173 ကြိမ် ကြည့်ရှု့ ပြီး

ဗယ်လင်တိုင်းဒေးအတွက် သင့်အိမ်လေးကို အကုန်အကျနည်းပါးစွာ အလှဆင်မယ်

လှပပြီး ဆွဲဆောင်မှုရှိကာ ကျက်သရေအပေါင်းနှင့် ခညောင်းသည့် ဗယ်လင်တိုင်းဒေးအပြင်အဆင်များကို လွယ်လင့်တကူပဲ ပြုလုပ်လိုက်ကြပါစို့။

 



၁။ အနီရောင်ပန်းစည်းနှစ်စည်းကို တစ်စည်းနှင့်တစ်စည်း ကြက်ခြေခတ်အနေအထား ပြုလုပ်ပါ။ ပန်းရောင်ပန်းစည်းကိုမူ စက်ဝိုင်းကဲ့သို့ခွေ၍ ယင်းပန်းစည်းများကို အိမ်ရှေ့တံခါးတွင် ပုံပါအတိုင်းချိတ်ဆွဲပါ။ အပေါ်ဆုံးမှနေ၍ အဖြူရောင်ဖဲကြိုးကြီးကို ဖဲပြားပုံချည်နှောင်ပါ။ ကြက်ခြေခတ်ပုံနှင့် စက်ဝိုင်းပုံတို့သည် အမျိုးသားနှင့်အမျိုးသမီးတို့ကို ကိုယ်စားပြုသည်။

 

ဗယ်လင်တိုင်းဒေးအတွက် သင့်အိမ်လေးကို အကုန်အကျနည်းပါးစွာ အလှဆင်မယ်

၂။ နံရံကပ်ဗြောင်စက္ကူအရောင်နှစ်မျိုးကို တြိဂံလေးတွေညှပ်ပြီး ပုံပါအတိုင်း နံရံမှာ အသည်းပုံဖော်၍ ကပ်ပါ။

 

ဗယ်လင်တိုင်းဒေးအတွက် သင့်အိမ်လေးကို အကုန်အကျနည်းပါးစွာ အလှဆင်မယ်

၃။ ဆွဲကြိုးလော့ကတ်သီးစတိုင်လ် အသည်းရုပ်လေးများကို ဘောင်သွင်း၍​ နံရံတွင် ချိတ်ဆွဲပါ။

 

ဗယ်လင်တိုင်းဒေးအတွက် သင့်အိမ်လေးကို အကုန်အကျနည်းပါးစွာ အလှဆင်မယ်

၎။ ကော်ဖီစားပွဲကို ပုံပါအတိုင်းအလှဆင်ပါ။ ပန်းအစစ်များသုံးလျှင် ကောင်းမွန်သော်လည်း ပုံပါ ကျူးလစ်ပန်းပုံဖယောင်းတိုင်ခွက်လေးတွေက ဗယ်လင်တိုင်းဒေးနှင့် ပိုမိုလိုက်ဖက်မည်ဖြစ်သည်။

 

ဗယ်လင်တိုင်းဒေးအတွက် သင့်အိမ်လေးကို အကုန်အကျနည်းပါးစွာ အလှဆင်မယ်

၅။ နှုတ်ခမ်းသည် ဗယ်လင်တိုင်းဒေး၏ အလှအပဆုံးပုံရိပ်ဖြစ်သည်။ သို့သော် နှုတ်ခမ်းဖြင့် ဗယ်လင်တိုင်းဒေးကို အလှဆင်ခြင်းသည် လွယ်မယောင်နှင့်ခက်သည်။ အဘယ်ကြောင့်ဆိုသော် အရောင်ရွေးမှန်ရန် အလွန်အရေးကြီး၍ဖြစ်သည်။ အနီရောင်၊ ပန်းရောင်နှင့် ပန်းဆီရောင်၊ ပန်းခရမ်းရောင် နှုတ်ခမ်းပန်းချီတို့သည် ကလေးအလွန်ဆန်ပြီး ယင်းနှင့်ဆန့်ကျင်ဘက် ပြီးပြည့်စုံသောနှုတ်ခမ်းပန်းချီအတွက် ရွှေအိုရောင်နှင့် အပြာရောင်တို့ကို ရွေးချယ်ရန် လိုအပ်သည်။

 

ဗယ်လင်တိုင်းဒေးအတွက် သင့်အိမ်လေးကို အကုန်အကျနည်းပါးစွာ အလှဆင်မယ်

၆။ နှင်းဆီဖြူပန်းအိုးတစ်အိုးနှင့် ပန်းရောင်ဖယောင်းတိုင်နှစ်ချောင်းတို့ကို ထမင်းစားစားပွဲပေါ်ထားလိုက်ရုံဖြင့် သင့်ညစာကို ဗယ်လင်တိုင်းဒေးအရသာ အပြည့်အ၀ခံစားစေရမှာပါ။

 

ဗယ်လင်တိုင်းဒေးအတွက် သင့်အိမ်လေးကို အကုန်အကျနည်းပါးစွာ အလှဆင်မယ်

၇။ Live Well, Laugh Often, Love Much (ကောင်းစွာနေထိုင်ပါ၊ မကြာခဏရယ်ပါ၊ များများချစ်ပါ) ဟူသော အဓိပ္ပါယ်နှင့် အလားသဏ္ဍာန်တူသည့် စာတန်းတစ်ခုခုကို ညစားစားပွဲပေါ် တင်ထားလိုက်မည်ဆိုပါက ဗယ်လင်းတိုင်းဒေးနှင့် အလွန်လိုက်ဖက်သည့် အပြင်ဆင်တစ်ခုဖြစ်ပေမည်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)