1034 ကြိမ် ကြည့်ရှု့ ပြီး

ချစ်စရာပန်းအိုးလေးတွေနဲ့ အိမ်တွင်းအလှဆင်မယ်


 

 

နေအိမ်အတွင်း၊အပြင် အလှပြင်ဆင်ခြင်းကို စိတ်ဝင်စားကြတဲ့ စာ ဖတ်ပရိတ်သတ်တွေအတွက် အခုတစ်ကြိမ်တော့ ကိုယ့်အိမ် ထဲက ဟောင်းနေလို့၊ အသုံးမလိုတော့လို့စွန့်ပစ်ထားတဲ့ ပန်းအိုးလေးတွေ ကိုပြန်ပြီး အိမ်အလှဆင်မယ့် ပစ္စည်းလေးတွေအဖြစ် ပြောင်းလဲက နေအိမ်မှာ အလှပြင်ဆင်ခြင်းလုပ်နိုင်တဲ့ နည်းလမ်းလေးတွေကိုဖော် ပြပေးလိုက်ပါတယ်။

 

ချစ်စရာပန်းအိုးလေးတွေနဲ့ အိမ်တွင်းအလှဆင်မယ်



အလှပန်းစိုက်တဲ့ပန်းအိုးလေးတွေ၊ ပန်းထိုးတဲ့ကြွေအိုးလေးတွေ၊ အုတ်ဖုတ်အိုးလေးတွေ စတာတွေက နေအိမ်ရဲ့အလှဆင်ခြင်းအ တွက် အလှဆုံးပုံဖော်လို့ရနိုင်မယ့် အရာလေးတွေ အဖြစ်ပြင်ဆင် လို့ရနိုင်ပါတယ်။ အတူလေ့လာကြည့်ရအောင်နော်…..

 

ချစ်စရာပန်းအိုးလေးတွေနဲ့ အိမ်တွင်းအလှဆင်မယ်



၁။ ထမင်းစားပွဲ၊ ကော်ဖီစားပွဲ၊ စာရေးစားပွဲခုံ၊ ပစ္စည်းတင်စရာအလှ စားပွဲခုံလေးတွေပေါ်မှာ ဈေးကြီးကြီးပေးဝယ်ပြီး အလှဆင်ပစ္စည်း တွေထားရှိစရာမလိုပဲ အိမ်ကပန်းအိုးအဟောင်းတွေနဲ့ပဲ အလှပြင် ဆင်လို့ရနိုင်ပါတယ်။

ချစ်စရာပန်းအိုးလေးတွေနဲ့ အိမ်တွင်းအလှဆင်မယ်

 

ပန်းအိုးလှလှကလေးတွေကို ဆေးရောင်စုံ သုတ်ပြီး စားပွဲပေါ်အလှတင်ထားနိုင်ပါတယ်။ ပန်းပွင့်လေးတွေ၊ ချစ် စရာကောင်းတဲ့ အလှပစ္စည်းလေးတွေနဲ့လည်း တွဲဖက်ပြီးအလှဆင် လို့ရပါသေးတယ်။

 

ချစ်စရာပန်းအိုးလေးတွေနဲ့ အိမ်တွင်းအလှဆင်မယ်



၂။ ချစ်ဖို့ကောင်းတဲ့ ပန်းအိုးလေးတွေကနေ ချစ်စရာကောင်းတဲ့ ဓာတ်ပုံဘောင်တွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ ပန်းအိုးလေးရဲ့ ဘေးဘက်က အရောင်လှလှကလေးပေါ်မှာ မိသားစုရဲ့ချစ်စရာ ကောင်းတဲ့ အမှတ်တရဓာတ်ပုံလေးတွေ ကတ်ထားလိုက်တာတို့ ဒါမှမဟုတ် ပုံနှိပ်ပြီး ရိုက်လိုက်တာတို့ ပြုလုပ်ပြီး အလှတင်ထားလို့ ရနိုင်ပါတယ်။

 

ချစ်စရာပန်းအိုးလေးတွေနဲ့ အိမ်တွင်းအလှဆင်မယ်



၃။ နောက် အိမ်တွေမှာ အလှဆင်ချိတ်ဆွဲထားတဲ့ ကြိုးလေးတွေ၊ ဖဲ စည်းကြိုးလေးတွေ၊ ခေါင်းလောင်းကြိုးလေးတွေ လိုမျိုးပဲ ပန်းအိုး လေးတွေကို ချိတ်ဆွဲပြီးအလှတပ်ဆင်နိုင်ပါတယ်။

 

ချစ်စရာပန်းအိုးလေးတွေနဲ့ အိမ်တွင်းအလှဆင်မယ်

 

ဆေးရောင်မျိုးစုံ သုတ်ခြယ်ပြီးတော့ အရွယ်အစားအကြီးအငယ်ကို  ကြိုးလေးတွေနဲ့ သီကုံးပြီး အိမ်ရဲ့အဝင်အဝလိုနေရာတွေ၊ ပြတင်းတံခါးနေရာတွေမှာ အလှချိတ်ဆွဲထားနိုင်ပါတယ်။ သတိထားရမှာတစ်ခုက ဖန်ပန်းအိုး တို့၊ ကြွေပန်းအိုး၊ မြေအိုးတို့မဟုတ်တဲ့ ပလက်စတစ်၊ ဖော့ အိုးလေး တွေမျိုးကိုသာ အလှဆင်ပြုလုပ်သင့်ပါတယ်။

 

ချစ်စရာပန်းအိုးလေးတွေနဲ့ အိမ်တွင်းအလှဆင်မယ်



၎။ ပန်းအိုးလေးတွေက ပန်းခြံလေးထဲ ပန်းထည့်စိုက်စရာတစ်ခု တည်း မဟုတ်ပဲ အလှဆင်ပစ္စည်းလေးတွေအဖြစ်လည်း ဖန်တီးလို့ ရနိုင်ပါတယ်။

 

ချစ်စရာပန်းအိုးလေးတွေနဲ့ အိမ်တွင်းအလှဆင်မယ်

 

ပန်းအိုးတွေကို ပန်းထည့်မစိုက်ပဲ ချစ်စရာကောင်းတဲ့ ရုပ်ပုံလေးတွေ၊ အရာဝတ္ထုပစ္စည်းလေးတွေ၊ ကိုယ်တိုင်လုပ် လက် လုပ်ပန်းဆိုင်းတွေ၊ အသေးစား ရေတံခွန်ငယ်လေးတွေ၊ စသဖြင့် ကိုယ်ပုံဖော်ချင်တဲ့ အရာဝတ္ထုပစ္စည်းလှလှကလေးတွေ အဖြစ်ပုံဖော် ဖန်တီးနိုင်ပါတယ်။

 

ချစ်စရာပန်းအိုးလေးတွေနဲ့ အိမ်တွင်းအလှဆင်မယ်



၅။ အိမ်ရဲ့ပြန်လည်အသုံးပြုလို့ရနိုင်တဲ့ အသုံးအဆောင်လေးတွေနေ ရာမှာလည်း ပန်းအိုးလေးတွေကို အစားထိုးအသုံးပြုနိုင်ပါတယ်။  အသေးအမွှားပစ္စည်းလေးတွေ ထားသိုသိမ်းဆည်းစရာခွက်ကလေး တွေ၊ စင်မှာချိတ်ထားလို့ရတဲ့  ပစ္စည်းထည့်စရာခွက်တွေ စသဖြင့် ပြောင်းလဲအသုံးပြုလို့ရနိုင်ပါတယ်။

 


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)