1733 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဖုန်းရွှေပညာရှင်ထောက်ခံသည့် သင့်အိမ်အတွက် ဖုန်းရွှေအကြံပြုချက် (၇) ချက်

[Unicode]


အစိမ်းသက်သက်သမားတွေအတွက်တော့ ဖုန်းရွှေဆိုတာ အနည်းငယ်ပညာရပ်ဆန်ကောင်း ဆန်နိုင်ပါတယ်။ ဒါပေမဲ့ အကယ်၍ သင်က သူ့နောက်ကွယ်က ဒဿနပညာကို အချိန်ယူတူးဆွကြည့်ရင်တော့ ကျွန်ုပ်တို့ရဲ့အိမ်တွေကို ကျန်းမာရေးနဲ့ပိုညီညွတ်၊ ပိုမိုအစီအစဉ်တကျရှိစေတဲ့ ရိုးရှင်းလှတဲ့ ဘုံဆင်ခြင်တုံတရားအလေ့အထတွေအပေါ်မှာပဲ အခြေခံတာမဟုတ်ကြောင်း၊ ကျွန်ုပ်တို့ရဲ့နေအိမ်တွေနဲ့ ကျွန်ုပ်တို့အကြား ဘယ်လိုမျိုးချိတ်ဆက်မှုရှိတယ်ဆိုတာကိုလည်း ပြသကြောင်း၊ တစ်နည်း ဖုန်းရွှေဟာ ကျွန်ုပ်တို့ရဲ့စိတ်ခံစားမှုအခြေအနေတွေနဲ့ ချမ်းသာသုခအပေါ် အကျိုးသက်ရောက်စေနိုင်ကြောင်းကို လေ့လာတွေ့ရှိပါလိမ့်မယ်။

ဖုန်း‌ရွှေဆိုတာ ဘာလဲ?

ဖုန်းရွှေဆိုတာ အဆောက်အအုံရဲ့ အတွင်းပိုင်းနေရာတွေမှာ သဘာဝလောကနဲ့ ဟန်ချက်ညီစေဖို့ ကြိုးစားတဲ့၊ တရုတ်လူမျိုးတို့ရဲ့ အလေ့ထုံးစံပဲဖြစ်ပါတယ်။ ဖုန်းရွှေဟာ တစ်ဦးချင်းစီနဲ့ သူတို့ရဲ့ပတ်ဝန်းကျင်အကြား ဟန်ချက်ညီအောင် ဖန်တီးဖို့ စွမ်းအင်အင်အားတွေကို အသုံးချတာဖြစ်ပါတယ်။

အဆောက်အအုံတွေထဲမှာမှ သင့်နေအိမ်ဖုန်းရွှေနဲ့ပတ်သက်လို့ ဖုန်းရွှေရေးရာ ကျွမ်းကျင်သူပညာရှင် လော်ရာဗန်ကို ထောက်ခံပေးထားတဲ့ နေအိမ်ဆိုင်ရာ ဖုန်းရွှေအကြံပြုချက် (၇) ချက် ရှိပါတယ်။ လော်ရာဗန်ကိုဆိုတာကတော့ နယူးယောက်အခြေစိုက် ပါမောက္ခ၊ ဖုန်းရွှေကျွမ်းကျင်သူနဲ့ The Holistic Home ရဲ့ စာရေးဆရာတစ်ဦးပဲဖြစ်ပါတယ်။

၎င်းအကြံပြုချက်တွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါတယ်။

 

၁။ စွမ်းအင်စီးဆင်းမှုကို ‌နှေးကွေးစေပါ

အိမ်ရှေ့တံခါးမနဲ့ အိမ်နောက်ဖေးတံခါးပေါက်တို့ တစ်ဖြောင့်တည်းတန်းတန်းရှိတယ်ဆိုရင် ဒါဟာ ချီ ခေါ် အကောင်းဓာတ်စွမ်းအင်က သင့်အိမ်ကို အလျင်အမြန်ဖြတ်ပြေးသွားတယ်ဆိုတဲ့ သဘောပါ။ ရှေ့တံခါးပေါက်နဲ့ နောက်တံခါးပေါက် တန်းနေတော့ စွမ်းအင်ခမျာ အိမ်ထဲကို လှည့်ပတ်စီးဆင်းခွင့်မရတော့ဘဲ (နေအိမ်တစ်ခုလုံးကို ကျက်သရေမင်္ဂလာတွေ ဖြန့်ကြက်ခွင့်မရတော့ဘဲ) ခုပဲဝင်ခုပဲတန်းထွက်ရတဲ့ သဘောမျိုးဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အိမ်ရှေ့တံခါးပေါက်နဲ့ နောက်ဖေးတံခါးပေါက်တစ်တန်းတည်းဖြစ်နေတယ်ဆိုရင် ကြားတစ်နေရာရာမှာ ကန့်လန်ကာဆွဲခြင်း၊ မတ်ရပ်ဗီဒိုလိုမျိုး မျက်နှာကြက်အနားအထိမြင့်တဲ့ ပရိဘောဂတစ်ခုခု ထားရှိခြင်း စသဖြင့် ပိုင်းကန့်ပေးလိုက်ပါ။

၂။ ဗြုတ်စဗျင်းတောင်းမဖြစ်ဘဲ သပ်ရပ်ရှင်းလင်းနေစေပါ

လိုအပ်သည်ထက် ပိုမိုကာ ရှုပ်ရှုပ်ယှက်ယှက်ဗြုပ်စဗျင်းတောင်းဖြစ်ခြင်းဟာ ကျွန်ုပ်တို့ကို အတွေးရှင်းလင်းမှုရှိခြင်းကနေ ရပ်တန့်စေပြီး ကျွန်ုပ်တို့ကို စိတ်ခံစားချက်ပိုင်းဆိုင်ရာအားဖြင့် လေးလံရှုပ်ထွေးစေနိုင်ပါတယ်။ ဖုန်းရွှေဆိုတာ ပြီးပြည့်စုံဟန်ကျလှတဲ့ အိမ်တစ်အိမ်ရှိခြင်းထက် ပျော်ရွှင်ကျန်းမာတဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်းနဲ့ ပိုမိုသက်ဆိုင်လှပါတယ်။

ဒီအတွက် မလိုတာတွေ စွန့်ပစ်လွှင့်ပစ်ရမယ့်အပြင် အခွန်အခဆောင်ထားတဲ့စာရွက်စာတမ်းတွေစုစုစည်းစည်းထားရှိခြင်းကနေ သော့တွေကို သူ့နေရာနဲ့သူ သတ်သတ်မှတ်မှတ်ထားရှိခြင်းအထိ သင့်ဘဝထဲက အရာအားလုံးကို နေရာတကျ မှန်မှန်ကန်ကန်အစီအစဉ်တကျရှိစေပါနော်။ ဒါဆိုရင် သင့်အနေနဲ့ စိတ်လက်ပိုပေါ့ပါးမှုရှိမှာဖြစ်ကာ ခြေကုန်လက်ပန်းကျခြင်းနည်းပါးပြီး အချိန်တိုတိုနဲ့အကျိုးများမှာဖြစ်ပါတယ်။

ဖုန်းရွှေပညာရှင်ထောက်ခံသည့် သင့်အိမ်အတွက် ဖုန်းရွှေအကြံပြုချက် (၇) ချက်

၃။ အိမ်ရှေ့တံခါးမဆီသို့ လမ်းကြောင်းအား ရှင်းလင်းနေစေပါ

အိမ်ရှေ့တံခါးမဟာ ဖုန်းရွှေမှာ အလွန်အရေးပါပါတယ်။ ၎င်းဟာ သင့်အိမ်ဆီ စွမ်းအင်ဝင်ရောက်ရာ ပင်မတံခါးပေါက်ပဲဖြစ်ပါတယ်။ ချီဆိုတဲ့ အကောင်းဓာတ်စွမ်းအင်ကို သင့်အိမ်ကို ပထမဆုံးအခေါက်လာရောက်တဲ့ဧည့်သည်တစ်ယောက်အဖြစ် တွေးကြည့်ကြည့်ပါ။ ရှုပ်ပွညစ်ပတ်နေတဲ့လမ်းကြောင်းကို ဝင်ရောက်ဖြတ်သန်းချင်မှာမဟုတ်ဘဲ သူ့အနေနဲ့ သူဝင်ရောက်ဖို့ လမ်းကြောင်းရှင်းလင်းနေဖို့ကိုပဲ လိုလားမှာသိသာလှပါတယ်။ ဒီလိုဆိုလို့လည်း လုံးဝပြောင်ရှင်းနေရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး၊ အဲဒီနေရာမှာ ရှိဖို့လိုတာပဲ ထားရှိဖို့ပြောတာပါ။ ချိတ်ဆွဲရေးထိုးထားတဲ့ အိမ်နံပါတ်၊ အခန်းနံပါတ်တွေ သန့်ရှင်း၊ ညီညာ၊ မြင်သာမှုလည်း ရှိပါစေ။


၄။ ဓာတ်ကြီးငါးပါးအား ဟန်ချက်ညီစေပါ

ဓာတ်ကြီးငါးပါးကို ဟန်ချက်ညီစေပါဆိုတာ ဖုန်းရွှေအခြေခံဓာတ်ကြီးငါးပါးရဲ့ အရောင်နဲ့ သဏ္ဌာန်တွေကို ဟန်ချက်ညီအောင်သုံးပြီးတော့ သင့်နေရာကို အလှဆင်ပါ။ မီး၊ မြေကြီး၊ သတ္တု၊ ရေနဲ့ သစ်သား ဆိုတဲ့ ဖုန်းရွှေဓာတ်ကြီးငါးပါးမှာ ဓာတ်ကြီးတစ်ခုစီဟာ ထူးခြားတဲ့ပင်ကိုယ်လက္ခဏာရှိတဲ့ ပုံဏ္ဌာန်၊ အရောင်အသွေးနဲ့ ပင်ကိုယ်ဂုဏ်သတ္တိတွေ ခြားနားကြပါတယ်။ သင့်အခန်းထဲမှာ ဒီဓာတ်ကြီးငါးပါးစလုံး ရှိတယ်ဆိုရင်တော့ သင့်အခန်း/သင့်နေရာဟာ ဟန်ချက်ပိုညီ၊ သက်သောင့်သက်သာပိုဖြစ်မှာပါ။ ဒါကြောင့် ဓာတ်ကြီးငါးပါးရဲ့ ပုံဏ္ဌာန်၊ အရောင်အသွေးနဲ့ ဂုဏ်သတ္တိတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်နော်။

- သစ်သားဓာတ်က စိတ်ပွင့်လင်းမှုနဲ့ အသစ်စတင်မှုတွေကို ကိုယ်စားပြုပါတယ်။

သစ်သားနဲ့ပြုလုပ်ထားတဲ့အရာဝတ္ထုတွေ၊ စိမ်းလန်းစိုပြည်တဲ့ သစ်ပင်ပန်းမန်တွေ၊

ပန်းရိုက်ထည်တွေ၊ အစိမ်းရောင်ပစ္စည်းတွေနဲ့ ဒေါင်လိုက်သဏ္ဌာန်တွေပဲဖြစ်ပါတယ်။

ဖုန်းရွှေပညာရှင်ထောက်ခံသည့် သင့်အိမ်အတွက် ဖုန်းရွှေအကြံပြုချက် (၇) ချက်

- မီးဓာတ်က ချစ်ခင်နှစ်လိုမှုနဲ့ စိတ်အားထက်သန်ပြင်းပြမှုတွေကို

ကိုယ်စားပြုပါတယ်။ မီးချောင်းမီးလုံး၊ ဖယောင်းတိုင်၊ တြိဂံပုံသဏ္ဌာန်တွေ၊

သားရေနဲ့ သားမွေး၊ တိရစ္ဆာန်ပုံလူပုံသရုပ်ဖော်ပုံတွေ၊ အနီရောင်၊ လိမ္မော်ရောင်နဲ့

အနီမှိုင်းမှိုင်းအရာတွေပဲဖြစ်ပါတယ်။

- မြေကြီးဓာတ်က ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်မှုတွေကို ကိုယ်စားပြုပါတယ်။

စတုရန်းပုံပစ္စည်းတွေ၊ ကြွေထည်တွေနဲ့ အဝါ၊ ခရင်မ်အရောင် ဒါမှမဟုတ်

ကြေးနီရောင်လိုမျိုး မြေကြီးအရောင်တွေပဲဖြစ်ပါတယ်။

- သတ္တုဓာတ်က အစီအစဉ်ရေးဆွဲမှုနဲ့ အချိန်တိုအတွင်း အကျိုးများမှုတို့ကို

ကိုယ်စားပြုပါတယ်။ အဝိုင်းပုံဘဲဥပုံအရာဝတ္ထုတွေ၊ သတ္တုပစ္စည်းတွေ၊

ကျောက်တုံးနဲ့ အဖြူရောင်၊ ခဲရောင်၊ မီးခိုးရောင်၊ ငွေရောင်တွေပဲဖြစ်ပါတယ်။

- ရေဓာတ်က ဉာဏ်ပညာနဲ့ သစ္စာတရားကို ကိုယ်စားပြုပါတယ်။ ရေတံခွန်ငယ်၊

သမုဒ္ဒရာကိုယ်စားပြုပန်းချီအနုပညာလက်ရာ၊ အမည်းရောင်နဲ့

ချောမွေ့တောက်ပတဲ့ ပစ္စည်းတွေနဲ့ တစ်ဖက်မှ တစ်ဖက်ကို စီးဆင်းနေတဲ့

သဏ္ဌာန်ပုံစံတွေပဲဖြစ်ပါတယ်။

၅။ အပျက်သဘောဆောင်သော သင်္ကေတအား ဖယ်ရှားပါ

အပျက်သဘောဆောင်တဲ့သင်္ကေတဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာ - သင်က သင်မလိုလားပါဘဲ ငြီးငွေ့စွာ တစ်ယောက်တည်းအထီးကျန်နေရပါသလား? ဒါဆိုရင် သင့်အိမ်ထဲမှာ ပန်းအိုးဆိုလည်း တစ်လုံးတည်း၊ ထိုင်ခုံဆိုလည်း တစ်လုံးတည်း၊ ထောင်ထားချိတ်ဆွဲထားတဲ့ဓာတ်ပုံထဲမှာလည်း တစ်ယောက်တည်းပုံ စသဖြင့် တစ်ခုတည်းသောအရာတွေ ထားရှိတာ သိပ်များနေလို့များလားဆိုတာကို စစ်ဆေးကြည့်ပါ။ အဲဒီလိုသင်္ကေတတွေကို ဖယ်ရှားပြီးတော့ သင်ဆွဲဆောင်လိုတဲ့ အရာတွေနဲ့ အစားထိုးလိုက်ပါ။

ဖုန်းရွှေပညာရှင်ထောက်ခံသည့် သင့်အိမ်အတွက် ဖုန်းရွှေအကြံပြုချက် (၇) ချက်

၆။ သဘာဝအလင်းရောင်ကို ရနိုင်သမျှများများရအောင်လုပ်ပါ

သဘာဝအလင်းရောင် ရနိုင်သမျှ ရစေဖို့အတွက် ပြတင်းတံခါးတွေကို ဖွင့်ကာ အလင်းရတဲ့နေရာတွေကနေ အလင်းရောင်ကောင်းကောင်းမရတဲ့နေရာတွေဆီ အလင်းပြန်စေဖို့အတွက်ကိုလည်း မှန်ချပ်တွေ နံရံမှာ ချိတ်ဆွဲထားရှိပေးလို့ရပါတယ်။

၇။ မီးဖိုချောင်အတွင်းအထားအသိုကို ဟန်ချက်ညီပါစေ

ရေခဲသေတ္တာ၊ မီးဖိုနဲ့ လက်ဆေးကန်တို့ကို သုံးမြှောင့်ပုံအနေအထားမှာ ရှိနေကြပါစေ။ ဒီအထားအသိုရဲ့နောက်ကွယ်မှာ ခိုင်လုံတဲ့ဖုန်းရွှေအကြောင်းရင်းရှိပါတယ်။ ၎င်းပစ္စည်းတွေကို မျက်နှာချင်းဆိုင်မဟုတ်ဘဲ တြိဂံလို ဖိုခနောက်ဆိုင်အနေအထားနဲ့ ရှိစေခြင်းဟာ ရေဓာတ်နဲ့ မီးဓာတ်တို့ကို မငြိစေဘဲ ဟန်ချက်ညီစေမို့မှာပဲဖြစ်ပါတယ်။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ဖုန္းေ႐ႊပညာ႐ွင္ေထာက္ခံသည့္ သင့္အိမ္အတြက္ ဖုန္းေ႐ႊအၾကံျပဳခ်က္ (၇) ခ်က္

 

အစိမ္းသက္သက္သမားေတြအတြက္ေတာ့ ဖုန္းေ႐ႊဆိုတာ အနည္းငယ္ပညာရပ္ဆန္ေကာင္း ဆန္ႏိုင္ပါတယ္။ ဒါေပမဲ့ အကယ္၍ သင္က သူ႕ေနာက္ကြယ္က ဒႆနပညာကို အခ်ိန္ယူတူးဆြၾကည့္ရင္ေတာ့ ကြၽႏ္ုပ္တို႔ရဲ႕အိမ္ေတြကို က်န္းမာေရးနဲ႔ပိုညီၫြတ္၊ ပိုမိုအစီအစဥ္တက်႐ွိေစတဲ့ ႐ိုး႐ွင္းလွတဲ့ ဘုံဆင္ျခင္တုံတရားအေလ့အထေတြအေပၚမွာပဲ အေျခခံတာမဟုတ္ေၾကာင္း၊ ကြၽႏ္ုပ္တို႔ရဲ႕ေနအိမ္ေတြနဲ႔ ကြၽႏ္ုပ္တို႔အၾကား ဘယ္လိုမ်ိဳးခ်ိတ္ဆက္မႈ႐ွိတယ္ဆိုတာကိုလည္း ျပသေၾကာင္း၊ တစ္နည္း ဖုန္းေ႐ႊဟာ ကြၽႏ္ုပ္တို႔ရဲ႕စိတ္ခံစားမႈအေျခအေနေတြနဲ႔ ခ်မ္းသာသုခအေပၚ အက်ိဳးသက္ေရာက္ေစႏိုင္ေၾကာင္းကို ေလ့လာေတြ႕႐ွိပါလိမ့္မယ္။

ဖုန္း‌ေ႐ႊဆိုတာ ဘာလဲ?

ဖုန္းေ႐ႊဆိုတာ အေဆာက္အအုံရဲ႕ အတြင္းပိုင္းေနရာေတြမွာ သဘာဝေလာကနဲ႔ ဟန္ခ်က္ညီေစဖို႔ ႀကိဳးစားတဲ့၊ တ႐ုတ္လူမ်ိဳးတို႔ရဲ႕ အေလ့ထုံးစံပဲျဖစ္ပါတယ္။ ဖုန္းေ႐ႊဟာ တစ္ဦးခ်င္းစီနဲ႔ သူတို႔ရဲ႕ပတ္ဝန္းက်င္အၾကား ဟန္ခ်က္ညီေအာင္ ဖန္တီးဖို႔ စြမ္းအင္အင္အားေတြကို အသုံးခ်တာျဖစ္ပါတယ္။

အေဆာက္အအုံေတြထဲမွာမွ သင့္ေနအိမ္ဖုန္းေ႐ႊနဲ႔ပတ္သက္လို႔ ဖုန္းေ႐ႊေရးရာ ကြၽမ္းက်င္သူပညာ႐ွင္ ေလာ္ရာဗန္ကို ေထာက္ခံေပးထားတဲ့ ေနအိမ္ဆိုင္ရာ ဖုန္းေ႐ႊအၾကံျပဳခ်က္ (၇) ခ်က္ ႐ွိပါတယ္။ ေလာ္ရာဗန္ကိုဆိုတာကေတာ့ နယူးေယာက္အေျခစိုက္ ပါေမာကၡ၊ ဖုန္းေ႐ႊကြၽမ္းက်င္သူနဲ႔ The Holistic Home ရဲ႕ စာေရးဆရာတစ္ဦးပဲျဖစ္ပါတယ္။

၎အၾကံျပဳခ်က္ေတြကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ စြမ္းအင္စီးဆင္းမႈကို ‌ေႏွးေကြးေစပါ

အိမ္ေ႐ွ႕တံခါးမနဲ႔ အိမ္ေနာက္ေဖးတံခါးေပါက္တို႔ တစ္ေျဖာင့္တည္းတန္းတန္း႐ွိတယ္ဆိုရင္ ဒါဟာ ခ်ီ ေခၚ အေကာင္းဓာတ္စြမ္းအင္က သင့္အိမ္ကို အလ်င္အျမန္ျဖတ္ေျပးသြားတယ္ဆိုတဲ့ သေဘာပါ။ ေ႐ွ႕တံခါးေပါက္နဲ႔ ေနာက္တံခါးေပါက္ တန္းေနေတာ့ စြမ္းအင္ခမ်ာ အိမ္ထဲကို လွည့္ပတ္စီးဆင္းခြင့္မရေတာ့ဘဲ (ေနအိမ္တစ္ခုလုံးကို က်က္သေရမဂၤလာေတြ ျဖန္႔ၾကက္ခြင့္မရေတာ့ဘဲ) ခုပဲဝင္ခုပဲတန္းထြက္ရတဲ့ သေဘာမ်ိဳးျဖစ္သြားပါလိမ့္မယ္။ ဒါေၾကာင့္ အိမ္ေ႐ွ႕တံခါးေပါက္နဲ႔ ေနာက္ေဖးတံခါးေပါက္တစ္တန္းတည္းျဖစ္ေနတယ္ဆိုရင္ ၾကားတစ္ေနရာရာမွာ ကန္႔လန္ကာဆြဲျခင္း၊ မတ္ရပ္ဗီဒိုလိုမ်ိဳး မ်က္ႏွာၾကက္အနားအထိျမင့္တဲ့ ပရိေဘာဂတစ္ခုခု ထား႐ွိျခင္း စသျဖင့္ ပိုင္းကန္႔ေပးလိုက္ပါ။

၂။ ျဗဳတ္စဗ်င္းေတာင္းမျဖစ္ဘဲ သပ္ရပ္႐ွင္းလင္းေနေစပါ

လိုအပ္သည္ထက္ ပိုမိုကာ ႐ႈပ္႐ႈပ္ယွက္ယွက္ျဗဳပ္စဗ်င္းေတာင္းျဖစ္ျခင္းဟာ ကြၽႏ္ုပ္တို႔ကို အေတြး႐ွင္းလင္းမႈ႐ွိျခင္းကေန ရပ္တန္႔ေစၿပီး ကြၽႏ္ုပ္တို႔ကို စိတ္ခံစားခ်က္ပိုင္းဆိုင္ရာအားျဖင့္ ေလးလံ႐ႈပ္ေထြးေစႏိုင္ပါတယ္။ ဖုန္းေ႐ႊဆိုတာ ၿပီးျပည့္စုံဟန္က်လွတဲ့ အိမ္တစ္အိမ္႐ွိျခင္းထက္ ေပ်ာ္႐ႊင္က်န္းမာတဲ့ပတ္ဝန္းက်င္တစ္ခု ဖန္တီးျခင္းနဲ႔ ပိုမိုသက္ဆိုင္လွပါတယ္။

ဒီအတြက္ မလိုတာေတြ စြန္႔ပစ္လႊင့္ပစ္ရမယ့္အျပင္ အခြန္အခေဆာင္ထားတဲ့စာ႐ြက္စာတမ္းေတြစုစုစည္းစည္းထား႐ွိျခင္းကေန ေသာ့ေတြကို သူ႕ေနရာနဲ႔သူ သတ္သတ္မွတ္မွတ္ထား႐ွိျခင္းအထိ သင့္ဘဝထဲက အရာအားလုံးကို ေနရာတက် မွန္မွန္ကန္ကန္အစီအစဥ္တက်႐ွိေစပါေနာ္။ ဒါဆိုရင္ သင့္အေနနဲ႔ စိတ္လက္ပိုေပါ့ပါးမႈ႐ွိမွာျဖစ္ကာ ေျခကုန္လက္ပန္းက်ျခင္းနည္းပါးၿပီး အခ်ိန္တိုတိုနဲ႔အက်ိဳးမ်ားမွာျဖစ္ပါတယ္။

၃။ အိမ္ေ႐ွ႕တံခါးမဆီသို႔ လမ္းေၾကာင္းအား ႐ွင္းလင္းေနေစပါ

အိမ္ေ႐ွ႕တံခါးမဟာ ဖုန္းေ႐ႊမွာ အလြန္အေရးပါပါတယ္။ ၎ဟာ သင့္အိမ္ဆီ စြမ္းအင္ဝင္ေရာက္ရာ ပင္မတံခါးေပါက္ပဲျဖစ္ပါတယ္။ ခ်ီဆိုတဲ့ အေကာင္းဓာတ္စြမ္းအင္ကို သင့္အိမ္ကို ပထမဆုံးအေခါက္လာေရာက္တဲ့ဧည့္သည္တစ္ေယာက္အျဖစ္ ေတြးၾကည့္ၾကည့္ပါ။ ႐ႈပ္ပြညစ္ပတ္ေနတဲ့လမ္းေၾကာင္းကို ဝင္ေရာက္ျဖတ္သန္းခ်င္မွာမဟုတ္ဘဲ သူ႕အေနနဲ႔ သူဝင္ေရာက္ဖို႔ လမ္းေၾကာင္း႐ွင္းလင္းေနဖို႔ကိုပဲ လိုလားမွာသိသာလွပါတယ္။ ဒီလိုဆိုလို႔လည္း လုံးဝေျပာင္႐ွင္းေနရမယ္ဆိုတဲ့အဓိပၸာယ္မဟုတ္ပါဘူး၊ အဲဒီေနရာမွာ ႐ွိဖို႔လိုတာပဲ ထား႐ွိဖို႔ေျပာတာပါ။ ခ်ိတ္ဆြဲေရးထိုးထားတဲ့ အိမ္နံပါတ္၊ အခန္းနံပါတ္ေတြ သန္႔႐ွင္း၊ ညီညာ၊ ျမင္သာမႈလည္း ႐ွိပါေစ။


၄။ ဓာတ္ႀကီးငါးပါးအား ဟန္ခ်က္ညီေစပါ

ဓာတ္ႀကီးငါးပါးကို ဟန္ခ်က္ညီေစပါဆိုတာ ဖုန္းေ႐ႊအေျခခံဓာတ္ႀကီးငါးပါးရဲ႕ အေရာင္နဲ႔ သဏၭာန္ေတြကို ဟန္ခ်က္ညီေအာင္သုံးၿပီးေတာ့ သင့္ေနရာကို အလွဆင္ပါ။ မီး၊ ေျမႀကီး၊ သတၱဳ၊ ေရနဲ႔ သစ္သား ဆိုတဲ့ ဖုန္းေ႐ႊဓာတ္ႀကီးငါးပါးမွာ ဓာတ္ႀကီးတစ္ခုစီဟာ ထူးျခားတဲ့ပင္ကိုယ္လကၡဏာ႐ွိတဲ့ ပုံဏၭာန္၊ အေရာင္အေသြးနဲ႔ ပင္ကိုယ္ဂုဏ္သတၱိေတြ ျခားနားၾကပါတယ္။ သင့္အခန္းထဲမွာ ဒီဓာတ္ႀကီးငါးပါးစလုံး ႐ွိတယ္ဆိုရင္ေတာ့ သင့္အခန္း/သင့္ေနရာဟာ ဟန္ခ်က္ပိုညီ၊ သက္ေသာင့္သက္သာပိုျဖစ္မွာပါ။ ဒါေၾကာင့္ ဓာတ္ႀကီးငါးပါးရဲ႕ ပုံဏၭာန္၊ အေရာင္အေသြးနဲ႔ ဂုဏ္သတၱိေတြကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

- သစ္သားဓာတ္က စိတ္ပြင့္လင္းမႈနဲ႔ အသစ္စတင္မႈေတြကို ကိုယ္စားျပဳပါတယ္။

သစ္သားနဲ႔ျပဳလုပ္ထားတဲ့အရာဝတၳဳေတြ၊ စိမ္းလန္းစိုျပည္တဲ့ သစ္ပင္ပန္းမန္ေတြ၊

ပန္း႐ိုက္ထည္ေတြ၊ အစိမ္းေရာင္ပစၥည္းေတြနဲ႔ ေဒါင္လိုက္သဏၭာန္ေတြပဲျဖစ္ပါတယ္။

- မီးဓာတ္က ခ်စ္ခင္ႏွစ္လိုမႈနဲ႔ စိတ္အားထက္သန္ျပင္းျပမႈေတြကို

ကိုယ္စားျပဳပါတယ္။ မီးေခ်ာင္းမီးလုံး၊ ဖေယာင္းတိုင္၊ ႀတိဂံပုံသဏၭာန္ေတြ၊

သားေရနဲ႔ သားေမြး၊ တိရစၧာန္ပုံလူပုံသ႐ုပ္ေဖာ္ပုံေတြ၊ အနီေရာင္၊ လိေမၼာ္ေရာင္နဲ႔

အနီမိႈင္းမိႈင္းအရာေတြပဲျဖစ္ပါတယ္။

- ေျမႀကီးဓာတ္က ဖြံ႕ၿဖိဳးမႈနဲ႔ တည္ၿငိမ္မႈေတြကို ကိုယ္စားျပဳပါတယ္။

စတုရန္းပုံပစၥည္းေတြ၊ ေႂကြထည္ေတြနဲ႔ အဝါ၊ ခရင္မ္အေရာင္ ဒါမွမဟုတ္

ေၾကးနီေရာင္လိုမ်ိဳး ေျမႀကီးအေရာင္ေတြပဲျဖစ္ပါတယ္။

- သတၱဳဓာတ္က အစီအစဥ္ေရးဆြဲမႈနဲ႔ အခ်ိန္တိုအတြင္း အက်ိဳးမ်ားမႈတို႔ကို

ကိုယ္စားျပဳပါတယ္။ အဝိုင္းပုံဘဲဥပုံအရာဝတၳဳေတြ၊ သတၱဳပစၥည္းေတြ၊

ေက်ာက္တုံးနဲ႔ အျဖဴေရာင္၊ ခဲေရာင္၊ မီးခိုးေရာင္၊ ေငြေရာင္ေတြပဲျဖစ္ပါတယ္။

- ေရဓာတ္က ဉာဏ္ပညာနဲ႔ သစၥာတရားကို ကိုယ္စားျပဳပါတယ္။ ေရတံခြန္ငယ္၊

သမုဒၵရာကိုယ္စားျပဳပန္းခ်ီအႏုပညာလက္ရာ၊ အမည္းေရာင္နဲ႔

ေခ်ာေမြ႕ေတာက္ပတဲ့ ပစၥည္းေတြနဲ႔ တစ္ဖက္မွ တစ္ဖက္ကို စီးဆင္းေနတဲ့

သဏၭာန္ပုံစံေတြပဲျဖစ္ပါတယ္။

၅။ အပ်က္သေဘာေဆာင္ေသာ သေကၤတအား ဖယ္႐ွားပါ

အပ်က္သေဘာေဆာင္တဲ့သေကၤတဆိုတာ ဘယ္လိုမ်ိဳးလဲဆိုေတာ့ ဥပမာ - သင္က သင္မလိုလားပါဘဲ ၿငီးေငြ႕စြာ တစ္ေယာက္တည္းအထီးက်န္ေနရပါသလား? ဒါဆိုရင္ သင့္အိမ္ထဲမွာ ပန္းအိုးဆိုလည္း တစ္လုံးတည္း၊ ထိုင္ခုံဆိုလည္း တစ္လုံးတည္း၊ ေထာင္ထားခ်ိတ္ဆြဲထားတဲ့ဓာတ္ပုံထဲမွာလည္း တစ္ေယာက္တည္းပုံ စသျဖင့္ တစ္ခုတည္းေသာအရာေတြ ထား႐ွိတာ သိပ္မ်ားေနလို႔မ်ားလားဆိုတာကို စစ္ေဆးၾကည့္ပါ။ အဲဒီလိုသေကၤတေတြကို ဖယ္႐ွားၿပီးေတာ့ သင္ဆြဲေဆာင္လိုတဲ့ အရာေတြနဲ႔ အစားထိုးလိုက္ပါ။

၆။ သဘာဝအလင္းေရာင္ကို ရႏိုင္သမွ်မ်ားမ်ားရေအာင္လုပ္ပါ

သဘာဝအလင္းေရာင္ ရႏိုင္သမွ် ရေစဖို႔အတြက္ ျပတင္းတံခါးေတြကို ဖြင့္ကာ အလင္းရတဲ့ေနရာေတြကေန အလင္းေရာင္ေကာင္းေကာင္းမရတဲ့ေနရာေတြဆီ အလင္းျပန္ေစဖို႔အတြက္ကိုလည္း မွန္ခ်ပ္ေတြ နံရံမွာ ခ်ိတ္ဆြဲထား႐ွိေပးလို႔ရပါတယ္။

၇။ မီးဖိုေခ်ာင္အတြင္းအထားအသိုကို ဟန္ခ်က္ညီပါေစ

ေရခဲေသတၱာ၊ မီးဖိုနဲ႔ လက္ေဆးကန္တို႔ကို သုံးေျမႇာင့္ပုံအေနအထားမွာ ႐ွိေနၾကပါေစ။ ဒီအထားအသိုရဲ႕ေနာက္ကြယ္မွာ ခိုင္လုံတဲ့ဖုန္းေ႐ႊအေၾကာင္းရင္း႐ွိပါတယ္။ ၎ပစၥည္းေတြကို မ်က္ႏွာခ်င္းဆိုင္မဟုတ္ဘဲ ႀတိဂံလို ဖိုခေနာက္ဆိုင္အေနအထားနဲ႔ ႐ွိေစျခင္းဟာ ေရဓာတ္နဲ႔ မီးဓာတ္တို႔ကို မၿငိေစဘဲ ဟန္ခ်က္ညီေစမို႔မွာပဲျဖစ္ပါတယ္။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)