1478 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ခန်းနံရံတွေကို လှပတဲ့ဆေးရောင်လေးတွေ ခြယ်သတော့မယ်ဆိုရင်

အရောင်တွေနဲ့ လူတွေရဲ့ စိတ်ခံစားမှု တွေက တိုက်ရိုက်ထိတွေ့ဆက်စပ်မှုရှိတယ် လို့ လေ့လာစမ်းသပ်မှုတွေမှာ ဖော်ပြထား သလို လူတွေကလည်း သူတို့တွေရဲ့ စိတ် ခံစားမှုအပြောင်းအလဲအတိုင်း အရောင် ရွေးချယ်အသုံးပြုမှုကို ပြုလုပ်တတ်ကြပါ တယ်။ ၀မ်းနည်းနေချိန်ဖြစ်စေ၊ ပျော်ရွှင် နေချိန်ဖြစ်စေ၊ စိတ်ဓာတ်ကျစိတ်အားငယ်နေ ချိန်ဖြစ်စေ၊ စိတ်အားထက်သန်စိတ်အား တက်နေချိန်မှာဖြစ်စေ သူတို့ရဲ့ စိတ်ခံစားမှု အပေါ် မူတည်ပြီး အရောင်ရွေးချယ်ကြ ပါတယ်။ သူတို့တွေအတွက် စိတ်ဓာတ် ခွန်အားကောင်းစေမယ့်အရောင်၊ စိတ်ပျော် ရွှင်စေနိုင်မယ့် အရောင်လေးတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင် သီးသန့်အခန်း၊ ရုံးခန်း၊ အိပ်ခန်းတို့အတွက် အများဆုံး မြင်နေရမယ့်အရာကတော့ အခန်းရဲ့ ဘေးပတ်လည်က နံရံတွေ ပဲဖြစ်ပါတယ်။ ဒီ့အတွက် အခြားအခန်းရဲ့ အစိတ်အပိုင်းအရောင်တွေနဲ့ မတူညီကွဲ ပြားပြီး ရွေးချယ်မှု တိကျသေချာတဲ့ အရောင်တွေကိုပဲ အသုံးပြုဆေးခြယ်ပေးရ ပါမယ်။ အခန်းနံရံရဲ့ အမြင့်၊ အကျယ်အ၀န်း တွေအလိုက် အရောင်အသုံးပြုမှုကို လိုက်ဖက်ညီစွာ ရွေးချယ်တတ်ရပါမယ်။ အရောင်စပ်ဟပ်အသုံးပြုတာမျိုးမဟုတ်ဘဲ သတ်သတ်မှတ်မှတ် အရောင်တစ်ခုကိုပဲ ရွေးချယ်ပြီးသုတ်သင့်ပါတယ်။ မိမိခြယ်သ ချင်တဲ့ အရောင်က ဆေးရောင်တွေထဲမှာ မရှိဘူးဆိုရင်လည်း လိုချင်တဲ့ အရောင်ကို ရဖို့ အနီးစပ်ဆုံးဆေးရောင်ရအောင် ပြု လုပ်ပြီး သုတ်သင့်ပါတယ်။ တကယ်လို့ အရောင်တောက်တောက်တွေ အသုံးပြုမိ ခဲ့ရင်တော့ တောက်တဲ့အရောင်တွေရဲ့ အလင်းစွမ်းအားပြင်းထန်မှုကို ခံစားရနိုင်ပါ တယ်။ ဒီ့အတွက် မျက်စိကျိန်းတာတို့၊ အရောင်စူးတာတို့ကို ကာကွယ်နိုင်ဖို့ နံရံတွေမှာ အလှဆင်ပစ်္စည်းလေးတွေ ထပ်ပြီး ချိတ်ဆွဲအလှဆင်ပေးရပါမယ်။ အလှဓာတ်ပုံတို့၊ ပန်းချီကားတို့၊ အလှချိတ် ဆွဲတဲ့ ပစ္စည်းလေးတွေ စတာတွေ အသုံး ပြုပြီး နံရံမှာ အလှဆင်နိုင်ပါတယ်။

အိမ်ခန်းနံရံတွေကို လှပတဲ့ဆေးရောင်လေးတွေ ခြယ်သတော့မယ်ဆိုရင်

နံရံမှာလှပတဲ့ သုတ်ဆေးတွေ သုတ် ခြယ်ဖို့ အဓိကအရေးကြီးတဲ့အချက်ကတော့ နံရံလေးတွေသန့်ရှင်းနေစေဖို့ပါပဲ။ နံရံတွေ မှာရှိတတ်တဲ့ ဖုန်မှုန့်တို့၊ ပင့်ကူမျှင်တို့၊ အက်ကွဲပြီး အပေါက်ဖြစ်နေတာတွေကို အသေအချာ သန့်ရှင်းပြင်ဆင်ပြီးမှ ဆေး သုတ်ခြယ်သခြင်းကို ပြုလုပ်သင့်ပါတယ်။ ဒီလိုသန့်ရှင်းရေးနဲ့ မပြင်မဆင်ဘဲ ဆေး ခြယ်လိုက်ပါက နံရံမှာဆေးမညီခြင်း၊ ဆေးမခံခြင်း၊ တိကျတဲ့အရောင်မရခြင်း၊ ဆေးအက်ခြင်း စတဲ့ပြဿသာနာတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။

အခန်းတစ်ခန်းလုံးထဲက ကြည့်ကောင်း စေမယ့် နံရံကို ရရှိဖို့ဆိုရင် နံရံမှာ သုတ် ခြယ်ထားတဲ့ အရောင်နဲ့ ဆေးခြယ်သမှု ကျွမ်းကျင်တဲ့ အပေါ်မှာပဲ အဓိကမူတည် ပါတယ်။ မိမိလိုချင်တဲ့ နံရံအရောင်ကို ရဖို့ဆိုရင် တစ်ဆင့်ပြီးတစ်ဆင့် ဆေးခြယ် ပေးရမယ်။ ဆေးအမျိုးအစားအလိုက် သူ့ရဲ့ သုံးပုံသုံးနည်းနဲ့ လိမ်းခြယ်ပုံအဆင့်ဆင့် ကို နားလည်ထားရမယ်။ ဆေးစပ်ခြင်းကို သိရမယ်။

အိမ်ခန်းနံရံတွေကို လှပတဲ့ဆေးရောင်လေးတွေ ခြယ်သတော့မယ်ဆိုရင်

တချို့ဆေးတွေက ဆေးတစ်ထပ်၊ နှစ်ထပ်နဲ့တင် ပြထားတဲ့အရောင်ကိုမရဘဲ ထပ်ခါထပ်ခါ အခြောက်ခံပြီး သုတ်လိမ်းပေး ရတာမျိုးတွေလည်း ရှိပါတယ်။ နောက် ပြီး ကျဉ်းတဲ့နံရံတွေဆို နံရံဆေးသုတ်ရတာ အခက်အခဲသိပ်မရှိပေမယ့် ကျယ်ပြောပြီး ထောင့်ချိုးများတဲ့ နံရံတွေဆိုရင်တော့ တစ်ပိုင်းချင်းစီသုတ်ရာမှာ ဆေးရောင်မညီ တာတွေ၊ ထူတာ၊ ပါးတာမျိုးတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။ ဒါကို သတိထားသုတ်ခြယ် သင့်ပါတယ်။

နံရံမှာ ဆေးရောင်ခြယ်ခြင်းအပြင် တခြားအလှဒီဇိုင်းပုံဖော်ချင်တယ်ဆိုရင် တော့ ကိုယ်ကိုယ်တိုင်က ပန်းချီရေးဆွဲ ခြင်း၊ ဒီဇိုင်းပုံဖော်ခြင်းတွေကို တစ်ဖက်ကမ်း ခတ်ကျွမ်းကျင်သူမဟုတ်ဘူးဆိုရင်တော့ အရဲစွန့်ပြီး ရုပ်ပုံတွေမရေးဆွဲသင့်ပါဘူး။ ပုံမကျပန်းမကျနဲ့ နံရံတွေ ညစ်ပတ်ပေရေ ပြီး ဆေးရောင်တွေ ပျက်စီးသွားနိုင်တာမို့ လို့ပါပဲ။ နံရံတွေပေါ် ဆေးရောင်တွေ ရေးခြယ်ခြင်းက စက်္ကူပိတ်ကားပေါ် ပန်းချီ ရေးဆွဲသလိုမဟုတ်တဲ့အတွက် မှားသွားရင် ဖြစ်ဖြစ်၊ မလှတော့ရင်ပဲဖြစ်ဖြစ် စက်္ကူလို နောက်တစ်ချပ် လဲလှယ်အသုံးပြုလို့ မရ နိုင်တော့တာကို သတိထားသင့်ပါတယ်။ အကယ်၍ မဖြစ်မနေ ကိုယ်ကတကယ်ပဲ နံရံတွေမှာ ရုပ်ပုံလှလှလေးတွေ ပုံဖော်ချင် တယ်ဆိုရင်တော့ နံရံကပ်စက်္ကူလှလှလေး တွေ ကပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီကနေ့ ခေတ်စားနေတဲ့ အိမ်အလှဆင်ပစ်္စည်း လေးတွေက အရမ်းလည်းလှပြီး အမျိုးအစား လည်း စုံလင်တာကြောင့် အလွယ်တကူပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အိမ်ခန်းနံရံတွေကို လှပတဲ့ဆေးရောင်လေးတွေ ခြယ်သတော့မယ်ဆိုရင်

ဆေးသုတ်ခြယ်သမှုအတွက် ပြီးပြည့်စုံ ပြီး စိတ်တိုင်းကျသွားရင် နောက်ဆုံးကျန် သေးတဲ့ အရေးကြီးတဲ့ အရာကတော့ နံရံတွေနဲ့ လိုက်ဖက်ညီနေရာထားသိုရမယ့် ပရိဘောဂတွေရဲ့ အထားအသိုပဲ ဖြစ်ပါ တယ်။

အိမ်ခန်းနံရံတွေကို လှပတဲ့ဆေးရောင်လေးတွေ ခြယ်သတော့မယ်ဆိုရင်

ဆေးမသုတ်ခင်က ထားရှိထားတဲ့ ပစ္စည်းတွေကို နံရံတွေ ဆေးသုတ်ပြီးနောက် အရင်အတိုင်းထားအုံးမလား၊ ဒါမှမဟုတ် အခြားနေရာတွေကို ပြောင်းရွှေပစ်မလား ဆိုတာ စီမံခန့်ခွဲသင့်ပါတယ်။ နောက်ပြီး လှပတဲ့ ဆေးရောင်လေးတွေရှိတဲ့ နံရံတွေရဲ့ ရှေ့မှာ အလှကို ဖုံးအုပ်သွားစေမယ့် ခပ် စုတ်စုတ် ပစ္စည်းဟောင်းတွေ မထားတော့ ဘဲ လှပပြီးသစ်လွင်တဲ့ ပစ်္စည်းအကောင်းလေး တွေကိုသာထားပြီး နံရံလေးရဲ့ အလှကိုပါ ပံ့ပိုးပြင်ဆင်ပေးသင့်ပါတယ်။

အိမ်ခန်းနံရံတွေကို လှပတဲ့ဆေးရောင်လေးတွေ ခြယ်သတော့မယ်ဆိုရင်

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)