606 ကြိမ် ကြည့်ရှု့ ပြီး

ငွေကုန်ကြေးကျမများဘဲ သင့်အိမ်ခန်းအား အလှဆင်နည်းများ

 

၁။ ဒီလိုမျိုး လိုက်ဖက်ညီတဲ့ အလှခေါင်းအုံးလေးတွေနဲ့ ခြုံစောင်လေးကို ဖြည့်စွက်လိုက်တာက သင့်ရဲ့ဆွဲဆောင်မှုမရှိရိုးရှင်းပြီး တစ်ပတ်နွမ်းဖြစ်လာတဲ့ ဆိုဖာကို အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်သွားစေပါတယ်။

 

ငွေကုန်ကြေးကျမများဘဲ သင့်အိမ်ခန်းအား အလှဆင်နည်းများ

 

၂။ သင့်ရဲ့ ဓာတ်ပုံတွေကို နံရံကပ်ပန်းချီကားချပ်ကြီးတွေအဖြစ် ၁၀ ဒေါ်လာအောက်လောက်နဲ့ ပြောင်းလဲပြီး အကုန်ကျသက်သာစွာနဲ့ အလှဆင်နိုင်ပါတယ်။

 

ငွေကုန်ကြေးကျမများဘဲ သင့်အိမ်ခန်းအား အလှဆင်နည်းများ

 

၃။ ရေချိုးခန်းပေါက်ဝအောက်ခြေမှာ ရေတွေနဲ့ ချော်မလဲအောင် ထားတဲ့ ဖျာတစ်ချပ်ကို ဒီလိုမျိုး သင့်ရဲ့အိမ်ခန်းနံရံမှာ ချိတ်ဆွဲထားလိုက်တာကလည်း သင်ထင်ထားတာထက် သင့်အိမ်ကို လွယ်လွယ်ကူကူ၊ ရိုးရိုးလေးနဲ့ ခေတ်မီသွားစေမှာပါ။

 

ငွေကုန်ကြေးကျမများဘဲ သင့်အိမ်ခန်းအား အလှဆင်နည်းများ

 

 

၎။ သင့်အိမ်က ဘေစင်နဲ့ မီးဖိုချောင်နံရံက ကြွေပြားတွေ အချိန်ကြာလာလို့ပဲဖြစ်ဖြစ် ညစ်ထေးလို့လာပြီဆိုရင် နောက်ထပ်ကြွေပြားအသစ်ကပ်ရတော့မယ်၊ အိတ်ထဲက ပိုက်ဆံ ထွက်တော့မယ်ဆိုပြီး စိတ်ညစ်လို့မနေပါနဲ့။ ဟောဒီပုံကို ကြည့်လိုက်ပါ။ ခေတ်မီတဲ့ဒီဇိုင်းနဲ့အရောင်အသွေးရှိ ကြွေပြားတွေကို တွေ့ရမှာပါ။ ဒါတွေကို အသစ်ကျပ်ချွတ်လေးတွေလို့ ထင်ရင် မှားသွားမပေါ့။ တကယ်တော့ တစ်ပတ်နွမ်းကြွေပြားလေးတွေကိုပဲ လှပတဲ့ဆေးရောင်နှစ်ခုရောစပ်ဒီဇိုင်းထွင်လို့ ဆေးသုတ်ထားတာပဲ ဖြစ်ပါတယ်။

 

ငွေကုန်ကြေးကျမများဘဲ သင့်အိမ်ခန်းအား အလှဆင်နည်းများ

 

၅။ ဗီနိုင်းလ်စတစ်စ၊ ကပ်ကြေးနဲ့ ရွှေရောင်ဆော့ဖ်ပင်တို့ရှိရုံနဲ့တင် ပုံပါစားပွဲအောက်ခင်းစတစ်စကို အမိုက်စားပြုလုပ်လိုက်ပါ။

 

ငွေကုန်ကြေးကျမများဘဲ သင့်အိမ်ခန်းအား အလှဆင်နည်းများ

 

၆။ ဒီလိုမျိုးလေးလည်း တီဗွီကို နံရံနဲ့ တစ်သားတည်းဖြစ်အောင် မြှုပ်ပြီး သင့်အိမ်ကို အလှဆင်နိုင်ပါသေးတယ်။

 

ငွေကုန်ကြေးကျမများဘဲ သင့်အိမ်ခန်းအား အလှဆင်နည်းများ

 

၇။ သင့်ရဲ့စားပွဲပေါ်က ပန်းအိုးလေးတွေကို နံရံကပ်ပန်းအိုးလေးတွေအဖြစ် ဒီလိုတွယ်ချိတ်လို့ အလှဆင်လိုက်ပါဦး။

 

ငွေကုန်ကြေးကျမများဘဲ သင့်အိမ်ခန်းအား အလှဆင်နည်းများ

 

၈။ တစ်ရှူးလိပ်ရဲ့အလယ်က စက္ကူအူတိုင်လိုမျိုး ကတ်ထူအထူစား အူတိုင်တွေကို ပုံပါအတိုင်း နံရံကပ်စင်လေးတွေအဖြစ် ပြုလုပ်လို့ရပါတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ရေးသား ဖော်ပြသည်။)


ငှါးရန်ရှိသော အိမ်ခြံမြေများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)