1342 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

[Unicode]

 

လူတိုင်းက စီးပွားတိုးတက်ပြီး လာဘ်ကောင်းတဲ့ နေအိမ်မှာ နေထိုင်လိုကြပါတယ်။ ကျွန်ုပ်တို့ဟာ ကိုယ့်နံဘေးက အရာအားလုံးကို ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်စေချင်ကြတယ်။ ကံကောင်းခြင်းတွေကနေ ကောင်းမွန်တဲ့ ကံကြမ္မာ၊ ကျန်းမာရေး၊ ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံကြွယ်ဝချမ်းသာခြင်းတွေကို ယူဆောင်လာနိုင်ပါတယ်။ ကောင်းတဲ့ ဓာတ်တွေရှိနေတယ်၊ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားတွေ ထားကြတယ်၊ နေအိမ်လေးကို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်လေးဖြစ်အောင် လုပ်ထားကြမယ်ဆိုရင် အိမ်လေးထဲကို ကံကောင်းခြင်းတွေ များစွာ ရောက်လာနိုင်ပါတယ်။ ဖုန်းရွှေအစီအရင်တွေမှာလည်း နေအိမ်အတွက် စီးပွားတိုးတက်စေမယ့်၊ ကံကောင်းခြင်းတွေ ယူဆောင်လာပေးမယ့်၊ ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံစေမယ့်၊ လာဘ်ပွင့်စေမယ့် နည်းလမ်းကောင်းတွေ အများကြီးရှိပါတယ်။ နေအိမ်ကျက်ရေမင်္ဂလာရှိပြီး လာဘ်ပွင့်အောင်၊ ကောင်းခြင်းမင်္ဂလာတွေရောက်ရှိလာအောင် အလွယ်တကူလုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို iMyanmarHouse.com ရဲ့ ဖုန်းရွှေချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

ပရိဘောဂများကို အစီအစဉ်တကျထားရှိခြင်း

 

ဖုန်းရွှေအစီအရင်က နေအိမ်အတွင်း စွမ်းအင်တွေ စီးဆင်းတာကို အာရုံစိုက်ပါတယ်။ အခန်းညစ်ပတ် နေရင်ဖြစ်စေ၊ သန့်ရှင်းသပ်ရပ်မှုမရှိ ရှုပ်ပွနေရင်ဖြစ်စေ ကောင်းမွန်တဲ့ ဓာတ်တွေ၊ စွမ်းအင်တွေက သင့်အခန်းဆီ၊ သင့်နေအိမ်ဆီ ဝင်ရောက်ဖြတ်သန်းသွားလာနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ အသုံးပြုလို့ မရတော့တဲ့ ပရိဘောဂပစ္စည်းတွေ၊ အကျိုးအပဲ့ အပျက်အစီးတွေ၊ ဟောင်းနွမ်းနေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ဖုန်းရွှေရဲ့ နည်းလမ်းက ပြောပြတဲ့ ကောင်းမွန်တဲ့ ဓာတ်တွေ၊စွမ်းအင်တွေ သင့်အိမ်ထဲကို ရောက်ရှိလာဖို့ ဖိတ်ခေါ်ပြီးသားဖြစ်သွားနိုင်ပါတယ်။ ကောင်းမွန်တဲ့ ဓာတ်တွေ နေအိမ်ထဲ ဝင်ရောက်လာခြင်းနဲ့အတူ ကံကောင်းခြင်း၊ ကြီးပွားတိုးတက်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ လာဘ်လာဘတွေလည်း ပေါများလာနိုင်ပါတယ်။

ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

 

ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

 

 

လေကောင်းလေသန့်ရအောင် လုပ်ခြင်း၊ စိမ်းစိုးလန်းဆန်းသော သစ်ပင်လေးများ စိုက်ပျိုးခြင်း

 

နေအိမ်အတွင်း ပတ်ဝန်းကျင်လေးကိုသန့်ရှင်းတဲ့ လေရအောင် လုပ်ထားပါ။ ဒါကလည်း ဖုန်းရွှေရဲ့ နောက်ထပ် လာဘ်လာဘ ပေါများစေမယ့် နေအိမ်ဖြစ်လာစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ သန့်ရှင်းတဲ့ လေဟာ နေအိမ်လေးထဲမှာ အဆက်မပြတ်စီးဆင်းနေတာကြောင့် စွမ်းအင်အသစ်တွေ၊ စိတ်ကူးစိတ်သန်းကောင်းတွေ၊ ကြွယ်ဝချမ်းသာခြင်းတွေကို ယူဆောင်လာမယ့် ဓာတ်တွေ ဝန်းရံရရှိနေမှာဖြစ်ပါတယ်။ လေဝင်လေထွက် ကောင်းစေဖို့ ပြတင်းပေါက်တွေကို တတ်နိုင်သမျှ ဖွင့်ထားပေးပါ။ သန့်ရှင်းသပ်ရပ်တဲ့ အခန်း၊ နေအိမ်ခန်းလေးဖြစ်အောင် ပြင်ဆင်ပေးပါ။ နောက်ပြီး စိတ်ကို ကြည်လင်အေးချမ်းသွားစေမယ့် စိမ်းစို လန်းဆန်းတဲ့ သစ်ပင်လေးတွေ စိုက်ပျိုးထားပေးပါ။ ဒီလိုဆိုရင် အိမ်ရဲ့ ပတ်ဝန်းကျင်တစ်ဝိုက် အေးချမ်းခြင်း အငွေ့ အသက်တွေ ခံစားရနိုင်ပါတယ်။ နေအိမ်လေးက အေးချမ်းလာပြီဆိုတာနဲ့ ကောင်းမွန်တဲ့ ဓာတ်၊ စွမ်းအင်တွေ လည်း စီးဆင်းဝင်ရောက်ဖို့ လွယ်ကူစေပါတယ်။

ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

 

 ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

 

ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

ကံကောင်းမှုများ ဖန်တီးနိုင်မည့် အိမ်တွင်း စည်းကမ်းများ ချမှတ်ခြင်း

 

အိမ်ထဲကို ငွေကြေးကံကောင်းခြင်းတွေ၊ လာဘ်ဝင်ခြင်းတွေ လုပ်ချင်တယ်ဆိုရင် လိုက်နာရမယ့် အိမ်အတွင်း စည်းကမ်းလေးတွေလည်း ဖုန်းရွှေအစီအရင်ထဲမှာရှိပါတယ်။ ထွေထူးမဟုတ်ပါပဲ အိမ်ရှင်မတွေ၊ အိမ်သားတွေ လုပ်နေကြ အိမ်မှုရေးရာ စည်းကမ်းလေးတွေကို အာရုံလေးစိုက်ပြီး လုပ်ရုံနဲ့တင် ကောင်းမွန်ခြင်းတွေ သယ်ဆောင်လာမယ့် စွမ်းအင်တွေနေအိမ်ထဲ ရောက်လာမှာပါ။ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်အောင်ထားပြီး ရေခဲသေတ္တာနဲ့ အိုးခွက်ပန်းကန်သိမ်းဆည်းတဲ့ ကြောင်အိမ်၊ ဘီဒိုတွေကို သန့်ရှင်းအောင် ထားပါ။ ညစ်ပတ်ပေ ကျံနေတာမျိုးတွေက မကောင်းတဲ့ စွမ်းအင်၊ ဓာတ်တွေ ကိန်းအောင်စေပါတယ်။ ဒီတော့ သန့်ရှင်းသပ်ရပ် အောင်ထားရပါမယ်။ မလိုအပ်တဲ့ ပစ္စည်းတွေ၊ အမှိုက်သရိုက်တွေ၊ အပျက်အစီးတွေကို စွန့်ပစ်လိုက်တာ၊ ရှုပ်ပွနေတဲ့ နေရာတွေ ရှင်းလိုက်တာ ၊ ပြန့်ကျဲနေတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အိုးခွက်ပန်းကန်လေးတွေ၊ ပုလင်းလေးတွေကို စီစီရီရီထားလိုက်တာတွေက အမြင်ရှင်းလင်းပြီး စိတ်လည်း ရှင်းသွားပါတယ်။ အဲ့ဒီအခါမှာ ကောင်းတဲ့ဓာတ်တွေ သင့်နေအိမ်နဲ့ ပတ်ဝန်းကျင်ကို စတင်ဝင်ရောက်လာနိုင်ပါတယ်။ ရုံးခန်းလို နေရာတွေမှာလည်း ဒီနည်းလမ်းနဲ့ ဖုန်းရွှေ လာဘ်ခေါ် အစီအရင်ကို လုပ်နိုင်ပါတယ်။

ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

 

ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

 

 

ကံကောင်းစေသော အဆောင်ပစ္စည်းများ ထားရှိခြင်း

 

ဖုန်းရွှေ နည်းလမ်းမှာတော့ လာဘ်ခေါ် ငါးမွေးကန်က လူသိများပြီး ချမ်းသာကြွယ်ဝခြင်းတွေကို ဆွဲဆောင်နိုင် တယ်လို့ ယုံကြည်ကြပါတယ်။ ချမ်းသာကြွယ်ဝခြင်း၊ လာဘ်လာဘပေါများခြင်း၊ ငွေကြေးဉစ္စာ ဒီရေအလားတိုး တက်ခြင်းတွေကို ခေါ်ဖို့ တချို့ နေအိမ်တွေမှာ အလှငါးမွေးကန်တွေကို ခမ်းခမ်းနားနား လှလှပပ ထားရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ အစဉ်အလာ ယုံကြည်မှုထဲမှာလည်း ငါးဟာ စည်းစိမ်ချမ်းသာနဲ့ ကြွယ်ဝမှု သင်္ကေတဖြစ်ပါတယ်။ ရေဟာလည်း ကြွယ်ဝခြင်း၊ အတွေးအခေါ်ကောင်းတွေ စီးဆင်းမှုကို ကိုယ်စားပြုပါတယ်။ လာဘ်ခေါ် ငါးမွေးကန်အပြင် တခြားသော လာဘ်ပွင့် အဆောင်၊ ကံကောင်းစေတဲ့ အဆောင်ပစ္စည်းတွေလည်းရှိပါသေးတယ်။ လူတစ်ကိုယ် ဆောင်ထားချင်ဆိုရင် ကျောက်စိမ်းလက်စွပ်၊ ရွှေဆွဲကြိုး၊ ငွေလက်ကောက်စသဖြင့် မိမိနဲ့ ဓာတ်တူတဲ့ အဆောင် ပစ္စည်းတွေ ရှိပါတယ်။ နေအိမ်တွေမှာ ထားရှိချင်တယ်ဆိုရင်တော့ တန်ခိုး၊ ခွန်အား၊ စည်းစိမ်နဲ့ ကြွယ်ဝခြင်း သင်္ကေတ နဂါးရုပ်ကို ဆောင်ထားနိုင်ပါတယ်။ အသက်ရှည်ခြင်း၊ အထောက်အပံ့နဲ့ ဘေးရန်ကင်းရှင်းဖို့အတွက် လိပ်ရုပ်ကို ထားရှိနိုင်ပါတယ်။ ဘေးရန် ကာကွယ်ပေးခြင်း၊ ခွန်အားကြီးမားခြင်း၊ တန်ခိုးကြီးမားဖို့အတွက် ခြင်္သေ့ ရုပ်ထုကို နေအိမ်မှာထားပါ။ ဆင်ရုပ်ထားရှိမယ်ဆိုရင် ကံကြမ္မာကောင်းခြင်း၊ ပညာရေးမြင့်မားခြင်း၊ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်။

ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

 

ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

 

ဖုန်းရွှေရဲ့ဒီနည်းလမ်းတွေနဲ့ သင့်နေအိမ်ကို လာဘ်ပွင့်အောင်လုပ်လိုက်ပါ

 

 

ကဲ အခုဖော်ပြပေးလိုက်တဲ့ ဖုန်းရွှေအစီအရင်တွေကို လိုက်လုပ်ပြီးတော့ iMyanmarHouse.com စာ ဖတ်ပရိသတ်တွေရဲ့ နေအိမ်တွေမှာ ကြီးပွားတိုးတက်ခြင်း၊ လာဘ်လာဘ ပေါများခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဖုန္းေ႐ႊရဲ႕ဒီနည္းလမ္းေတြနဲ႔ သင့္ေနအိမ္ကို လာဘ္ပြင့္ေအာင္လုပ္လိုက္ပါ

 

လူတိုင္းက စီးပြားတိုးတက္ၿပီး လာဘ္ေကာင္းတဲ့ ေနအိမ္မွာ ေနထိုင္လိုၾကပါတယ္။ ကြၽႏ္ုပ္တို႔ဟာ ကိုယ့္နံေဘးက အရာအားလုံးကို ကံေကာင္းျခင္းေတြနဲ႔ ျပည့္ႏွက္ေစခ်င္ၾကတယ္။ ကံေကာင္းျခင္းေတြကေန ေကာင္းမြန္တဲ့ ကံၾကမၼာ၊ က်န္းမာေရး၊ ေပ်ာ္႐ႊင္ျခင္းနဲ႔ ျပည့္စုံႂကြယ္ဝခ်မ္းသာျခင္းေတြကို ယူေဆာင္လာႏိုင္ပါတယ္။ ေကာင္းတဲ့ ဓာတ္ေတြ႐ွိေနတယ္၊ ေကာင္းမြန္တဲ့ စိတ္ေနစိတ္ထားေတြ ထားၾကတယ္၊ ေနအိမ္ေလးကို ေကာင္းမြန္တဲ့ ပတ္ဝန္းက်င္ေလးျဖစ္ေအာင္ လုပ္ထားၾကမယ္ဆိုရင္ အိမ္ေလးထဲကို ကံေကာင္းျခင္းေတြ မ်ားစြာ ေရာက္လာႏိုင္ပါတယ္။ ဖုန္းေ႐ႊအစီအရင္ေတြမွာလည္း ေနအိမ္အတြက္ စီးပြားတိုးတက္ေစမယ့္၊ ကံေကာင္းျခင္းေတြ ယူေဆာင္လာေပးမယ့္၊ က်က္သေရမဂၤလာနဲ႔ ျပည့္စုံေစမယ့္၊ လာဘ္ပြင့္ေစမယ့္ နည္းလမ္းေကာင္းေတြ အမ်ားႀကီး႐ွိပါတယ္။ ေနအိမ္က်က္ေရမဂၤလာ႐ွိၿပီး လာဘ္ပြင့္ေအာင္၊ ေကာင္းျခင္းမဂၤလာေတြေရာက္႐ွိလာေအာင္ အလြယ္တကူလုပ္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြကို iMyanmarHouse.com ရဲ႕ ဖုန္းေ႐ႊခ်စ္ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပရိေဘာဂမ်ားကို အစီအစဥ္တက်ထား႐ွိျခင္း

 

ဖုန္းေ႐ႊအစီအရင္က ေနအိမ္အတြင္း စြမ္းအင္ေတြ စီးဆင္းတာကို အာ႐ုံစိုက္ပါတယ္။ အခန္းညစ္ပတ္ ေနရင္ျဖစ္ေစ၊ သန္႔႐ွင္းသပ္ရပ္မႈမ႐ွိ ႐ႈပ္ပြေနရင္ျဖစ္ေစ ေကာင္းမြန္တဲ့ ဓာတ္ေတြ၊ စြမ္းအင္ေတြက သင့္အခန္းဆီ၊ သင့္ေနအိမ္ဆီ ဝင္ေရာက္ျဖတ္သန္းသြားလာႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒီေတာ့ အသုံးျပဳလို႔ မရေတာ့တဲ့ ပရိေဘာဂပစၥည္းေတြ၊ အက်ိဳးအပဲ့ အပ်က္အစီးေတြ၊ ေဟာင္းႏြမ္းေနတဲ့ အသုံးအေဆာင္ပစၥည္းေတြကို ဖယ္႐ွားလိုက္ျခင္းအားျဖင့္ ဖုန္းေ႐ႊရဲ႕ နည္းလမ္းက ေျပာျပတဲ့ ေကာင္းမြန္တဲ့ ဓာတ္ေတြ၊စြမ္းအင္ေတြ သင့္အိမ္ထဲကို ေရာက္႐ွိလာဖို႔ ဖိတ္ေခၚၿပီးသားျဖစ္သြားႏိုင္ပါတယ္။ ေကာင္းမြန္တဲ့ ဓာတ္ေတြ ေနအိမ္ထဲ ဝင္ေရာက္လာျခင္းနဲ႔အတူ ကံေကာင္းျခင္း၊ ႀကီးပြားတိုးတက္ျခင္း၊ က်န္းမာျခင္း၊ ခ်မ္းသာျခင္းနဲ႔ လာဘ္လာဘေတြလည္း ေပါမ်ား လာႏိုင္ပါတယ္။

 

ေလေကာင္းေလသန္႔ရေအာင္ လုပ္ျခင္း၊ စိမ္းစိုးလန္းဆန္းေသာ သစ္ပင္ေလးမ်ား စိုက္ပ်ိဳးျခင္း

 

ေနအိမ္အတြင္း ပတ္ဝန္းက်င္ေလးကိုသန္႔႐ွင္းတဲ့ ေလရေအာင္ လုပ္ထားပါ။ ဒါကလည္း ဖုန္းေ႐ႊရဲ႕ ေနာက္ထပ္ လာဘ္လာဘ ေပါမ်ားေစမယ့္ ေနအိမ္ျဖစ္လာေစမယ့္ နည္းလမ္းေကာင္းတစ္ခုပါပဲ။ သန္႔႐ွင္းတဲ့ ေလဟာ ေနအိမ္ေလးထဲမွာ အဆက္မျပတ္စီးဆင္းေနတာေၾကာင့္ စြမ္းအင္အသစ္ေတြ၊ စိတ္ကူးစိတ္သန္းေကာင္းေတြ၊ ႂကြယ္ဝခ်မ္းသာျခင္းေတြကို ယူေဆာင္လာမယ့္ ဓာတ္ေတြ ဝန္းရံရ႐ွိေနမွာျဖစ္ပါတယ္။ ေလဝင္ေလထြက္ ေကာင္းေစဖို႔ ျပတင္းေပါက္ေတြကို တတ္ႏိုင္သမွ် ဖြင့္ထားေပးပါ။ သန္႔႐ွင္းသပ္ရပ္တဲ့ အခန္း၊ ေနအိမ္ခန္းေလးျဖစ္ေအာင္ ျပင္ဆင္ေပးပါ။ ေနာက္ၿပီး စိတ္ကို ၾကည္လင္ေအးခ်မ္းသြားေစမယ့္ စိမ္းစို လန္းဆန္းတဲ့ သစ္ပင္ေလးေတြ စိုက္ပ်ိဳးထားေပးပါ။ ဒီလိုဆိုရင္ အိမ္ရဲ႕ ပတ္ဝန္းက်င္တစ္ဝိုက္ ေအးခ်မ္းျခင္း အေငြ႕ အသက္ေတြ ခံစားရႏိုင္ပါတယ္။ ေနအိမ္ေလးက ေအးခ်မ္းလာၿပီဆိုတာနဲ႔ ေကာင္းမြန္တဲ့ ဓာတ္၊ စြမ္းအင္ေတြ လည္း စီးဆင္းဝင္ေရာက္ဖို႔ လြယ္ကူေစပါတယ္။

 

ကံေကာင္းမႈမ်ား ဖန္တီးႏိုင္မည့္ အိမ္တြင္း စည္းကမ္းမ်ား ခ်မွတ္ျခင္း

 

အိမ္ထဲကို ေငြေၾကးကံေကာင္းျခင္းေတြ၊ လာဘ္ဝင္ျခင္းေတြ လုပ္ခ်င္တယ္ဆိုရင္ လိုက္နာရမယ့္ အိမ္အတြင္း စည္းကမ္းေလးေတြလည္း ဖုန္းေ႐ႊအစီအရင္ထဲမွာ႐ွိပါတယ္။ ေထြထူးမဟုတ္ပါပဲ အိမ္႐ွင္မေတြ၊ အိမ္သားေတြ လုပ္ေနၾက အိမ္မႈေရးရာ စည္းကမ္းေလးေတြကို အာ႐ုံေလးစိုက္ၿပီး လုပ္႐ုံနဲ႔တင္ ေကာင္းမြန္ျခင္းေတြ သယ္ေဆာင္လာမယ့္ စြမ္းအင္ေတြေနအိမ္ထဲ ေရာက္လာမွာပါ။ မီးဖိုေခ်ာင္ကို သန္႔႐ွင္းသပ္ရပ္ေအာင္ ထားၿပီး ေရခဲေသတၱာနဲ႔ အိုးခြက္ပန္းကန္သိမ္းဆည္းတဲ့ ေၾကာင္အိမ္၊ ဘီဒိုေတြကို သန္႔႐ွင္းေအာင္ ထားပါ။ ညစ္ပတ္ေပ က်ံေနတာမ်ိဳးေတြက မေကာင္းတဲ့ စြမ္းအင္၊ ဓာတ္ေတြ ကိန္းေအာင္ေစပါတယ္။ ဒီေတာ့ သန္႔႐ွင္းသပ္ရပ္ ေအာင္ထားရပါမယ္။ မလိုအပ္တဲ့ ပစၥည္းေတြ၊ အမိႈက္သ႐ိုက္ေတြ၊ အပ်က္အစီးေတြကို စြန္႔ပစ္လိုက္တာ၊ ႐ႈပ္ပြေနတဲ့ ေနရာေတြ ႐ွင္းလိုက္တာ ၊ ျပန္႔က်ဲေနတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းေတြ၊ အိုးခြက္ပန္းကန္ေလးေတြ၊ ပုလင္းေလးေတြကို စီစီရီရီထားလိုက္တာေတြက အျမင္႐ွင္းလင္းၿပီး စိတ္လည္း ႐ွင္းသြားပါတယ္။ အဲ့ဒီအခါမွာ ေကာင္းတဲ့ဓာတ္ေတြ သင့္ေနအိမ္နဲ႔ ပတ္ဝန္းက်င္ကို စတင္ဝင္ေရာက္လာႏိုင္ပါတယ္။ ႐ုံးခန္းလို ေနရာေတြမွာလည္း ဒီနည္းလမ္းနဲ႔ ဖုန္းေ႐ႊ လာဘ္ေခၚ အစီအရင္ကို လုပ္ႏိုင္ပါတယ္။

 

ကံေကာင္းေစေသာ အေဆာင္ပစၥည္းမ်ား ထား႐ွိျခင္း

 

ဖုန္းေ႐ႊ နည္းလမ္းမွာေတာ့ လာဘ္ေခၚ ငါးေမြးကန္က လူသိမ်ားၿပီး ခ်မ္းသာႂကြယ္ဝျခင္းေတြကို ဆြဲေဆာင္ႏိုင္ တယ္လို႔ ယုံၾကည္ၾကပါတယ္။ ခ်မ္းသာႂကြယ္ဝျခင္း၊ လာဘ္လာဘေပါမ်ားျခင္း၊ ေငြေၾကးဉစၥာ ဒီေရအလားတိုး တက္ျခင္းေတြကို ေခၚဖို႔ တခ်ိဳ႕ ေနအိမ္ေတြမွာ အလွငါးေမြးကန္ေတြကို ခမ္းခမ္းနားနား လွလွပပ ထား႐ွိပါတယ္။ ဘာသာေရးနဲ႔ပတ္သက္တဲ့ အစဥ္အလာ ယုံၾကည္မႈထဲမွာလည္း ငါးဟာ စည္းစိမ္ခ်မ္းသာနဲ႔ ႂကြယ္ဝမႈ သေကၤတျဖစ္ပါတယ္။ ေရဟာလည္း ႂကြယ္ဝျခင္း၊ အေတြးအေခၚေကာင္းေတြ စီးဆင္းမႈကို ကိုယ္စားျပဳပါတယ္။ လာဘ္ေခၚ ငါးေမြးကန္အျပင္ တျခားေသာ လာဘ္ပြင့္ အေဆာင္၊ ကံေကာင္းေစတဲ့ အေဆာင္ပစၥည္းေတြလည္း႐ွိပါေသးတယ္။ လူတစ္ကိုယ္ ေဆာင္ထားခ်င္ဆိုရင္ ေက်ာက္စိမ္းလက္စြပ္၊ ေ႐ႊဆြဲႀကိဳး၊ ေငြလက္ေကာက္စသျဖင့္ မိမိနဲ႔ ဓာတ္တူတဲ့ အေဆာင္ ပစၥည္းေတြ ႐ွိပါတယ္။ ေနအိမ္ေတြမွာ ထား႐ွိခ်င္တယ္ဆိုရင္ေတာ့ တန္ခိုး၊ ခြန္အား၊ စည္းစိမ္နဲ႔ ႂကြယ္ဝျခင္း သေကၤတ နဂါး႐ုပ္ကို ေဆာင္ထားႏိုင္ပါတယ္။ အသက္႐ွည္ျခင္း၊ အေထာက္အပံ့နဲ႔ ေဘးရန္ကင္း႐ွင္းဖို႔အတြက္ လိပ္႐ုပ္ကို ထား႐ွိႏိုင္ပါတယ္။ ေဘးရန္ ကာကြယ္ေပးျခင္း၊ ခြန္အားႀကီးမားျခင္း၊ တန္ခိုးႀကီးမားဖို႔အတြက္ ျခေသၤ့ ႐ုပ္ထုကို ေနအိမ္မွာထားပါ။ ဆင္႐ုပ္ထား႐ွိမယ္ဆိုရင္ ကံၾကမၼာေကာင္းျခင္း၊ ပညာေရးျမင့္မားျခင္း၊ ခ်စ္ျခင္းေမတၱာကို ကိုယ္စားျပဳပါတယ္။

 

ကဲ အခုေဖာ္ျပေပးလိုက္တဲ့ ဖုန္းေ႐ႊအစီအရင္ေတြကို လိုက္လုပ္ၿပီးေတာ့ iMyanmarHouse.com စာ ဖတ္ပရိသတ္ေတြရဲ႕ ေနအိမ္ေတြမွာ ႀကီးပြားတိုးတက္ျခင္း၊ လာဘ္လာဘ ေပါမ်ားျခင္းေတြ ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)