545 ကြိမ် ကြည့်ရှု့ ပြီး

မိသားစု အမှတ်တရဓာတ်ပုံလေးတွေထားဖို့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံဘောင်လေးတွေ ပြုလုပ်ကြမယ်

 

ကျွန်မတို့ အိမ်တိုင်းအိမ်တိုင်းမှာ မိသားစုတွေရဲ့အမှတ်တရ ဓာတ်ပုံ လေးတွေ သိမ်းဆည်းထားတတ်ကြပါတယ်။ တချို့ချစ်စရာကောင်း တဲ့ အတိတ်ထဲကဓာတ်ပုံလေးတွေက ဓာတ်ပုံမှန်ဘောင်လေးနဲ့ သတ်သတ်ခတ်ခတ် နေရာယူထားကြသလို၊ တချို့ကလည်း ထုတ် ကြည့်ဖို့တောင် ခဲယဉ်းတဲ့ဓာတ်ပုံအယ်လ်ဘမ်လေးတွေထဲ ထည့်ပြီး သိမ်းထားကြပါတယ်။
မိသားစုတွေရဲ့ ပျော်ရွှင်စရာအမှတ်တရဓာတ် ပုံတွေ၊ သားသမီး လေးတွေရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်၊ ကြီးပြင်းလာတဲ့ အမှတ်တရပုံ လေးတွေကို အိမ်ခန်းတွေထဲမှာ အလှဆင်ပြီးချိတ် ထားကြပါတယ်။ ဒီလိုပုံလေးတွေ ပိုပြီးချစ်စရာကောင်းသွားအောင်၊ နောက်ပြီးတော့ ဓာတ်ပုံလေးတွေရဲ့ အလှနဲ့ အမှတ်တရလေးတွေလည်း ပိုပြီးပုံပေါ် သွားအောင် ချစ်စရာကောင်းတဲ့ ဟန်းမိတ်ဓာတ်ပုံဘောင်လေးတွေ ကိုယ်တိုင်ဖန်တီးယူပြီး အလှဆင်လို့ရနိုင်ပါတယ်။ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လေ့လာကြည့်လိုက်အောင်နော်။

 

မိသားစု အမှတ်တရဓာတ်ပုံလေးတွေထားဖို့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံဘောင်လေးတွေ ပြုလုပ်ကြမယ်



၁။ အိမ်မှာအသုံးမပြုတော့တဲ့ စက်ဘီးဝင်ရိုးကိုပြန်ပြီးအသုံးပြုလိုက် ပါ။ အသစ်အတိုင်းပြန်လည်ပြုပြင်ပြီး စက်ဘီးဝင်ရိုးစမုတ်တံချောင်း လေးတွေကို ဆေးသုတ်ပြီး အဲ့ဒီဆေးသုတ်ထားတဲ့ တိုင်လေးတွေ ကြားမှာ ဓာတ်ပုံလေးတွေညှပ်ထားပြီး အလှဆင်ထားလို့ရနိုင်ပါ တယ်။ နံရံမှာဖြစ်ဖြစ်၊ ဘောင်တစ်ခုပေါ်မှာဖြစ်ဖြစ် ထောင်ထားလို့ ရပါတယ်။

 

မိသားစု အမှတ်တရဓာတ်ပုံလေးတွေထားဖို့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံဘောင်လေးတွေ ပြုလုပ်ကြမယ်


၂။ ပုံမှန်အတိုင်း သံကြိုးလေးတွေ၊ ကြိုးခွေလေးတွေနဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲမယ့်အစား အခုလိုထူးခြားတဲ့ စိတ်ကူးလေးတွေနဲ့ ပုံဖော်လို့ ရနိုင်ပါသေးတယ်။ ငါးမျှားတံကြိုးတွေမှာ အခုလိုလေးတွေချိတ်ဆွဲ ထားလိုက်ရင် သင်တို့မိသားစုဓာတ်ပုံလေးက သတ်သတ်ရပ်ရပ် နဲ့ ချစ်စရာကောင်းသွားမှာပါ။

 

မိသားစု အမှတ်တရဓာတ်ပုံလေးတွေထားဖို့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံဘောင်လေးတွေ ပြုလုပ်ကြမယ်



၃။ သစ်ကိုင်းခြောက်ကလေးတွေက အခုလိုချစ်စရာကောင်း ဓာတ်ပုံ ဘောင်လေးတွေ ဖြစ်လာလိမ့်မယ်လို့ စိတ်ကူးမိကြမှာမဟုတ်ပါဘူး။ လေးထောင့်ကွက်ဘောင်လေးတွေရဲ့ ဘေးပတ်လည်မှာ သစ်သား ချောင်းလေးတွေကို စည်းပြီး အလှဆင်ပေးလိုက်တဲ့အခါ ချစ်စရာ ကောင်းတဲ့ ဓာတ်ပုံဘောင်လေးဖြစ်သွားမှာပါ။ ဒီဘောင်လေးထဲ  သင့်ရဲ့အမှတ်တရဓာတ်ပုံလေးကိုထည့်ပြီး အလှဆင်ထောင်ထားလို့ ရပါတယ်။

 

မိသားစု အမှတ်တရဓာတ်ပုံလေးတွေထားဖို့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံဘောင်လေးတွေ ပြုလုပ်ကြမယ်



၎။ အလှဓာတ်ပုံတွေရိုက်ခဲ့တဲ့ အများဆုံးခရီးသွားတဲ့နေရာကတော့ ပင်လယ်ကမ်းခြေတွေပဲဖြစ်မှာပါ။ သဲသောင်ပြင်မှာ အမှတ်တရရိုက် ကူးခဲ့တဲ့ ဓာတ်ပုံလေးတွေနဲ့ လိုက်ဖက်တဲ့ဓာတ်ပုံဘောင်လေးတစ်ခု ရဖို့ ဖန်ပုလင်းလေးတစ်လုံးနဲ့ ပင်လယ်သင်္ကေတခရုခွံလေးတွေ၊ သဲ ဖြူပွင့်လေးတွေသာလိုပါတယ်။ ဖန်ပုလင်းထဲ သဘာဝကျကျပင် လယ်ပြင်ကျယ်ပြီးဖြစ်အောင် အခုလိုပြင်ဆင်ပြီး အလှဆင်သိမ်း ဆည်းထားလို့ရနိုင်ပါတယ်။

 

မိသားစု အမှတ်တရဓာတ်ပုံလေးတွေထားဖို့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံဘောင်လေးတွေ ပြုလုပ်ကြမယ်



၅။ အသုံးမဝင်တော့တဲ့ သစ်သားချပ်၊ သစ်သားပြားတို့က ချစ်စ ရာကောင်းတဲ့ အမှတ်တရပုံရိပ် ဓာတ်ပုံလေးတွေအတွက် နောက် ခံကောင်းကောင်း ဖြစ်သွားနိုင်ပါတယ်။ ကြမ်းတမ်းပြီးပျက်စီးနေတဲ့ မျက်နှာပြင်တွေကို ချောမွေ့ပြီးတောက်ပြောင်သွားအောင် ပြုလုပ် ကာ ဓာတ်ပုံကပ်ဆွဲထားလို့ရမယ့် နောက်ခံဘောင်တွေ ဖန်တီးပြု လုပ်လို့ ရနိုင်ပါတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)