687 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

နွေရာသီအတွက် ဖုန်းရွှေ

 

[Unicode]

ဖုန်းရွှေမှာ နွေရာသီဟာ ကျွန်ုပ်တို့ဘဝတွေရဲ့ နာမည်ဂုဏ်သတင်းကျော်ကြားမှုကဏ္ဍနဲ့ ဆက်စပ်ပါတယ်။ ၎င်းမှာ လုပ်ဖော်ကိုင်ဖက်၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများထံမှ အကောင်းဘက်မှအသိအမှတ်ပြုခြင်း၊ ချစ်ခင်မှုနဲ့လေးစားမှုတို့ ရရှိခြင်းပါဝင်ပါလိမ့်မည်။

သင့်အိမ်အတွက် ဖုန်းရွှေမြေပုံအရ နာမည်ဂုဏ်သတင်းကျော်ကြားမှုကဏ္ဍက သင့်အိမ် သို့မဟုတ် ရုံးခန်းရဲ့ အနောက်အလယ်ပိုင်းမှာ တည်ရှိပြီး မီးဓာတ်က လိုက်ဖက်စွာ ကိုယ်စားပြုပါတယ်။

နွေရာသီအတွက် ဖုန်းရွှေ

အောက်ဖော်ပြပါအချက်တွေကတော့ သင့်အိမ်ရဲ့ ၎င်းအပိုင်းမှာ မီးဓာတ်အားကောင်းစေဖို့အတွက် အကြံပြုချက်လေးတွေပဲဖြစ်ပါတယ်။

- ဤဧရိယာအား ဖယောင်းတိုင်၊ အနွေးရောင် (အနီ၊ လိမ္မော်) အရာဝတ္ထုတွေနဲ့ အလှဆင်ပါ။

နွေရာသီအတွက် ဖုန်းရွှေ

- သစ်သားဓာတ် ထင်ရှားပေါ်လွင်စေပါ (သစ်သားဆိုတာက မီးကို လောင်စာဖြည့်ပေးနိုင်ပါတယ်)။ သစ်ပင်တွေ၊ သစ်သားနဲ့ပြုလုပ်ထားတဲ့ အလှဆင်ပစ္စည်းတွေ၊ ဒါမှမဟုတ် သစ်တော­­­­­­­ဓာတ်ပုံတစ်ပုံတို့ကို ထားရှိပါ။

- မီးဓာတ်ဆီ ယန်စွမ်းအင်ပိုမိုဖြည့်တင်းဖို့အတွက် သင့်အိမ်ရဲ့ ဤဧရိယာမှာ ဝါး ဒါမှမဟုတ် ရှားစောင်း စသဖြင့် ချွန်ထက်တဲ့အရာအချို့ ထားရှိပါ။

နွေရာသီအတွက် ဖုန်းရွှေ

- သင်ရရှိထားတဲ့ ဆုတံဆိပ်မှန်သမျှကို ဤဧရိယာမှာ ထားရှိပါ။

နွေရာသီအတွက် ဖုန်းရွှေ

- စိတ်ထက်သန်ပြင်းပြမှုနဲ့ တီထွင်ဖန်တီးမှုစွမ်းအင်တို့ကို လှုံ့ဆော်နှိုးဆွရန် ဤဧရိယာတွင် အနီရောင်ဂေါ်မုတ်နီသလင်းကျောက်တွေကို ချိတ်ဆွဲ၊ ထားရှိပါ။

- အရေးအကြီးဆုံး­­­ကတော့ ချီစွမ်းအင် ချောမွေ့စွာစီးဆင်းစေဖို့အတွက် သင့်အိမ်ရဲ့ ဤဧရိယာကို ဗြုတ်စဗျင်းတောင်းဖြစ်ခြင်း၊ ရှုပ်ပွနေခြင်း မရှိစေဘဲ လုံးဝသေချာပေါက်ရှင်းရှင်းလင်းလင်းထားရှိပါ။

နွေရာသီအတွက် ဖုန်းရွှေ

- ခြားနားဆန့်ကျင်မှုဝိရောဓိ ဖန်တီးခြင်းကလည်းပဲ ဖုန်း‌ရွှေဓာတ်ကြီးတွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့အတွက် အရေးပါပါတယ်။ ဥပမာ - ချောကလက်ပူပူလေးတစ်ခွက် ဒါမှမဟုတ် မီးလင်းဖိုနွေးနွေးလေးတစ်ခုကို သင်အမြင်ချင်ဆုံးအချိန်က ဘယ်အချိန်ပါလိမ့်? ဆောင်းတွင်းကာလချမ်းအေးချိန်မှာ ဖြစ်နိုင်ပါတယ်။ ရေပြာအိုင်‌အေးအေးလေးတစ်ခုမှာ သင့်မျက်လုံးတွေကို မှိတ်အထားချင်ဆုံးအချိန်က ဘယ်အချိန်ပါလဲ? နွေရောသီပူပြင်းနေချိန်မှာ ဖြစ်နိုင်ခြေအရှိဆုံးပါပဲ။

အကယ်၍ နွေရာသီရဲ့ မီးဓာတ်က သိပ်လွန်ကဲလာပြီး အားအင်ကုန်ခမ်းကသိကအောက်ဖြစ်တယ်လို့ ခံစားနေရပြီဆိုရင်တော့ သင့်အနေနဲ့ အောက်ပါတို့ကို လုပ်ဆောင်ခြင်းအားဖြင့် သင့်အိမ်ရှိ မီးဓာတ်ကို အစွမ်းလျော့စေနိုင်ပါတယ် -

- သင့်ရဲ့အိပ်ရာခင်းတွေ၊ စားပွဲခင်းတွေကို ခရမ်းနုရောင် ဒါမှမဟုတ် အပြာရောင်ကဲ့သို့ မျက်စိအေးတဲ့အရောင်အဆင်းရှိတဲ့အခင်းတွေ လဲပစ်ပါ။

နွေရာသီအတွက် ဖုန်းရွှေ

 

- သင့်အိမ်ရဲ့အရှေ့ပိုင်းမှာ ရေတံခွန်ငယ်အသေးစားလေးတစ်ခု ထားရှိပါ (သင့်အိမ်ရဲ့အရှေ့ပိုင်းဆိုတာကတော့ ဖုန်းရွှေမြေပုံမှာ အလုပ်အကိုင်ကဏ္ဍဖြစ်ကာ ရေဓာတ်ကိုယ်စားပြုတဲ့နေရာပဲဖြစ်ပါတယ်)။ ရေတံခွန်ကို အိမ်အပြင်ဘက်မှာ ထားတယ်ဆိုရင်လည်း ရေစီးကို သင့်အိမ်တံခါးဆီ စီးဆင်းတာသေချာပါစေ (ဒါဟာ ဘာကိုကိုယ်စားပြုတာလဲဆိုတော့ ပေါကြွယ်ဝမှုကို အဝေးဆီမဟုတ်ဘဲ သင့်ဆီရောက်ရှိစေဖို့ပဲဖြစ်ပါတယ်)။

နွေရာသီအတွက် ဖုန်းရွှေ

- သင့်အိမ်ကို အိုးသွင်းစိုက်ပျိုးထားတဲ့ အစိမ်းရောင်သစ်ပင်တွေနဲ့ ပျော့ပျောင်းသိမ်မွေ့စေလိုက်ပါ။ နွေရာသီမှာ ကျွန်ုပ်တို့တွေဟာ များသောအားဖြင့် ပြတင်းပေါက်တွေ ပိတ်ထားကာ အဲကွန်းကို ဖွင့်ထားတတ်ကြပါတယ်။ စိမ်းစိုလန်းဆန်းတဲ့အပင်တွေဟာ ပိတ်နေတဲ့အခန်းတွင်းလေထဲက အဆိပ်အတောက်တွေကို ကူညီဖယ်ရှားပေးကာ နွေအပူကို အေးမြတဲ့စွမ်းအင်နဲ့ ဟန်ချက်ညီအောင်ထိန်းညှိပေးပါတယ်။

နွေရာသီအတွက် ဖုန်းရွှေ

- သင့်အိမ်ကို အေးမြတဲ့သလင်းကျောက်တွေနဲ့ အလှဆင်ပါ။ ခရမ်းစွဲ (ခေါ် ) နီလာခရမ်းကျောက်ဆိုရင် ပြင်းထန်တဲ့စိတ်ခံစားချက်တွေကို ငြိမ်သက်ငြိမ်းအေးစေဖို့နဲ့ မကောင်းတဲ့၊ တန့်နေတဲ့ဓာတ်စွမ်းအင်မှန်သမျှကို ရှင်းထုတ်ပေးဖို့အတွက် အံ့အားသင့်ဖွယ်ကောင်းလှပါတယ်။

နွေရာသီအတွက် ဖုန်းရွှေ

ဖုန်းရွှေချစ်သူအားလုံးပဲ နွေရာသီမှာ မိမိတို့အတွက် အကောင်းဆုံးနေရာထိုင်ခင်းကို ဖုန်း‌ရွှေတန်ခိုးနဲ့ ဖန်တီးနိုင်ကြပါစေလို့ ကျွန်ုပ်တို့ iMyanmarHouse.com မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေႏြရာသီအတြက္ ဖုန္းေ႐ႊ


ဖုန္းေ႐ႊမွာ ေႏြရာသီဟာ ကြၽႏ္ုပ္တို႔ဘဝေတြရဲ႕ နာမည္ဂုဏ္သတင္းေက်ာ္ၾကားမႈက႑နဲ႔ ဆက္စပ္ပါတယ္။ ၎မွာ လုပ္ေဖာ္ကိုင္ဖက္၊ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းမ်ားထံမွ အေကာင္းဘက္မွအသိအမွတ္ျပဳျခင္း၊ ခ်စ္ခင္မႈနဲ႔ေလးစားမႈတို႔ ရ႐ွိျခင္းပါဝင္ပါလိမ့္မည္။

သင့္အိမ္အတြက္ ဖုန္းေ႐ႊေျမပုံအရ နာမည္ဂုဏ္သတင္းေက်ာ္ၾကားမႈက႑က သင့္အိမ္ သို႔မဟုတ္ ႐ုံးခန္းရဲ႕ အေနာက္အလယ္ပိုင္းမွာ တည္႐ွိၿပီး မီးဓာတ္က လိုက္ဖက္စြာ ကိုယ္စားျပဳပါတယ္။

ေအာက္ေဖာ္ျပပါအခ်က္ေတြကေတာ့ သင့္အိမ္ရဲ႕ ၎အပိုင္းမွာ မီးဓာတ္အားေကာင္းေစဖို႔အတြက္ အၾကံျပဳခ်က္ေလးေတြပဲျဖစ္ပါတယ္။

- ဤဧရိယာအား ဖေယာင္းတိုင္၊ အေႏြးေရာင္ (အနီ၊ လိေမၼာ္) အရာဝတၳဳေတြနဲ႔ အလွဆင္ပါ။

- သစ္သားဓာတ္ ထင္႐ွားေပၚလြင္ေစပါ (သစ္သားဆိုတာက မီးကို ေလာင္စာျဖည့္ေပးႏိုင္ပါတယ္)။ သစ္ပင္ေတြ၊ သစ္သားနဲ႔ျပဳလုပ္ထားတဲ့ အလွဆင္ပစၥည္းေတြ၊ ဒါမွမဟုတ္ သစ္ေတာ­­­­­­­ဓာတ္ပုံတစ္ပုံတို႔ကို ထား႐ွိပါ။

- မီးဓာတ္ဆီ ယန္စြမ္းအင္ပိုမိုျဖည့္တင္းဖို႔အတြက္ သင့္အိမ္ရဲ႕ ဤဧရိယာမွာ ဝါး ဒါမွမဟုတ္ ႐ွားေစာင္း စသျဖင့္ ခြၽန္ထက္တဲ့အရာအခ်ိဳ႕ ထား႐ွိပါ။

- သင္ရ႐ွိထားတဲ့ ဆုတံဆိပ္မွန္သမွ်ကို ဤဧရိယာမွာ ထား႐ွိပါ။

- စိတ္ထက္သန္ျပင္းျပမႈနဲ႔ တီထြင္ဖန္တီးမႈစြမ္းအင္တို႔ကို လႈံ႕ေဆာ္ႏိႈးဆြရန္ ဤဧရိယာတြင္ အနီေရာင္ေဂၚမုတ္နီသလင္းေက်ာက္ေတြကို ခ်ိတ္ဆြဲ၊ ထား႐ွိပါ။

- အေရးအႀကီးဆုံး­­­ကေတာ့ ခ်ီစြမ္းအင္ ေခ်ာေမြ႕စြာစီးဆင္းေစဖို႔အတြက္ သင့္အိမ္ရဲ႕ ဤဧရိယာကို ျဗဳတ္စဗ်င္းေတာင္းျဖစ္ျခင္း၊ ႐ႈပ္ပြေနျခင္း မ႐ွိေစဘဲ လုံးဝေသခ်ာေပါက္႐ွင္း႐ွင္းလင္းလင္းထား႐ွိပါ။

- ျခားနားဆန္႔က်င္မႈဝိေရာဓိ ဖန္တီးျခင္းကလည္းပဲ ဖုန္း‌ေ႐ႊဓာတ္ႀကီးေတြကို ဟန္ခ်က္ညီေအာင္ ထိန္းသိမ္းဖို႔အတြက္ အေရးပါပါတယ္။ ဥပမာ - ေခ်ာကလက္ပူပူေလးတစ္ခြက္ ဒါမွမဟုတ္ မီးလင္းဖိုေႏြးေႏြးေလးတစ္ခုကို သင္အျမင္ခ်င္ဆုံးအခ်ိန္က ဘယ္အခ်ိန္ပါလိမ့္? ေဆာင္းတြင္းကာလခ်မ္းေအးခ်ိန္မွာ ျဖစ္ႏိုင္ပါတယ္။ ေရျပာအိုင္‌ေအးေအးေလးတစ္ခုမွာ သင့္မ်က္လုံးေတြကို မွိတ္အထားခ်င္ဆုံးအခ်ိန္က ဘယ္အခ်ိန္ပါလဲ? ေႏြေရာသီပူျပင္းေနခ်ိန္မွာ ျဖစ္ႏိုင္ေျခအ႐ွိဆုံးပါပဲ။

အကယ္၍ ေႏြရာသီရဲ႕ မီးဓာတ္က သိပ္လြန္ကဲလာၿပီး အားအင္ကုန္ခမ္းကသိကေအာက္ျဖစ္တယ္လို႔ ခံစားေနရၿပီဆိုရင္ေတာ့ သင့္အေနနဲ႔ ေအာက္ပါတို႔ကို လုပ္ေဆာင္ျခင္းအားျဖင့္ သင့္အိမ္႐ွိ မီးဓာတ္ကို အစြမ္းေလ်ာ့ေစႏိုင္ပါတယ္ -

- သင့္ရဲ႕အိပ္ရာခင္းေတြ၊ စားပြဲခင္းေတြကို ခရမ္းႏုေရာင္ ဒါမွမဟုတ္ အျပာေရာင္ကဲ့သို႔ မ်က္စိေအးတဲ့အေရာင္အဆင္း႐ွိတဲ့အခင္းေတြ လဲပစ္ပါ။

- သင့္အိမ္ရဲ႕အေ႐ွ႕ပိုင္းမွာ ေရတံခြန္ငယ္အေသးစားေလးတစ္ခု ထား႐ွိပါ (သင့္အိမ္ရဲ႕အေ႐ွ႕ပိုင္းဆိုတာကေတာ့ ဖုန္းေ႐ႊေျမပုံမွာ အလုပ္အကိုင္က႑ျဖစ္ကာ ေရဓာတ္ကိုယ္စားျပဳတဲ့ေနရာပဲျဖစ္ပါတယ္)။ ေရတံခြန္ကို အိမ္အျပင္ဘက္မွာ ထားတယ္ဆိုရင္လည္း ေရစီးကို သင့္အိမ္တံခါးဆီ စီးဆင္းတာေသခ်ာပါေစ (ဒါဟာ ဘာကိုကိုယ္စားျပဳတာလဲဆိုေတာ့ ေပါႂကြယ္ဝမႈကို အေဝးဆီမဟုတ္ဘဲ သင့္ဆီေရာက္႐ွိေစဖို႔ပဲျဖစ္ပါတယ္)။

- သင့္အိမ္ကို အိုးသြင္းစိုက္ပ်ိဳးထားတဲ့ အစိမ္းေရာင္သစ္ပင္ေတြနဲ႔ ေပ်ာ့ေပ်ာင္းသိမ္ေမြ႕ေစလိုက္ပါ။ ေႏြရာသီမွာ ကြၽႏ္ုပ္တို႔ေတြဟာ မ်ားေသာအားျဖင့္ ျပတင္းေပါက္ေတြ ပိတ္ထားကာ အဲကြန္းကို ဖြင့္ထားတတ္ၾကပါတယ္။ စိမ္းစိုလန္းဆန္းတဲ့အပင္ေတြဟာ ပိတ္ေနတဲ့အခန္းတြင္းေလထဲက အဆိပ္အေတာက္ေတြကို ကူညီဖယ္႐ွားေပးကာ ေႏြအပူကို ေအးျမတဲ့စြမ္းအင္နဲ႔ ဟန္ခ်က္ညီေအာင္ထိန္းညႇိေပးပါတယ္။

- သင့္အိမ္ကို ေအးျမတဲ့သလင္းေက်ာက္ေတြနဲ႔ အလွဆင္ပါ။ ခရမ္းစြဲ (ေခၚ ) နီလာခရမ္းေက်ာက္ဆိုရင္ ျပင္းထန္တဲ့စိတ္ခံစားခ်က္ေတြကို ၿငိမ္သက္ၿငိမ္းေအးေစဖို႔နဲ႔ မေကာင္းတဲ့၊ တန္႔ေနတဲ့ဓာတ္စြမ္းအင္မွန္သမွ်ကို ႐ွင္းထုတ္ေပးဖို႔အတြက္ အံ့အားသင့္ဖြယ္ေကာင္းလွပါတယ္။

ဖုန္းေ႐ႊခ်စ္သူအားလုံးပဲ ေႏြရာသီမွာ မိမိတို႔အတြက္ အေကာင္းဆုံးေနရာထိုင္ခင္းကို ဖုန္း‌ေ႐ႊတန္ခိုးနဲ႔ ဖန္တီးႏိုင္ၾကပါေစလို႔ ကြၽႏ္ုပ္တို႔ iMyanmarHouse.com မိသားစုမွ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)