ဘ၀အတွက်အရေးကြီးဆုံးတွေထဲမှာ အိမ်ဆိုတာ အဓိကပါပဲ ..လို့ ပြောတဲ့မှူးသခင် - Celebrity Interview on Property from iMyanmarHouse.com
3852 ကြိမ် ကြည့်ရှု့ပြီး

ဘ၀အတွက်အရေးကြီးဆုံးတွေထဲမှာ အိမ်ဆိုတာ အဓိကပါပဲ ..လို့ ပြောတဲ့မှူးသခင်

Posted by နန္ဒာယမင်း (iMyanmarHouse.com)

အနုပညာလောက၌ ကြယ်ပွင့်သစ်လေးများ ထွန်းလင်းလာရာမှ အနုပညာအလုပ်ကို စိတ်ဝင်စားပေမယ့် ကျောင်းပြီးသည်ထိ စောင့်ပြီး သေချာစောက်ချလုပ်ဖြစ်နေတယ် ဆိုတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုဝါသနာ ရှင်လေး မှူးသခင်နဲ့တွေ့ဆုံ မေးမြန်းခဲ့ ပါတယ် . . .





အနုပညာလောကထဲကို ၀င်ခဲ့တာ တက္ကသိုလ်ဒုတိယနှစ် လောက်ကတည်းကပါ။ Photo မော်ဒယ်အဖြစ် စဖြစ်တယ်။ ကျောင်းကတစ်ဖက်နဲ့ဆိုတော့ သိပ်ပြီး ထိရောက်မှုမရှိဘူးပေါ့။ အခုကျောင်းပြီးတော့ သေချာကြိုးစားလုပ်ဖြစ်တယ်။ လတ်တလော လုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုဆိုရင်တော့ လက်ရှိကတော့ ရပ်ကွက်ဘုရင်မ ၂ မှာ ပါဝင်သရုပ်ဆောင်ထားတယ်။ အခုက တော့ မန္တလေးမှာ မင်းသားအသစ်ကိုအောင်မြင်နဲ့ ကားရိုက် နေပါတယ်။ ငါးကားထပ်ပြီး စာချုပ်ချုပ်ထားတယ်။ သရုပ်ဆောင် ဘက်ကိုတော့ စောက်ချလုပ်သွားမယ်။ အဆိုကတော့ နယ်က လာငှားရင်တော့ လိုက်ဆိုဖြစ်ပါတယ်။





အခုလတ်တလော စိတ်တွေကြည်လင်နေပြီးအလုပ်လုပ်နေ ရရင် ပျော်တယ်။ စိတ်ရှုပ်စရာတွေ ဘာမှမရှိတော့အေးဆေးပါပဲ။ အခုစိတ်ဝင်စားဖြစ်နေတာကလည်း အနုပညာကိုပဲ။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ကားရိုက်ဆိုရင် အဲဒီကားမှာပါတဲ့ ကာရိုက်တာကို အပြင်လောကမှာ ဘယ်လိုရှိမလဲဆိုပြီး စိတ်ဝင်တစား လေ့လာ မိတာမျိုးပေါ့။ ပြီးတော့ သင်္ကြန်ကလည်း နီးလာပြီဆိုတော့ ကြိုပျော်နေတာလည်းပါတာပေါ့။ သင်္ကြန်ဖက်ရှင်အနေနဲ့က အတိုမ၀တ်ဖြစ်ဘူး၊ မှူးက မန်းသူဆိုတော့ ညိုတဲ့အထဲမှာပါတယ်။ အဲဒါကြောင့် အင်္ကျီအရှည် ဘောင်းဘီအရှည်နေဒဏ်၊ ရေဒဏ် လည်း ကာကွယ်ဖို့အတွက် လုံလုံခြုံခြုံပဲ ၀တ်ဖြစ်တယ်။





လက်ရှိနေတဲ့ အိမ်အပေါ်နှစ်သက်လားဆိုတော့ မန်းသူဖြစ် တော့ မန္တလေးမှာ အိမ်ရှိတယ်။ အခုရန်ကုန်ကတော့ အိမ်ငှား ပြီးတော့ နေဖြစ်တယ်။ မန္တလေးက အိမ်ကတော့ မှူးနေချင်သလို တော့ မဟုတ်သေးဘူး ဒါပေမဲ့ နေရတာ အဆင်ပြေပါတယ်။





ဧည့်ခန်း





ဧည့်ခန်းကတော့ ပုံမှန်ပါပဲ။ မှန်စားပွဲလေးနဲ့ ဆိုဖာခုံလေးတွေ ရယ် အမှတ်တရဓာတ်ပုံလေးတွေရယ် မှူးတို့ကသာမန်ပါပဲ။ အိမ်က သိပ်ပြင်ဆင်မှုမရှိသေးဘူး ၀ယ်ထားတဲ့နေရာမှာက ဆောက်နေတုန်းမို့ပါ အခုတော့ အငှားနေတာပါ။





အိပ်ခန်း





အိပ်ခန်းကို နှစ်သက်မှုရှိပါတယ်။ များများစားစား ပြင်ဆင်မှု မရှိပေမယ့် လွတ်လွတ်လပ်လပ်နေလို့ရတဲ့ နေရာလို့လည်း ပြောလို့ရပါတယ်။ ပြီးတော့ မှူးက ညီမလေးနဲ့ အတူတူအိပ်ဖြစ် တယ်။





ဘုရားခန်း





မှူးတို့က ဗုဒ္ဓဘာသာဖြစ်တဲ့အပေါ် ကောင်းတာလုပ်ကောင်း ကျိုးခံစားရမှာဖြစ်တဲ့အတွက် နေ့စဉ်လုပ်ဖြစ်တာက ပဋ္ဌာန်းကတော့ အကျယ်ကို နေ့တိုင်းရွတ်ဖတ်ဖြစ်တယ်။ မေတ္တာပို့တယ်။ ပုတီးစိပ် တယ်။ အဲဒါတော့ ပုံမှန်လုပ်ဖြစ်တယ်။ ဘုရားခန်းကတော့ မေမေက အမြဲရှင်းတယ်။ မှူးအားတဲ့အချိန်ဆိုလည်း ပန်းအိုးရေလဲ ပေးတာ၊ သန့်ရှင်းပေးတာတို့ လုပ်ဖြစ်ပါတယ်။





စိတ်ကူးထဲက အိမ်လေးဆိုရင် ခြံဝင်းတစ်ဝင်းထဲမှာ အပင် လေးတွေစိုက်ပြီး စိမ်းစိမ်းစိုစိုလေးပဲ နေချင်တယ်။ တစ်ထပ်တိုက် လှလှလေးဆောက်ပြီး ခြံဝင်းကျယ်ကျယ်လေးနဲ့ပဲ နေချင်တယ်။ အိမ်ဆိုတာ မှူးအတွက်တော့ အရိပ်အာဝါသလည်း ဖြစ်သလို လုံခြုံအေးချမ်းမှုလည်း ရတယ်။ ဘ၀အတွက် အရေးပါဆုံးထဲ မှာပါတယ်။ အိမ်ခြံမြေကို စိတ်ဝင်စားပါတယ်။ ပရိသတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး သာယာတဲ့ မိသားစုဘ၀နဲ့ အိမ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။






နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
ဘ၀အတွက်အရေးကြီးဆုံးတွေထဲမှာ အိမ်ဆိုတာ အဓိကပါပဲ ..လို့ ပြောတဲ့မှူးသခင် - Celebrity Interview on Property from iMyanmarHouse.com
ဘ၀အတွက်အရေးကြီးဆုံးတွေထဲမှာ အိမ်ဆိုတာ အဓိကပါပဲ ..လို့ ပြောတဲ့မှူးသခင် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)