာပါ။

 

ကလေးငယ်လေးတွေ ရေးခြစ်ဆော့ကစားထားတဲ့ ပန်းချီစာရွက်အ ပိုင်းအစလေးတွေနဲ့ နေအိမ်မှာပြန်ပြီး အလှဆင်ကြမယ်



၎။ တော်တော်လေး ဆိုးရွားတဲ့ကလေးတွေကြောင့် သင့်ရဲ့နေအိမ်နံ ရံမှာ အခုလိုပဲ ညစ်ပတ်ပျက်စီးသွားနိုင်ပါတယ်။ ဒီလိုဖြစ်လို့လည်း ကလေးကိုလည်း ဒေါသမထွက်ပါနဲ့။ စိတ်လည်းမပျက်ပါနဲ့။ ဒီရုပ်ပုံ လေးတွေနဲ့ညစ်ပတ်နေတဲ့ နံရံလေးက နံရံကပ်စက္ကူအလှကပ်စရာမ လိုပဲ ချစ်စရာကောင်းတဲ့ နံရံလေးတစ်ခုဖြစ်သွားမယ်ဆိုရင်တော့ စိတ်ကျေနပ်လိုက်ပါ။

 

ကလေးငယ်လေးတွေ ရေးခြစ်ဆော့ကစားထားတဲ့ ပန်းချီစာရွက်အ ပိုင်းအစလေးတွေနဲ့ နေအိမ်မှာပြန်ပြီး အလှဆင်ကြမယ်

 

သူတို့လေးတွေဆွဲထားတဲ့ ပုံရိပ်ဆေးရောင် လှလှလေးတွေနဲ့ လိုက်ဖြည့်ပြီး ဘေးဘောင်လေးတွေ ကွပ်ပေး လိုက်မယ်။ နောက်ပြီးတခြား ချစ်စရာကောင်းတဲ့ ပန်းချီကားငယ် လေးတွေလည်း ဘေး ကနေထပ်ဖြည့်ပေးလိုက်မယ်ဆိုရင်လည်း သင့်အိမ်နံရံလေးက အရင်ကထက်ပိုပြီးထူးခြားစွဲဆောင်မှုရှိသွားမှာ အမှန်ပါပဲ…

ကလေးငယ်လေးတွေ ရေးခြစ်ဆော့ကစားထားတဲ့ ပန်းချီစာရွက်အ ပိုင်းအစလေးတွေနဲ့ နေအိမ်မှာပြန်ပြီး အလှဆင်ကြမယ်

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)