197 ကြိမ် ကြည့်ရှု့ ပြီး

အိမ်နံပါတ်ကလေးတွေ မြင်သာစေဖို့ရာ

 

 

 

နေအိမ်တစ်လုံးအတွက် အဓိကကျတဲ့ အရာကဘာပါလဲဆိုရင်တော့ အိမ်ရဲ့နံပါတ်စဉ်အမှတ်အသားပါပဲ။ ကိုယ့်အိမ်ဘယ်မှာပါလဲဆိုရင် ဘယ်လမ်း၊ ဘယ်မြို့ရဲ့ အိမ်နံပါတ်ဘယ်လောက်ဆိုပြီး လမ်းညွှန်  ပြောကြရမှာမဟုတ်ပါလား။

 

အိမ်နံပါတ်ကလေးတွေ မြင်သာစေဖို့ရာ

 

ဒီနံပါတ်ကိုပဲ ကြည့်ပြီး ကိုယ့်ဆီလာမယ့် ဧည့်သည်အပေါင်းအသင်း၊ ချစ်သူခင်သူမိတ်ဆွေတွေအပြင် တခြား အရေးကြီးအလုပ်ကိစ္စ၊ အခြားသောအကြောင်းအရင်းများစွာတို့က ကိုယ့်ဆီ အသိပေးအကြောင်းကြားရောက်ရှိလာနိုင်မှာမို့လို့ပါ။

 

အိမ်နံပါတ်ကလေးတွေ မြင်သာစေဖို့ရာ



ဒီ့အတွက်ကြောင့်မို့လို့ နေအိမ်ရဲ့ အိမ်နံပါအမှတ်စဉ်ကို ဖော်ပြတဲ့ နေရာမှာ ထင်သာမြင်သာရှိဖို့နဲ့ ရုတ်တရက်ကြည့်လိုက်တာနဲ့ အိမ်နံ ပါတ်ကလေးက ဖြတ်သွားဖြတ်လာလူတွေကို စွဲဆောင်မှုနဲ့ နှစ်လို ဖွယ်ကောင်းအောင် ရေးသားဖော်ပြထားဖို့ လိုအပ်တယ်။ ဒါကြောင့် မို့လို့ ဒီနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

အိမ်နံပါတ်ကလေးတွေ မြင်သာစေဖို့ရာ



၁။ အိမ်ရဲ့ အဝင်အဝတံခါးဘေးဘက်မှာ ချိတ်ဆွဲမယ့် မီးအိမ်တို့၊ အိမ်အပြင်အလှဆင်ပစ္စည်းတစ်ခုခုနဲ့ တွဲပြီး စာလုံးကြီးကြီးဖော်ကာ ချိတ်ဆွဲပြထားနိုင်ပါတယ်။ အလှဆင်ထားသလိုလည်းဖြစ်၊ အိမ်ရဲ့ နံပါတ်ကိုလည်းပြထားပြီး ဖြစ်နေပါတယ်။

 

အိမ်နံပါတ်ကလေးတွေ မြင်သာစေဖို့ရာ



၂။ အဝေးကနေ အိမ်ကိုလှမ်းမြင်နေရတဲ့မြင်ကွင်းမှာ ထူးထူးခြားခြား သတ်သတ်မှတ်မှတ်ကြီး ရှိနေတဲ့သစ်ပင်မှာ အိမ်ရဲ့နံပါတ်ကိုရေး သားလမ်းညွှန်ထားလို့ ရနိုင်ပါတယ်။ အိမ်ရဲ့အမှတ်သညှာလည်း ဟုတ်၊ အဝေးကနေလည်း ထင်းကနဲမြင်နေတဲ့ ဒီသစ်ပင်ကနေ မိမိ အိမ်ရဲ့နံပါတ်ကိုပါ တစ်ခါတည်းမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

 

အိမ်နံပါတ်ကလေးတွေ မြင်သာစေဖို့ရာ



၃။ အိမ်ရဲ့ အဝင်လမ်း၊ ခြံလမ်းလိုနေရာကနေ တသီးတခြား စင်တစ် ခုရိုက်တာတို့၊ ပန်းခြံငယ်လေးပြုလုပ်ပြီး အိမ်ရဲ့နံပါတ်ကို မြင်သာ အောင်နဲ့ စွဲဆောင်မှုရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။

 

အိမ်နံပါတ်ကလေးတွေ မြင်သာစေဖို့ရာ

 

ရောင်စုံဖူးပွင့် ပြီး ချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေကြားမှာ သင့်ရဲ့အိမ်နံပါတ် ကလေးက လှလှကလေးတည်ရှိဖော်ပြနေလို့ အဝေးကကြည့်ရင် လှမ်းပြီးတော့ မြင်နိုင်ပါတယ်။

 

အိမ်နံပါတ်ကလေးတွေ မြင်သာစေဖို့ရာ



၎။ နောက်ထူးခြားတဲ့ ဒီဇိုင်းပုံဖော်မှုလေးတွေ၊ အိမ်နံပါတ်ရေးသား ခြင်းလေးတွေ ပန်းခြင်းလေးတွေ၊ ကျောက်သားပြင်နံရံချပ်တွေ၊ ဖန် ပုလင်းတွေနဲ့ အိမ်နံပါတ်ပုံဖော်ရေးသားခြင်းတွေ၊ စီတန်းထားတဲ့ ပန်းအိုးလေးတွေမှာ စာလုံးနံပါတ်လေးတွေ ရေးထိုးပြီး အိမ်အဝင် အဝလေးမှာလည်း ဆိုင်းပုဒ်ရေးဆွဲချိတ်ထားမယ်ဆိုရင်လည်း ရနိုင် ပါတယ်။

 

အိမ်နံပါတ်ကလေးတွေ မြင်သာစေဖို့ရာ

 

ထူးခြားပြီး စုံလင်တဲ့ဆေးရောင်လေးတွေနဲ့ စာလုံးလေး တွေကို ပုံဖော်ပြီးရေးသားမယ်ဆိုရင်လည်း ကြည့်ကောင်းနိုင်ပါ တယ်။

 

 

အိမ်နံပါတ်ကလေးတွေ မြင်သာစေဖို့ရာ

 


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)